ICC မှရှေ့နေဖြစ်သူ ကာရင်ခန်က အမေရိကန်အစိုးရအသစ်၏ ပထမဆုံး ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခံရသူဖြစ်လာ

 435

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁ဝ

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)မှ ရှေ့နေဖြစ်သူ ကာရင်ခန်သည် အမေရိကန်အစိုးရ၏ ပစ်မှတ်ထားပိတ်ဆို့ခြင်းခံရသူဖြစ်လာခဲ့ကြောင်း၊ ၎င်းသည် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အမေရိကန်အစိုးရက ပထမဆုံးကြိမ်ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခံရသူဖြစ်လာခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံသားများအပါအဝင် အစ္စရေးနိုင်ငံကဲ့သို့သော အမေရိကန်မဟာမိတ်များကို စစ်ရာဇဝတ်မှုနှင့် စုံစမ်းစစ်ဆေးမည့်(ICC)တရားရုံးမှ တာဝန်ရှိသူများကို ပိုင်ဆိုင်မှုသိမ်းခြင်း၊ ခရီးသွားခွင့်ပိတ်ပင်ခြင်းစသောပိတ်ပင်မှုများချမှတ်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် နိုင်ငံတကာရာဇဝတ်တရားရုံးမှတာဝန်ရှိသူများကို ပိတ်ပင်မှုချမှတ်ရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တိုင်ပင်ခဲ့ပြီး ရက်ပေါင်း (၆၀)ကြာပိတ်ပင်မှုချမှတ်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ကာရင်ခန်သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာရာဇဝတ်တရားရုံး၏ တရားစွဲရှေ့နေချုပ်အဖြစ်ခန့်အပ်ခံရသည့် ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခင်က အီရတ်ရှိ Daesh/ISIL လက်နက်ကိုင်အဖွဲ့မှ ကျူးလွန်သော ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ၏အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။၎င်းသည် နိုင်ငံတကာခုံရုံးများစွာတွင် အလုပ်လုပ်ခဲ့ပြီး အာဖရိကနှင့် အာရှရှိ လူ့အခွင့် အရေးချိုးဖောက်ခံရသူများကို ကိုယ်စားပြုခဲ့သည်။ ကုလသမဂ္ဂနှင့် ဝါရှင်တန်ကြား သဘောတူညီချက်အရ ကာရင်ခန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ သတင်းစာရှင်းလင်းပွဲများကို တက်ရောက်ရန် အမေရိကန်သို့ ပုံမှန်သွားရောက်ရသူဖြစ်သည်။ လုံခြုံရေးကောင်စီသည် လစ်ဗျားနှင့် ဆူဒန်နိုင်ငံ ဒါဖာဒေသဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ICC သို့ လွှဲပြောင်းပေးခဲ့သည်။

"ကုလသမဂ္ဂဌာနချုပ်နဲ့ သဘောတူညီချက်အရ လူတစ်ဦးချင်းစီအပေါ် ကန့်သတ်ချုပ်ချယ်မှုနဲ့ပတ်သက်ပြီး အိမ်ရှင်နိုင်ငံရဲ့ တာဝန်ဝတ္တရားများနဲ့ တသမတ်တည်း အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။ နိုင်ငံကတာ ရာဇဝတ်ခုံရုံးသည် လူမျိုးတုံးသတ်ဖြတ်မှုအား တရားစွဲဆိုရန် စီရင်ပိုင်ခွင့်ရှိပြီး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ အဖွဲ့ဝင်နိုင်ငံများတွင် စစ်ရာဇဝတ်မှုများ ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အမှုတွဲရည်ညွှန်းတင်ပို့ခြင်းများရှိကြောင်းသိရသည်။

zawgyi version
ICC မွေရွ႕ေနျဖစ္သူ ကာရင္ခန္က အေမရိကန္အစိုးရအသစ္၏ ပထမဆုံး ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခံရသူျဖစ္လာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ

ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC)မွ ေရွ႕ေနျဖစ္သူ ကာရင္ခန္သည္ အေမရိကန္အစိုးရ၏ ပစ္မွတ္ထားပိတ္ဆို႔ျခင္းခံရသူျဖစ္လာခဲ့ေၾကာင္း၊ ၎သည္ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ အေမရိကန္အစိုးရက ပထမဆုံးႀကိမ္ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခံရသူျဖစ္လာခဲ့ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္သည္ အေမရိကန္ႏိုင္ငံသားမ်ားအပါအဝင္ အစၥေရးႏိုင္ငံကဲ့သို႔ေသာ အေမရိကန္မဟာမိတ္မ်ားကို စစ္ရာဇဝတ္မႈႏွင့္ စုံစမ္းစစ္ေဆးမည့္(ICC)တရား႐ုံးမွ တာဝန္ရွိသူမ်ားကို ပိုင္ဆိုင္မႈသိမ္းျခင္း၊ ခရီးသြားခြင့္ပိတ္ပင္ျခင္းစေသာပိတ္ပင္မႈမ်ားခ်မွတ္ရန္ အမိန႔္ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္ဘ႑ာေရးဝန္ႀကီးသည္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးမွတာဝန္ရွိသူမ်ားကို ပိတ္ပင္မႈခ်မွတ္ရန္အတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္တိုင္ပင္ခဲ့ၿပီး ရက္ေပါင္း (၆၀)ၾကာပိတ္ပင္မႈခ်မွတ္ရန္ စီစဥ္ခဲ့ေၾကာင္း သိရသည္။

ကာရင္ခန္သည္ ၂၀၂၁ ခုႏွစ္တြင္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး၏ တရားစြဲေရွ႕ေနခ်ဳပ္အျဖစ္ခန႔္အပ္ခံရသည့္ ၿဗိတိန္ႏိုင္ငံသားျဖစ္ၿပီး ယခင္က အီရတ္ရွိ Daesh/ISIL လက္နက္ကိုင္အဖြဲ႕မွ က်ဴးလြန္ေသာ ရာဇဝတ္မႈကို စုံစမ္းစစ္ေဆးသည့္ ကုလသမဂၢ၏အဖြဲ႕ေခါင္းေဆာင္ျဖစ္ခဲ့ဖူးသည္။၎သည္ ႏိုင္ငံတကာခုံ႐ုံးမ်ားစြာတြင္ အလုပ္လုပ္ခဲ့ၿပီး အာဖရိကႏွင့္ အာရွရွိ လူ႔အခြင့္ အေရးခ်ိဳးေဖာက္ခံရသူမ်ားကို ကိုယ္စားျပဳခဲ့သည္။ ကုလသမဂၢႏွင့္ ဝါရွင္တန္ၾကား သေဘာတူညီခ်က္အရ ကာရင္ခန္သည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ သတင္းစာရွင္းလင္းပြဲမ်ားကို တက္ေရာက္ရန္ အေမရိကန္သို႔ ပုံမွန္သြားေရာက္ရသူျဖစ္သည္။ လုံၿခဳံေရးေကာင္စီသည္ လစ္ဗ်ားႏွင့္ ဆူဒန္ႏိုင္ငံ ဒါဖာေဒသဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ားကို ICC သို႔ လႊဲေျပာင္းေပးခဲ့သည္။

"ကုလသမဂၢဌာနခ်ဳပ္နဲ႔ သေဘာတူညီခ်က္အရ လူတစ္ဦးခ်င္းစီအေပၚ ကန႔္သတ္ခ်ဳပ္ခ်ယ္မႈနဲ႔ပတ္သက္ၿပီး အိမ္ရွင္ႏိုင္ငံရဲ႕ တာဝန္ဝတၱရားမ်ားနဲ႔ တသမတ္တည္း အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္"ဟု ကုလသမဂၢ လက္ေထာက္ေျပာေရးဆိုခြင့္ရွိသူ Farhan Haq က ေျပာၾကားခဲ့သည္။ ႏိုင္ငံကတာ ရာဇဝတ္ခုံ႐ုံးသည္ လူမ်ိဳးတုံးသတ္ျဖတ္မႈအား တရားစြဲဆိုရန္ စီရင္ပိုင္ခြင့္ရွိၿပီး၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇဝတ္မႈမ်ား၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ စစ္ရာဇဝတ္မႈမ်ား ကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီထံ အမႈတြဲရည္ၫႊန္းတင္ပို႔ျခင္းမ်ားရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.