တရုတ်နိုင်ငံ၊ ချန်ဒူမှာ ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းထဲ ဆံညှပ်ဝင်သွားမှုဖြစ်ပွား

 343

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၁၁

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းထဲ ဆံညှပ်သွား စိုက်ဝင်သွားမှု ဖြစ်ခဲ့ပါတယ်။

မျိုးရိုးအမည် "ဒူ" လို့ သိရတဲ့ အသက် (၆၁)နှစ်အရွယ် အမျိုးသမီးဟာ ဖေဖော်ဝါရီ ၃ ရက်က ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ခေါင်းမှာပန်ထားတဲ့ ဆံညှပ်ဦးခေါင်းထဲ စိုက်ဝင်သွားခဲ့ပါတယ်။ ဒါကြောင့် ချန်ဒူရှိ General Medical 363 ဆေးရုံကို ညနေ ၃ နာရီကျော်မှာ ပို့ဆောင်ခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၈ ရက်မှာ တရုတ်မီဒီယာက ဖော်ပြထားပါတယ်။ ကလစ်သွား (၃)ချောင်း သူမရဲ့ဦးခေါင်းထဲ စိုက်ဝင်သွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ မေ့ဆေးပေး ဖယ်ရှားနိုင်ခဲ့တယ်လို့ ဒေါက်တာ တီအန် က ပြောကြားပါတယ်။ သတ္တု၊ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကလစ်တွေကို ဦးနှောက်တည်ရှိရာ ဦးခေါင်းနောက်ဘက်မှာ ဝတ်ဆင်ခြင်းဟာ အန္တရာယ်ရှိနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

မတော်တဆ ကလစ်သာ ဦးခေါင်းခွံကို ထိုးဖောက်ဝင်ရောက်သွားခဲ့ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ နှလုံးရပ်သွားကာ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

zawgyi version
တရုတ်နိုင်ငံ၊ ချန်ဒူမှာ ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦး ဦးခေါင်းထဲ ဆံညှပ်ဝင်သွားမှုဖြစ်ပှား




Related news

© 2021. All rights reserved.