မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား(၂၁)ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
![](/img/icon_eye.svg)
175
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aad95cd81b3609553f84e4/banner-67aad95cd81b3609553f84e4-x800.jpg)
သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစား နှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား (၂၁)ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီ ၉ ရက်တွင် တရားမဝင် အွန်လိုင်းလောင်း ကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား (၂၁)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ရာ လိုအပ်သည့်စစ်ဆေးမှုအား ဆောင်ရွက်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီလ ၅ ရက်မှ ၉ ရက်အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၆၀ လုံး၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက် ၂ လုံး၊ Starlink ၇ လုံး၊ လက်နက်မျိုးစုံ ၇ လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၃ စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဉပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ဆောင်နေသူများနှင့် အခြားဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တင်းတင်းကြပ်ကြပ် စုံစမ်းဖော်ထုတ်လျက်ရှိပြီး ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကိုတဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aad95cd81b3609553f84e4/body-image-67aad95cd81b3609553f84e4-1.jpg)
zawgyi version
မိုင္းဟေဒသအတြင္း တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈေဆာင္႐ြက္ေနသည့္ တ႐ုတ္ႏိုင္ငံသား(၂၁)ဦး ထပ္မံေဖာ္ထုတ္ဖမ္းဆီးရမိ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၁
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မိုင္းရယ္ၿမိဳ႕နယ္၊ မိုင္းဟေဒသအတြင္း တရားမဝင္အြန္လိုင္းေလာင္းကစား ႏွင့္ ေငြေၾကးလိမ္လည္မႈေဆာင္႐ြက္ေနသည့္ တ႐ုတ္ႏိုင္ငံသား (၂၁)ဦး ထပ္မံေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရ သည္။
မိုင္းဟေဒသအတြင္း ေဖေဖာ္ဝါရီ ၉ ရက္တြင္ တရားမဝင္ အြန္လိုင္းေလာင္း ကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၂၁)ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ရာ လိုအပ္သည့္စစ္ေဆးမႈအား ေဆာင္႐ြက္လ်က္ရွိၿပီး ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
၎နယ္ေျမအတြင္း ေဖေဖာ္ဝါရီလ ၅ ရက္မွ ၉ ရက္အထိ တရားမဝင္ အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသူမ်ားကို လုံၿခဳံေရးေဆာင္႐ြက္ေပးေနသူ ၅ ဦး၊ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၄၈ ဦး၊ အမ်ိဳးသမီး၂ ဦး၊ ဗီယက္နမ္ႏိုင္ငံသား အမ်ိဳးသမီး ၁၈ ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၂၉ ဦး၊ စုစုေပါင္း ၁၀၂ ဦးတို႔အား တရားမဝင္ အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္ရာတြင္ အသုံးျပဳသည့္ ဖုန္းမ်ိဳးစုံ ၂၆၀ လုံး၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက္ ၂ လုံး၊ Starlink ၇ လုံး၊ လက္နက္မ်ိဳးစုံ ၇ လက္၊ ကြန္ပ်ဴတာ ၇၂ လုံး၊ ငါးဂိမ္းစက္ ၅ လုံး၊ ေမာ္ေတာ္ယာဥ္မ်ိဳးစုံ ၃ စီး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားတြင္ ဖမ္းဆီးရမိသူမ်ားအား စိစစ္ေဆာင္႐ြက္လ်က္ရွိၿပီး ဉပေဒႏွင့္အညီ တရားစြဲဆိုေဆာင္႐ြက္ျခင္းႏွင့္ ျပည္ပႏိုင္ငံသားမ်ားအား လူသားခ်င္း စာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈကို ေရွးရႈ၍ သက္ဆိုင္ရာ ႏိုင္ငံ မ်ားသို႔ ျပန္လည္လႊဲေျပာင္း ေပးအပ္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တရားမဝင္ အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈ လုပ္ေဆာင္ေနသူမ်ားႏွင့္ အျခားဒုစ႐ိုက္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္သူမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ တင္းတင္းၾကပ္ၾကပ္ စုံစမ္းေဖာ္ထုတ္လ်က္ရွိၿပီး ျပတ္ျပတ္သားသား အေရးယူေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လ်က္ရွိသည့္ ျပည္ပႏိုင္ငံသားမ်ားအား စိစစ္ေဖာ္ထုတ္မႈမ်ား ေဆာင္႐ြက္ခဲ့ရာ အမ်ားစုသည္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကိုတဆင့္ခံ ျဖတ္သန္း၍ ျမန္မာႏိုင္ငံအတြင္းသို႔ ၎တို႔၏ ကိုယ္က်ိဳးစီးပြားမ်ားအတြက္ အလုပ္လုပ္ကိုင္ရန္ တရားမဝင္ ဝင္ေရာက္လာၾကသူမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။