တောင်ငူ‌ ကေတုမတီမြို့ဟောင်းကို တူးဖော်သုတေသနလုပ်ငန်းဆောင်ရွက်နေစဉ် တိမ်မြုပ်နေသော ပြအိုးတစ်ခုကို ရှာဖွေတွေ့ရှိ

 1703

စော (NP News) - ဖေဖော်ဝါရီ ၁၁

တောင်ငူ‌ကေတုမတီမြို့ဟောင်းကို တူးဖော်သုတေသနလုပ်ငန်းဆောင်ရွက်နေစဉ် တိမ်မြှုပ်နေ သော ပြအိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သမိုင်းသုတေသီ ဒေါက်တာမြသောင်းက NP News ကိုပြောသည်။

အဆိုပါ ပြအိုးကို တောင်ငူ (ကေတုမတီမြို့ဟောင်း)မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး (အ လယ်ကောင်တံခါး)၏ အရှေ့ဘက်တွင် ဖေဖော်ဝါရီ (၂)ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလျား ပေ (၅၀)ခန့် တူးဖော်ထားနိုင်ကြောင်း သိရသည်။

“ရိုးရိုးလိုင်းတွေ ဖော်ရင်းနဲ့ အရှေ့ကိုထွက်နေတဲ့ ကုန်းတစ်ခုတူးလိုက်တဲ့အခါကျတော့ အောက်ကအုတ်တွေ ထွက်လာတာပေါ့။ မြို့ရိုးလိုင်းကနေပြီး တော့ ရှေ့ကို(၁၈)ပေလောက်ထွက်တယ်။ အဲဒါကို အခု တူးတုန်းပဲမပြီးသေးဘူး။ အခုကတော့ တူးဖော်ပဲ။ ထိန်းသိမ်းကတော့ နောက်မှ ဘက်ဂျက်လာမယ်နဲ့တူတယ်။ တူးတဲ့အနေအထားပဲရှိသေးတယ်” ဟု ဒေါက်တာမြသောင်းကပြောသည်။

ထိုသို့ တူးဖော်သုတေသနပြုလုပ်ရာတွင် အခက်အခဲရှိခဲ့သောကြောင့် အချိန်ကြန့်ကြာခဲ့ရသော အနေအထားလည်းရှိကြောင်း သိရသည်။

“ပျက်နေတာကို အင်္ဂလိပ်ခေတ်တုန်းက ဒီအုတ်တွေကို ယူပြီးတော့လမ်း‌ခင်းတဲ့အခါကျတော့ နောက်က မြေသားဖို့ထားတာကြီးက ရှေ့ကို ပြိုကျပြီးတော့ တောင်ကုန်းကြီးလိုတွေဖြစ်နေတာကိုး၊ အဲဒါ ကြီးကို တူးရတာဆိုတော့ နဂိုရှိရင်တော့ သူက စာထဲမှာတော့ (၂၄)ပေ မြင့်တယ်ပြောတာပဲ။ အခုက တော့ အဲဒီလောက်မရှိဘူးလေ။ (၆)ပေ ၊ (၇)ပေလောက်ပဲ အမြင့်တွေကျန်တာ မြေအောက်မှာပဲ ရှိ တယ်ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ တောင်ငူကေတုမတီမြို့ဟောင်း တူးဖော်သုတေသနလုပ်ငန်းကို ဇန်နဝါရီလတွင် ဆောင်ရွက်သွားခြင်းဖြစ်ပြီး တူးဖော်သုတေသန လုပ်ငန်းမှထွက်ပေါ်လာသော မြို့ရိုးများကိုလည်း ရှေးမူမပျက်မူလတန်ဖိုးအတိုင်း ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News သို့ ပြောကြားခဲ့ဖူးသည်။

မင်းကြီးညိုက အေဒီ (၁၅၁၀)၊ ကောဇာသက္ကရာဇ် (၈၇၂)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် တည် ထောင်ခဲ့သော ကေတုမတီမြို့ဟောင်းသည် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် တည်ရှိပြီး အရှေ့-အနောက် တာ (၇၀ဝ)၊ တောင်-မြောက် တာ (၆၀ဝ) ကျယ်ဝန်းကြောင်း သိရသည်။

zawgyi version
ေတာင္ငူ‌ ေကတုမတီၿမိဳ႕ေဟာင္းကို တူးေဖာ္သုေတသနလုပ္ငန္းေဆာင္႐ြက္ေနစဥ္ တိမ္ျမဳပ္ေနေသာ ျပအိုးတစ္ခုကို ရွာေဖြေတြ႕ရွိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၁

ေတာင္ငူ‌ေကတုမတီၿမိဳ႕ေဟာင္းကို တူးေဖာ္သုေတသနလုပ္ငန္းေဆာင္႐ြက္ေနစဥ္ တိမ္ျမႇဳပ္ေန ေသာ ျပအိုးတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သမိုင္းသုေတသီ ေဒါက္တာျမေသာင္းက NP News ကိုေျပာသည္။

အဆိုပါ ျပအိုးကို ေတာင္ငူ (ေကတုမတီၿမိဳ႕ေဟာင္း)ေျမာက္ဘက္ၿမိဳ႕႐ိုး ေမာ္ကြန္းတံခါး (အ လယ္ေကာင္တံခါး)၏ အေရွ႕ဘက္တြင္ ေဖေဖာ္ဝါရီ (၂)ရက္က ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး အလ်ား ေပ (၅၀)ခန႔္ တူးေဖာ္ထားႏိုင္ေၾကာင္း သိရသည္။

“႐ိုး႐ိုးလိုင္းေတြ ေဖာ္ရင္းနဲ႔ အေရွ႕ကိုထြက္ေနတဲ့ ကုန္းတစ္ခုတူးလိုက္တဲ့အခါက်ေတာ့ ေအာက္ကအုတ္ေတြ ထြက္လာတာေပါ့။ ၿမိဳ႕႐ိုးလိုင္းကေနၿပီး ေတာ့ ေရွ႕ကို(၁၈)ေပေလာက္ထြက္တယ္။ အဲဒါကို အခု တူးတုန္းပဲမၿပီးေသးဘူး။ အခုကေတာ့ တူးေဖာ္ပဲ။ ထိန္းသိမ္းကေတာ့ ေနာက္မွ ဘက္ဂ်က္လာမယ္နဲ႔တူတယ္။ တူးတဲ့အေနအထားပဲရွိေသးတယ္” ဟု ေဒါက္တာျမေသာင္းကေျပာသည္။

ထိုသို႔ တူးေဖာ္သုေတသနျပဳလုပ္ရာတြင္ အခက္အခဲရွိခဲ့ေသာေၾကာင့္ အခ်ိန္ၾကန႔္ၾကာခဲ့ရေသာ အေနအထားလည္းရွိေၾကာင္း သိရသည္။

“ပ်က္ေနတာကို အဂၤလိပ္ေခတ္တုန္းက ဒီအုတ္ေတြကို ယူၿပီးေတာ့လမ္း‌ခင္းတဲ့အခါက်ေတာ့ ေနာက္က ေျမသားဖို႔ထားတာႀကီးက ေရွ႕ကို ၿပိဳက်ၿပီးေတာ့ ေတာင္ကုန္းႀကီးလိုေတြျဖစ္ေနတာကိုး၊ အဲဒါ ႀကီးကို တူးရတာဆိုေတာ့ နဂိုရွိရင္ေတာ့ သူက စာထဲမွာေတာ့ (၂၄)ေပ ျမင့္တယ္ေျပာတာပဲ။ အခုက ေတာ့ အဲဒီေလာက္မရွိဘူးေလ။ (၆)ေပ ၊ (၇)ေပေလာက္ပဲ အျမင့္ေတြက်န္တာ ေျမေအာက္မွာပဲ ရွိ တယ္ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါ ေတာင္ငူေကတုမတီၿမိဳ႕ေဟာင္း တူးေဖာ္သုေတသနလုပ္ငန္းကို ဇန္နဝါရီလတြင္ ေဆာင္႐ြက္သြားျခင္းျဖစ္ၿပီး တူးေဖာ္သုေတသန လုပ္ငန္းမွထြက္ေပၚလာေသာ ၿမိဳ႕႐ိုးမ်ားကိုလည္း ေရွးမူမပ်က္မူလတန္ဖိုးအတိုင္း ထိန္းသိမ္းသြားမည္ ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသား ျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News သို႔ ေျပာၾကားခဲ့ဖူးသည္။

မင္းႀကီးညိဳက ေအဒီ (၁၅၁၀)၊ ေကာဇာသကၠရာဇ္ (၈၇၂)ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ တည္ ေထာင္ခဲ့ေသာ ေကတုမတီၿမိဳ႕ေဟာင္းသည္ ပဲခူး တိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ တည္ရွိၿပီး အေရွ႕-အေနာက္ တာ (၇၀ဝ)၊ ေတာင္-ေျမာက္ တာ (၆၀ဝ) က်ယ္ဝန္းေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.