လုပ်ငန်းရှင်ပေါင်း (၂၀၀)နီးပါး ဝင်ရောက်ယှဉ်ပြိုင်သော MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပ
![](/img/icon_eye.svg)
314
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9b5e635aa1a45ce655f86/banner-67a9b5e635aa1a45ce655f86-x800.bmp)
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်၊ တပေါင်းကွင်းတွင် လုပ်ငန်းရှင်ပေါင်း (၁၉၀) ဝင်ရောက်ယှဉ်ပြိုင်သော MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) နံနက် ၈နာရီအချိန်ခန့်ကကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ယနေ့မှစတင်၍ ဖေဖော်ဝါရီလ ၁၅ ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား(၆)မျိုးပါဝင်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲအမျိုးအစား(၆)မျိုးအတွက် လုပ်ငန်းရှင်ပေါင်း (၁၉၃) ဦးကလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေးရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကိုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9b5e635aa1a45ce655f86/body-image-67a9b5e635aa1a45ce655f86-1.bmp)
zawgyi version
လုပ္ငန္းရွင္ေပါင္း (၂၀၀)နီးပါး ဝင္ေရာက္ယွဥ္ၿပိဳင္ေသာ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲက်င္းပ
သန္႔ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၀
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဥပၸါတသႏၲိေစတီေတာ္၊ တေပါင္းကြင္းတြင္ လုပ္ငန္းရွင္ေပါင္း (၁၉၀) ဝင္ေရာက္ယွဥ္ၿပိဳင္ေသာ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲကို ယေန႔ (ေဖေဖာ္ဝါရီလ ၁၀ ရက္) နံနက္ ၈နာရီအခ်ိန္ခန္႔ကက်င္းပခဲ့ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့သည္။
ျပည္ေထာင္စုအဆင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး (MSME) ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲကို ယေန႔မွစတင္၍ ေဖေဖာ္ဝါရီလ ၁၅ ရက္အထိ (၅)ရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲအမ်ိဳးအစား(၆)မ်ိဳးပါဝင္ေၾကာင္း သိရသည္။ အဆိုပါၿပိဳင္ပြဲအမ်ိဳးအစား(၆)မ်ိဳးအတြက္ လုပ္ငန္းရွင္ေပါင္း (၁၉၃) ဦးကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိသည္။
MSME လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ျပည္တြင္း လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးႏိုင္႐ုံသာမကဘဲ ျပည္ပႏိုင္ငံမ်ားသို႔ပါ တင္ပို႔ႏိုင္သည့္ အရည္အေသြးျပည့္မီေသာ အဆင့္မီထုတ္ကုန္မ်ားအျဖစ္ ထုတ္လုပ္ႏိုင္သည္အထိ ျပည္တြင္း MSME ထုတ္ကုန္အသစ္မ်ား ေပၚေပါက္လာေစေရးရည္႐ြယ္၍ အေသးစား၊ အငယ္စားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ၏ အစီအစဥ္ျဖင့္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ၿပိဳင္ပြဲအခမ္းအနားကိုက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။