ပြည်သူများ အဆင်မပြေဖြစ်နေချိန်တွင် ရန်ပုံငွေပေးမှ မြို့အတွင်းနေခွင့်ပေးမည်ဟု မင်းတပ်ပအဖ ထုတ်ပြန်
![](/img/icon_eye.svg)
633
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9d1c2ce2e077e33121855/banner-67a9d1c2ce2e077e33121855-x800.jpg)
Pearl (NP News) - ဖေဖော်ဝါရီ ၁၀
ပြည်သူများ အဆင်မပြေဖြစ်နေချိန်တွင် ရန်ပုံငွေပေးမှ မြို့အတွင်းဝင်ရောက်နေထိုင်ခွင့်ပြုမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းက ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ရက်) တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်လိုသည့် ပြည်သူများအနေဖြင့် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူး (သို့) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (သို့) ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်ကို မြို့ဝင်ဂိတ်များတွင်ပြသနိုင်သူများသာ မြို့တွင်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်ပအဖ က ဆိုထားသည်။
ထို့ပြင် တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသေးသူများကိုလည်း မြို့ဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေထည့်ဝင်ပြီး အဆိုပါ ဖြတ်ပိုင်းဖြင့်သာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြို့တွင်းပြန်လည်နေထိုင်မည့်သူများကိုလည်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့်ကို အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တို့တွင်သာ ခွင့်ပြုထားပြီး မြို့တွင်း၌ သွားလာချိန် ကန့်သတ်ထားသည့်အပြင် လူစုလူဝေးမပြုလုပ်ရန်၊ ပွဲလမ်းသဘင် မပြုလုပ်ရန် နှင့် လေသေနတ်ဖြင့် ငှက်ပစ်ခြင်းမပြုရန်လည်း ခြိမ်းခြောက်ထားကြောင်း သိရသည်။
ထို့ပြင် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားများကိုလည်း ဖြတ်သန်းသွားလာခွင့်ရှိသည့် အချိန် နှင့် ရက်တို့ကို ကန့်သတ်ထားပြီး မြို့အတွင်း၌ ရပ်နားခြင်းမပြုရန်၊ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်းမပြုရန်နှင့် မြို့တွင်း ညအိပ်ရပ်နားခြင်းမပြုရန် ခြိမ်းခြောက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါ ခြိမ်းခြောက်ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်ကိုလည်း တွေ့ရသည်။ ထိုသို့ ခြိမ်းခြောက် ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ဒေသခံများ၏ ဝေဖန်မှုကိုလည်း ရင်ဆိုင်နေရသည်။
ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် ချင်းလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွားများ မကြာခဏဖြစ်ပွားခဲ့ကာ မြို့ခံအများအပြား စစ်ဘေးရှောင်နေရလျက်ရှိပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရလျက်ရှိသည်။ ထို့ပြင် တိုက်ပွဲများကြောင့် မင်းတပ်မြို့ရှိ အိမ်ခြေများစွာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။
Zawgyi Version:
ျပည္သူမ်ား အဆင္မေျပျဖစ္ေနခ်ိန္တြင္ ရန္ပုံေငြေပးမွ ၿမိဳ႕အတြင္းေနခြင့္ေပးမည္ဟု မင္းတပ္ပအဖ ထုတ္ျပန္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၀
ျပည္သူမ်ား အဆင္မေျပျဖစ္ေနခ်ိန္တြင္ ရန္ပုံေငြေပးမွ ၿမိဳ႕အတြင္းဝင္ေရာက္ေနထိုင္ခြင့္ျပဳမည္ဟု မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔ အုပ္ခ်ဳပ္ေရး - သတင္း၊ ျပန္ၾကားေရးႏွင့္ မွတ္တမ္းက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၀ရက္) တြင္ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕အတြင္းသို႔ ျပန္လည္ဝင္ေရာက္ေနထိုင္လိုသည့္ ျပည္သူမ်ားအေနျဖင့္ ၿမိဳ႕/တိုက္နယ္အုပ္ခ်ဳပ္ေရးမႉး (သို႔) ရပ္ကြက္/ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး (သို႔) ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၏ ေထာက္ခံခ်က္ကို ၿမိဳ႕ဝင္ဂိတ္မ်ားတြင္ျပသႏိုင္သူမ်ားသာ ၿမိဳ႕တြင္းျပန္လည္ဝင္ေရာက္ေနထိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း မင္းတပ္ပအဖ က ဆိုထားသည္။
ထို႔ျပင္ ေတာ္လွန္ေရးရန္ပုံေငြ ထည့္ဝင္ျခင္းမရွိေသးသူမ်ားကိုလည္း ၿမိဳ႕ဝင္ဂိတ္မ်ားတြင္ ေတာ္လွန္ေရးရန္ပုံေငြထည့္ဝင္ၿပီး အဆိုပါ ျဖတ္ပိုင္းျဖင့္သာ ၿမိဳ႕တြင္းသို႔ ျပန္လည္ဝင္ေရာက္ခြင့္ရွိမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿမိဳ႕တြင္းျပန္လည္ေနထိုင္မည့္သူမ်ားကိုလည္း ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ ဝင္ထြက္သြားလာခြင့္ကို အပတ္စဥ္ အဂၤါေန႔ ႏွင့္ ၾကာသပေတးေန႔တို႔တြင္သာ ခြင့္ျပဳထားၿပီး ၿမိဳ႕တြင္း၌ သြားလာခ်ိန္ ကန႔္သတ္ထားသည့္အျပင္ လူစုလူေဝးမျပဳလုပ္ရန္၊ ပြဲလမ္းသဘင္ မျပဳလုပ္ရန္ ႏွင့္ ေလေသနတ္ျဖင့္ ငွက္ပစ္ျခင္းမျပဳရန္လည္း ၿခိမ္းေျခာက္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ကုန္စည္သယ္ယူပို႔ေဆာင္သည့္ ကုန္တင္ကားမ်ားကိုလည္း ျဖတ္သန္းသြားလာခြင့္ရွိသည့္ အခ်ိန္ ႏွင့္ ရက္တို႔ကို ကန႔္သတ္ထားၿပီး ၿမိဳ႕အတြင္း၌ ရပ္နားျခင္းမျပဳရန္၊ ဓာတ္ပုံ၊ ဗီဒီယိုမ်ား ႐ိုက္ကူးျခင္းမျပဳရန္ႏွင့္ ၿမိဳ႕တြင္း ညအိပ္ရပ္နားျခင္းမျပဳရန္ ၿခိမ္းေျခာက္ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
အဆိုပါ ၿခိမ္းေျခာက္ထုတ္ျပန္ခ်က္မ်ားကို လိုက္နာျခင္းမရွိပါက အျပစ္ေပးအေရးယူမည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ထားသည္ကိုလည္း ေတြ႕ရသည္။ ထိုသို႔ ၿခိမ္းေျခာက္ ထုတ္ျပန္ခ်က္မ်ားႏွင့္ ပတ္သက္၍ ေဒသခံမ်ား၏ ေဝဖန္မႈကိုလည္း ရင္ဆိုင္ေနရသည္။
ခ်င္းျပည္နယ္ ၊ မင္းတပ္ၿမိဳ႕တြင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ ႏွင့္ ခ်င္းလက္နက္ကိုင္အဖြဲ႕တို႔ တိုက္ပြားမ်ား မၾကာခဏျဖစ္ပြားခဲ့ကာ ၿမိဳ႕ခံအမ်ားအျပား စစ္ေဘးေရွာင္ေနရလ်က္ရွိၿပီး စားဝတ္ေနေရးအတြက္ အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရလ်က္ရွိသည္။ ထို႔ျပင္ တိုက္ပြဲမ်ားေၾကာင့္ မင္းတပ္ၿမိဳ႕ရွိ အိမ္ေျခမ်ားစြာ မီးေလာင္ပ်က္စီး ဆုံးရႈံးခဲ့ရေၾကာင္းလည္း သိရသည္။