သီပေါမြို့အဝင်မုခ်ဦးကို အစားထိုးပြောင်းလဲသည့်ဖြစ်စဉ်အပါအဝင် ရှမ်းမြောက်မှ TLNA၏လုပ်ရပ်များနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ခံရ
![](/img/icon_eye.svg)
895
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9d065ff59d6120f0a08ce/banner-67a9d065ff59d6120f0a08ce-x800.jpg)
စော(NP News)- ဖေဖော်ဝါရီ ၁၀
သီပေါမြို့အဝင်မုခ်ဦးကို အစားထိုးပြောင်းလဲသည့်ဖြစ်စဉ်အပါအဝင် ရှမ်းမြောက်မှ TLNA ၏လုပ်ရပ်များနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ယနေ့(ဖေဖော်ဝါရီလ ၁၀ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
TNLA သည် သီပေါမြို့အဝင်မုခ်ဦးတွင် ရေးဆွဲထုဆစ်ထားသော ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင်လည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိရှမ်းလူမျိုးတို့၏ အထွဋ်အမြတ်အခေါင်အချုပ်ဖြစ်သော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ပြီး ထိုအချိန်တွင် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေးရည်သန်၍ စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေး ဖြေရှင်းသည့်နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကဆိုသည်။
ယခု TNLA က လုပ်ဆောင်နေသည့် သီပေါမြို့အဝင်မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲလုပ်ဆောင်ခြင်းအပါအဝင် ယခင်နှစ်များတွင်လည်း ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသစသည့် နယ်မြေဒေသများတွင် အလားတူကိစ္စရပ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီမဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေခြင်းမှာ ဒေသခံပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ အချုပ်အခြာအာဏာပိုင်ပြည်သူတို့ကို လေးစားသမှုမရှိခြင်း၊ မိမိအစုအဖွဲ့လိုဘတစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲနေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အနေဖြင့် TNLA ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Zawgyi Version:
သီေပါၿမိဳ႕အဝင္မုခ္ဦးကို အစားထိုးေျပာင္းလဲသည့္ျဖစ္စဥ္အပါအဝင္ ရွမ္းေျမာက္မွ TLNA၏လုပ္ရပ္မ်ားႏွင့္ ပတ္သက္၍ ျပင္းျပင္းထန္ထန္ကန႔္ကြက္ခံရ
ေစာ(NP News)- ေဖေဖာ္ဝါရီ ၁၀
သီေပါၿမိဳ႕အဝင္မုခ္ဦးကို အစားထိုးေျပာင္းလဲသည့္ျဖစ္စဥ္အပါအဝင္ ရွမ္းေျမာက္မွ TLNA ၏လုပ္ရပ္မ်ားႏွင့္ပတ္သက္၍ ျပင္းျပင္းထန္ထန္ကန႔္ကြက္ေၾကာင္း ရွမ္းျပည္ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီက ယေန႔(ေဖေဖာ္ဝါရီလ ၁၀ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
TNLA သည္ သီေပါၿမိဳ႕အဝင္မုခ္ဦးတြင္ ေရးဆြဲထုဆစ္ထားေသာ ရွမ္းျပည္ကိုယ္စားျပဳအမွတ္သ႐ုပ္အား ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွစ၍ ပေလာင္လူမ်ိဳးအမွတ္သ႐ုပ္ျဖင့္ အစားထိုးေျပာင္းလဲ လုပ္ေဆာင္လ်က္ရွိေနသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၇ ရက္တြင္လည္း မူဆယ္ၿမိဳ႕နယ္၊ စယ္လန႔္႐ြာရွိရွမ္းလူမ်ိဳးတို႔၏ အထြဋ္အျမတ္အေခါင္အခ်ဳပ္ျဖစ္ေသာ စဝ္ေဆခန္ဖ၏ နန္းၿမိဳ႕႐ိုးေဟာင္းကို ဘူဒိုဇာျဖင့္ ဖ်က္ဆီးခဲ့ၿပီး ထိုအခ်ိန္တြင္ လူမ်ိဳးေရးပဋိပကၡ မျဖစ္ပြားေစေရးရည္သန္၍ စစ္ေရးနည္းလမ္းအစား ၿငိမ္းခ်မ္းစြာျဖင့္ ေဆြးေႏြး ေျဖရွင္းသည့္နည္းလမ္းကို ရွမ္းအဖြဲ႕အစည္းအသီးသီးက ေဆာင္႐ြက္ခဲ့ေၾကာင္း ရွမ္းျပည္ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီကဆိုသည္။
ယခု TNLA က လုပ္ေဆာင္ေနသည့္ သီေပါၿမိဳ႕အဝင္မုခ္ဦးရွိ ရွမ္းျပည္ကိုယ္စားျပဳအမွတ္သ႐ုပ္အား ပေလာင္လူမ်ိဳးအမွတ္သ႐ုပ္ျဖင့္ အစားထိုးေျပာင္းလဲလုပ္ေဆာင္ျခင္းအပါအဝင္ ယခင္ႏွစ္မ်ားတြင္လည္း ကြတ္ခိုင္ၿမိဳ႕နယ္ မိုင္းယုေဒသ၊ နမၼတူၿမိဳ႕နယ္ မိုင္းရင္ေဒသစသည့္ နယ္ေျမေဒသမ်ားတြင္ အလားတူကိစၥရပ္မ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္ေျမာက္ပိုင္းတြင္ ဒီမိုကေရစီမဆန္ေသာ အျခားကိစၥရပ္မ်ားကို ျပဳလုပ္ေနျခင္းမွာ ေဒသခံျပည္သူတို႔၏ ဆႏၵသေဘာထားကို မထီမဲ့ျမင္ျပဳျခင္း၊ အခ်ဳပ္အျခာအာဏာပိုင္ျပည္သူတို႔ကို ေလးစားသမႈမရွိျခင္း၊ မိမိအစုအဖြဲ႕လိုဘတစ္ခုတည္းကိုသာ ဦးတည္ေဆာင္႐ြက္ျခင္း၊ ဒီမိုကေရစီ၏ အႏွစ္သာရမ်ား၊ လက္ရွိေတာ္လွန္ေရး၏ ဦးတည္ခ်က္မ်ားႏွင့္ ဆန႔္က်င္ကြဲလြဲေနျခင္း၊ တိုင္းရင္းသားလူမ်ိဳးအခ်င္းခ်င္း ပဋိပကၡ မျဖစ္ပြားဘဲ ၿငိမ္းခ်မ္းစြာ အတူအကြယွဥ္တြဲေနထိုင္ႏိုင္ေရးကို ဆန႔္က်င္ရာေရာက္ျခင္းတို႔ေၾကာင့္ ရွမ္းျပည္ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ အေနျဖင့္ TNLA ၏ လုပ္ရပ္ကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်လိုက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။