သီရိလင်္ကာမှာ နိုင်ငံခြားသား ဧည့်သည်နှစ်ဦး ကြမ်းပိုးသတ်ဆေးသုတ်ထားတဲ့ တည်းခိုခန်းမှာ တည်းရင်း သေဆုံး

 984

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁ဝ

သီရိလင်္ကာနိုင်ငံမှာ ကြမ်းပိုးသတ်ဆေး သုတ်လိမ်းထားတဲ့အခန်းမှာ တည်းခိုရင်း ပိုးသတ်ဆေး အဆိပ်သင့် သံသယနဲ့ နိုင်ငံခြားသား ခရီးသွားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဗြိတိန် PA Media သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံ ဒါဘီမြို့မှ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးနဲ့ ဆိုရှယ်မီဒီယာမန်နေဂျာ အီဘိုနီမက်တင်တက်ရှ် နဲ့ ဂျာမနီနိုင်ငံမှ အသက် (၂၆)နှစ်အရွယ် နာဒင်ရာဂူဆယ်တို့ နှစ်ဦးဟာ သီရိလင်္ကာမြို့တော်ရှိ Miracle Colombo City တည်းခိုခန်းမှာ တည်းခိုခဲ့ကြတာ ဖြစ်တယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၆ ရက်)မှာ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ကြမ်းပိုးသတ်ဆေး သုတ်ထားတဲ့အခန်းထဲမှာ တည်းခိုပြီးနောက် ဖျားနာခဲ့ပြီး စနေနေ့(ဖေဖော်ဝါရီ ၈ ရက်နေ့) မှာ ဆေးရုံတင်ထားခဲ့ရပါတယ်။

အဆိုပါ အမျိုးသမီး နှစ်ဦးကို ပိုးသတ်ဆေး အဆိပ်သင့်ခြင်း ရှိ၊ မရှိ အရာရှိတွေက စုံစမ်းစစ်ဆေးနေပြီး သေဆုံးရခြင်း အကြောင်းရင်းကိုဆုံးဖြတ်ဖို့ တနင်္လာနေ့(ဖေဖော်ဝါရီ ၁၀ ရက်)မှာ မိ သားစုဝင်များ သီရိလင်္ကာကို ရောက်ရှိတာနဲ့ အလောင်းစစ်ဆေးမှု ပြုလုပ်မယ်လို့ သိရပါတယ်။ တည်းခိုခန်းကိုတော့ အဲဒီအချိန်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။

zawgyi version
သီရိလကၤာမွာ ႏိုင္ငံျခားသား ဧည့္သည္ႏွစ္ဦး ၾကမ္းပိုးသတ္ေဆးသုတ္ထားတဲ့ တည္းခိုခန္းမွာ တည္းရင္း ေသဆုံး
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၁ဝ

သီရိလကၤာႏိုင္ငံမွာ ၾကမ္းပိုးသတ္ေဆး သုတ္လိမ္းထားတဲ့အခန္းမွာ တည္းခိုရင္း ပိုးသတ္ေဆး အဆိပ္သင့္ သံသယနဲ႔ ႏိုင္ငံျခားသား ခရီးသြားႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ ၿဗိတိန္ PA Media သတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။

ၿဗိတိန္ႏိုင္ငံ ဒါဘီၿမိဳ႕မွ ဒစ္ဂ်စ္တယ္ေစ်းကြက္ရွာေဖြေရးနဲ႔ ဆိုရွယ္မီဒီယာမန္ေနဂ်ာ အီဘိုနီမက္တင္တက္ရွ္ နဲ႔ ဂ်ာမနီႏိုင္ငံမွ အသက္ (၂၆)ႏွစ္အ႐ြယ္ နာဒင္ရာဂူဆယ္တို႔ ႏွစ္ဦးဟာ သီရိလကၤာၿမိဳ႕ေတာ္ရွိ Miracle Colombo City တည္းခိုခန္းမွာ တည္းခိုခဲ့ၾကတာ ျဖစ္တယ္လို႔ သီရိလကၤာရဲတပ္ဖြဲ႕က ၾကာသပေတးေန႔ (ေဖေဖာ္ဝါရီ ၆ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၾကမ္းပိုးသတ္ေဆး သုတ္ထားတဲ့အခန္းထဲမွာ တည္းခိုၿပီးေနာက္ ဖ်ားနာခဲ့ၿပီး စေနေန႔(ေဖေဖာ္ဝါရီ ၈ ရက္ေန႔) မွာ ေဆး႐ုံတင္ထားခဲ့ရပါတယ္။

အဆိုပါ အမ်ိဳးသမီး ႏွစ္ဦးကို ပိုးသတ္ေဆး အဆိပ္သင့္ျခင္း ရွိ၊ မရွိ အရာရွိေတြက စုံစမ္းစစ္ေဆးေနၿပီး ေသဆုံးရျခင္း အေၾကာင္းရင္းကိုဆုံးျဖတ္ဖို႔ တနလၤာေန႔(ေဖေဖာ္ဝါရီ ၁၀ ရက္)မွာ မိ သားစုဝင္မ်ား သီရိလကၤာကို ေရာက္ရွိတာနဲ႔ အေလာင္းစစ္ေဆးမႈ ျပဳလုပ္မယ္လို႔ သိရပါတယ္။ တည္းခိုခန္းကိုေတာ့ အဲဒီအခ်ိန္အထိ ပိတ္ထားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.