တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားမှုတွေ ကျဆင်းလာနေ
![](/img/icon_eye.svg)
487
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9caf781f1a454af6d6075/banner-67a9caf781f1a454af6d6075-x800.JPG)
Pika (NP News) - ဖေဖော်ဝါရီ ၁ဝ
တရုတ်နိုင်ငံရဲ့ ကျဆင်းနေတဲ့ လူဦးရေကို မြှင့်တင်ဖို့အတွက် လူငယ်စုံတွဲတွေကို လက်ထပ်ဖို့နဲ့ ကလေးယူကြဖို့ အာဏာပိုင်တွေက ကြိုးပမ်းခဲ့ပေမယ့်လည်း နိုင်ငံတွင်း လက်ထပ်ထိမ်းမြားမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ငါးပုံပုံ တစ်ပုံလောက်ကျဆင်းသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားဖို့ မှတ်ပုံတင်ထားတဲ့ စုံတွဲပေါင်း(၆ ဒသမ ၁)သန်းကျော်ရှိပြီး (၂၀၂၃)ခုနှစ်မှာတော့ စုံတွဲပေါင်း(၇ ဒသမ ၆၈)သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ အိမ်ထောင်ပြုမှုတွေနဲ့ မိသားစုထူထောင်ဖို့ကိစ္စတွေမှာ စိတ်ပါဝင်စားမှု ကျဆင်းလာတာတွေဟာ တရုတ်နိုင်ငံရဲ့ ကလေးထိန်းစရိတ်နဲ့ပညာရေးစရိတ်ကြီးမြင့်မှုအပေါ် အပြစ်တင်မှုတွေ ရှိလာစေခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းလာတာဟာ တက္ကသိုလ်ဘွဲ့ရတွေအတွက် အလုပ်ရှာဖို့ ခက်ခဲစေပြီး အလုပ်အကိုင်ရှိသူတွေကို ၎င်းတို့ရဲ့ရေရှည်အလားအလာအတွက် လုံခြုံမှုမရှိဘူးလို့ ထင်မြင်မှုတွေကို ဖြစ်ပေါ်လာစေတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက်လူဦးရေ အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေပေါင်း(၁ ဒသမ ၄)ဘီလျံရှိတယ်လို့လည်း သိရပါတယ်။ လာမယ့်ဆယ်စုနှစ်အတွင်း အမေရိကန်တစ်ခုလုံးနဲ့ညီမျှတဲ့ တရုတ်ရဲ့လူဦးရေသန်း(၃၀၀)လောက်ဟာ အငြိမ်းစားယူနိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းချက်တွေအရ သိရပါတယ်။
zawgyi version
တ႐ုတ္ႏိုင္ငံမွာ လက္ထပ္ထိမ္းျမားမႈေတြ က်ဆင္းလာေန
Pika (NP News) - ေဖေဖာ္ဝါရီ ၁ဝ
တ႐ုတ္ႏိုင္ငံရဲ႕ က်ဆင္းေနတဲ့ လူဦးေရကို ျမႇင့္တင္ဖို႔အတြက္ လူငယ္စုံတြဲေတြကို လက္ထပ္ဖို႔နဲ႔ ကေလးယူၾကဖို႔ အာဏာပိုင္ေတြက ႀကိဳးပမ္းခဲ့ေပမယ့္လည္း ႏိုင္ငံတြင္း လက္ထပ္ထိမ္းျမားမႈဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ငါးပုံပုံ တစ္ပုံေလာက္က်ဆင္းသြားတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံမွာ လက္ထပ္ထိမ္းျမားဖို႔ မွတ္ပုံတင္ထားတဲ့ စုံတြဲေပါင္း(၆ ဒသမ ၁)သန္းေက်ာ္ရွိၿပီး (၂၀၂၃)ခုႏွစ္မွာေတာ့ စုံတြဲေပါင္း(၇ ဒသမ ၆၈)သန္းေက်ာ္ရွိခဲ့တယ္လို႔ သိရပါတယ္။ အိမ္ေထာင္ျပဳမႈေတြနဲ႔ မိသားစုထူေထာင္ဖို႔ကိစၥေတြမွာ စိတ္ပါဝင္စားမႈ က်ဆင္းလာတာေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕ ကေလးထိန္းစရိတ္နဲ႔ပညာေရးစရိတ္ႀကီးျမင့္မႈအေပၚ အျပစ္တင္မႈေတြ ရွိလာေစခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း စီးပြားေရးတိုးတက္မႈႏႈန္း က်ဆင္းလာတာဟာ တကၠသိုလ္ဘြဲ႕ရေတြအတြက္ အလုပ္ရွာဖို႔ ခက္ခဲေစၿပီး အလုပ္အကိုင္ရွိသူေတြကို ၎တို႔ရဲ႕ေရရွည္အလားအလာအတြက္ လုံၿခဳံမႈမရွိဘူးလို႔ ထင္ျမင္မႈေတြကို ျဖစ္ေပၚလာေစတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ကမာၻေပၚမွာ ဒုတိယေျမာက္လူဦးေရ အမ်ားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး လူဦးေရေပါင္း(၁ ဒသမ ၄)ဘီလ်ံရွိတယ္လို႔လည္း သိရပါတယ္။ လာမယ့္ဆယ္စုႏွစ္အတြင္း အေမရိကန္တစ္ခုလုံးနဲ႔ညီမွ်တဲ့ တ႐ုတ္ရဲ႕လူဦးေရသန္း(၃၀၀)ေလာက္ဟာ အၿငိမ္းစားယူႏိုင္ဖြယ္ရွိေနတယ္လို႔ ခန္႔မွန္းခ်က္ေတြအရ သိရပါတယ္။