အသက်(၂၁)အရွယ်အမျိုးသမီးကို ယွမ်လေးသောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ချခံရ

 1249

ချယ်ရီ(NP News)- ဖေဖော်ဝါရီ ၁၁

တင်တောင်းငွေ ယွမ်လေးသောင်းရမည်ဟုဆိုကာ အသက်(၂၁)အရွယ်အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်ဆောင်ရွက်သူများ နှစ်ရှည်ထောင်ချခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ တကုန်းကျေးရွာတွင်နေထိုင်သော နန်းထွေးနှင့် မြင့်မြင့်စန်းတို့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာတွင်နေထိုင်သော အသက်(၂၁)နှစ်အရွယ်ရှိ မ....ကို တရုတ်ဇနီးမယားအဖြစ်ဆောင်ရွက်ပါက တင်တောင်းငွေအဖြစ် တရုတ်ငွေယွမ်လေးသောင်း ရရှိမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအမျိုးသမီး(၂)ဦးကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့မရဲစခန်းတွင် (ပ)၃၁၀/၂၀၂၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်မြေသာစံခရိုင်တရားရုံးမှ (၂၀ ၂၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်တွင် ပြစ်မှုကျူးလွန်သူ နန်းထွေးနှင့် မြင့်မြင့်စန်း တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ ရက် )က လူမှုကွန်ယက်စာမျက်နှာထက်တွင် နာမည်ကြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ဘဝရပ်တည်ရန် ခက်ခဲသည့် အမျိုးသမီးငယ်၏ အိမ်သို့သွားပြီး အခြေအနေပေါ် အခွင့်အကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိခဲ့ပြီး ပါဝင်ပတ်သက်သူများဖြစ်သည့် မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာတို့ကို ဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
အသက္(၂၁)အ႐ြယ္အမ်ိဳးသမီးကို ယြမ္ေလးေသာင္းျဖင့္ တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္သူမ်ား ႏွစ္ရွည္ေထာင္ခ်ခံရ
ခ်ယ္ရီ(NP News)- ေဖေဖာ္ဝါရီ ၁၁

တင္ေတာင္းေငြ ယြမ္ေလးေသာင္းရမည္ဟုဆိုကာ အသက္(၂၁)အ႐ြယ္အမ်ိဳးသမီးကို တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္သူမ်ား ႏွစ္ရွည္ေထာင္ခ်ခံရေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနထံမွ သိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕ နယ္၊ တကုန္းေက်း႐ြာတြင္ေနထိုင္ေသာ နန္းေထြးႏွင့္ ျမင့္ျမင့္စန္းတို႔သည္ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ တဲကုန္းေက်း႐ြာတြင္ေနထိုင္ေသာ အသက္(၂၁)ႏွစ္အ႐ြယ္ရွိ မ....ကို တ႐ုတ္ဇနီးမယားအျဖစ္ေဆာင္႐ြက္ပါက တင္ေတာင္းေငြအျဖစ္ တ႐ုတ္ေငြယြမ္ေလးေသာင္း ရရွိမည္ဟု ေျပာဆိုစည္း႐ုံးကာ တ႐ုတ္ေယာက္်ားထံ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အမ်ိဳးသမီး(၂)ဦးကို မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ပုသိမ္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၃၁၀/၂၀၂၄ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေအာင္ေျမသာစံခ႐ိုင္တရား႐ုံးမွ (၂၀ ၂၅) ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၇) ရက္တြင္ ျပစ္မႈက်ဴးလြန္သူ နန္းေထြးႏွင့္ ျမင့္ျမင့္စန္း တို႔ႏွစ္ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၀)ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရ သည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၆ ရက္ )က လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ နာမည္ႀကီးခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္တြင္ ဘဝရပ္တည္ရန္ ခက္ခဲသည့္ အမ်ိဳးသမီးငယ္၏ အိမ္သို႔သြားၿပီး အေျခအေနေပၚ အခြင့္အေကာင္းယူ၍ ေငြေၾကးလက္ေဆာင္မ်ားေပးကာ တ႐ုတ္မယားအျဖစ္ လက္ထပ္ထိမ္းျမားေစရန္ ဗီဒီယို႐ိုက္ကူးကာ အြန္လိုင္းေပၚတင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသားကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ဖမ္းမိခဲ့ၿပီး ပါဝင္ပတ္သက္သူမ်ားျဖစ္သည့္ မသီတာေအာင္၊ ေအာင္ေဇာ္ဦး(ခ) ဟာမီဒူလာတို႔ကို ဒလၿမိဳ႕မရဲစခန္းတြင္ (ပ)၂၀/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ-၃၅/၄၄ ျဖင့္ အမႈဖြင့္လွစ္ခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.