အိန္ဒိယမှာ Ed Sheeran ရဲ့ street performance တားမြစ်ခံရ
![](/img/icon_eye.svg)
361
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aadc1f547d5825541aab64/banner-67aadc1f547d5825541aab64-x800.JPG)
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၁
ဗြိတိန်အဆိုတော်၊ တေးရေးဆရာ၊ ဂရမ်မီလေးကြိမ် ရရှိထားသူ Ed Sheeran ဟာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ အိန္ဒိယကို အလည်အပတ်ခရီးရောက်ရှိချိန် အချက်အချာနေရာ တစ်ခုဖြစ်တဲ့ ဘန်ဂလာရုမှာ ဖေဖော်ဝါရီ ၉ ရက်က street performance လုပ်ကာ ဖျော်ဖြေခဲ့ပါ တယ်။
ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုများအရ street performance လုပ်နေတဲ့ Ed Sheeran ရဲ့ မိုက်ခရိုဖုန်းကို ရဲအရာရှိတစ်ဦးက ဖြတ်တောက်ပစ်လိုက်တာ တွေ့ရပါတယ်။ Sheeran အနေနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပခွင့်ရှိပေမယ့် လမ်းပေါ်တက် ပြင်ပဖျော်ဖြေပွဲတွေကိုတော့ လက်မခံနိုင်ဘူးလို့ ဒေသအာဏာပိုင်တွေက ပြောကြားပါတယ်။ "သူက အရမ်းနာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီမှာတော့ သူ့ကိုခွင့်ပြုချက်မပေးနိုင်ပါဘူး။ဒါပေမဲ့ သူကကြိုးစားပြီး ဖျော်ဖြေဖို့လုပ်တယ်၊ ဒါကြောင့်ရဲတွေက တားဆီးခြင်းပဲ ဖြစ်တယ်၊ အခြားမရှိပါဘူး"လို့ ကာနာတာကာ ပြည်ထဲရေးဝန်ကြီး ဂျီပါရာမီရှာအာရာက တနင်္လာနေ့(ဖေဖော်ဝါရီ ၁၀ ရက်)မှာ ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ Sheeran ရဲ့ မိုက်ခရိုဖုန်းကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ပစ်ခဲ့တဲ့ ရဲအရာရှိကို "အရှက်ရစရာအဖြစ်" ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aadc1f547d5825541aab64/body-image-67aadc1f547d5825541aab64-1.JPG)
zawgyi version