မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှုများကို နစကဥက္ကဋ္ဌ နှင့် အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေးသံတမန်ကြီးတို့ ဆွေးနွေး

 174

Pearl (NP News) – ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှုများကို နစကဥက္ကဋ္ဌ နှင့် အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေး သံတမန်ကြီး တို့ ဆွေးနွေးခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၉ရက်)က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့သည် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် Gurudev Sri Sri Ravi Shankar က မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့မှုများ အပါအဝင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ နစက အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုများ နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးလျက်ရှိမှုများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ နေ့လည်ပိုင်းတွင် နစကအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် Gurudev Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီးသည့် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာများ၊ ပဋိပက္ခပါတီများအကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှု တိုးပွားစေရေးဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဋိပက္ခကြောင့် အားလုံးဒုက္ခရောက်ကြရပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိနိုင်ရေးဆိုင်ရာများနှင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ကူညီေဆာင္႐ြက္ေပးႏိုင္မႈမ်ားကို နစကဥကၠ႒ ႏွင့္ အိႏၵိယႏိုင္ငံမွ ၿငိမ္းခ်မ္းေရးသံတမန္ႀကီးတို႔ ေဆြးေႏြး

Pearl (NP News) – ေဖေဖာ္ဝါရီ ၁၀

ျမန္မာႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ကူညီေဆာင္႐ြက္ေပးႏိုင္မႈမ်ားကို နစကဥကၠ႒ ႏွင့္ အိႏၵိယႏိုင္ငံမွ ၿငိမ္းခ်မ္းေရး သံတမန္ႀကီး တို႔ ေဆြးေႏြးခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၉ရက္)က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အိႏၵိယႏိုင္ငံမွ လူသားခ်င္းစာနာေထာက္ထားမႈ ေခါင္းေဆာင္ႏွင့္ ၿငိမ္းခ်မ္းေရးသံတမန္ႀကီး Gurudev Sri Sri Ravi Shankar တို႔သည္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ Gurudev Sri Sri Ravi Shankar က ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့ျခင္းသည္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ သာယာဝေျပာေရးအတြက္ တတ္ႏိုင္သည့္ဘက္မွ ကူညီေဆာင္႐ြက္ေပးႏိုင္ရန္ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ေခတ္အဆက္ဆက္ေဆာင္႐ြက္ခဲ့မႈမ်ား အပါအဝင္ ႏိုင္ငံေရးသေဘာထားကြဲလြဲမႈမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ ဆူပူမႈမ်ားမွတစ္ဆင့္ အၾကမ္းဖက္လုပ္ရပ္မ်ား ေပၚေပါက္လာမႈမ်ားကို အျပန္အလွန္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ နစက အေနျဖင့္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိမႈမ်ား ႏွင့္ ၿငိမ္းခ်မ္းေရးသံတမန္ႀကီးအေနျဖင့္ ကမာၻေပၚရွိ ႏိုင္ငံမ်ား၌ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ၾကားဝင္ေစ့စပ္ကူညီေဆာင္႐ြက္ေပးလ်က္ရွိမႈမ်ား၊ ျမန္မာႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ကူညီေဆာင္႐ြက္ေပးႏိုင္မႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ဆက္လက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ေန႔လည္ပိုင္းတြင္ နစကအဖြဲ႕ဝင္၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ႏွင့္ Gurudev Sri Sri Ravi Shankar ဦးေဆာင္သည့္ ကိုယ္စား လွယ္အဖြဲ႕သည္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈဗဟိုဌာန၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈမ်ား အပါအဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၏ အဓိကအေရးႀကီးသည့္ ယုံၾကည္မႈတည္ေဆာက္ျခင္းဆိုင္ရာမ်ား၊ ပဋိပကၡပါတီမ်ားအၾကား အျပန္အလွန္ညႇိႏႈိင္းေျပာဆိုမႈႏွင့္ တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္ယုံၾကည္မႈ တိုးပြားေစေရးဆိုင္ရာမ်ား ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ပဋိပကၡေၾကာင့္ အားလုံးဒုကၡေရာက္ၾကရၿပီး တစ္ဖက္ႏွင့္တစ္ဖက္ အျပစ္တင္ျခင္းထက္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ၿငိမ္းခ်မ္းေရးရရွိႏိုင္ေရးဆိုင္ရာမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးဆိုင္ရာမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.