လာမည့်ရက်ပိုင်း အယ်လ်ဘမ်အသစ် ထွက်ရှိလာမည့် BigBang အဖွဲ့ဝင် G-Dragon

 179

Pika (NP News) - ဖေဖော်ဝါရီ ၁၁

K-pop ကြယ်ပွင့်တစ်ဦးဖြစ်သည့် G-Dragon သည် ၎င်း၏တတိယမြောက် အယ်လ်ဘမ် အစအဆုံး Übermensch ကို လာမည့် ဖေဖော်ဝါရီလ(၂၅)ရက်တွင် ထွက်ရှိရန်စီစဉ်ထားကြောင်း သိရ သည်။ နာမည်ကြီး တောင်ကိုရီးယား ယောကျာ်းလေး တေးဂီတအဖွဲ့ BigBang ၏ ခေါင်းဆောင်ဖြစ်သည့် G-Dragon သည် ဖေဖော်ဝါရီလ(၄)ရက်တွင် ၎င်း၏အင်စတာဂရမ်အကောင့်မှာ teaser တစ်ခု ကို တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအယ်လ်ဘမ်သည် (၂၀၁၃)ခုနှစ် စက်တင်ဘာလတွင် ထွက်ရှိလာခဲ့သော G-Dragon ၏ Coup D'etat အယ်လ်ဘမ်နောက်ပိုင်း အချိန်(၁၁)နှစ်ကျော်အကြာတွင် ထွက်ရှိလာမည့် ပထမဆုံးအယ်လ်ဘမ်အစအဆုံးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။ G-Dragon ၏ ပထမဆုံးအယ်လ်ဘမ် Heartbreaker သည် (၂၀ဝ၉)ခုနှစ်တွင် ထွက်ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်တွင် G-Dragon သည် ၎င်း၏ယခင်အယ်လ် ဘမ်နှစ်ခု၏ ကာဗာများအပါအဝင် တတိယမြောက် အယ်လ်ဘမ်ကို ကိုယ်စားပြုသည့် ဓာတ်ပုံတစ်ခု နှင့် ပတ်သက်သည့် အင်စတာဂရမ်စတိုရီများစွာကို ဆက်တိုက်တင်ခဲ့ကြောင်းသိရသည်။ (၂၀၂၄)ခုနှစ် နိုဝင် ဘာလတွင် G-Dragon သည် Big Bang အဖွဲ့ဝင် Taeyang နှင့် Daesung တို့ပါဝင်သည့် Home Sweet Home သီချင်းကို ထုတ်ဝေခဲ့ကြောင်း လည်းသိရသည်။ အဆိုပါလမတိုင်မီအချိန်တွင် G-Dragon သည် အချိန်(၇)နှစ်အတွင်း ၎င်း၏ပထမဆုံးတစ် ကိုယ်တော် comeback ကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
လာမည့္ရက္ပိုင္း အယ္လ္ဘမ္အသစ္ ထြက္ရွိလာမည့္ BigBang အဖြဲ႕ဝင္ G-Dragon
Pika (NP News) - ေဖေဖာ္ဝါရီ ၁၁

K-pop ၾကယ္ပြင့္တစ္ဦးျဖစ္သည့္ G-Dragon သည္ ၎၏တတိယေျမာက္ အယ္လ္ဘမ္ အစအဆုံး Übermensch ကို လာမည့္ ေဖေဖာ္ဝါရီလ(၂၅)ရက္တြင္ ထြက္ရွိရန္စီစဥ္ထားေၾကာင္း သိရ သည္။ နာမည္ႀကီး ေတာင္ကိုရီးယား ေယာက်ာ္းေလး ေတးဂီတအဖြဲ႕ BigBang ၏ ေခါင္းေဆာင္ျဖစ္သည့္ G-Dragon သည္ ေဖေဖာ္ဝါရီလ(၄)ရက္တြင္ ၎၏အင္စတာဂရမ္အေကာင့္မွာ teaser တစ္ခု ကို တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအယ္လ္ဘမ္သည္ (၂၀၁၃)ခုႏွစ္ စက္တင္ဘာလတြင္ ထြက္ရွိလာခဲ့ေသာ G-Dragon ၏ Coup D'etat အယ္လ္ဘမ္ေနာက္ပိုင္း အခ်ိန္(၁၁)ႏွစ္ေက်ာ္အၾကာတြင္ ထြက္ရွိလာမည့္ ပထမဆုံးအယ္လ္ဘမ္အစအဆုံးတစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။ G-Dragon ၏ ပထမဆုံးအယ္လ္ဘမ္ Heartbreaker သည္ (၂၀ဝ၉)ခုႏွစ္တြင္ ထြက္ရွိခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

ေဖေဖာ္ဝါရီလ (၅)ရက္တြင္ G-Dragon သည္ ၎၏ယခင္အယ္လ္ ဘမ္ႏွစ္ခု၏ ကာဗာမ်ားအပါအဝင္ တတိယေျမာက္ အယ္လ္ဘမ္ကို ကိုယ္စားျပဳသည့္ ဓာတ္ပုံတစ္ခု ႏွင့္ ပတ္သက္သည့္ အင္စတာဂရမ္စတိုရီမ်ားစြာကို ဆက္တိုက္တင္ခဲ့ေၾကာင္းသိရသည္။ (၂၀၂၄)ခုႏွစ္ ႏိုဝင္ ဘာလတြင္ G-Dragon သည္ Big Bang အဖြဲ႕ဝင္ Taeyang ႏွင့္ Daesung တို႔ပါဝင္သည့္ Home Sweet Home သီခ်င္းကို ထုတ္ေဝခဲ့ေၾကာင္း လည္းသိရသည္။ အဆိုပါလမတိုင္မီအခ်ိန္တြင္ G-Dragon သည္ အခ်ိန္(၇)ႏွစ္အတြင္း ၎၏ပထမဆုံးတစ္ ကိုယ္ေတာ္ comeback ကို ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.