ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်က အနာဂါတ်မှာ ရုရှားရဲ့ရန်လိုမှုတွေ ထပ်မရှိတော့ဘူးဆိုတာ သေချာမှရမယ်လို့ ယူကရိန်းသမ္မတ ပြော
                        
                            
                             
 2619
 
                             
                            
                            
                         
                        
                        Pika (NP News) - ဖေဖော်ဝါရီ ၁ဝ 
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ဟာ စစ်ပွဲကိုရပ်တန့်ရုံသာမက ရုရှားရဲ့ ရန်လိုမှုတွေ ထပ်မရှိတော့ဘူးဆိုတာ သေချာမှဖြစ်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေချိန်ကာလတွေအတွင်း ရလဒ်ထွက်လာခြင်းမျိုးမရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေနဲ့ ဆွေးနွေးပွဲတွေကို ယူကရိန်းက မလိုလားဘူးလို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
၎င်းရဲ့ ပြောဆိုချက်တွေဟာ လုံခြုံရေးအာမခံချက်ချထားတာမျိုးကို ဆိုလိုတာဖြစ်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဇီလန်စကီးက "ခေတ္တရပ်တန့်သွားတဲ့ ပဋိပက္ခက နောက် ထပ်ရန်လိုမှုတွေကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်က ပဋိပက္ခကို ရပ်တန့်ရုံတင်မဟုတ်ဘဲ ပူတင်က ကျွန်တော်တို့ကို ထပ်ပြီး စစ်တိုက်ဖို့အခွင့်မရှိအောင် လုပ်ဆောင်ရပါမယ်။ ဒါကအဓိကအချက်တစ်ခုဖြစ်ပြီး လူတိုင်းက အဲဒါကို အသိအမှတ်ပြုသင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် ရုရှားနဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။
                     
                        
                                
                                
                                        zawgyi version
ေဒၚနယ္ထရမ့္ရဲ႕ အစီအစဥ္က အနာဂါတ္မွာ ႐ုရွားရဲ႕ရန္လိုမႈေတြ ထပ္မရွိေတာ့ဘူးဆိုတာ ေသခ်ာမွရမယ္လို႔ ယူကရိန္းသမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁ဝ 
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ဟာ စစ္ပြဲကိုရပ္တန္႔႐ုံသာမက ႐ုရွားရဲ႕ ရန္လိုမႈေတြ ထပ္မရွိေတာ့ဘူးဆိုတာ ေသခ်ာမွျဖစ္မယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ ျဖစ္ပြားေနခ်ိန္ကာလေတြအတြင္း ရလဒ္ထြက္လာျခင္းမ်ိဳးမရွိတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြနဲ႔ ေဆြးေႏြးပြဲေတြကို ယူကရိန္းက မလိုလားဘူးလို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
၎ရဲ႕ ေျပာဆိုခ်က္ေတြဟာ လုံၿခဳံေရးအာမခံခ်က္ခ်ထားတာမ်ိဳးကို ဆိုလိုတာျဖစ္တယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးက "ေခတၱရပ္တန္႔သြားတဲ့ ပဋိပကၡက ေနာက္ ထပ္ရန္လိုမႈေတြကို ျဖစ္ေပၚလာေစပါလိမ့္မယ္။ ေဒၚနယ္ထရမ့္ရဲ႕ အစီအစဥ္က ပဋိပကၡကို ရပ္တန္႔႐ုံတင္မဟုတ္ဘဲ ပူတင္က ကြၽန္ေတာ္တို႔ကို ထပ္ၿပီး စစ္တိုက္ဖို႔အခြင့္မရွိေအာင္ လုပ္ေဆာင္ရပါမယ္။ ဒါကအဓိကအခ်က္တစ္ခုျဖစ္ၿပီး လူတိုင္းက အဲဒါကို အသိအမွတ္ျပဳသင့္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းစစ္ပြဲ အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ဆႏၵရွိတယ္လို႔ ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။