ဈေးကွက်အတွင်း Brand New ကားတစ်စီးတိုင်းတွင် အနည်းဆုံး ငွေကျပ်သိန်း(၂၀ဝ)မှ (၅၀ဝ)အထိ ဈေးချရောင်းနေ
![](/img/icon_eye.svg)
1035
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aae2145e5439439f141d46/banner-67aae2145e5439439f141d46-x800.jpg)
ယွန်း (NP News) - ဖေဖော်ဝါရီ ၁၁
ဈေးကွက်အတွင်း Brand New ကား တစ်စီးတိုင်းတွင် အနည်းဆုံးငွေကျပ်သိန်း(၂၀ဝ)မှ (၅၀ဝ) အထိ ဈေးချရောင်းနေကြောင်း ကားလောကအသိုင်းအဝိုင်းထံမှ သိရသည်။
ကားဈေးကွက်အတွင်း EV ကားများ အပါအဝင် ဆီကားများနှင့် နယ်မြေမငြိမ်သက်သည့် ဒေသ များမှကားများစုပြုံရောက်ရှိနေခြင်းကြောင့် အရောင်းအဝယ်အေးနေပြီး ဝယ်သူထက် ရောင်းသူများက ပိုများလျက်ရှိသည်။ ကုန်လှောင်ရုံ(Warehouse)အတွင်းရှိနေသည့် EV ကားများကို ယခင်က တစ်ပတ်လျှင် အစီး(၃၀)အထိသာထုတ်ပေးသော်လည်း လက်ရှိတွင် တစ်ပတ်လျှင်အစီး(၂၀ဝ)ကျော်အထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကားဈေးကွက်အတွင်းသို့ EV ကားများယခင်ထက်ပိုရောက်လာပြီး တစ်ဖက်တွင် လည်း SKD ကားများကိုပြန်ထုတ်လာခြင်းကြောင့် ဈေးကွက်အတွင်း၌ ဆီကားရော EV ကားများပါ စုပြုံလျက်ရှိကြောင်း သိရသည်။ အရင်တုန်းကအရောင်းအဝယ်ကသွက်တယ်။ Pre Order တွေနဲ့စောင့်တယ်။ ကားကမလောက်ဘူး။ Demand ကများတယ်။ အခုက ကားတွေအများ ကြီးချပေးတော့ EV ကား တွေအများကြီးဖြစ်နေတာ။ Demand ကများတယ် ဝယ်လက်ကနည်းသွားတဲ့ အခါကျတော့ ဈေးချ ရောင်းမှ ရတော့မှာလေ။ ကိုင်ထားလို့မရတော့ဘူး။ EV ရဲ့သဘောက ဆီကားလို မဟုတ်ဘူး အကြာကြီး မထားချင်ကြဘူး။ လျှပ်စစ်ကားဆိုတော့ သိတဲ့အတိုင်းပဲ။ ဘက်ထရီနဲ့သုံး တာဆိုတော့ တစ်နှစ်ထား၊ နှစ်နှစ်ထားထားလို့ရတာ မဟုတ်ဘူး။ (၂၅)ရောက်သွားပြီဆို (၂၄) ကကား တွေကို အခု (၂၅)မှာလျှော့ ရောင်းရမှာ။ တစ်ခါလာ ရင်တစ်မျိုးထုတ်နေတာ။ Model ကအမြဲ ပြောင်းနေတော့ လျှော့မရောင်းရင် အဲဒါက ကျန်ခဲ့မှာလေ” ဟု ဝါရင့်ကားလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် ရှမ်းမြောက်၊ မိုးကုတ်၊ လားရှိုး၊ ရခိုင် အစရှိသည့် နယ်မြေမတည်ငြိမ်သည့်ဒေသများတွင် နေထိုင်သူများအနေဖြင့်လည်း၎င်းတို့ပိုင်ဆိုင်သည့် တန်ဖိုးမြင့်ကားများကို ထုတ်ရောင်းကာ လိုင်စင်မဲ့ကားများကိုသာ စီးနင်းလာကြောင်း သိရသည်။ “အခုနယ်က ကားတွေအကုန်ရန်ကုန်မှာ ရောင်းပြီး without ပဲစီးတော့တယ်။ အခု မြဝတီနယ်စပ်မှာဆို တစ်ရက်တစ်ရက်ကို အစီး(၄၀ဝ)(၅၀ဝ)လောက်ဝင်တယ်။ လားရှိုးတို့ဘာတို့ မလုံခြုံတဲ့အခြမ်းတွေမှာ without ပဲစီးတော့တာ။ ကားတွေကို ရန်ကုန်ကိုပို့လိုက်တယ်။ဒီမှာရောင်းတယ်။ ကားတွေက Market ထဲမှာပုံနေတယ်။ လောက်ကိုင် တို့ဘာတို့က ဈေးကြီးတဲ့ကားတွေ အကုန်ဒီမှာ ချည်းပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ကားဈေးကွက်အတွင်း အရောင်းအဝယ်အလွန်အေးနေပြီး ဝယ်သူထက် ရောင်းသူက ပိုများလျက်ရှိရာ ဈေးအမြင့်ပိုင်းတွင်သာ ခေါ်ဈေးရှိနေသော်လည်း လက်ရှိတွင် ယခင်ဈေးထက် (၅)ပုံ (၁)ပုံခန့် ဈေးကျသွားကြောင်း ကားလုပ်ငန်းရှင် များက သုံးသပ်ပြောဆိုထားသည်။ လက်ရှိတွင် ငွေကျပ်သိန်း(၉၀ဝ)တန် Brand New ကားတစ်စီးလျှင် ဈေးကွက်အတွင်း၌ သိန်း (၇၅၀)အထိ ဈေးချရောင်းနေရပြီး တစ်ပတ်ရစ်ကားများကိုလည်း တစ်စီးလျှင် ငွေကျပ်သိန်း(၁၀ဝ)အထိ ဈေးချရောင်းနေရကြောင်း သိရသည်။
“ဈေးကိုချရောင်းတော့ EV ရောဘာရော အကုန်ပါကုန်တာပေါ့။ ကျွန်တော်ထင်တယ် (၅)ပုံ (၁)ပုံ လောက်ကျသွားတယ်။ သိန်း (၂၅၀ဝ) တန်က (၂၀ဝဝ)ပေါ့။ အဲဒီလိုဖြစ်သွားတာ။ ဝယ်တဲ့သူအတွက်ကတော့ ဈေးကျတဲ့အတွက်ဝယ်သုံးရတာလည်း ကောင်းသွားတာပေါ့နော်။ အရောင်းအဝယ် တော်တော်အေးတာ။ ကားမှန်သမျှအကုန်အေးသွားတာ။ ကျွန်တော်ထင်တာတော့ ခေါက်ချိုးလောက်ကျသွားတယ် ထင်တယ်။ အခုက EV ကလုံးဝကိုကျိုးသွားပြီ။ အရောင်းအဝယ်အေးတော့ ဈေးကိုအများကြီး မတင်ချင် ဘူး။ အကုန်ချပစ်လိုက်တာ” ဟု အခြားဝါရင့် ကားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ထိုသို့ ကားဈေးများ ကျဆင်းခြင်းသည် ဝယ်ယူသူများအတွက် ကောင်းမွန်သော်လည်း စီးပွားရေးအခြေအနေများကြောင့် ဝယ်ယူသူရှားပါးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် အောက်တိုဘာလအတွင်း ပြည်တွင်း၌ ကားဈေးကွက် အရောင်း အဝယ် အေးနေသော်လည်း EV ကားများ ဝယ်လိုအားတက်လာခဲ့ကြောင်းသိရပြီး လက်ရှိတွင် EV ကားနှင့် ဆီကားနှစ်မျိုးစလုံး အရောင်းအဝယ်အေးနေခြင်းဖြစ်သည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aae2145e5439439f141d46/body-image-67aae2145e5439439f141d46-1.jpg)
zawgyi version
ေဈးကြက္အတြင္း Brand New ကားတစ္စီးတိုင္းတြင္ အနည္းဆုံး ေငြက်ပ္သိန္း(၂၀ဝ)မွ (၅၀ဝ)အထိ ေဈးခ်ေရာင္းေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၁
ေဈးကြက္အတြင္း Brand New ကား တစ္စီးတိုင္းတြင္ အနည္းဆုံးေငြက်ပ္သိန္း(၂၀ဝ)မွ (၅၀ဝ) အထိ ေဈးခ်ေရာင္းေနေၾကာင္း ကားေလာကအသိုင္းအဝိုင္းထံမွ သိရသည္။
ကားေဈးကြက္အတြင္း EV ကားမ်ား အပါအဝင္ ဆီကားမ်ားႏွင့္ နယ္ေျမမၿငိမ္သက္သည့္ ေဒသ မ်ားမွကားမ်ားစုၿပဳံေရာက္ရွိေနျခင္းေၾကာင့္ အေရာင္းအဝယ္ေအးေနၿပီး ဝယ္သူထက္ ေရာင္းသူမ်ားက ပိုမ်ားလ်က္ရွိသည္။ ကုန္ေလွာင္႐ုံ(Warehouse)အတြင္းရွိေနသည့္ EV ကားမ်ားကို ယခင္က တစ္ပတ္လွ်င္ အစီး(၃၀)အထိသာထုတ္ေပးေသာ္လည္း လက္ရွိတြင္ တစ္ပတ္လွ်င္အစီး(၂၀ဝ)ေက်ာ္အထိ ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကားေဈးကြက္အတြင္းသို႔ EV ကားမ်ားယခင္ထက္ပိုေရာက္လာၿပီး တစ္ဖက္တြင္ လည္း SKD ကားမ်ားကိုျပန္ထုတ္လာျခင္းေၾကာင့္ ေဈးကြက္အတြင္း၌ ဆီကားေရာ EV ကားမ်ားပါ စုၿပဳံလ်က္ရွိေၾကာင္း သိရသည္။ အရင္တုန္းကအေရာင္းအဝယ္ကသြက္တယ္။ Pre Order ေတြနဲ႔ေစာင့္တယ္။ ကားကမေလာက္ဘူး။ Demand ကမ်ားတယ္။ အခုက ကားေတြအမ်ား ႀကီးခ်ေပးေတာ့ EV ကား ေတြအမ်ားႀကီးျဖစ္ေနတာ။ Demand ကမ်ားတယ္ ဝယ္လက္ကနည္းသြားတဲ့ အခါက်ေတာ့ ေဈးခ် ေရာင္းမွ ရေတာ့မွာေလ။ ကိုင္ထားလို႔မရေတာ့ဘူး။ EV ရဲ႕သေဘာက ဆီကားလို မဟုတ္ဘူး အၾကာႀကီး မထားခ်င္ၾကဘူး။ လွ်ပ္စစ္ကားဆိုေတာ့ သိတဲ့အတိုင္းပဲ။ ဘက္ထရီနဲ႔သုံး တာဆိုေတာ့ တစ္ႏွစ္ထား၊ ႏွစ္ႏွစ္ထားထားလို႔ရတာ မဟုတ္ဘူး။ (၂၅)ေရာက္သြားၿပီဆို (၂၄) ကကား ေတြကို အခု (၂၅)မွာေလွ်ာ့ ေရာင္းရမွာ။ တစ္ခါလာ ရင္တစ္မ်ိဳးထုတ္ေနတာ။ Model ကအၿမဲ ေျပာင္းေနေတာ့ ေလွ်ာ့မေရာင္းရင္ အဲဒါက က်န္ခဲ့မွာေလ” ဟု ဝါရင့္ကားလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ ရွမ္းေျမာက္၊ မိုးကုတ္၊ လားရႈိး၊ ရခိုင္ အစရွိသည့္ နယ္ေျမမတည္ၿငိမ္သည့္ေဒသမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္လည္း၎တို႔ပိုင္ဆိုင္သည့္ တန္ဖိုးျမင့္ကားမ်ားကို ထုတ္ေရာင္းကာ လိုင္စင္မဲ့ကားမ်ားကိုသာ စီးနင္းလာေၾကာင္း သိရသည္။ “အခုနယ္က ကားေတြအကုန္ရန္ကုန္မွာ ေရာင္းၿပီး without ပဲစီးေတာ့တယ္။ အခု ျမဝတီနယ္စပ္မွာဆို တစ္ရက္တစ္ရက္ကို အစီး(၄၀ဝ)(၅၀ဝ)ေလာက္ဝင္တယ္။ လားရႈိးတို႔ဘာတို႔ မလုံၿခဳံတဲ့အျခမ္းေတြမွာ without ပဲစီးေတာ့တာ။ ကားေတြကို ရန္ကုန္ကိုပို႔လိုက္တယ္။ဒီမွာေရာင္းတယ္။ ကားေတြက Market ထဲမွာပုံေနတယ္။ ေလာက္ကိုင္ တို႔ဘာတို႔က ေဈးႀကီးတဲ့ကားေတြ အကုန္ဒီမွာ ခ်ည္းပဲ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ကားေဈးကြက္အတြင္း အေရာင္းအဝယ္အလြန္ေအးေနၿပီး ဝယ္သူထက္ ေရာင္းသူက ပိုမ်ားလ်က္ရွိရာ ေဈးအျမင့္ပိုင္းတြင္သာ ေခၚေဈးရွိေနေသာ္လည္း လက္ရွိတြင္ ယခင္ေဈးထက္ (၅)ပုံ (၁)ပုံခန႔္ ေဈးက်သြားေၾကာင္း ကားလုပ္ငန္းရွင္ မ်ားက သုံးသပ္ေျပာဆိုထားသည္။ လက္ရွိတြင္ ေငြက်ပ္သိန္း(၉၀ဝ)တန္ Brand New ကားတစ္စီးလွ်င္ ေဈးကြက္အတြင္း၌ သိန္း (၇၅၀)အထိ ေဈးခ်ေရာင္းေနရၿပီး တစ္ပတ္ရစ္ကားမ်ားကိုလည္း တစ္စီးလွ်င္ ေငြက်ပ္သိန္း(၁၀ဝ)အထိ ေဈးခ်ေရာင္းေနရေၾကာင္း သိရသည္။
“ေဈးကိုခ်ေရာင္းေတာ့ EV ေရာဘာေရာ အကုန္ပါကုန္တာေပါ့။ ကြၽန္ေတာ္ထင္တယ္ (၅)ပုံ (၁)ပုံ ေလာက္က်သြားတယ္။ သိန္း (၂၅၀ဝ) တန္က (၂၀ဝဝ)ေပါ့။ အဲဒီလိုျဖစ္သြားတာ။ ဝယ္တဲ့သူအတြက္ကေတာ့ ေဈးက်တဲ့အတြက္ဝယ္သုံးရတာလည္း ေကာင္းသြားတာေပါ့ေနာ္။ အေရာင္းအဝယ္ ေတာ္ေတာ္ေအးတာ။ ကားမွန္သမွ်အကုန္ေအးသြားတာ။ ကြၽန္ေတာ္ထင္တာေတာ့ ေခါက္ခ်ိဳးေလာက္က်သြားတယ္ ထင္တယ္။ အခုက EV ကလုံးဝကိုက်ိဳးသြားၿပီ။ အေရာင္းအဝယ္ေအးေတာ့ ေဈးကိုအမ်ားႀကီး မတင္ခ်င္ ဘူး။ အကုန္ခ်ပစ္လိုက္တာ” ဟု အျခားဝါရင့္ ကားလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။ ထိုသို႔ ကားေဈးမ်ား က်ဆင္းျခင္းသည္ ဝယ္ယူသူမ်ားအတြက္ ေကာင္းမြန္ေသာ္လည္း စီးပြားေရးအေျခအေနမ်ားေၾကာင့္ ဝယ္ယူသူရွားပါးလ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလအတြင္း ျပည္တြင္း၌ ကားေဈးကြက္ အေရာင္း အဝယ္ ေအးေနေသာ္လည္း EV ကားမ်ား ဝယ္လိုအားတက္လာခဲ့ေၾကာင္းသိရၿပီး လက္ရွိတြင္ EV ကားႏွင့္ ဆီကားႏွစ္မ်ိဳးစလုံး အေရာင္းအဝယ္ေအးေနျခင္းျဖစ္သည္။