ပေကျင်း၏ ‘ဂရေးဇုန် နည်းဗျူဟာ’နှင့် ဆန်းသစ်ရှုပ်ထွေးလာသော စစ်ပရိယာယ်

656

Htay Oung (NP News) - ဖေဖော်ဝါရီ ၁ဝ
ပိုင်ဆိုင်မှုအငြင်းပွားပင်လယ်ပြင်မှာ တရုတ်ရဲ့နှောင့်ယှက်မှုတွေကို ခုခံကာကွယ်ဖို့ အမေရိကန်အနေနဲ့ ဖိလစ် ပိုင်နိုင်ငံကို ‘‘အသံအမြောက်”တွေ ထောက်ပံ့ပေးသင့်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက အကြံပြုပါတယ်။ မကြာသေးမီက တောင်တရုတ်ပင် လယ်အငြင်းပွားရေပြင်မှာ ဖိလစ်ပိုင်သင်္ဘောတစ်စင်းအပေါ် တရုတ်ကမ်းခြေစောင့်တပ်က ကျယ် လောင်တဲ့ အသံအမြောက်တွေကိုအသုံးပြုခဲ့တယ်လို့ ‘‘စတားစ် အင်န်စထရစ်စ်” က ဖေဖော်ဝါရီ (၄)ရက်မှာ ရေးသားပါတယ်။
Sound Cannon အသံအမြောက်ဆိုတာ Long Range Acoustic Device (LRAD) ‘‘တာ ဝေးအသုံးပြု အသံပိုင်းဆိုင်ရာကိရိယာ”ကို ဆိုလို တာဖြစ်ပါတယ်။ အသံကိုအသုံးပြုပြီး လူအုပ်ကြီးတစ် ခုကိုထိန်းချုပ်ဖို့ ဒါမှမဟုတ် အန္တရာယ်ကင်းတဲ့ အကွာ အဝေးကနေပြီး လူတွေကိုဖယ်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ကိရိယာတစ်မျိုးဖြစ်ပါတယ်။ သူရဲ့ အဓိကလုပ် ဆောင်ချက်က အလွန်ကျယ်လောင်တဲ့အသံလှိုင်းတွေ ကိုထုတ်လွှတ်ပြီး လူတွေကို မသက်မသာခံစားရ စေတာ ဒါမှမဟုတ် နားကိုက်တာတွေ ဖြစ်စေတာပါ။ ဒါ့ကြောင့် ဒီကိရိယာနဲ့ ဆန္ဒပြသူတွေကို ဖြန့်ခွဲဖို့ ဒါမှမဟုတ် လုံခြုံရေးရှုထောင့်ကနေ အန္တရာယ်ရှိတဲ့အခြေ အနေတွေမှာအသုံးပြုပါတယ်။ ‘‘Cannon” ‘‘အမြောက်” လို့ခေါ်ဆိုရတဲ့ အကြောင်းရင်းကတော့ ဒီကိရိယာက အလွန်အားကောင်းတဲ့အသံလှိုင်းတွေကို ထုတ်လွှတ်နိုင်ပြီး စစ်ဘက် ဆိုင်ရာ သို့မဟုတ် လုံခြုံရေးရည်ရွယ်ချက်တွေအတွက် လက်နက်သဖွယ်အသုံးပြုတာကြောင့် ဖြစ်ပါတယ်။ အလွန်ကျယ် လောင်တဲ့ အသံကြောင့် နာကျင်မှုနဲ့အကြားအာရုံကို ထိခိုက်နိုင်ပြီး ရာသက်ပန်နားပင်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
အသံအမြောက်ကို စစ်ဘက်ဆိုင်ရာအနေနဲ့ စစ်ပွဲဒေသတွေမှာ ရန်သူတွေကို ပြန့်ကွဲစေဖို့ ဒါမှမဟုတ် သူတို့ရဲ့ဆက်သွယ်ရေးကို အနှောင့်အယှက်ပေးဖို့ အသုံးပြုနိုင်ပါတယ်။ ကမ်းတက်စစ်ဆင်ရေးတွေမှာ ရန်သူတွေကို စိတ်ဓာတ်ကျဆင်းစေဖို့ ဒါမှမဟုတ် သူတို့ရဲ့ တစုတစည်းတည်းရှိမှုကို ဖြိုခွင်းရာမှာအသုံးပြုနိုင်ပါတယ်။ အရပ်ဘက်လုံခြုံရေးဆိုင်ရာအနေနဲ့ ဆန္ဒ ပြသူတွေကို လူစုခွဲဖို့ ဒါမှမဟုတ် သူတို့ကို နေရာရွှေ့ သွားအောင်လုပ်ဖို့ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ (၂၀ဝ၉) ခုနှစ် အမေရိကန်နိုင်ငံ ပစ်တစ်စ်ဘတ်မြို့ G20 ထိပ်သီးအစည်းအဝေးမှာ ဆန္ဒ ပြသူတွေကို ထိန်းချုပ်ဖို့ အသံအမြောက်ကိုအသုံးပြုခဲ့ဖူးပါတယ်။
ပင်လယ်ပြင်လုံခြုံရေးအနေနဲ့ ပင်လယ်ဓားပြခြိမ်းခြောက်မှုကို သင်္ဘောတွေပေါ်ကနေ ကာကွယ်ဖို့၊ သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်း ဒါမှမဟုတ် ဆူနာမီအန္တရာယ်စသဖြင့် အရေးပေါ် အခြေအနေမှာ လူတွေကို သတိ ပေးတဲ့အနေနဲ့ LRAD ကိုအသုံးပြုနိုင်ပါတယ်။ (၂၀ဝဝ) ပြည့်လွန်နှစ်တွေမှာ အမေရိကန်ရေတပ်က စတင်အသုံးပြုခဲ့ ပြီးနောက်ပိုင်း တခြားနိုင်ငံတွေနဲ့ လုံခြုံရေးအဖွဲ့တွေကလည်း အသုံးပြုလာကြပါတယ်။
ဇန်နဝါရီလ (၂၅) ရက် လူဇုန်ကျွန်းမကြီးအနီး ‘ကပုန်း’ ကျွန်းအနီးမှာရှိတဲ့ ဖိလစ်ပိုင်ကမ်းခြေ စောင့်သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ်က အသံအမြောက်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဖိလစ်ပိုင် သင်္ဘောက ရေဒီယိုစက်နဲ့သတိ ပေးလိုက်မှ တရုတ် ကမ်းခြေစောင့်သင်္ဘောကြီးက အဝေးကိုရွေ့လျားသွား ခဲ့ပါတယ်။ အဲဒီဖြစ်စဉ် မမှန်ကန်ကြောင်း သူသိထား သလောက် တရုတ်ကမ်းခြေစောင့်တပ်မှာ အသံအ မြောက်တပ်ဆင်ထားတာမျိုးမရှိဘူးလို့ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးက ငြင်းဆိုပါတယ်။
တရုတ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်အပေါ် ဆက်လက်နှောင့်ယှက်မှုမပြုနိုင်စေဖို့ အမေရိကန်ကလည်း မနီလာကို အလားတူ အသံအမြောက်တွေ ထောက်ပံ့ပေးသင့်တယ်လို့ ဟာဝိုင်အီတက္ကသိုလ် အာရှပစိဖိတ်ရေးရာ သုတေသနဌာန ပါမောက္ခက အကြံပြုပါတယ်။ (၁၉၅၁) ခုနှစ်တည်းက ဖိလစ်ပိုင်နဲ့ အမေရိကန်တို့အကြား အပြန် အလှန်ကာကွယ်ရေး စာချုပ်ရှိနေပါတယ်။ ဒါပေမဲ့ စာချုပ်ပါ “လက်နက် ကိုင်တိုက်ခိုက်မှု” ဆိုတဲ့ စာသားမှာ ဘယ်လို အ ကြောင်းအရာဆိုတာ ပိုမိုသေချာစွာသတ်မှတ်ဖို့ လိုအပ်နေပါတယ်။ တခြားကျွမ်းကျင်သူ ပါမောက္ခ တစ်ဦးကတော့ ခြိမ်းခြောက်မှုတွေကိုဟန့်တားဖို့ ဖိလစ်ပိုင်ရေတပ်နဲ့ အရပ်ဘက်သင်္ဘော (၂၅)စင်း ကျော်မှာ အဲဒီကိရိယာ တွေရှိနေ ကြောင်း မှတ်ချက်ပေးပါတယ်။ ဒါပေမဲ့ အမေရိကန်ပေးတဲ့ကိရိယာတွေနဲ့ တရုတ်အပေါ်အသုံးချမယ်ဆိုရင် တင်းမာမှု တွေတိုးမြင့်လာလိမ့်မယ်လို့လည်း သတိပေးပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ် တို့အကြား ပင်လယ် ရေပြင်နယ်နိမိတ်၊ ကျွန်းတွေနဲ့ သယံဇာတပိုင်ဆိုင်မှုတွေအပေါ် အငြင်းပွားနေကြတယ်။ အဲဒီဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝမှု၊ ငါးဖမ်းလုပ်ငန်းနဲ့ နိုင်ငံတကာကုန်သွယ်ရေကြောင်း သွားလာမှုများမှာ အရေးပါတာကြောင့် အငြင်းပွားမှု တွေဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
တရုတ်နိုင်ငံက ‘မျဉ်းရှည်ကိုးခု’ (Nine-Dash Line)လို့ခေါ်တဲ့ မျဉ်းကြောင်း (၉)ခုနဲ့ကန့်သတ်ပြီး ဧရိယာ သတ်မှတ်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူ့နိုင်ငံပိုင်နက်အဖြစ်ကြေညာခဲ့ပါတယ်။ အဲဒီ ဧရိယာမှာ အခြားနိုင်ငံတို့ရဲ့ အထူးသီးသန့်စီးပွားရေးဇုန်ရေပြင်များလည်း သိမ်းကြုံးပါဝင်နေတဲ့အတွက် နိုင်ငံတကာ ဥပဒေအရ တရုတ်ရဲ့တောင်းဆိုမှုကိုငြင်းဆိုကြပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဖိလစ်ပိုင်က တရုတ်အပေါ် တရား စွဲဆိုခဲ့ပါတယ်။
ဒီကိစ္စမှာ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ဆန့်ကျင်နေတဲ့အတွက် တရုတ်ရဲ့ အဲဒီလို သတ်မှတ် တာဟာ တရားမဝင်ကြောင်း၊ တောင်း ဆိုပိုင်ခွင့်လည်းမရှိကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံးက (၂၀၁၆ ခုနှစ် အနုညာတစီရင်ချက် ၂၀၁၃-၁၉)နဲ့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို တရုတ်က လျစ်လျူရှုခဲ့ပါတယ်။ သူရဲ့ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း တခြားနိုင်ငံတွေကိုပြသတဲ့အနေနဲ့ အဲဒီရေပြင်အတွင်း ကင်းလှည့်တာတွေကို တိုးမြှင့် ပြုလုပ်လာပါတယ်။
အငြင်းပွားမှုတွေဟာ ဒေသတွင်း တည်ငြိမ် ရေးနဲ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်စေပြီး လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိုကာကွယ်တဲ့အနေနဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေက စစ်ရေး အရပါဝင်လာ ကြပါ တယ်။ ပြဿနာကိုဖြေရှင်းဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေအကြား ဆွေးနွေးညှိနှိုင်း မှုတွေဆက်လက်ပြုလုပ် လျက်ရှိ ပေမယ့် ယခုအချိန် ထိ ပြီးပြတ်တဲ့ဖြေရှင်းချက် တစ်ခုမျှမရရှိသေးပါဘူး။
အဲဒီလို မရေရာမသေချာတဲ့ နယ်မြေတွေမှာ အတိအကျစွပ်စွဲလို့မရတဲ့ စစ်ရေးနဲ့နိုင်ငံရေးအရ ဆောင်ရွက်မှု တွေကို Gray Zone tactics ‘မီးခိုး ရောင်ဇုန်နည်းဗျူဟာ’လို့ခေါ်ပါတယ်။ ခြိမ်းခြောက်မှု၊ ရန်လိုကြောင်းပြသခြင်းနဲ့ ဒါမှမဟုတ် အင်အားသုံးမှုတွေကို စစ်ပွဲအဖြစ်သတ်မှတ်လောက်တဲ့အဆင့် အထိမရောက်ဘဲ တခြားနိုင်ငံတစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ထိပါးစေခြင်းမျိုးဖြစ်ပါတယ်။
- စစ်အင်အားသုံးခြင်းဖြစ်ပေမယ့် စစ်ခင်း နေတယ်လို့ပြောလို့ရတဲ့အထိမရောက်အောင် ထိန်း ထိန်းသိမ်းသိမ်း ဆောင်ရွက်ခြင်း၊
- သံတမန်နည်းအရ နိုင်ငံတကာဆက်ဆံရေးမှာ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဒါမှမဟုတ် ယခင် သဘောတူ ညီချက်များကို ချိုးဖောက်ခြင်း၊
- စီးပွားရေးအရ ဖိအားပေးခြင်း၊ တားဆီး ပိတ်ဆို့ခြင်း ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်အောင် တစ်နည်းနည်းနဲ့ လုပ်ဆောင်ခြင်း
- အင်တာနက်နဲ့ ဆိုက်ဘာနည်းအရ ထိုးဖောက်မွှေနှောက်ခြင်း၊ သတင်းအချက်အလက်များဖြင့် လှည့်စားခြင်း၊ ဒါမှမဟုတ် အများပြည်သူ့ ထင် မြင်ချက်ကို ထိန်းချုပ်ခြင်း။
- အကွက်ချ အစီအစဉ်တွေနဲ့ အေးဂျင့်တွေကို အသုံးပြုခြင်းဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ အတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းတို့ ဖြစ်ပါတယ်။
- တကယ်တော့ အဲဒီအပြုအမူတွေဟာ Hybrid Warfare “မျိုးပေါင်းစပ်စစ်” လို့ ခေါ်တဲ့ မတူညီတဲ့ နည်းလမ်း ပေါင်းစုံကို ရောနှောပေါင်းစပ်ပြီး စစ်ပြုခြင်းမျိုးဖြစ်ပါတယ်။ ကွာခြားချက်ကတော့ ဂရေးဇုန်နည်းဗျူဟာမှာ မျိုးပေါင်းစပ် စစ် မဟာဗျူဟာ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ တစ်ချိန်ချိန်မှာ တိုက်ရိုက်စစ်ခင်းဖို့အထိ ရည်မှန်းချက်ပါရှိတတ်ပါတယ်။
တရုတ်ဟာ ဖိလစ်ပိုင်အပေါ် အကြမ်းမ ဖက်နည်းဗျူဟာတွေဖြစ်တဲ့ လေဆာရောင်ခြည်ဖြင့် ထိုးပြခြင်း၊ ငါးဖမ်းနေသူများအကြား သင်္ဘောများကို ဖြတ်သန်းခုတ်မောင်းခြင်၊ ရဟတ်ယာဉ်များဖြင့် အသံ ပြုခြောက်လှန့်ခြင်း ပြုလုပ်နေပါတယ်။ ဆိုက်ဘာတိုက် ခိုက်မှုဖောက်ခွဲဖျက်ဆီးမှုများ သို့မဟုတ် ရုရှားက ခရိုင်းမီးယားကို သိမ်းသွင်း သလိုမျိုးအထိ ပိုမိုပြင်းထန်တဲ့အစီအမံတွေကိုလည်း အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။
အမေရိကန်နဲ့ဂျပန်အပါအဝင် ဖိလစ်ပိုင် နဲ့မဟာမိတ်နိုင်ငံအားလုံးတို့က တောင်တရုတ်ပင် လယ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ ကျယ်ပြန့်လွန်းတဲ့ တောင်းဆိုမှုတွေကိုပယ်ချခဲ့ပါတယ်။ တရုတ်အနေနဲ့ (၂၀၁၆)ခုနှစ် နိုင်ငံတကာတရား ရုံးစီရင်ချက်ကို လိုက်နာဖို့ ဆက်လက်တွန်းအားပေးလျက်ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက အငြင်းပွားကျွန်းတွေမှာ စစ် အခြေစိုက်စခန်းတွေတည်ဆောက်ထားပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းအပါအဝင် တောင် တရုတ် ပင်လယ်အိမ်နီးချင်းတွေကို ဆက်လက်ပြီး ဘယ်လိုဆက်ဆံတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ဖို့ ကောင်းနေပါတယ်။

zawgyi version
ေပက်င္း၏ ‘ဂေရးဇုန္ နည္းဗ်ဴဟာ’ႏွင့္ ဆန္းသစ္ရႈပ္ေထြးလာေသာ စစ္ပရိယာယ္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ပိုင္ဆိုင္မႈအျငင္းပြားပင္လယ္ျပင္မွာ တ႐ုတ္ရဲ႕ေႏွာင့္ယွက္မႈေတြကို ခုခံကာကြယ္ဖို႔ အေမရိကန္အေနနဲ႔ ဖိလစ္ ပိုင္ႏိုင္ငံကို ‘‘အသံအေျမာက္”ေတြ ေထာက္ပံ့ေပးသင့္တယ္လို႔ ကြၽမ္းက်င္သူတစ္ဦးက အႀကံျပဳပါတယ္။ မၾကာေသးမီက ေတာင္တ႐ုတ္ပင္ လယ္အျငင္းပြားေရျပင္မွာ ဖိလစ္ပိုင္သေဘၤာတစ္စင္းအေပၚ တ႐ုတ္ကမ္းေျခေစာင့္တပ္က က်ယ္ ေလာင္တဲ့ အသံအေျမာက္ေတြကိုအသုံးျပဳခဲ့တယ္လို႔ ‘‘စတားစ္ အင္န္စထရစ္စ္” က ေဖေဖာ္ဝါရီ (၄)ရက္မွာ ေရးသားပါတယ္။
Sound Cannon အသံအေျမာက္ဆိုတာ Long Range Acoustic Device (LRAD) ‘‘တာ ေဝးအသုံးျပဳ အသံပိုင္းဆိုင္ရာကိရိယာ”ကို ဆိုလို တာျဖစ္ပါတယ္။ အသံကိုအသုံးျပဳၿပီး လူအုပ္ႀကီးတစ္ ခုကိုထိန္းခ်ဳပ္ဖို႔ ဒါမွမဟုတ္ အႏၲရာယ္ကင္းတဲ့ အကြာ အေဝးကေနၿပီး လူေတြကိုဖယ္ရွားဖို႔ ဒီဇိုင္းထုတ္ထားတဲ့ကိရိယာတစ္မ်ိဳးျဖစ္ပါတယ္။ သူရဲ႕ အဓိကလုပ္ ေဆာင္ခ်က္က အလြန္က်ယ္ေလာင္တဲ့အသံလႈိင္းေတြ ကိုထုတ္လႊတ္ၿပီး လူေတြကို မသက္မသာခံစားရ ေစတာ ဒါမွမဟုတ္ နားကိုက္တာေတြ ျဖစ္ေစတာပါ။ ဒါ့ေၾကာင့္ ဒီကိရိယာနဲ႔ ဆႏၵျပသူေတြကို ျဖန႔္ခြဲဖို႔ ဒါမွမဟုတ္ လုံၿခဳံေရးရႈေထာင့္ကေန အႏၲရာယ္ရွိတဲ့အေျခ အေနေတြမွာအသုံးျပဳပါတယ္။ ‘‘Cannon” ‘‘အေျမာက္” လို႔ေခၚဆိုရတဲ့ အေၾကာင္းရင္းကေတာ့ ဒီကိရိယာက အလြန္အားေကာင္းတဲ့အသံလႈိင္းေတြကို ထုတ္လႊတ္ႏိုင္ၿပီး စစ္ဘက္ ဆိုင္ရာ သို႔မဟုတ္ လုံၿခဳံေရးရည္႐ြယ္ခ်က္ေတြအတြက္ လက္နက္သဖြယ္အသုံးျပဳတာေၾကာင့္ ျဖစ္ပါတယ္။ အလြန္က်ယ္ ေလာင္တဲ့ အသံေၾကာင့္ နာက်င္မႈနဲ႔အၾကားအာ႐ုံကို ထိခိုက္ႏိုင္ၿပီး ရာသက္ပန္နားပင္းတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။
အသံအေျမာက္ကို စစ္ဘက္ဆိုင္ရာအေနနဲ႔ စစ္ပြဲေဒသေတြမွာ ရန္သူေတြကို ျပန႔္ကြဲေစဖို႔ ဒါမွမဟုတ္ သူတို႔ရဲ႕ဆက္သြယ္ေရးကို အေႏွာင့္အယွက္ေပးဖို႔ အသုံးျပဳႏိုင္ပါတယ္။ ကမ္းတက္စစ္ဆင္ေရးေတြမွာ ရန္သူေတြကို စိတ္ဓာတ္က်ဆင္းေစဖို႔ ဒါမွမဟုတ္ သူတို႔ရဲ႕ တစုတစည္းတည္းရွိမႈကို ၿဖိဳခြင္းရာမွာအသုံးျပဳႏိုင္ပါတယ္။ အရပ္ဘက္လုံၿခဳံေရးဆိုင္ရာအေနနဲ႔ ဆႏၵ ျပသူေတြကို လူစုခြဲဖို႔ ဒါမွမဟုတ္ သူတို႔ကို ေနရာေ႐ႊ႕ သြားေအာင္လုပ္ဖို႔ အသုံးျပဳေလ့ရွိပါတယ္။ ဥပမာ (၂၀ဝ၉) ခုႏွစ္ အေမရိကန္ႏိုင္ငံ ပစ္တစ္စ္ဘတ္ၿမိဳ႕ G20 ထိပ္သီးအစည္းအေဝးမွာ ဆႏၵ ျပသူေတြကို ထိန္းခ်ဳပ္ဖို႔ အသံအေျမာက္ကိုအသုံးျပဳခဲ့ဖူးပါတယ္။
ပင္လယ္ျပင္လုံၿခဳံေရးအေနနဲ႔ ပင္လယ္ဓားျပၿခိမ္းေျခာက္မႈကို သေဘၤာေတြေပၚကေန ကာကြယ္ဖို႔၊ သဘာဝ ေဘးအႏၲရာယ္ေတြျဖစ္တဲ့ မုန္တိုင္း ဒါမွမဟုတ္ ဆူနာမီအႏၲရာယ္စသျဖင့္ အေရးေပၚ အေျခအေနမွာ လူေတြကို သတိ ေပးတဲ့အေနနဲ႔ LRAD ကိုအသုံးျပဳႏိုင္ပါတယ္။ (၂၀ဝဝ) ျပည့္လြန္ႏွစ္ေတြမွာ အေမရိကန္ေရတပ္က စတင္အသုံးျပဳခဲ့ ၿပီးေနာက္ပိုင္း တျခားႏိုင္ငံေတြနဲ႔ လုံၿခဳံေရးအဖြဲ႕ေတြကလည္း အသုံးျပဳလာၾကပါတယ္။
ဇန္နဝါရီလ (၂၅) ရက္ လူဇုန္ကြၽန္းမႀကီးအနီး ‘ကပုန္း’ ကြၽန္းအနီးမွာရွိတဲ့ ဖိလစ္ပိုင္ကမ္းေျခ ေစာင့္သေဘၤာကို တ႐ုတ္ကမ္းေျခေစာင့္တပ္က အသံအေျမာက္နဲ႔တိုက္ခိုက္ခဲ့ပါတယ္။ ဖိလစ္ပိုင္ သေဘၤာက ေရဒီယိုစက္နဲ႔သတိ ေပးလိုက္မွ တ႐ုတ္ ကမ္းေျခေစာင့္သေဘၤာႀကီးက အေဝးကိုေ႐ြ႕လ်ားသြား ခဲ့ပါတယ္။ အဲဒီျဖစ္စဥ္ မမွန္ကန္ေၾကာင္း သူသိထား သေလာက္ တ႐ုတ္ကမ္းေျခေစာင့္တပ္မွာ အသံအ ေျမာက္တပ္ဆင္ထားတာမ်ိဳးမရွိဘူးလို႔ ဖိလစ္ပိုင္ႏိုင္ငံ ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက ျငင္းဆိုပါတယ္။
တ႐ုတ္က ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္အေပၚ ဆက္လက္ေႏွာင့္ယွက္မႈမျပဳႏိုင္ေစဖို႔ အေမရိကန္ကလည္း မနီလာကို အလားတူ အသံအေျမာက္ေတြ ေထာက္ပံ့ေပးသင့္တယ္လို႔ ဟာဝိုင္အီတကၠသိုလ္ အာရွပစိဖိတ္ေရးရာ သုေတသနဌာန ပါေမာကၡက အႀကံျပဳပါတယ္။ (၁၉၅၁) ခုႏွစ္တည္းက ဖိလစ္ပိုင္နဲ႔ အေမရိကန္တို႔အၾကား အျပန္ အလွန္ကာကြယ္ေရး စာခ်ဳပ္ရွိေနပါတယ္။ ဒါေပမဲ့ စာခ်ဳပ္ပါ “လက္နက္ ကိုင္တိုက္ခိုက္မႈ” ဆိုတဲ့ စာသားမွာ ဘယ္လို အ ေၾကာင္းအရာဆိုတာ ပိုမိုေသခ်ာစြာသတ္မွတ္ဖို႔ လိုအပ္ေနပါတယ္။ တျခားကြၽမ္းက်င္သူ ပါေမာကၡ တစ္ဦးကေတာ့ ၿခိမ္းေျခာက္မႈေတြကိုဟန႔္တားဖို႔ ဖိလစ္ပိုင္ေရတပ္နဲ႔ အရပ္ဘက္သေဘၤာ (၂၅)စင္း ေက်ာ္မွာ အဲဒီကိရိယာ ေတြရွိေန ေၾကာင္း မွတ္ခ်က္ေပးပါတယ္။ ဒါေပမဲ့ အေမရိကန္ေပးတဲ့ကိရိယာေတြနဲ႔ တ႐ုတ္အေပၚအသုံးခ်မယ္ဆိုရင္ တင္းမာမႈ ေတြတိုးျမင့္လာလိမ့္မယ္လို႔လည္း သတိေပးပါတယ္။
ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္၊ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ မေလးရွား၊ ဘ႐ူႏိုင္းနဲ႔ ထိုင္ဝမ္ တို႔အၾကား ပင္လယ္ ေရျပင္နယ္နိမိတ္၊ ကြၽန္းေတြနဲ႔ သယံဇာတပိုင္ဆိုင္မႈေတြအေပၚ အျငင္းပြားေနၾကတယ္။ အဲဒီေဒသရဲ႕ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ႂကြယ္ဝမႈ၊ ငါးဖမ္းလုပ္ငန္းနဲ႔ ႏိုင္ငံတကာကုန္သြယ္ေရေၾကာင္း သြားလာမႈမ်ားမွာ အေရးပါတာေၾကာင့္ အျငင္းပြားမႈ ေတြဟာ ႏိုင္ငံတကာဆက္ဆံေရးမွာ အေရးႀကီးအခန္းက႑မွ ပါဝင္ေနပါတယ္။
တ႐ုတ္ႏိုင္ငံက ‘မ်ဥ္းရွည္ကိုးခု’ (Nine-Dash Line)လို႔ေခၚတဲ့ မ်ဥ္းေၾကာင္း (၉)ခုနဲ႔ကန႔္သတ္ၿပီး ဧရိယာ သတ္မွတ္ျခင္းအားျဖင့္ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို သူ႔ႏိုင္ငံပိုင္နက္အျဖစ္ေၾကညာခဲ့ပါတယ္။ အဲဒီ ဧရိယာမွာ အျခားႏိုင္ငံတို႔ရဲ႕ အထူးသီးသန႔္စီးပြားေရးဇုန္ေရျပင္မ်ားလည္း သိမ္းႀကဳံးပါဝင္ေနတဲ့အတြက္ ႏိုင္ငံတကာ ဥပေဒအရ တ႐ုတ္ရဲ႕ေတာင္းဆိုမႈကိုျငင္းဆိုၾကၿပီး အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ဖိလစ္ပိုင္က တ႐ုတ္အေပၚ တရား စြဲဆိုခဲ့ပါတယ္။
ဒီကိစၥမွာ ကုလသမဂၢ ပင္လယ္ျပင္ဆိုင္ရာ ကြန္ဗင္းရွင္းနဲ႔ဆန႔္က်င္ေနတဲ့အတြက္ တ႐ုတ္ရဲ႕ အဲဒီလို သတ္မွတ္ တာဟာ တရားမဝင္ေၾကာင္း၊ ေတာင္း ဆိုပိုင္ခြင့္လည္းမရွိေၾကာင္း အျပည္ျပည္ဆိုင္ရာတရား႐ုံးက (၂၀၁၆ ခုႏွစ္ အႏုညာတစီရင္ခ်က္ ၂၀၁၃-၁၉)နဲ႔ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီဆုံးျဖတ္ခ်က္ကို တ႐ုတ္က လ်စ္လ်ဴရႈခဲ့ပါတယ္။ သူရဲ႕ ပိုင္နက္နယ္ေျမ ျဖစ္ေၾကာင္း တျခားႏိုင္ငံေတြကိုျပသတဲ့အေနနဲ႔ အဲဒီေရျပင္အတြင္း ကင္းလွည့္တာေတြကို တိုးျမႇင့္ ျပဳလုပ္လာပါတယ္။
အျငင္းပြားမႈေတြဟာ ေဒသတြင္း တည္ၿငိမ္ ေရးနဲ႔လုံၿခဳံေရးအတြက္ စိုးရိမ္စရာျဖစ္ေစၿပီး လြတ္လပ္စြာ ေရေၾကာင္းသြားလာမႈကိုကာကြယ္တဲ့အေနနဲ႔ အေမရိကန္အပါအဝင္ တျခားႏိုင္ငံေတြက စစ္ေရး အရပါဝင္လာ ၾကပါ တယ္။ ျပႆနာကိုေျဖရွင္းဖို႔အတြက္ သက္ဆိုင္ရာႏိုင္ငံေတြအၾကား ေဆြးေႏြးညႇိႏႈိင္း မႈေတြဆက္လက္ျပဳလုပ္ လ်က္ရွိ ေပမယ့္ ယခုအခ်ိန္ ထိ ၿပီးျပတ္တဲ့ေျဖရွင္းခ်က္ တစ္ခုမွ်မရရွိေသးပါဘူး။
အဲဒီလို မေရရာမေသခ်ာတဲ့ နယ္ေျမေတြမွာ အတိအက်စြပ္စြဲလို႔မရတဲ့ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ေဆာင္႐ြက္မႈ ေတြကို Gray Zone tactics ‘မီးခိုး ေရာင္ဇုန္နည္းဗ်ဴဟာ’လို႔ေခၚပါတယ္။ ၿခိမ္းေျခာက္မႈ၊ ရန္လိုေၾကာင္းျပသျခင္းနဲ႔ ဒါမွမဟုတ္ အင္အားသုံးမႈေတြကို စစ္ပြဲအျဖစ္သတ္မွတ္ေလာက္တဲ့အဆင့္ အထိမေရာက္ဘဲ တျခားႏိုင္ငံတစ္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားေတြကို ထိပါးေစျခင္းမ်ိဳးျဖစ္ပါတယ္။
- စစ္အင္အားသုံးျခင္းျဖစ္ေပမယ့္ စစ္ခင္း ေနတယ္လို႔ေျပာလို႔ရတဲ့အထိမေရာက္ေအာင္ ထိန္း ထိန္းသိမ္းသိမ္း ေဆာင္႐ြက္ျခင္း၊
- သံတမန္နည္းအရ ႏိုင္ငံတကာဆက္ဆံေရးမွာ ဖိအားေပးျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ ဒါမွမဟုတ္ ယခင္ သေဘာတူ ညီခ်က္မ်ားကို ခ်ိဳးေဖာက္ျခင္း၊
- စီးပြားေရးအရ ဖိအားေပးျခင္း၊ တားဆီး ပိတ္ဆို႔ျခင္း ဒါမွမဟုတ္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕စီးပြားေရးကို ထိခိုက္ေအာင္ တစ္နည္းနည္းနဲ႔ လုပ္ေဆာင္ျခင္း
- အင္တာနက္နဲ႔ ဆိုက္ဘာနည္းအရ ထိုးေဖာက္ေမႊေႏွာက္ျခင္း၊ သတင္းအခ်က္အလက္မ်ားျဖင့္ လွည့္စားျခင္း၊ ဒါမွမဟုတ္ အမ်ားျပည္သူ႔ ထင္ ျမင္ခ်က္ကို ထိန္းခ်ဳပ္ျခင္း။
- အကြက္ခ် အစီအစဥ္ေတြနဲ႔ ေအးဂ်င့္ေတြကို အသုံးျပဳျခင္းျဖင့္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အတြင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ျခင္းတို႔ ျဖစ္ပါတယ္။
- တကယ္ေတာ့ အဲဒီအျပဳအမူေတြဟာ Hybrid Warfare “မ်ိဳးေပါင္းစပ္စစ္” လို႔ ေခၚတဲ့ မတူညီတဲ့ နည္းလမ္း ေပါင္းစုံကို ေရာေႏွာေပါင္းစပ္ၿပီး စစ္ျပဳျခင္းမ်ိဳးျဖစ္ပါတယ္။ ကြာျခားခ်က္ကေတာ့ ဂေရးဇုန္နည္းဗ်ဴဟာမွာ မ်ိဳးေပါင္းစပ္ စစ္ မဟာဗ်ဴဟာ ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး၊ တစ္ခ်ိန္ခ်ိန္မွာ တိုက္႐ိုက္စစ္ခင္းဖို႔အထိ ရည္မွန္းခ်က္ပါရွိတတ္ပါတယ္။
တ႐ုတ္ဟာ ဖိလစ္ပိုင္အေပၚ အၾကမ္းမ ဖက္နည္းဗ်ဴဟာေတြျဖစ္တဲ့ ေလဆာေရာင္ျခည္ျဖင့္ ထိုးျပျခင္း၊ ငါးဖမ္းေနသူမ်ားအၾကား သေဘၤာမ်ားကို ျဖတ္သန္းခုတ္ေမာင္းျခင္၊ ရဟတ္ယာဥ္မ်ားျဖင့္ အသံ ျပဳေျခာက္လွန႔္ျခင္း ျပဳလုပ္ေနပါတယ္။ ဆိုက္ဘာတိုက္ ခိုက္မႈေဖာက္ခြဲဖ်က္ဆီးမႈမ်ား သို႔မဟုတ္ ႐ုရွားက ခ႐ိုင္းမီးယားကို သိမ္းသြင္း သလိုမ်ိဳးအထိ ပိုမိုျပင္းထန္တဲ့အစီအမံေတြကိုလည္း အသုံးျပဳႏိုင္ဖြယ္ရွိတယ္လို႔ ကြၽမ္းက်င္သူေတြကသုံးသပ္ပါတယ္။
အေမရိကန္နဲ႔ဂ်ပန္အပါအဝင္ ဖိလစ္ပိုင္ နဲ႔မဟာမိတ္ႏိုင္ငံအားလုံးတို႔က ေတာင္တ႐ုတ္ပင္ လယ္နဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕ က်ယ္ျပန႔္လြန္းတဲ့ ေတာင္းဆိုမႈေတြကိုပယ္ခ်ခဲ့ပါတယ္။ တ႐ုတ္အေနနဲ႔ (၂၀၁၆)ခုႏွစ္ ႏိုင္ငံတကာတရား ႐ုံးစီရင္ခ်က္ကို လိုက္နာဖို႔ ဆက္လက္တြန္းအားေပးလ်က္ရွိပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံက အျငင္းပြားကြၽန္းေတြမွာ စစ္ အေျခစိုက္စခန္းေတြတည္ေဆာက္ထားၿပီး ဖိလစ္ပိုင္၊ မေလးရွား၊ ဗီယက္နမ္နဲ႔ ဘ႐ူႏိုင္းအပါအဝင္ ေတာင္ တ႐ုတ္ ပင္လယ္အိမ္နီးခ်င္းေတြကို ဆက္လက္ၿပီး ဘယ္လိုဆက္ဆံတုံ႔ျပန္မလဲဆိုတာ ေစာင့္ၾကည့္ဖို႔ ေကာင္းေနပါတယ္။