တရုတ်က အမေရိကန်ရဲ့ပထမဆုံး ပြဿနာဖြစ်တယ်လို့ ပြင်သစ်သမ္မတ ပြော

 367

Pika (NP News) - ဖေဖော်ဝါရီ ၁ဝ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့မိတ်ဖက်ဖြစ်တဲ့ ဥရောပသမဂ္ဂကို မဟုတ်ဘဲ တရုတ်ကို ချုပ်ကိုင်ဖို့ အာရုံစိုက်သင့်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂရဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် တင်းမာမှုတွေရှိလာလိမ့်မယ်လို့ မက်ခရွန်က ကတိပြုပြောဆိုခဲ့ပါတယ်။

အမေရိကန်ကို ဥရောပသမဂ္ဂက ဆိုးဆိုးရွားရွား ဆက်ဆံနေတာမလို့ ဥရောပသမဂ္ဂအပေါ် အခွန်စည်းကြပ်မှုတွေလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ဥရောပသမဂ္ဂက ကျွန်တော်တို့ရဲ့ လယ်ယာထွက်ကုန်တွေ၊ ကားတွေကို ယူတာမျိုးမရှိပါဘူး။ ပြောရမယ်ဆိုရင် ဥရောပသမဂ္ဂက ကျွန် တော်တို့ဆီက အားလုံးနီးပါးကို မယူတာပါ။ ပြီးတော့ ဥရောပသမဂ္ဂနဲ့ ကျွန်တော်တို့ကြားမှာ ကြီးမားတဲ့လိုငွေပြမှုတွေ ရှိနေပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

မက်ခရွန်က "ဥရောပသမဂ္ဂက အမေရိကန်ရဲ့ပြဿနာမဟုတ်ပါဘူး။ တရုတ်က အမေရိကန်ရဲ့ ပထမဆုံးပြဿနာပါ။ ဒါကြောင့်မလို့ ပထမပြဿနာကိုအာရုံစိုက်သင့်ပါတယ်။ ဥရောပက အမေရိကန်ရဲ့မိတ်ဖက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဥရောပကို ရင်းနှီးမြှုပ်နှံမှုတွေ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးတွေမှာ ပိုပါဝင်စေချင်တယ်ဆိုရင် ဒါမှမဟုတ် အမေရိကန်ရဲ့ အကျိုးစီးပွားလို့ ယူဆတယ်ဆိုရင် အခွန်စည်းကြပ်မှုနဲ့ ခြိမ်းခြောက်မှုနဲ့အတူ ဥရောပနိုင်ငံတွေကို မထိခိုက်စေသင့်ပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
တ႐ုတ္က အေမရိကန္ရဲ႕ပထမဆုံး ျပႆနာျဖစ္တယ္လို႔ ျပင္သစ္သမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁ဝ

အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ၎ရဲ႕မိတ္ဖက္ျဖစ္တဲ့ ဥေရာပသမဂၢကို မဟုတ္ဘဲ တ႐ုတ္ကို ခ်ဳပ္ကိုင္ဖို႔ အာ႐ုံစိုက္သင့္တယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဥေရာပသမဂၢရဲ႕ ကုန္ပစၥည္းေတြအေပၚ အခြန္စည္းၾကပ္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ တင္းမာမႈေတြရွိလာလိမ့္မယ္လို႔ မက္ခ႐ြန္က ကတိျပဳေျပာဆိုခဲ့ပါတယ္။

အေမရိကန္ကို ဥေရာပသမဂၢက ဆိုးဆိုး႐ြား႐ြား ဆက္ဆံေနတာမလို႔ ဥေရာပသမဂၢအေပၚ အခြန္စည္းၾကပ္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ေဖေဖာ္ဝါရီလ အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ဥေရာပသမဂၢက ကြၽန္ေတာ္တို႔ရဲ႕ လယ္ယာထြက္ကုန္ေတြ၊ ကားေတြကို ယူတာမ်ိဳးမရွိပါဘူး။ ေျပာရမယ္ဆိုရင္ ဥေရာပသမဂၢက ကြၽန္ ေတာ္တို႔ဆီက အားလုံးနီးပါးကို မယူတာပါ။ ၿပီးေတာ့ ဥေရာပသမဂၢနဲ႔ ကြၽန္ေတာ္တို႔ၾကားမွာ ႀကီးမားတဲ့လိုေငြျပမႈေတြ ရွိေနပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

မက္ခ႐ြန္က "ဥေရာပသမဂၢက အေမရိကန္ရဲ႕ျပႆနာမဟုတ္ပါဘူး။ တ႐ုတ္က အေမရိကန္ရဲ႕ ပထမဆုံးျပႆနာပါ။ ဒါေၾကာင့္မလို႔ ပထမျပႆနာကိုအာ႐ုံစိုက္သင့္ပါတယ္။ ဥေရာပက အေမရိကန္ရဲ႕မိတ္ဖက္ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဥေရာပကို ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ လုံၿခဳံေရးနဲ႔ ကာကြယ္ေရးေတြမွာ ပိုပါဝင္ေစခ်င္တယ္ဆိုရင္ ဒါမွမဟုတ္ အေမရိကန္ရဲ႕ အက်ိဳးစီးပြားလို႔ ယူဆတယ္ဆိုရင္ အခြန္စည္းၾကပ္မႈနဲ႔ ၿခိမ္းေျခာက္မႈနဲ႔အတူ ဥေရာပႏိုင္ငံေတြကို မထိခိုက္ေစသင့္ပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.