‘ရန်သူက မဲပလီရပြီးတော့ နတ်ကြီးကိုပါ ပတ်ပတ်လည် ဝိုင်းထားပြီ’ ‘‘မဲပလီတိုက်ပွဲထဲက လွတ်မြောက်လာသူပြောတဲ့ တိုက်ပွဲဖြစ်စဉ်များ’’

2459

Pearl (NP News) - ဖေဖော်ဝါရီ ၁ဝ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မဲပလီစခန်းကို KNU၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် ဇန်နဝါရီ လ(၁)ရက်မှ (၃၁)ရက်အထိ Drop Bomb အလုံးရေ(၁၂၀ဝ)ထက်မနည်း ပစ်ချတိုက်ခိုက်ခဲ့ပြီးနောက် (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်လုံခြုံရေးအဖွဲ့က စခန်းကို စွန့်ခွာခဲ့ရကြောင်းသိရသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ကိုယ်တိုင်ပါဝင်ခဲ့သူ သတင်းရင်းမြစ်တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားမှုများကိုဖော်ပြလိုက်ပါသည်။
မေး - မဲပလီစခန်းကို ဘယ်လိုရောက်သွားလဲ။ မဲပ လီစခန်းက ဘယ်လိုဖြစ်သွားသလဲ။
ဖြေ - ရှေ့တန်းကို အလှည့်ကျတက်တဲ့အချိန်မှာ ကျွန်တော်တို့ မဲပလီစခန်းကို ရောက်သွားတာ။ မဲပလီ ကို (၁၀)လပိုင်း (၂၃)ရက်လောက်က စရောက်တာ။ အဲဒီကနေစရောက်ပြီးတော့ ကြားထဲမှာ သူတို့(၁)လ (၂)လလောက် မလုပ်ဘဲနဲ့ အခု(၁)လပိုင်း (၁)ရက် ကနေ စတိုက်တာပေါ့။ စတိုက်ပြီးတော့ (၁)လပိုင်း တစ်လလုံး(၃၁)ရက်လုံး Drop Bomb တွေ ချခဲ့တာလေ။ Drop Bomb တွေချပြီးတော့ (၂)လပိုင်း (၁) ရက်မှာ ကျွန်တော်တို့ကို ဝင်သိမ်းတာ ကျွန်တော်တို့ စခန်းကျ သွားတယ်။
မေး - စုစုပေါင်း ရက်ဘယ်လောက်လောက် ခုခံ တိုက်ခိုက်ခဲ့ရလဲ။
ဖြေ - သူတို့ တိုက်တဲ့ရက်မှာပဲ စခန်းက တစ်ခါတည်း ကျသွားတာ။ သူတို့ အင်အားက အရမ်းများတာကိုး။ အင်အား (၂၀ဝဝ)ကျော်လောက်ဆိုတော့ ကျွန်တော် တို့ဆီမှာရှိတဲ့ အင်အားနဲ့ဘယ်လိုမှမခံနိုင်ဘူး။ ဗုံးက လည်း အကြီးကြီးတွေ ချတာလေ။
မေး - သူတို့ အင်အား ဘယ်လောက်လောက် သုံး သွားတယ်လို့ကြားလဲ။
ဖြေ - ကြားတာမဟုတ်ဘူး၊ တွေ့တာ။ ကျွန်တော်က ခြံစည်းရိုးအပြင်မှာ။ နောက်ဆုံး ကျွန်တော်ဒဏ်ရာ ကြီးနဲ့ ခြံစည်းရိုး အပြင်ကနေ ကြည့်နေတာဆိုတော့ သူတို့အင်အားက အနိမ့်ဆုံး (၁၅၀ဝ) ကနေ (၂၀ဝဝ) ကြားရှိတာဆိုတော့။ မည်း နေတာပဲ။ အဲဒီလို တိုက်သွား ပြီးတော့မှ ကျွန်တော်တို့ ဒီဘက်ကို အစုလိုက် အဖွဲ့လိုက်လေးတွေ ပြန်ဆုတ်လာ ကြတာ ပေါ့။ ကျွန်တော် ဦးစီးပြီး (၂ + ၁၂) ဦးနတ်ကြီးစခန်းကို ဒီနေ့ရောက်တယ်။ ကျွန်တော်ဆိုလည်း ဘယ်ဘက်ရင်အုံကို ဖောက်ဝင် ဖောက်ထွက် ဒဏ်ရာရထားတယ်။ တခြားလည်း မပါလာခဲ့တဲ့လူတွေမှာလည်း ဒဏ်ရာရတဲ့လူတွေ စိုးရိမ်ရတဲ့ လူတွေများတယ်။
မေး - မဲပလီစခန်းဆိုတာက ဘယ်နေရာကနေ ဘယ်လိုကြားမှာရှိလဲ။ တည်နေရာလေး ပြောပေးလို့ရလား။
ဖြေ - မဲပလီစခန်းက ဘီးလင်းနဲ့ ဖာပွန်ကို ဆက်ထားတဲ့ လမ်းပေါ့။ အဲဒီစခန်းရဲ့ မီတာ (၃၀ဝဝ) ဝန်းကျင် လောက်မှာ ရွှေမှော်တွေနဲ့ ရွှေတူးနေတာတွေနဲ့ အလုပ်လုပ်နေတာတွေရှိတယ်။ အဓိကကတော့ KNU / PDF တွေကို အဓိက ထောက်ပံ့တဲ့ဟာက အဲဒီရွှေမှော်တွေကပေါ့ ။ အဲဒီရွှေမှော်တွေကို ကျွန်တော်တို့ဆီက လေယာဉ်ပစ်ကူတွေ ဘာတွေ တောင်းပြီး ဖျက်ခိုင်းတယ်။ အထက်လူကြီးပိုင်းတွေက (------)။ သူတို့အထောက်အပံ့ရတာပေါ့။ ထမင်းလည်း အဲဒီက လာပို့တာ။ ကျွန်တော်တို့ကိုတိုက်တုန်းကလည်း ထမင်းလည်း အဲဒီကလာပို့ပြီး တိုက်နေကြတာပဲ။ (၃၁)ရက်လုံး တိုက်တာလေ။ (၃၁)ရက်လုံး အဲဒီကနေ ထမင်းပို့ပြီးတော့ သူတို့တိုက်တယ်။ ပြီးတော့ သူတို့လိုအပ်တဲ့ Drop Bomb တွေ အဲဒီက ယူပြီးတော့ Drop Bomb ကျွန်တော်တို့ဆီလာချ တာလည်း Drone တွေကလည်း ရွှေတူးတဲ့ ရွာတွေကပဲ Drone က တက်တာ။ အဲဒါနဲ့ (၃၁) ရက်လုံးစခန်းကို Drop Bomb ချခဲ့တာ။ စခန်းတစ်ခုလုံး ရွဲပုလဲသွားပြီဆိုကာမှ (၃၂)ရက် မြောက် (၂)လပိုင်း (၁)ရက်ကျမှ အလုံးအရင်းနဲ့ ဝင်ပြီးတော့ တစ်ခါတည်းတိုက်သွားတာ။ ကျွန်တော်တို့ဆီက ဘီးလင်း နဲ့လည်းဝေးတာကိုး။ ဝေးတော့ တပ်ဆက်လည်း မရှိဘူး။ စစ်ကူလည်းမလာနိုင်တော့ ရိက္ခာလည်း ဆန်က နို့ဆီဘူး တစ်ဘူးပဲ စားပြီးနေခဲ့ရတော့ အားအင်တွေလည်း အဆင်မပြေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပျော့ညံ့နေတာ လည်းပါသွားတော့ စခန်းက ချက်ချင်း ကျသွားတဲ့သဘောပေါ့။ ဝင်တိုက်တဲ့နေ့မှာပဲ။ ကြားထဲမှာလည်း (၄ ၊ ၅၊ ၆) ကြိမ် လောက်တော့ ဝင်တိုက် သေးတယ်။ အဲဒီတုန်းက သူတို့ကို လှန်နိုင်တယ်ပေါ့။ နောက်ဆုံး (၂)လပိုင်း (၁)ရက် သူတို့ အင်အားလုံးရင်းနဲ့ ထပ်တိုက်တဲ့နေ့မှ မခံနိုင်တော့တာပေါ့။ ကျွန်တော်တို့ဘက်က အရေးကြီးတဲ့ လက်နက်တွေ လည်း အဲဒီဘက်ကို အကုန်ပါသွားတယ်။
မေး - စစ်သည်တွေ အခြေအနေက ဘယ်လိုဖြစ်သွား လဲ။ သူတို့တစ်ဖက်က ရေးတဲ့သတင်းတွေနဲ့ ရောနေ တော့လေ။
ဖြေ - ကျွန်တော်တို့ စခန်းမှာ လူ (-) ကျော် အင် အားရှိတယ်။ ကျတဲ့စစ်သည်ရှိတယ်။ သူတို့ သုံ့ပန်း ဖမ်းသွားတာက (၃၀)ဝန်းကျင်ရှိတယ်။ ကျန်တာက ဟိုအဖွဲ့လိုက် ဒီအဖွဲ့လိုက် ဆုတ်တဲ့ဟာတွေက ကြားထဲမှာ သူတို့ အရှင်ပြန် ဖမ်းလိုက် တာလည်းရှိတယ်။ နောက်က ကျွန်တော်တို့တပ်ဆက်လို့ပြောတဲ့ နတ်ကြီးစခန်းကို ရောက်တဲ့ လူအင်အားရှိသေးတယ်။ ကြားထဲမှာလည်း သူတို့လိုက်ဖမ်းနေတာရှိတယ်။ အဲဒီလူတွေ လက်နက်ချလိုက်ပါပေါ့။ သူတို့ဆီကို ပူးပေါင်းပါ ဆိုပြီးတော့ လိုက်ဖမ်းနေတာလည်း ရှိတာပေါ့။ ကျွန်တော်တို့ မဲပလီစခန်းကို မတိုက်ခင်မှာလည်း သူ တို့ရှေ့မှာရှိတဲ့ စခန်းက ဗိုလ်မှူးတစ်ယောက်နဲ့စစ် သည် (၁၄) ယောက်နဲ့ အားလုံး (၁၅)ယောက်က PDF နဲ့ ပူးပေါင်း လိုက်တာ။ ကျွန်တော်တို့စခန်းကို တိုက်တဲ့အချိန်မှာလည်း သူတို့အဖွဲ့တွေ ပါတာပေါ့။ ကျန်တဲ့စစ်သည်တွေကတော့ စိတ်ဓာတ်ရှိရှိနဲ့ ကျွန်တော်တို့ မဲပလီစခန်းကို လာပြန်ပေါင်းပေးတယ်။ နောက်ဆုံး လာတိုက်တော့ လာပြန်ပေါင်းတဲ့အဖွဲ့က ကျကုန်တာ တွေလည်းရှိတယ်။ ကျွန်တော်တို့စခန်းက ဒဏ်ရာရ တွေ ဘာတွေနဲ့ စုစည်းပြီးတော့မှ ကျွန်တော်တို့ ဆုတ် လို့ရသမျှ ဆုတ်ခဲ့တာပဲ။ ရန်သူက မဲပလီစခန်းကိုလည်း တိုက်ပြီးသွားပြီဆိုတော့ ထပ်တိုက်ဖို့အတွက် နတ်ကြီးစခန်းကိုလည်း ပတ်ပတ် လည်နေရာတွေ အကုန်လုံးဝိုင်းထားပြီးသား။ အခု (၁၀)နာရီကျော် နောက်ကိုလည်း ရှော့တိုက်ဒုံးတစ်လုံး ပစ်တယ်။ Drop Bomb ကြီးတွေလည်း Drone နဲ့ လာချတယ်။ အဲဒီလိုအနေအထားလေးရှိ တယ်။ ဒီမှာကလည်း လူနာတွေနဲ့။
မေး - နတ်ကြီးစခန်းကကော ဘယ်နေရာ၊ ဘယ်ဒေသ ဘယ်လိုမျိုးရှိသလဲ။
ဖြေ - ဖာပွန် - ဘီးလင်းလမ်း ၊ ဒါပေမဲ့ ဘီးလင်း ပြီးရင် မဲလန် ၊ ပြီးမှ ပြင်ဒါ ၊ ပြီးမှ နတ်ကြီးစခန်း ရောက်တာပေါ့။ လမ်း ကျောကတော့ တစ်ခုတည်း။ ဘီးလင်း - ဖာပွန် ကားလမ်းပေါ်မှာ ရှိတာပဲ။ ရန်သူ အစုအဖွဲ့နဲ့အများကြီးရှိတဲ့နေရာက အဆူးချောင်းလို့ ခေါ်တဲ့နေရာမှာ ရန်သူက ရွာပါတည်ပြီးတော့ နေတာ။ သူတို့ အဲဒီမှာရွာလိုက်ကို တည်ပြီးတော့ နေတယ်။ နေ့တိုင်း ကားလမ်းမှာ သူတို့ဆက်ကြေးကောက် စရာရှိတာ ကောက်တယ်။ ပြီးရင် နောက်တစ်လမ်း ကျတော့ သူတို့ အဲဒီကနေပြီးတော့မှ သူတို့ တခြား သွားတဲ့ လမ်းခွမှာလည်း ဆက်ကြေးကောက်တယ်။ ကျွန်တော်တို့ နတ်ကြီး စခန်းကိုလာတော့ လမ်းမှာ တွေ့ခဲ့တဲ့ ရန်သူရဲ့ တံဆိပ်တွေကတော့ နင်္ဂါးဖြူ စစ်ကြောင်းတို့ဘာတို့ တွေ့ခဲ့တယ်။ သူတို့ရဲ ခန္ဓာကိုယ်မှာ ဝတ်ထားတာ နင်္ဂါးဖြူစစ်ကြောင်း၊ ပြီးရင် အကုန်ပါတယ် KNU တွေ PDF တွေ၊ ပူးပေါင်းတွေ။ သူတို့က ရှေ့မှာလည်း တိုက်ပွဲတွေ နိုင်လာခဲ့တော့။ အခု သူတို့ နတ်ကြီးစခန်းနားမှာလည်း အလုံးအရင်းနဲ့ အကုန် ရောက် နေတယ်။
မေး - အခု နတ်ကြီးစခန်းအနီးဆုံးမှာ တပ်က အင်အားကြီးကြီးနဲ့ပေါင်းနိုင်တဲ့ စခန်းကြီးကြီး ဘာရှိလဲ ။ လာကူလို့ရတဲ့ စခန်းကြီးတွေ ဘာရှိလဲ ။
ဖြေ - ကျွန်တော်တို့နောက်ဆုံးရတဲ့ သတင်းတော့ စစ်ကူတွေ ဆိုပြီးတော့ မဲလန်တို့ ဘာတို့ဘက်ကို စပြီးတော့ ဒီနေ့ ရောက်ပြီလို့တော့ သတင်းကြားတာပေါ့။ သူတို့သာ ဒီဘက်ကိုထပ်တက်လာမယ်ဆိုရင် ကျွန်တော်တို့ ဆီမှာရှိတဲ့ အင်အားနဲ့ ထပ်ပေါင်းပြီးတော့ ပြန်လုပ်ရင်လည်း ရန်သူလန်သင့်သလောက်လန်မယ်။ ပြီးရင် ရန်သူ့ရဲ့အခိုင်အမာ နေရာတွေ ၊ ခုနကပြောတဲ့ အဆူးချောင်းတို့ ၊ သူတို့ ရွှေမှော်တွေလုပ်နေတဲ့ နေရာတွေကို လေယာဉ်နဲ့ပတ်ပြီး ကျဲလိုက် တယ် ဆိုရင်လည်း တိုက်ပွဲက ပြောင်းပြန်ဖြစ်ရင်လည်း ဖြစ် သွားမယ်။ ငြိမ်ရင်လည်းငြိမ်သွားမယ်။ ကျွန်တော်က တော့ အဲဒီလိုယူဆတာပေါ့။
မေး - အခု လက်ရှိဖြစ်နေတဲ့ အခြေအနေကိုကော တိုင်းအဆင့် ၊ ဗျူဟာအဆင့်ကို တင်ပြတာမျိုးရှိလား။ တင်ပြထား သေးလား။
ဖြေ - သူတို့ကလည်း အကုန်သိတယ်။ မဲပလီစခန်းက ပြန်ဆုတ်လာတဲ့လူတွေကို သူတို့ လူစာရင်းကောက် တာတွေ ၊ သေနတ်တွေ ဘယ်သူပါလဲ ဘာညာ သူတို့ ကောက်တာတွေနဲ့ပဲ ပြီးသွားတာလေ။ ပြီးရင် ကျွန်တော်တို့လမ်းမှာ တွေ့ကြုံခဲ့တဲ့၊ လမ်းမှာလည်း တိုက် ပွဲ (၄၊ ၅၊ ၁၀) ကြိမ် ထပ်ဖြစ်ပြီးမှ ဒီရောက်လာတာကိုး အကုန်လုံးက။ သူတို့က လည်း စခန်းကဆုတ်တဲ့လူ တွေကိုပိတ် ၊ ပိတ်ပြီးတော့မှ အရှင်ဖမ်းတဲ့လူတွေကို ဖမ်းတယ်။ သူတို့ သတ်တဲ့လူတွေကို သတ် တယ်ပေါ့။ အဲဒီလိုမျိုး စောင့်လုပ်နေတာဆိုတော့။ ဒီကို ပြန်ရောက်ဖို့လည်း တချို့လူတွေအတွက် အခက် အခဲရှိတယ်။ လမ်းမှာတင်ပဲ ပိတ်မိနေတာ ရှိတယ်။ သူတို့နဲ့ ပေါင်းသွားတာရှိတယ်။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ် ။
မေး - နတ်ကြီးရွာကတော့ အင်အားတောင့်တောင့် တင်းတင်းနဲ့ စစ်သည်က ခုခံနိုင်တဲ့ တပ်ရင်းဌာနမျိုးလား ၊ ဒါမှ မဟုတ် ဘယ်လိုမျိုးလဲ။
ဖြေ - နတ်ကြီးက တပ်ရင်း တစ်ရင်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီကိုလာစဉ် လမ်းမှာတွေ့ခဲ့တဲ့ ရန်သူအင်အားနဲ့ ပြီးရင် သူတို့ရဲ့ အခိုင်အမာရွာတွေကနေ လာပေါင်းတဲ့ ရန်သူအင်အားအရဆိုရင်တော့ နတ်ကြီးက ပြန်လည်ခုခံနိုင်ဖို့တော့ ခက်ခဲ တာပေါ့ ။
မေး - နတ်ကြီးက ဘီးလင်းမြစ်ကမ်းဘေးက ရွာထင်တယ်နော်။
ဖြေ - ဟုတ်တယ်။ ဘီးလင်းမြစ်ကမ်းဘေးက ကပ်လျက်ရွာပဲ။
မေး - ဘာများထပ်ပြီးတော့ ပြောချင်သေးလဲ။
ဖြေ - ကျွန်တော်တို့ဆီကတော့ စစ်ကူတွေ ဘာတွေ လာမယ်ဆိုရင်လည်း အင်အားအလုံးအရင်းနဲ့ လာပြီး တော့မှ လေကြောင်းပစ်ကူနဲ့ သူတို့ကို ထောက်ပံ့တဲ့နေ ရာတွေကို ဖြတ်သင့်တာဖြတ်။ အောက်ကလည်း စစ်ကူက တိုးလာမယ် ဆိုရင်တော့ ဒီမှာရှိတဲ့ စစ်သည်လေးတွေ ဘာလေးတွေ အားလည်းတက်မယ်။ ပြီးရင် ရန်သူလာ ရင်ပြန်ပြီးချနိုင်မယ့် အနေအထားမျိုးလေးတွေ ဖြစ်သွားအောင်ပဲ။ အဓိကကတော့ ရိက္ခာတွေ ဘာတွေက လေယာဉ်နဲ့ချတယ် ဆိုပေ မယ့်လည်း အပြည့်အဝ တော့မစားရပါဘူး။ ရန်သူက ဝိုင်းထားတော့ သူတို့ အပြင်ကျတဲ့ဟာ သူတို့ပဲ ကောက်ယူ သွားတာလေ။
မေး-အခု ရန်သူအများဆုံး စုဖွဲ့တဲ့နေရာက ဘယ် နေရာလို့ ကြားသိထားတာ ရှိလဲ။
ဖြေ-အဆူးချောင်းရွာ။ ကြားသိတာမဟုတ်ဘူး။ ကျွန်တော်တို့လမ်းက ဖြတ်လာတော့ သူတို့နဲ့ အဲဒီနားတိုက်ပွဲ ဖြစ်တာ။ ခဏခဏ ဖြစ်ခဲ့တာ။ အဆူးချောင်းနားကရွာ တွေမှာ ရန်သူကအပြည့် အဲဒီရွာတွေထဲမှာကိုနေတာ။ တစ်ရွာလုံး သူပုန်ရွာ၊ ဘေး ဘယ်ညာတွေ အကုန်လုံးက တိုက်ပွဲဖြစ်တော့မယ်ဆို ၊ အခု နတ်ကြီးရွာမှာလည်း လူတစ်ယောက်မှ မရှိတော့ဘူး။ အကုန်လုံး သူတို့က ဖယ်ခိုင်းထားပြီးသား။ အဲဒီရွာထဲမှာလည်း သူတို့ပဲနေတယ်။
မေး- မဲပလီဗျူဟာကနေ ဘီးလင်းမြစ်အတိုင်း အောက်ကိုဆင်းတဲ့ နတ်ကြီးကို ပြောင်းလာတာလား။
ဖြေ - ပုံမှန်သွားနေတဲ့ လမ်းကြောင်းကနေ မသွားဘဲနဲ့ ကျွန်တော်တို့က လမ်းပြောင်းပြန် ပြန်ဝင်လာခဲ့ တာ။ လမ်းမှာ လည်း သူတို့တွေနဲ့ အများကြီးတွေ့ခဲ့တာပေါ့။ ကျွန်တော်တို့ ဒီကို လာခဲ့တဲ့ (၇)ရက်လုံးလုံး လမ်းမှာ ဘာမှ မစားခဲ့ရသလို ရန်သူနဲ့ ပစ်ခတ်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြီးနဲ့ လိုက်တိုက်နေခဲ့တာ ။ ကျွန် တော်တို့ မဲပလီဘက်က ဆိုရင် အဆူးချောင်းကို ပြန် ပြေးရင် ပုံမှန်အတိုင်း တပ်က သုံးနေတဲ့ လမ်းက မဲပလီဘက်ကနေ အဆူးချောင်းကို ညာဘက် လမ်း ကျောကိုသုံး တယ်။ အခု ညာဘက် လမ်းကျောကို သုံးရင် ရန်သူက အတိအကျပိတ်ထားမှာမို့ ဘယ်ဘက် လမ်းကျောကနေ သုံးတယ်။ သူတို့ မထင်မှတ်တဲ့ လမ်းကြောင်းမို့ သူတို့ အငိုက်မိတဲ့အချိန် အငိုက်မိနေခဲ့တာပေါ့။ အဲဒီလို ကျွန်တော်တို့ ဖောက်ထွက် လာခဲ့တာ ။ ပုံမှန်လမ်းကြောင်းအတိုင်းလာတဲ့လူတွေကတော့ အခု နတ်ကြီးကိုလည်း ဝိုင်းထားပြီးသားဖြစ်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် နတ်ကြီးစခန်းထဲကိုဝင်ဖို့ အခက်အခဲဖြစ်သွားမယ်။ ပြီးရင် လမ်းမှာလည်း သူတို့ကို လိုက်လုပ်နေတာဆို တော့ ကြားထဲမှာ အယောက် (၂၀)လောက်က အဲဒီကနေ ပြန်ဆုတ်တဲ့လူတွေ ဒဏ်ရာရတဲ့လူတွေ ဘာတွေက ပိတ်မိ နေတာတွေလည်း ရှိတယ်။
ဒီလောက်ဆိုရပါပြီ။ သတိနဲ့နေပါ။ ကျေးဇူးပါ။
zawgyi version
‘ရန္သူက မဲပလီရၿပီးေတာ့ နတ္ႀကီးကိုပါ ပတ္ပတ္လည္ ဝိုင္းထားၿပီ’
‘‘မဲပလီတိုက္ပြဲထဲက လြတ္ေျမာက္လာသူေျပာတဲ့ တိုက္ပြဲျဖစ္စဥ္မ်ား’’
Pearl (NP News) - ေဖေဖာ္ဝါရီ ၁ဝ
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ရွိ မဲပလီစခန္းကို KNU၊ PDF ပူးေပါင္းအဖြဲ႕က ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီ လ(၁)ရက္မွ (၃၁)ရက္အထိ Drop Bomb အလုံးေရ(၁၂၀ဝ)ထက္မနည္း ပစ္ခ်တိုက္ခိုက္ခဲ့ၿပီးေနာက္ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁)ရက္တြင္ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္ တိုက္ခိုက္ခဲ့သျဖင့္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က စခန္းကို စြန႔္ခြာခဲ့ရေၾကာင္းသိရသည္။ အဆိုပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ ကိုယ္တိုင္ပါဝင္ခဲ့သူ သတင္းရင္းျမစ္တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားမႈမ်ားကိုေဖာ္ျပလိုက္ပါသည္။
ေမး - မဲပလီစခန္းကို ဘယ္လိုေရာက္သြားလဲ။ မဲပ လီစခန္းက ဘယ္လိုျဖစ္သြားသလဲ။
ေျဖ - ေရွ႕တန္းကို အလွည့္က်တက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ မဲပလီစခန္းကို ေရာက္သြားတာ။ မဲပလီ ကို (၁၀)လပိုင္း (၂၃)ရက္ေလာက္က စေရာက္တာ။ အဲဒီကေနစေရာက္ၿပီးေတာ့ ၾကားထဲမွာ သူတို႔(၁)လ (၂)လေလာက္ မလုပ္ဘဲနဲ႔ အခု(၁)လပိုင္း (၁)ရက္ ကေန စတိုက္တာေပါ့။ စတိုက္ၿပီးေတာ့ (၁)လပိုင္း တစ္လလုံး(၃၁)ရက္လုံး Drop Bomb ေတြ ခ်ခဲ့တာေလ။ Drop Bomb ေတြခ်ၿပီးေတာ့ (၂)လပိုင္း (၁) ရက္မွာ ကြၽန္ေတာ္တို႔ကို ဝင္သိမ္းတာ ကြၽန္ေတာ္တို႔ စခန္းက် သြားတယ္။
ေမး - စုစုေပါင္း ရက္ဘယ္ေလာက္ေလာက္ ခုခံ တိုက္ခိုက္ခဲ့ရလဲ။
ေျဖ - သူတို႔ တိုက္တဲ့ရက္မွာပဲ စခန္းက တစ္ခါတည္း က်သြားတာ။ သူတို႔ အင္အားက အရမ္းမ်ားတာကိုး။ အင္အား (၂၀ဝဝ)ေက်ာ္ေလာက္ဆိုေတာ့ ကြၽန္ေတာ္ တို႔ဆီမွာရွိတဲ့ အင္အားနဲ႔ဘယ္လိုမွမခံႏိုင္ဘူး။ ဗုံးက လည္း အႀကီးႀကီးေတြ ခ်တာေလ။
ေမး - သူတို႔ အင္အား ဘယ္ေလာက္ေလာက္ သုံး သြားတယ္လို႔ၾကားလဲ။
ေျဖ - ၾကားတာမဟုတ္ဘူး၊ ေတြ႕တာ။ ကြၽန္ေတာ္က ၿခံစည္း႐ိုးအျပင္မွာ။ ေနာက္ဆုံး ကြၽန္ေတာ္ဒဏ္ရာ ႀကီးနဲ႔ ၿခံစည္း႐ိုး အျပင္ကေန ၾကည့္ေနတာဆိုေတာ့ သူတို႔အင္အားက အနိမ့္ဆုံး (၁၅၀ဝ) ကေန (၂၀ဝဝ) ၾကားရွိတာဆိုေတာ့။ မည္း ေနတာပဲ။ အဲဒီလို တိုက္သြား ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ဒီဘက္ကို အစုလိုက္ အဖြဲ႕လိုက္ေလးေတြ ျပန္ဆုတ္လာ ၾကတာ ေပါ့။ ကြၽန္ေတာ္ ဦးစီးၿပီး (၂ + ၁၂) ဦးနတ္ႀကီးစခန္းကို ဒီေန႔ေရာက္တယ္။ ကြၽန္ေတာ္ဆိုလည္း ဘယ္ဘက္ရင္အုံကို ေဖာက္ဝင္ ေဖာက္ထြက္ ဒဏ္ရာရထားတယ္။ တျခားလည္း မပါလာခဲ့တဲ့လူေတြမွာလည္း ဒဏ္ရာရတဲ့လူေတြ စိုးရိမ္ရတဲ့ လူေတြမ်ားတယ္။
ေမး - မဲပလီစခန္းဆိုတာက ဘယ္ေနရာကေန ဘယ္လိုၾကားမွာရွိလဲ။ တည္ေနရာေလး ေျပာေပးလို႔ရလား။
ေျဖ - မဲပလီစခန္းက ဘီးလင္းနဲ႔ ဖာပြန္ကို ဆက္ထားတဲ့ လမ္းေပါ့။ အဲဒီစခန္းရဲ႕ မီတာ (၃၀ဝဝ) ဝန္းက်င္ ေလာက္မွာ ေ႐ႊေမွာ္ေတြနဲ႔ ေ႐ႊတူးေနတာေတြနဲ႔ အလုပ္လုပ္ေနတာေတြရွိတယ္။ အဓိကကေတာ့ KNU / PDF ေတြကို အဓိက ေထာက္ပံ့တဲ့ဟာက အဲဒီေ႐ႊေမွာ္ေတြကေပါ့ ။ အဲဒီေ႐ႊေမွာ္ေတြကို ကြၽန္ေတာ္တို႔ဆီက ေလယာဥ္ပစ္ကူေတြ ဘာေတြ ေတာင္းၿပီး ဖ်က္ခိုင္းတယ္။ အထက္လူႀကီးပိုင္းေတြက (------)။ သူတို႔အေထာက္အပံ့ရတာေပါ့။ ထမင္းလည္း အဲဒီက လာပို႔တာ။ ကြၽန္ေတာ္တို႔ကိုတိုက္တုန္းကလည္း ထမင္းလည္း အဲဒီကလာပို႔ၿပီး တိုက္ေနၾကတာပဲ။ (၃၁)ရက္လုံး တိုက္တာေလ။ (၃၁)ရက္လုံး အဲဒီကေန ထမင္းပို႔ၿပီးေတာ့ သူတို႔တိုက္တယ္။ ၿပီးေတာ့ သူတို႔လိုအပ္တဲ့ Drop Bomb ေတြ အဲဒီက ယူၿပီးေတာ့ Drop Bomb ကြၽန္ေတာ္တို႔ဆီလာခ် တာလည္း Drone ေတြကလည္း ေ႐ႊတူးတဲ့ ႐ြာေတြကပဲ Drone က တက္တာ။ အဲဒါနဲ႔ (၃၁) ရက္လုံးစခန္းကို Drop Bomb ခ်ခဲ့တာ။ စခန္းတစ္ခုလုံး ႐ြဲပုလဲသြားၿပီဆိုကာမွ (၃၂)ရက္ ေျမာက္ (၂)လပိုင္း (၁)ရက္က်မွ အလုံးအရင္းနဲ႔ ဝင္ၿပီးေတာ့ တစ္ခါတည္းတိုက္သြားတာ။ ကြၽန္ေတာ္တို႔ဆီက ဘီးလင္း နဲ႔လည္းေဝးတာကိုး။ ေဝးေတာ့ တပ္ဆက္လည္း မရွိဘူး။ စစ္ကူလည္းမလာႏိုင္ေတာ့ ရိကၡာလည္း ဆန္က ႏို႔ဆီဘူး တစ္ဘူးပဲ စားၿပီးေနခဲ့ရေတာ့ အားအင္ေတြလည္း အဆင္မေျပသလို စိတ္ဓာတ္ပိုင္းဆိုင္ရာလည္း ေပ်ာ့ညံ့ေနတာ လည္းပါသြားေတာ့ စခန္းက ခ်က္ခ်င္း က်သြားတဲ့သေဘာေပါ့။ ဝင္တိုက္တဲ့ေန႔မွာပဲ။ ၾကားထဲမွာလည္း (၄ ၊ ၅၊ ၆) ႀကိမ္ ေလာက္ေတာ့ ဝင္တိုက္ ေသးတယ္။ အဲဒီတုန္းက သူတို႔ကို လွန္ႏိုင္တယ္ေပါ့။ ေနာက္ဆုံး (၂)လပိုင္း (၁)ရက္ သူတို႔ အင္အားလုံးရင္းနဲ႔ ထပ္တိုက္တဲ့ေန႔မွ မခံႏိုင္ေတာ့တာေပါ့။ ကြၽန္ေတာ္တို႔ဘက္က အေရးႀကီးတဲ့ လက္နက္ေတြ လည္း အဲဒီဘက္ကို အကုန္ပါသြားတယ္။
ေမး - စစ္သည္ေတြ အေျခအေနက ဘယ္လိုျဖစ္သြား လဲ။ သူတို႔တစ္ဖက္က ေရးတဲ့သတင္းေတြနဲ႔ ေရာေန ေတာ့ေလ။
ေျဖ - ကြၽန္ေတာ္တို႔ စခန္းမွာ လူ (-) ေက်ာ္ အင္ အားရွိတယ္။ က်တဲ့စစ္သည္ရွိတယ္။ သူတို႔ သုံ႔ပန္း ဖမ္းသြားတာက (၃၀)ဝန္းက်င္ရွိတယ္။ က်န္တာက ဟိုအဖြဲ႕လိုက္ ဒီအဖြဲ႕လိုက္ ဆုတ္တဲ့ဟာေတြက ၾကားထဲမွာ သူတို႔ အရွင္ျပန္ ဖမ္းလိုက္ တာလည္းရွိတယ္။ ေနာက္က ကြၽန္ေတာ္တို႔တပ္ဆက္လို႔ေျပာတဲ့ နတ္ႀကီးစခန္းကို ေရာက္တဲ့ လူအင္အားရွိေသးတယ္။ ၾကားထဲမွာလည္း သူတို႔လိုက္ဖမ္းေနတာရွိတယ္။ အဲဒီလူေတြ လက္နက္ခ်လိုက္ပါေပါ့။ သူတို႔ဆီကို ပူးေပါင္းပါ ဆိုၿပီးေတာ့ လိုက္ဖမ္းေနတာလည္း ရွိတာေပါ့။ ကြၽန္ေတာ္တို႔ မဲပလီစခန္းကို မတိုက္ခင္မွာလည္း သူ တို႔ေရွ႕မွာရွိတဲ့ စခန္းက ဗိုလ္မႉးတစ္ေယာက္နဲ႔စစ္ သည္ (၁၄) ေယာက္နဲ႔ အားလုံး (၁၅)ေယာက္က PDF နဲ႔ ပူးေပါင္း လိုက္တာ။ ကြၽန္ေတာ္တို႔စခန္းကို တိုက္တဲ့အခ်ိန္မွာလည္း သူတို႔အဖြဲ႕ေတြ ပါတာေပါ့။ က်န္တဲ့စစ္သည္ေတြကေတာ့ စိတ္ဓာတ္ရွိရွိနဲ႔ ကြၽန္ေတာ္တို႔ မဲပလီစခန္းကို လာျပန္ေပါင္းေပးတယ္။ ေနာက္ဆုံး လာတိုက္ေတာ့ လာျပန္ေပါင္းတဲ့အဖြဲ႕က က်ကုန္တာ ေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔စခန္းက ဒဏ္ရာရ ေတြ ဘာေတြနဲ႔ စုစည္းၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ဆုတ္ လို႔ရသမွ် ဆုတ္ခဲ့တာပဲ။ ရန္သူက မဲပလီစခန္းကိုလည္း တိုက္ၿပီးသြားၿပီဆိုေတာ့ ထပ္တိုက္ဖို႔အတြက္ နတ္ႀကီးစခန္းကိုလည္း ပတ္ပတ္ လည္ေနရာေတြ အကုန္လုံးဝိုင္းထားၿပီးသား။ အခု (၁၀)နာရီေက်ာ္ ေနာက္ကိုလည္း ေရွာ့တိုက္ဒုံးတစ္လုံး ပစ္တယ္။ Drop Bomb ႀကီးေတြလည္း Drone နဲ႔ လာခ်တယ္။ အဲဒီလိုအေနအထားေလးရွိ တယ္။ ဒီမွာကလည္း လူနာေတြနဲ႔။
ေမး - နတ္ႀကီးစခန္းကေကာ ဘယ္ေနရာ၊ ဘယ္ေဒသ ဘယ္လိုမ်ိဳးရွိသလဲ။
ေျဖ - ဖာပြန္ - ဘီးလင္းလမ္း ၊ ဒါေပမဲ့ ဘီးလင္း ၿပီးရင္ မဲလန္ ၊ ၿပီးမွ ျပင္ဒါ ၊ ၿပီးမွ နတ္ႀကီးစခန္း ေရာက္တာေပါ့။ လမ္း ေက်ာကေတာ့ တစ္ခုတည္း။ ဘီးလင္း - ဖာပြန္ ကားလမ္းေပၚမွာ ရွိတာပဲ။ ရန္သူ အစုအဖြဲ႕နဲ႔အမ်ားႀကီးရွိတဲ့ေနရာက အဆူးေခ်ာင္းလို႔ ေခၚတဲ့ေနရာမွာ ရန္သူက ႐ြာပါတည္ၿပီးေတာ့ ေနတာ။ သူတို႔ အဲဒီမွာ႐ြာလိုက္ကို တည္ၿပီးေတာ့ ေနတယ္။ ေန႔တိုင္း ကားလမ္းမွာ သူတို႔ဆက္ေၾကးေကာက္ စရာရွိတာ ေကာက္တယ္။ ၿပီးရင္ ေနာက္တစ္လမ္း က်ေတာ့ သူတို႔ အဲဒီကေနၿပီးေတာ့မွ သူတို႔ တျခား သြားတဲ့ လမ္းခြမွာလည္း ဆက္ေၾကးေကာက္တယ္။ ကြၽန္ေတာ္တို႔ နတ္ႀကီး စခန္းကိုလာေတာ့ လမ္းမွာ ေတြ႕ခဲ့တဲ့ ရန္သူရဲ႕ တံဆိပ္ေတြကေတာ့ နဂၤါးျဖဴ စစ္ေၾကာင္းတို႔ဘာတို႔ ေတြ႕ခဲ့တယ္။ သူတို႔ရဲ ခႏၶာကိုယ္မွာ ဝတ္ထားတာ နဂၤါးျဖဴစစ္ေၾကာင္း၊ ၿပီးရင္ အကုန္ပါတယ္ KNU ေတြ PDF ေတြ၊ ပူးေပါင္းေတြ။ သူတို႔က ေရွ႕မွာလည္း တိုက္ပြဲေတြ ႏိုင္လာခဲ့ေတာ့။ အခု သူတို႔ နတ္ႀကီးစခန္းနားမွာလည္း အလုံးအရင္းနဲ႔ အကုန္ ေရာက္ ေနတယ္။
ေမး - အခု နတ္ႀကီးစခန္းအနီးဆုံးမွာ တပ္က အင္အားႀကီးႀကီးနဲ႔ေပါင္းႏိုင္တဲ့ စခန္းႀကီးႀကီး ဘာရွိလဲ ။ လာကူလို႔ရတဲ့ စခန္းႀကီးေတြ ဘာရွိလဲ ။
ေျဖ - ကြၽန္ေတာ္တို႔ေနာက္ဆုံးရတဲ့ သတင္းေတာ့ စစ္ကူေတြ ဆိုၿပီးေတာ့ မဲလန္တို႔ ဘာတို႔ဘက္ကို စၿပီးေတာ့ ဒီေန႔ ေရာက္ၿပီလို႔ေတာ့ သတင္းၾကားတာေပါ့။ သူတို႔သာ ဒီဘက္ကိုထပ္တက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဆီမွာရွိတဲ့ အင္အားနဲ႔ ထပ္ေပါင္းၿပီးေတာ့ ျပန္လုပ္ရင္လည္း ရန္သူလန္သင့္သေလာက္လန္မယ္။ ၿပီးရင္ ရန္သူ႔ရဲ႕အခိုင္အမာ ေနရာေတြ ၊ ခုနကေျပာတဲ့ အဆူးေခ်ာင္းတို႔ ၊ သူတို႔ ေ႐ႊေမွာ္ေတြလုပ္ေနတဲ့ ေနရာေတြကို ေလယာဥ္နဲ႔ပတ္ၿပီး က်ဲလိုက္ တယ္ ဆိုရင္လည္း တိုက္ပြဲက ေျပာင္းျပန္ျဖစ္ရင္လည္း ျဖစ္ သြားမယ္။ ၿငိမ္ရင္လည္းၿငိမ္သြားမယ္။ ကြၽန္ေတာ္က ေတာ့ အဲဒီလိုယူဆတာေပါ့။
ေမး - အခု လက္ရွိျဖစ္ေနတဲ့ အေျခအေနကိုေကာ တိုင္းအဆင့္ ၊ ဗ်ဴဟာအဆင့္ကို တင္ျပတာမ်ိဳးရွိလား။ တင္ျပထား ေသးလား။
ေျဖ - သူတို႔ကလည္း အကုန္သိတယ္။ မဲပလီစခန္းက ျပန္ဆုတ္လာတဲ့လူေတြကို သူတို႔ လူစာရင္းေကာက္ တာေတြ ၊ ေသနတ္ေတြ ဘယ္သူပါလဲ ဘာညာ သူတို႔ ေကာက္တာေတြနဲ႔ပဲ ၿပီးသြားတာေလ။ ၿပီးရင္ ကြၽန္ေတာ္တို႔လမ္းမွာ ေတြ႕ႀကဳံခဲ့တဲ့၊ လမ္းမွာလည္း တိုက္ ပြဲ (၄၊ ၅၊ ၁၀) ႀကိမ္ ထပ္ျဖစ္ၿပီးမွ ဒီေရာက္လာတာကိုး အကုန္လုံးက။ သူတို႔က လည္း စခန္းကဆုတ္တဲ့လူ ေတြကိုပိတ္ ၊ ပိတ္ၿပီးေတာ့မွ အရွင္ဖမ္းတဲ့လူေတြကို ဖမ္းတယ္။ သူတို႔ သတ္တဲ့လူေတြကို သတ္ တယ္ေပါ့။ အဲဒီလိုမ်ိဳး ေစာင့္လုပ္ေနတာဆိုေတာ့။ ဒီကို ျပန္ေရာက္ဖို႔လည္း တခ်ိဳ႕လူေတြအတြက္ အခက္ အခဲရွိတယ္။ လမ္းမွာတင္ပဲ ပိတ္မိေနတာ ရွိတယ္။ သူတို႔နဲ႔ ေပါင္းသြားတာရွိတယ္။ အဲဒီလိုမ်ိဳးေတြ ျဖစ္ေနတယ္ ။
ေမး - နတ္ႀကီး႐ြာကေတာ့ အင္အားေတာင့္ေတာင့္ တင္းတင္းနဲ႔ စစ္သည္က ခုခံႏိုင္တဲ့ တပ္ရင္းဌာနမ်ိဳးလား ၊ ဒါမွ မဟုတ္ ဘယ္လိုမ်ိဳးလဲ။
ေျဖ - နတ္ႀကီးက တပ္ရင္း တစ္ရင္းရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဒီကိုလာစဥ္ လမ္းမွာေတြ႕ခဲ့တဲ့ ရန္သူအင္အားနဲ႔ ၿပီးရင္ သူတို႔ရဲ႕ အခိုင္အမာ႐ြာေတြကေန လာေပါင္းတဲ့ ရန္သူအင္အားအရဆိုရင္ေတာ့ နတ္ႀကီးက ျပန္လည္ခုခံႏိုင္ဖို႔ေတာ့ ခက္ခဲ တာေပါ့ ။
ေမး - နတ္ႀကီးက ဘီးလင္းျမစ္ကမ္းေဘးက ႐ြာထင္တယ္ေနာ္။
ေျဖ - ဟုတ္တယ္။ ဘီးလင္းျမစ္ကမ္းေဘးက ကပ္လ်က္႐ြာပဲ။
ေမး - ဘာမ်ားထပ္ၿပီးေတာ့ ေျပာခ်င္ေသးလဲ။
ေျဖ - ကြၽန္ေတာ္တို႔ဆီကေတာ့ စစ္ကူေတြ ဘာေတြ လာမယ္ဆိုရင္လည္း အင္အားအလုံးအရင္းနဲ႔ လာၿပီး ေတာ့မွ ေလေၾကာင္းပစ္ကူနဲ႔ သူတို႔ကို ေထာက္ပံ့တဲ့ေန ရာေတြကို ျဖတ္သင့္တာျဖတ္။ ေအာက္ကလည္း စစ္ကူက တိုးလာမယ္ ဆိုရင္ေတာ့ ဒီမွာရွိတဲ့ စစ္သည္ေလးေတြ ဘာေလးေတြ အားလည္းတက္မယ္။ ၿပီးရင္ ရန္သူလာ ရင္ျပန္ၿပီးခ်ႏိုင္မယ့္ အေနအထားမ်ိဳးေလးေတြ ျဖစ္သြားေအာင္ပဲ။ အဓိကကေတာ့ ရိကၡာေတြ ဘာေတြက ေလယာဥ္နဲ႔ခ်တယ္ ဆိုေပ မယ့္လည္း အျပည့္အဝ ေတာ့မစားရပါဘူး။ ရန္သူက ဝိုင္းထားေတာ့ သူတို႔ အျပင္က်တဲ့ဟာ သူတို႔ပဲ ေကာက္ယူ သြားတာေလ။
ေမး-အခု ရန္သူအမ်ားဆုံး စုဖြဲ႕တဲ့ေနရာက ဘယ္ ေနရာလို႔ ၾကားသိထားတာ ရွိလဲ။
ေျဖ-အဆူးေခ်ာင္း႐ြာ။ ၾကားသိတာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔လမ္းက ျဖတ္လာေတာ့ သူတို႔နဲ႔ အဲဒီနားတိုက္ပြဲ ျဖစ္တာ။ ခဏခဏ ျဖစ္ခဲ့တာ။ အဆူးေခ်ာင္းနားက႐ြာ ေတြမွာ ရန္သူကအျပည့္ အဲဒီ႐ြာေတြထဲမွာကိုေနတာ။ တစ္႐ြာလုံး သူပုန္႐ြာ၊ ေဘး ဘယ္ညာေတြ အကုန္လုံးက တိုက္ပြဲျဖစ္ေတာ့မယ္ဆို ၊ အခု နတ္ႀကီး႐ြာမွာလည္း လူတစ္ေယာက္မွ မရွိေတာ့ဘူး။ အကုန္လုံး သူတို႔က ဖယ္ခိုင္းထားၿပီးသား။ အဲဒီ႐ြာထဲမွာလည္း သူတို႔ပဲေနတယ္။
ေမး- မဲပလီဗ်ဴဟာကေန ဘီးလင္းျမစ္အတိုင္း ေအာက္ကိုဆင္းတဲ့ နတ္ႀကီးကို ေျပာင္းလာတာလား။
ေျဖ - ပုံမွန္သြားေနတဲ့ လမ္းေၾကာင္းကေန မသြားဘဲနဲ႔ ကြၽန္ေတာ္တို႔က လမ္းေျပာင္းျပန္ ျပန္ဝင္လာခဲ့ တာ။ လမ္းမွာ လည္း သူတို႔ေတြနဲ႔ အမ်ားႀကီးေတြ႕ခဲ့တာေပါ့။ ကြၽန္ေတာ္တို႔ ဒီကို လာခဲ့တဲ့ (၇)ရက္လုံးလုံး လမ္းမွာ ဘာမွ မစားခဲ့ရသလို ရန္သူနဲ႔ ပစ္ခတ္တုန္းက ရခဲ့တဲ့ ဒဏ္ရာႀကီးနဲ႔ လိုက္တိုက္ေနခဲ့တာ ။ ကြၽန္ ေတာ္တို႔ မဲပလီဘက္က ဆိုရင္ အဆူးေခ်ာင္းကို ျပန္ ေျပးရင္ ပုံမွန္အတိုင္း တပ္က သုံးေနတဲ့ လမ္းက မဲပလီဘက္ကေန အဆူးေခ်ာင္းကို ညာဘက္ လမ္း ေက်ာကိုသုံး တယ္။ အခု ညာဘက္ လမ္းေက်ာကို သုံးရင္ ရန္သူက အတိအက်ပိတ္ထားမွာမို႔ ဘယ္ဘက္ လမ္းေက်ာကေန သုံးတယ္။ သူတို႔ မထင္မွတ္တဲ့ လမ္းေၾကာင္းမို႔ သူတို႔ အငိုက္မိတဲ့အခ်ိန္ အငိုက္မိေနခဲ့တာေပါ့။ အဲဒီလို ကြၽန္ေတာ္တို႔ ေဖာက္ထြက္ လာခဲ့တာ ။ ပုံမွန္လမ္းေၾကာင္းအတိုင္းလာတဲ့လူေတြကေတာ့ အခု နတ္ႀကီးကိုလည္း ဝိုင္းထားၿပီးသားျဖစ္သြားၿပီ ျဖစ္တဲ့ အတြက္ေၾကာင့္ နတ္ႀကီးစခန္းထဲကိုဝင္ဖို႔ အခက္အခဲျဖစ္သြားမယ္။ ၿပီးရင္ လမ္းမွာလည္း သူတို႔ကို လိုက္လုပ္ေနတာဆို ေတာ့ ၾကားထဲမွာ အေယာက္ (၂၀)ေလာက္က အဲဒီကေန ျပန္ဆုတ္တဲ့လူေတြ ဒဏ္ရာရတဲ့လူေတြ ဘာေတြက ပိတ္မိ ေနတာေတြလည္း ရွိတယ္။
ဒီေလာက္ဆိုရပါၿပီ။ သတိနဲ႔ေနပါ။ ေက်းဇူးပါ။