30th Critics Choice Awards မှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားစီးရီးကို "Squid Game Season 2" ရရှိ
![](/img/icon_eye.svg)
202
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a97c6cac9f655246332824/banner-67a97c6cac9f655246332824-x800.JPG)
ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁ဝ
အမေရိကန်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်ရဲ့ နိုင်ငံတကာ ရုပ်ရှင်ရိုက်ကူးမှုနဲ့ ရုပ်မြင်သံကြားအစီအစဉ် ဂုဏ်ပြုဆုပေးပွဲ Critics Choice Awards မှာ "Squid Game Season 2" က ဆုတံဆိတ်တစ်ခု ရယူနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Monica မှာ ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပတဲ့ အကြိမ် (၃၀)မြောက် Critics Choice Awards မှာ "Squid Game Season 2" က ယခုနှစ်အတွက် အကောင်းဆုံးနိုင်ငံခြားဘာသာစကားစီးရီးဆုကို လျာထားခံထားရတဲ့ “Pachinko” (2023)၊ “Acapulco”၊ “Citadel: Honey Bunny၊” “La Máquina၊” “The Law according to Lidia Poët၊” “My Brilliant Friend” နဲ့ "Senna” ရုပ်ရှင်စီးရီးတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ "Squid Game"ဟာ အကောင်းဆုံးနိုင်ငံခြားဘာသာစကားစီးရီးကို ရရှိတာဟာ အခုနဲ့ဆိုရင် နှစ်ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Squid Game Season 1 က ၂၀၂၂ ခုနှစ်တုန်းကလည်း အကောင်းဆုံးနိုင်ငံခြားဘာသာ စီးရီးဆုကိုရယူခဲ့ဖူးပြီး မင်းသား လီဂျန်ဂျေးဟာလည်း အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
အကြိမ် (၃၀)မြောက် Critics Choice Awards ဆုပေးပွဲကို ဇန်နဝါရီ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် လော့စ်အိန်ဂျလိစ် တောမီးကြောင့် ဖေဖော်ဝါရီလထဲကို ရွှေ့ဆိုင်းခဲ့ရပါတာဖြစ်ပါတယ်။
zawgyi version
30th Critics Choice Awards မွာ အေကာင္းဆုံး ႏိုင္ငံျခားဘာသာစကားစီးရီးကို "Squid Game Season 2" ရရွိ
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၁ဝ
အေမရိကန္မွာ ျပဳလုပ္တဲ့ ၂၀၂၄ ခုႏွစ္ရဲ႕ ႏိုင္ငံတကာ ႐ုပ္ရွင္႐ိုက္ကူးမႈနဲ႔ ႐ုပ္ျမင္သံၾကားအစီအစဥ္ ဂုဏ္ျပဳဆုေပးပြဲ Critics Choice Awards မွာ "Squid Game Season 2" က ဆုတံဆိတ္တစ္ခု ရယူႏိုင္ခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ Santa Monica မွာ ေဖေဖာ္ဝါရီလ ၇ ရက္က က်င္းပတဲ့ အႀကိမ္ (၃၀)ေျမာက္ Critics Choice Awards မွာ "Squid Game Season 2" က ယခုႏွစ္အတြက္ အေကာင္းဆုံးႏိုင္ငံျခားဘာသာစကားစီးရီးဆုကို လ်ာထားခံထားရတဲ့ “Pachinko” (2023)၊ “Acapulco”၊ “Citadel: Honey Bunny၊” “La Máquina၊” “The Law according to Lidia Poët၊” “My Brilliant Friend” နဲ႔ "Senna” ႐ုပ္ရွင္စီးရီးေတြကို ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးရယူႏိုင္ခဲ့ပါတယ္။ "Squid Game"ဟာ အေကာင္းဆုံးႏိုင္ငံျခားဘာသာစကားစီးရီးကို ရရွိတာဟာ အခုနဲ႔ဆိုရင္ ႏွစ္ႀကိမ္ရွိခဲ့ၿပီ ျဖစ္ပါတယ္။ Squid Game Season 1 က ၂၀၂၂ ခုႏွစ္တုန္းကလည္း အေကာင္းဆုံးႏိုင္ငံျခားဘာသာ စီးရီးဆုကိုရယူခဲ့ဖူးၿပီး မင္းသား လီဂ်န္ေဂ်းဟာလည္း အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။
အႀကိမ္ (၃၀)ေျမာက္ Critics Choice Awards ဆုေပးပြဲကို ဇန္နဝါရီ ၁၂ ရက္မွာ က်င္းပဖို႔ စီစဥ္ထားခဲ့ေပမယ့္ ေလာ့စ္အိန္ဂ်လိစ္ ေတာမီးေၾကာင့္ ေဖေဖာ္ဝါရီလထဲကို ေ႐ႊ႕ဆိုင္းခဲ့ရပါတာျဖစ္ပါတယ္။