စစ်တွေမြို့နယ်အစပ်တွင် ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ယနေ့တွင် အမြောက်သံများ ငြိမ်သက်နေ
![](/img/icon_eye.svg)
716
ပီယ (NP News) - ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့နယ်အစပ်တွင် ပစ်ခတ်မှုများရှိခဲ့သော်လည်း ယနေ့တွင် အမြောက်သံများ ငြိမ်သက်နေကြောင်း စစ်တွေမြို့ခံ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်ကစတင်ကာ လက်နက်ကြီး ပစ်ခတ်သံများ၊ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ယင်းအခြေအနေမှာ စစ်တွေမြို့ ပြင်ပတွင်သာ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“မြို့နယ်အစပ်တွေမှာ သွေးတိုးစမ်းတဲ့ သဘောပါပဲ။ ဒီနေ့တော့ အမြောက်သံ မကြားပါဘူး” ဟု အထက်ပါ ဒေသခံ က ဆိုသည်။
မြို့နယ်aအပြင်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်တွေမြို့နယ် အတွင်း ထိခိုက်မှု မရှိကြောင်းလည်း ၎င်းက ဆိုသည်။
“အသံတွေက တိုက်ပွဲပုံစံမျိုးတောင် မဟုတ်ပါဘူး။အမြောက်နဲ့ လှမ်းပစ်တဲ့ ပုံမျိုးပါ” ဟု ယင်းက ရှင်းပြသည်။
Zawgyi Version:
စစ္ေတြၿမိဳ႕နယ္အစပ္တြင္ ပစ္ခတ္မႈမ်ား ရွိခဲ့ေသာ္လည္း ယေန႔တြင္ အေျမာက္သံမ်ား ၿငိမ္သက္ေန
ပီယ (NP News) - ေဖေဖာ္ဝါရီ ၁၀
ရခိုင္ျပည္နယ္၏ ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕နယ္အစပ္တြင္ ပစ္ခတ္မႈမ်ားရွိခဲ့ေသာ္လည္း ယေန႔တြင္ အေျမာက္သံမ်ား ၿငိမ္သက္ေနေၾကာင္း စစ္ေတြၿမိဳ႕ခံ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၆ ရက္ကစတင္ကာ လက္နက္ႀကီး ပစ္ခတ္သံမ်ား၊ အျပန္အလွန္ ပစ္ခတ္မႈမ်ား ရွိခဲ့ေသာ္လည္း ယင္းအေျခအေနမွာ စစ္ေတြၿမိဳ႕ ျပင္ပတြင္သာ ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
“ၿမိဳ႕နယ္အစပ္ေတြမွာ ေသြးတိုးစမ္းတဲ့ သေဘာပါပဲ။ ဒီေန႔ေတာ့ အေျမာက္သံ မၾကားပါဘူး” ဟု အထက္ပါ ေဒသခံ က ဆိုသည္။
ၿမိဳ႕နယ္aအျပင္တြင္ ျဖစ္ပြားျခင္း ျဖစ္ၿပီး စစ္ေတြၿမိဳ႕နယ္ အတြင္း ထိခိုက္မႈ မရွိေၾကာင္းလည္း ၎က ဆိုသည္။
“အသံေတြက တိုက္ပြဲပုံစံမ်ိဳးေတာင္ မဟုတ္ပါဘူး။အေျမာက္နဲ႔ လွမ္းပစ္တဲ့ ပုံမ်ိဳးပါ” ဟု ယင္းက ရွင္းျပသည္။