ဝိုင်းမော်မြို့ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်နေသဖြင့် ဒေသခံများ စိုးရိမ်နေ

 367

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ် မြစ်ကြီးနားတစ်ဖက်ကမ်းမှ ဝိုင်းမော်မြို့ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက် ခိုက်သိမ်းပိုက်ရန် ကြံစည်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။
KIA ၊ PDF ပူးပေါင်းအဖွဲ့က ယခုလအတွင်း မြစ်ကြီးနားခရိုင်အတွင်းမှ ဝိုင်းမော်မြို့ကို ဝင်ရောက် တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း သိရသည်။ “ သူတို့ထိန်းချုပ်ထားတဲ့နေရာက လာမယ်ဆိုရင် မြစ်ကြီးနား-ကန်ပိုက်တည်လမ်းကြောင်း အတိုင်းလာရမယ်။ အဲဒီလမ်းကြောင်းပေါ်မှာက ဝီရမ်ဆိုတဲ့ ရွာမှာ ပြည်သူ့စစ်အဖွဲ့ရှိတယ်။ ခလရ(၅၈)ဆိုတာက ဒီဝိုင်းမော်အဝင်နားမှာ ရှိတယ်။ အဲဒီလမ်း ကပိတ် ထားတာ။ အဲဒီတော့ သူတို့တို့ အရင်က သစ် တွေမှောင်ခိုထုတ်တဲ့လမ်းရှိတယ်။ မိုင်းလားဘက် ကနေ ပတ်ပြီးတော့ဝင်လာတာ။ ဝိုင်းမော်ကို PDF တွေ စိမ့်ဝင်နေတာလည်း လမ်းကြောင်းနှစ်ခုရှိတယ်။ ဂွေထုလမ်းရှိတယ်။ ဗန်းမော်ဘက်ကလာမယ် ဆိုရင် ရွှေညောင်ပင်ဘက်ကနေ တာလောကြီးသွားတဲ့ လမ်းရှိတယ်။ လမ်းဟောင်းကနေ လမ်းခွဲလေး ရှိလိမ့်မယ်။ အဲဒီလမ်းခွဲကနေမှ စမ်းချားဆိုတာရှိတယ်။ အဲဒီဘက်ကလာတယ်။ ဝိုင်းမော်ကို ဝိုင်းပတ်ထားတာပေါ့” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် မေ လကလည်း ဝိုင်းမော်မြို့ကို KIA ၊ PDF အဖွဲ့က တိုက်ခိုက် သိမ်းပိုက် ရန်ကြိုးပမ်းခဲ့ဖူးပြီး ဒေသခံများစွာ သည်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်သွားခဲ့ကြရသည်။ လက်ရှိ တွင် ဝိုင်းမော်မြို့၌ ဒေသခံထောင်ဂဏန်းကျော်သာ ကျန်ရှိခဲ့ဖြစ်ပြီး တိုက်ပွဲများပြန်လည် ဖြစ်ပေါ်လာ မည်ကို စိုးရိမ်နေကြကြောင်း အထက်ပါ ဒေသခံကဆိုသည်။

“မကြာခင်လာတော့မယ်ဆိုတဲ့ အသံတွေ ကြားနေရတယ်။ ကချင်တွေ လီဆူးတွေကတော့ ထွက် သွားကြပြီ။ တခြားရှမ်းတွေတော့ ကျန်ခဲ့တယ်။ ဒီမှာက ရှမ်းပိုများတယ်။ တခြားလူမျိုးတွေလည်း ကျန်ခဲ့ တယ်။ ပစ်သံတွေကတော့ ညတိုင်းကြားရတယ်။ ဒေသခံတွေကတော့ အရင်တစ်ခါကလည်း ရေကြီး ထားတော့ တော်တော်ဒုက္ခရောက်ကုန်ကြပြီ။ ဘယ်သူမှလည်း မပြေးချင်ကြတော့ဘူး။ သေရင်လည်း သေပါစေဆိုပြီး နေနေကြတယ်” ဟု ၎င်းကဆိုသည်။

ဝိုင်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် KIA လက်အောက်ခံ KPDF အဖွဲ့နှင့် ဂေါ်ရခါးအဖွဲ့တို့ ပါဝင်နေပြီး AA လက်နက်ကိုင်အဖွဲ့ဝင်များလည်း ပါဝင်နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆို သည်။ “ ဝိုင်းမော်ကို သူတို့ထောက်ထားတာက မြို့ရဲ့တောင်ဘက်နဲ့ အရှေ့ဘက်လို့ခေါ်မှာပေါ့။ မြစ် ကြီးနား-ဗန်းမော်လမ်းမပေါ်ကတစ်ကြောင်းနဲ့ မြစ်ကြီး နား-ကန်ပိုက်တည်လမ်းမပေါ်က တစ်ကြောင်း အဲဒီလိုထောက်ထားတယ်။ နောက်ပြီးတော့ နောင်စီပေါ ဆိုတဲ့ရွာရှိတယ်။ အဲဒီရွာမှာလည်း ခြေကုပ်ယူ ထားတယ်။ အဲဒီဘက်ကလာတဲ့သူတွေပြောပုံအရတော့ ဝါရှောင်ဘက်မှာ အင်အားထောင်ဂဏန်းရှိတယ် ပြောတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆို သည်။ လက်ရှိဝိုင်းမော်မြို့တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်း အချို့ပြတ်တောက်နေဆဲဖြစ်သဖြင့် Starlink အင်တာနက်ကိုသာ အသုံးပြုနေရပြီး လျှပ်စစ်မီး ကိုလည်း ညပိုင်းသာရရှိနေကြောင်း သိရသည်။

zawgyi version
ဝိုင္းေမာ္ၿမိဳ႕ကို KIA ၊ PDF ပူးေပါင္းအဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ရန္ ႀကံစည္ေနသျဖင့္ ေဒသခံမ်ား စိုးရိမ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၁

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားတစ္ဖက္ကမ္းမွ ဝိုင္းေမာ္ၿမိဳ႕ကို KIA ၊ PDF ပူးေပါင္းအဖြဲ႕က တိုက္ ခိုက္သိမ္းပိုက္ရန္ ႀကံစည္ေနသျဖင့္ ေဒသခံမ်ား စိုးရိမ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
KIA ၊ PDF ပူးေပါင္းအဖြဲ႕က ယခုလအတြင္း ျမစ္ႀကီးနားခ႐ိုင္အတြင္းမွ ဝိုင္းေမာ္ၿမိဳ႕ကို ဝင္ေရာက္ တိုက္ခိုက္ရန္ ႀကံစည္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ “ သူတို႔ထိန္းခ်ဳပ္ထားတဲ့ေနရာက လာမယ္ဆိုရင္ ျမစ္ႀကီးနား-ကန္ပိုက္တည္လမ္းေၾကာင္း အတိုင္းလာရမယ္။ အဲဒီလမ္းေၾကာင္းေပၚမွာက ဝီရမ္ဆိုတဲ့ ႐ြာမွာ ျပည္သူ႔စစ္အဖြဲ႕ရွိတယ္။ ခလရ(၅၈)ဆိုတာက ဒီဝိုင္းေမာ္အဝင္နားမွာ ရွိတယ္။ အဲဒီလမ္း ကပိတ္ ထားတာ။ အဲဒီေတာ့ သူတို႔တို႔ အရင္က သစ္ ေတြေမွာင္ခိုထုတ္တဲ့လမ္းရွိတယ္။ မိုင္းလားဘက္ ကေန ပတ္ၿပီးေတာ့ဝင္လာတာ။ ဝိုင္းေမာ္ကို PDF ေတြ စိမ့္ဝင္ေနတာလည္း လမ္းေၾကာင္းႏွစ္ခုရွိတယ္။ ေဂြထုလမ္းရွိတယ္။ ဗန္းေမာ္ဘက္ကလာမယ္ ဆိုရင္ ေ႐ႊေညာင္ပင္ဘက္ကေန တာေလာႀကီးသြားတဲ့ လမ္းရွိတယ္။ လမ္းေဟာင္းကေန လမ္းခြဲေလး ရွိလိမ့္မယ္။ အဲဒီလမ္းခြဲကေနမွ စမ္းခ်ားဆိုတာရွိတယ္။ အဲဒီဘက္ကလာတယ္။ ဝိုင္းေမာ္ကို ဝိုင္းပတ္ထားတာေပါ့” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ေမ လကလည္း ဝိုင္းေမာ္ၿမိဳ႕ကို KIA ၊ PDF အဖြဲ႕က တိုက္ခိုက္ သိမ္းပိုက္ ရန္ႀကိဳးပမ္းခဲ့ဖူးၿပီး ေဒသခံမ်ားစြာ သည္လည္း ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္သြားခဲ့ၾကရသည္။ လက္ရွိ တြင္ ဝိုင္းေမာ္ၿမိဳ႕၌ ေဒသခံေထာင္ဂဏန္းေက်ာ္သာ က်န္ရွိခဲ့ျဖစ္ၿပီး တိုက္ပြဲမ်ားျပန္လည္ ျဖစ္ေပၚလာ မည္ကို စိုးရိမ္ေနၾကေၾကာင္း အထက္ပါ ေဒသခံကဆိုသည္။

“မၾကာခင္လာေတာ့မယ္ဆိုတဲ့ အသံေတြ ၾကားေနရတယ္။ ကခ်င္ေတြ လီဆူးေတြကေတာ့ ထြက္ သြားၾကၿပီ။ တျခားရွမ္းေတြေတာ့ က်န္ခဲ့တယ္။ ဒီမွာက ရွမ္းပိုမ်ားတယ္။ တျခားလူမ်ိဳးေတြလည္း က်န္ခဲ့ တယ္။ ပစ္သံေတြကေတာ့ ညတိုင္းၾကားရတယ္။ ေဒသခံေတြကေတာ့ အရင္တစ္ခါကလည္း ေရႀကီး ထားေတာ့ ေတာ္ေတာ္ဒုကၡေရာက္ကုန္ၾကၿပီ။ ဘယ္သူမွလည္း မေျပးခ်င္ၾကေတာ့ဘူး။ ေသရင္လည္း ေသပါေစဆိုၿပီး ေနေနၾကတယ္” ဟု ၎ကဆိုသည္။

ဝိုင္းေမာ္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ရန္ KIA လက္ေအာက္ခံ KPDF အဖြဲ႕ႏွင့္ ေဂၚရခါးအဖြဲ႕တို႔ ပါဝင္ေနၿပီး AA လက္နက္ကိုင္အဖြဲ႕ဝင္မ်ားလည္း ပါဝင္ေနေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆို သည္။ “ ဝိုင္းေမာ္ကို သူတို႔ေထာက္ထားတာက ၿမိဳ႕ရဲ႕ေတာင္ဘက္နဲ႔ အေရွ႕ဘက္လို႔ေခၚမွာေပါ့။ ျမစ္ ႀကီးနား-ဗန္းေမာ္လမ္းမေပၚကတစ္ေၾကာင္းနဲ႔ ျမစ္ႀကီး နား-ကန္ပိုက္တည္လမ္းမေပၚက တစ္ေၾကာင္း အဲဒီလိုေထာက္ထားတယ္။ ေနာက္ၿပီးေတာ့ ေနာင္စီေပါ ဆိုတဲ့႐ြာရွိတယ္။ အဲဒီ႐ြာမွာလည္း ေျခကုပ္ယူ ထားတယ္။ အဲဒီဘက္ကလာတဲ့သူေတြေျပာပုံအရေတာ့ ဝါေရွာင္ဘက္မွာ အင္အားေထာင္ဂဏန္းရွိတယ္ ေျပာတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆို သည္။ လက္ရွိဝိုင္းေမာ္ၿမိဳ႕တြင္ အင္တာနက္လိုင္းႏွင့္ ဖုန္းလိုင္း အခ်ိဳ႕ျပတ္ေတာက္ေနဆဲျဖစ္သျဖင့္ Starlink အင္တာနက္ကိုသာ အသုံးျပဳေနရၿပီး လွ်ပ္စစ္မီး ကိုလည္း ညပိုင္းသာရရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.