ဒေါပုံရဲစခန်းမှ အချုပ်ခန်းသံတိုင်ကို ဖြတ်ပြီး ထွက်ပြေးသွားသော အချုပ်သားလေးဦးကို ပြန်လည်ဖမ်းဆီးရမိ

 781

စော(NP News) - ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်းမှ အချုပ်ခန်းသံတိုင်ကို ဖြတ်တောက်ကာ ထွက်ပြေးသွားသော အချုပ်သားလေးဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၂ နာရီခွဲအချိန်ခန့်က ဒေါပုံမြို့မရဲစခန်းရှိ အမျိုးသားအချုပ်ခန်းညာဘက်ထောင့် နှစ်တိုင်မြောက်သံတိုင်အား အရှည် (၆) လက်မခွဲခန့်ကို သံဖြတ်လွှဖြင့်ဖြတ်ကာ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာအားဖြုတ်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအချုပ်ခန်းဖောက်ပြီးထွက်ပြေးခဲ့သူများမှာ မူးယစ်ဆေးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်ဖြင့်ချုပ်နှောင်ထားသူ ဝေယံအောင် (ခ) သင်္ဘောသီး(၃၃)နှစ်၊ သူရဇော်(ခ)အောင်ရဲလင်း(၂၄)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀မှ ရမန်ဖြင့် ချုပ်နှောင်ထားရှိသော ညီညီခန့်(ခ)အသေးလေး (၂၀)နှစ်၊ ကလေးသူငယ်အမှုဖြင့်အချုပ်ကျနေသော ခန့်ထည်ဝါထွန်း(၁၇)နှစ် တို့ဖြစ်ကြောင်း သိရသည်။
ထွက်ပြေးသော အချုပ်သားလေးဦးကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ရက်)က လှည်းကူးမြို့နယ်၊ ထောက်ကြံ့မြို့နှင့် ဧရာဝတီတိုင်းဘက်ခြမ်းတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ေဒါပုံရဲစခန္းမွ အခ်ဳပ္ခန္းသံတိုင္ကို ျဖတ္ၿပီး ထြက္ေျပးသြားေသာ အခ်ဳပ္သားေလးဦးကို ျပန္လည္ဖမ္းဆီးရမိ

ေစာ(NP News) - ေဖေဖာ္ဝါရီ ၁၁

ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္၊ ေဒါပုံၿမိဳ႕မရဲစခန္းမွ အခ်ဳပ္ခန္းသံတိုင္ကို ျဖတ္ေတာက္ကာ ထြက္ေျပးသြားေသာ အခ်ဳပ္သားေလးဦးကို ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ (ေဖေဖာ္ဝါရီ ၉ ရက္) နံနက္ ၂ နာရီခြဲအခ်ိန္ခန္႔က ေဒါပုံၿမိဳ႕မရဲစခန္းရွိ အမ်ိဳးသားအခ်ဳပ္ခန္းညာဘက္ေထာင့္ ႏွစ္တိုင္ေျမာက္သံတိုင္အား အရွည္ (၆) လက္မခြဲခန႔္ကို သံျဖတ္လႊျဖင့္ျဖတ္ကာ အခ်ဳပ္ခန္းအေနာက္ဘက္ ေလဝင္ေပါက္ရွိ သံဇကာအားျဖဳတ္၍ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအခ်ဳပ္ခန္းေဖာက္ၿပီးထြက္ေျပးခဲ့သူမ်ားမွာ မူးယစ္ေဆးဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ အမႈမွ ရမန္ျဖင့္ခ်ဳပ္ေႏွာင္ထားသူ ေဝယံေအာင္ (ခ) သေဘၤာသီး(၃၃)ႏွစ္၊ သူရေဇာ္(ခ)ေအာင္ရဲလင္း(၂၄)ႏွစ္၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀မွ ရမန္ျဖင့္ ခ်ဳပ္ေႏွာင္ထားရွိေသာ ညီညီခန႔္(ခ)အေသးေလး (၂၀)ႏွစ္၊ ကေလးသူငယ္အမႈျဖင့္အခ်ဳပ္က်ေနေသာ ခန႔္ထည္ဝါထြန္း(၁၇)ႏွစ္ တို႔ျဖစ္ေၾကာင္း သိရသည္။
ထြက္ေျပးေသာ အခ်ဳပ္သားေလးဦးကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၀ရက္)က လွည္းကူးၿမိဳ႕နယ္၊ ေထာက္ႀကံ့ၿမိဳ႕ႏွင့္ ဧရာဝတီတိုင္းဘက္ျခမ္းတြင္ ျပန္လည္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္‌ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.