ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြဝတီမီဒီယာစင်တာတွင် စာအုပ်နှင့် ပန်းချီအရောင်းပြပွဲ ပထမဆုံးအကြိမ်ကျင်းပ
![](/img/icon_eye.svg)
251
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aaeffa00a1d821220a5a65/banner-67aaeffa00a1d821220a5a65-x800.jpg)
Pearl (NP News) - ဖေဖော်ဝါရီ ၁၁
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စာအုပ်နှင့် ပန်းချီအရောင်းပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ ၌ ပထမဦးဆုံးအကြိမ်အဖြစ် ယနေ့ (ဖေဖော်ဝါရီလ ၁၁ရက်) မှ စတင် ကျင်းပနေကြောင်း သိရသည်။
အဆိုပါ အရောင်းပြပွဲ၌ စာအုပ်ဆိုင် (၁၀) ဆိုင်ဖွင့်လှစ်ကာ စာအုပ်ပေါင်း (၃၅၀၀၀) ကျော်ကို ခင်းကျင်း ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် လက်ရာမြောက်ပန်းချီကား အချပ်ရေ (၁၀၀) ဝန်းကျင်ကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
“ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ကလည်း ရှိပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနတို့ ဘာတို့ဆိုရင် စာကြည့်တိုက်တွေ အကောင်အထည်ဖော်နေတာရှိတယ်။ နောက်စာအုပ်စာပေတွေကို လူတွေ များများဖတ်အောင်အတွက် ဆောင်ရွက်နေတာလေးတွေ ရှိတယ်။ ဒါကို တစ်ဖက်တစ်လှမ်းက အကောင်အထည်ဖော်တဲ့ သဘောဖြစ်ပါတယ်” ဟု မြန်မာစီးပွားရေး ကော်ပိုရေးရှင်၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးမြင့်နိုင် က ပြောသည်။
အဆိုပါ အရောင်းပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် မှ ဖေဖော်ဝါရီလ ၁၃ရက် အထိ (၃)ရက် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။ ထို့ပြင် စာရေးသူ နှင့် စာဖတ်သူ တွေ့ဆုံခြင်းအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67aaeffa00a1d821220a5a65/body-image-67aaeffa00a1d821220a5a65-0.jpg)
Zawgyi Version:
ျပည္ေထာင္စုေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ျမဝတီမီဒီယာစင္တာတြင္ စာအုပ္ႏွင့္ ပန္းခ်ီအေရာင္းျပပြဲ ပထမဆုံးအႀကိမ္က်င္းပ
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၁
(၇၈) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ စာအုပ္ႏွင့္ ပန္းခ်ီအေရာင္းျပပြဲကို ရန္ကုန္တိုင္းေဒသႀကီး ၊ ရန္ကင္းၿမိဳ႕နယ္ရွိ ျမဝတီမီဒီယာစင္တာ ၌ ပထမဦးဆုံးအႀကိမ္အျဖစ္ ယေန႔ (ေဖေဖာ္ဝါရီလ ၁၁ရက္) မွ စတင္ က်င္းပေနေၾကာင္း သိရသည္။
အဆိုပါ အေရာင္းျပပြဲ၌ စာအုပ္ဆိုင္ (၁၀) ဆိုင္ဖြင့္လွစ္ကာ စာအုပ္ေပါင္း (၃၅၀၀၀) ေက်ာ္ကို ခင္းက်င္း ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ လက္ရာေျမာက္ပန္းခ်ီကား အခ်ပ္ေရ (၁၀၀) ဝန္းက်င္ကိုလည္း ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ရဲ႕ လမ္းၫႊန္ခ်က္ကလည္း ရွိပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနတို႔ ဘာတို႔ဆိုရင္ စာၾကည့္တိုက္ေတြ အေကာင္အထည္ေဖာ္ေနတာရွိတယ္။ ေနာက္စာအုပ္စာေပေတြကို လူေတြ မ်ားမ်ားဖတ္ေအာင္အတြက္ ေဆာင္႐ြက္ေနတာေလးေတြ ရွိတယ္။ ဒါကို တစ္ဖက္တစ္လွမ္းက အေကာင္အထည္ေဖာ္တဲ့ သေဘာျဖစ္ပါတယ္” ဟု ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္၏ တာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဦးျမင့္ႏိုင္ က ေျပာသည္။
အဆိုပါ အေရာင္းျပပြဲကို ေဖေဖာ္ဝါရီလ ၁၁ ရက္ မွ ေဖေဖာ္ဝါရီလ ၁၃ရက္ အထိ (၃)ရက္ က်င္းပမည္ျဖစ္ၿပီး မည္သူမဆို လာေရာက္ေလ့လာဝယ္ယူႏိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ စာေရးသူ ႏွင့္ စာဖတ္သူ ေတြ႕ဆုံျခင္းအစီအစဥ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။