ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတနဲ့ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ပြော

536

Pika (NP News) - ဖေဖော်ဝါရီ ၁ဝ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ် ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုဟာ (၂၀၂၂)ခုနှစ်အစောပိုင်းနောက်ပိုင်း ဒေါ်နယ်ထရမ့်နဲ့ပူတင်တို့ကြား ပထမဆုံးတိုက်ရိုက် စကားပြောဆိုမှုတစ်ခုဖြစ်တယ်လို့ New York Post က ရေးသားဖော်ပြခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်က ၎င်းနဲ့ပူတင်တို့ကြား ကောင်းမွန်တဲ့စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ပူတင်နဲ့စကားပြောဆိုမှုဘယ်နှစ်ကြိမ်လုပ်ဆောင်ခဲ့သလဲဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က "အဲဒီအကြောင်းကို မပြောတာပိုကောင်းမှာပါ။ ပူတင်က လူတွေသေဆုံးနေတာကို ရပ်တန့်ချင်နေတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို အမေရိကန်အစိုးရက ပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်နဲ့ပူတင်တို့ကြား မတူကွဲပြားတဲ့ဆက်သွယ်ရေးတွေ ရှိခဲ့တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့ပါတယ်။ ၎င်းက "ဒီဆက်သွယ်မှုတွေကို မတူညီတဲ့ချန်နယ်တွေကနေတစ်ဆင့် လုပ်ဆောင်နေပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတနဲ႔ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁ဝ
ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္နဲ႔ ဖုန္းေခၚဆိုမႈေတြ လုပ္ ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အဲဒီဖုန္းေခၚဆိုမႈဟာ (၂၀၂၂)ခုႏွစ္အေစာပိုင္းေနာက္ပိုင္း ေဒၚနယ္ထရမ့္နဲ႔ပူတင္တို႔ၾကား ပထမဆုံးတိုက္႐ိုက္ စကားေျပာဆိုမႈတစ္ခုျဖစ္တယ္လို႔ New York Post က ေရးသားေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းစစ္ပြဲကို အဆုံးသတ္ေပးမယ္လို႔ ကတိျပဳခဲ့ေပမယ့္လည္း အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိခဲ့တဲ့ ေဒၚနယ္ထရမ့္က ၎နဲ႔ပူတင္တို႔ၾကား ေကာင္းမြန္တဲ့စကားေျပာဆိုမႈေတြရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ပူတင္နဲ႔စကားေျပာဆိုမႈဘယ္ႏွစ္ႀကိမ္လုပ္ေဆာင္ခဲ့သလဲဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က "အဲဒီအေၾကာင္းကို မေျပာတာပိုေကာင္းမွာပါ။ ပူတင္က လူေတြေသဆုံးေနတာကို ရပ္တန္႔ခ်င္ေနတာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီအစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုတာေတြကို အေမရိကန္အစိုးရက ျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္နဲ႔ပူတင္တို႔ၾကား မတူကြဲျပားတဲ့ဆက္သြယ္ေရးေတြ ရွိခဲ့တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ ၎က "ဒီဆက္သြယ္မႈေတြကို မတူညီတဲ့ခ်န္နယ္ေတြကေနတစ္ဆင့္ လုပ္ေဆာင္ေနပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။