“ကျားဖျန့်” (သို့မဟုတ်) အစိုးရထက် ကရင်လက်နက်ကိုင်တို့ ပိုကြောက်ရတဲ့ တရုတ် “ဗိုင်းရပ်စ်”

 508

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၁

ကျားဖျန့်ဆိုသော စကားလုံးမှာ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် (၂၀၁၇-၂၀၁၈)ခုနှစ်ခန့်မှ စတင်ခေတ် စားလာသော စကားလုံးဖြစ်သည်။ “သူတို့က ကျားဖျန့် လုပ်တာ” ၊ “ ဒါကျားဖျန့်တွေ” စသည်ဖြင့် စကားလုံးများကို စတင်သုံးစွဲလာခဲ့ကြသော်လည်း ကနဦးတွင် မည်သူမျှ အဓိပ္ပာယ်ကိုမသိခဲ့ကြသေးပေ။

တရုတ်ဘာသာဖြင့် ကျားဖျန့်ဆိုသည်မှာ အကွက်ချလိမ်လည်မှုဟု အကြမ်းဖျင်းဘာသာပြန် နိုင်မည်ဖြစ်သော်လည်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင်မူ အင်တာနက်ကို အသုံးပြု လိမ်လည်သည့်လုပ်ငန်းဖြစ်ကြောင်း နားလည်ထားကြသည်။

ကျားဖျန့်နှင့်ပတ်သက်၍ ကနဦးအညှီနံ့ထွက်သောနေရာမှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် မှ တရုတ်နိုင်ငံသားအများစုဝင်ထွက်ရာ လောက် ကိုင်မြို့တွင်ဖြစ်သည်။ အဆိုပါမြို့မှ ကျားဖျန့် လုပ်ငန်း များအကြောင်း သတင်းများ သိုးသိုးသန့်သန့် ထွက်ရာမှ နောက်ပိုင်းတွင် ကျယ်ကျယ်လောင်လောင် ဖြစ် လာသည်။ ကာစီနို၊ လောင်းကစားရုံများကြောင့် နာမည်ကြီးသော လောက်ကိုင်သည် ကျားဖျန့်၏ ဗဟိုချက်မတစ်ခု ဖြစ်လာခဲ့သည်။

ကျားဖျန့်လုပ်ငန်းကို လုပ်ကိုင်သော တရုတ်တို့သည် တရုတ်နိုင်ငံအတွင်းသို့ အင်တာနက်မှပြန် လိမ်သည်။ ပြီးနောက် ကမ္ဘာပေါ်ကနိုင်ငံများကိုလိမ်သည်။ လိမ်လည်ရန်အတွက် လူစုဆောင်းရာတွင် အဓမ္မစေခိုင်းခြင်းများအထိဖြစ်လာပြီး လူကုန်ကူးမှု အထိပါ ရောက်ရှိလာခဲ့သည်။ ထိုအလုပ်များကို လွယ် လွယ်ကူကူလုပ်ရန် အတွက် ကျားဖျန့်များက ဒေသဆိုင်ရာ အာဏာပိုင်တို့ကို စည်းရုံးထားရန် လိုသည်။ ထို့အတွက်လည်း ခက်ခက်ခဲခဲမဟုတ်ပေ။ ပိုက်ဆံပေါနေသော ကျားဖျန့်များ၏လက်ချက်ဖြင့် အာဏာပိုင်များမှာ ငွေကျည်ဆန်၊ မူးယစ်ဆေးကျည်ဆန်၊ မိန်းမကျည်ဆန်များ ထိမှန်ကာ ကျားဖျန့် များရှေ့မှောက်တွင် အတုံးအရုံးလဲကျကုန်သည်။
လောက်ကိုင်မှ ကျားဖျန့်များအကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ ရာ တရုတ်နိုင်ငံက ၎င်းတို့အတွက် အရှက်ရစရာဖြစ်နေသည့် ကျားဖျန့်နှိမ်နင်းရေးအကြောင်း အာရုံစိုက် လာပြီးနောက် (၁၀၂၇) စစ်ဆင်ရေးဟုခေါ်သော မြောက်ပိုင်းသုံးဖွဲ့၏တိုက်ခိုက်မှုများထွက်ပေါ်လာခဲ့ သည်။ MNDAA ၏ ကြွေးကြော်ချက်မှာလည်း ကျားဖျန့်တိုက်ဖျက်ရေးဟူ၏။ MNDAA က မြို့ကို တိုက် မည်ဟုဆိုပြီးနောက် လောက်ကိုင်မြို့သို့ တရုတ်နိုင်ငံမှ ပေးပို့နေသော လျှပ်စစ်ဓာတ်အား ဖြတ်တောက် သည်။ မီးမလာသောကြောင့် ရေလည်းမလာတော့။ ထို့အတူ ကုန်ဈေးနှုန်းလည်းကြီးမြင့်ခဲ့ပြီး အားလုံး သိကြသည့်အတိုင်း လောက်ကိုင်သည် MNDAA အောက် ကျရောက်သွားခဲ့သည်။ ထို့အတူ ကျားဖျန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများ ဖမ်းဆီးခံရသည်။

ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိကခေါင်းဆောင်ဖြစ်သော ဦးပယ်စောက်ချိန် အပါအဝင် ကိုးကန့်မှ နာမည်ကျော်မိသားစုလေးစုမှ မိသားစုဝင် များကိုလည်း တရုတ်အစိုးရက ဖမ်းမိခဲ့ သည်။ “မိသားစုလေးစုကို ဖမ်းမိပြီးစစ်ဆေးတာနဲ့တင် အမေရိကန် ဒေါ်လာ(၄၀) ဘီလျံ လောက် ရတယ် ပြောတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျားဖျန့်များ လုံးဝ ကင်းရှင်းသွားခဲ့၏။ ယင်း ကျားဖျန်လုပ်ငန်း များအနက် အချို့က မြန်မာ-ထိုင်း နယ်စပ်ဘက်ကို ရွှေ့ပြောင်းလာသည်ဟု ဆိုသည်။ မြဝတီမြို့နယ်က KK Park နှင့် ရွှေကုက္ကိုတို့တွင် မူလကပင် တရုတ်နိုင်ငံသားများ၏ လောင်းကစားရုံများအပြင် ကျားဖျန့် အလုပ်ရုံများ ရှိပြီဖြစ်သည်။ KK Park ဆိုသောအမည်မှာ (၂၀၁၉) ခုနှစ်ခန့်မှစတင်ကာ နိုင်ငံတကာ သတင်းမီဒီယာများထက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာခြင်းဖြစ်ပြီး အဓမ္မစေခိုင်းခြင်း၊ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်းများအတွက် နာမည်ဆိုးထွက်နေသောနေရာ ဖြစ်သည်။

အွန်လိုင်းမှလိမ်လည်သည့်လုပ်ငန်းများကို လုပ်ရန်အတွက် အခြားနိုင်ငံမှနိုင်ငံသားများကို မက် လုံးပေးကာ ဆွယ်သည်။ သို့ဖြင့် ယင်းနေရာများမှ သက်ဆိုင်ရာနိုင်ငံသားများကို ကယ်ထုတ်ကြောင်း သတင်းများ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။ အထက်ပါ ရွှေကုက္ကိုနှင့် KK Park နေရာတို့မှာ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဟုခေါ် သော BGF များ ကြီးစိုးရာနေရာဖြစ်သော်လည်း နယ်မြေအခြေအနေက ရှုပ်ထွေးနေသည်။ KNU လည်း ရှိသည်။ DKBA လည်းရှိသည်။ ထို့ပြင် အခြားလက်နက်ကိုင်များကလည်းရှိနေရာ ရှုပ်ထွေးသောအနေ အထားဟု ဆိုနိုင်မည်ဖြစ်သည်။

လောက်ကိုင်ဒေသမှ ကျားဖျန့်များ နှိမ်နင်းခံရပြီး ချိန်တွင် BGF များဘက်မှ ၎င်းတို့အနေဖြင့် BGF အနေဖြင့် မဟုတ်ဘဲ KNA ဟုခေါ်သော Karen National Army ဗမာပ အဖြစ် သီးခြား ရပ်တည် တော့မည်ဖြစ်ကြောင်း အသံထွက်လာသည်။ ထို့အတွက် KNA အဖြစ် အမည်ပြောင်းပါက ကျားဖျန့် အလုပ်ရုံများ၊ လောင်ကစားရုံများ၊ နယ်စပ်ဂိတ်များကရသော ငွေများဖြင့် ဆက်လက်လည်ပတ်နိုင် ဖွယ်ရှိကြောင်း သုံးသပ်ချက်များလည်း ရှိခဲ့သည်။

သို့သော် BGF ဘက်ကလည်း ၎င်းတို့ အနေဖြင့် ရွှေကုက္ကိုသည် အိမ်ရာစီမံကိန်းတစ်ခု အနေဖြင့် သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သူ ထောင်ဂဏန်းကိုသက်ဆိုင်ရာ နိုင်ငံများ ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသားများကိုလည်း သက်ဆိုင်ရာတရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း ယခင်က ပြောကြားခဲ့သည်။

အထက်ပါ ရွှေကုက္ကို၊ KK Park နေရာများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအောက်ကလည်း လွတ်နေ တဲ့ နေရာအမျိုးအစားမျိုးလည်း ဖြစ်တယ်။ ဒါ့ပြင် ပြောရမယ်ဆိုရင် အဲဒီနေရာမှာအစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား အောက်က လွတ်နေတဲ့အပြင် ကျန်တဲ့အုပ်ချုပ်မှု ယန္တရားလည်း ခိုင်ခိုင်မာမာရှိလားဆိုတော့ ကျန်တဲ့ အုပ်ချုပ်မှု ယန္တရားအနေနဲ့လည်း ခိုင်ခိုင်မာမာမရှိတဲ့နေရာ ဖြစ်တယ် ”ဟု NP News သို့ ဖြေ ကြားထားခဲ့ဖူးသေးသည်။

ယင်းနေရာသည် တရုတ်သရုပ်ဆောင် ဝမ်ရှင်း၏ပြဿနာ ပေါ်ပေါက်လာပြီးနောက် နိုင်ငံ တကာတွင် အာရုံစိုက်မှု တိုးပွားလာသည်။ ဝမ်ရှင်း၏ ပြဿနာ အပြီးတွင် ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံသား များ သာမက အခြားနိုင်ငံများမှ ခရီးသွားများပါ လာရောက်ရန် တွန့်သွားကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အတွက် ကျားဖျန့်ကို တားဆီးပြရန်မှာ သေရေးရှင်ရေးတမျှ လိုလာသည်။ တရုတ်နိုင်ငံကလည်း မြန်မာ - ထိုင်း နယ်စပ်မှ ကျားဖျန့်အရေးနှင့်ပတ်သက်၍ ပိုမို ဖိဖိစီးစီး ပုံပြလာသည်။

“တကယ်က ဒီမှာ ရောင်းစားခံရတယ်ဆိုတဲ့သူတွေရော တရုတ်တွေရော အများစုကထိုင်းဘက် ကနေ (၉၅) ရာခိုင်နှုန်းလောက် လာကြတာများ တယ်။ မြန်မာဘက်ကလာတယ်ဆိုတာက တော်တော် နည်းတယ်” ဟု မြဝတီမြို့ခံ တစ်ဦးက ဆိုသည်။ ကျားဖျန့် လုပ်ငန်းအတွက် နာမည်ကြီးနေသော KK Park နှင့် ရွှေကုက္ကိုတို့ကိုတည်ဆောက်ရန် အတွက် ထိုင်းနိုင်ငံဘက်မှ ပစ္စည်းများ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း DKBA နှင့် နီးစပ်သူတစ်ဦးက ဆို သည်။ “ဒီဟာတွေ ကြီးထွာလာတယ်ဆိုတာ ဆောက်လုပ်ရေးတွေ ဘာတွေက ထိုင်းကပဲ ဝင်လာတာပဲ လေ။ သူတို့ပဲ လုပ်စားနေတာ” ဟု ဆိုသည်။ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက် မှုစင်တာ(LMLECC) ကလည်း ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် (၆)နိုင်ငံ မှ တရားဥပဒေ စိုးမိုးရေးဌာနများ ပါဝင်ကာ ယခုနှစ် သင့်လျော်သောအချိန်ကောင်းတွင် “ဇင်ယော်” ပူး ပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက် ရာဇဝတ်မှုများကို အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဆိုလာသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဘက်ကလည်း မြဝတီမြို့နယ်မှ ကျားဖျန့်လုပ်ငန်းများနှင့် ပတ်သက်၍ ယင်း ဒေသများအတွက် Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာ နက်လိုင်း အဆက်အသွယ်ကို မြန်မာနိုင်ငံ အတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူ နေခြင်းဖြစ်ပြီး အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှု အများစုသည်လည်း ပြည်ပ အဖွဲ့အစည်း များမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းထုတ်ပြန်သည်။
Online ဘက်ကလည်း တရုတ်လောင်းကစားရုံလုပ်ငန်းရှင်များကို ဇန်နဝါရီ (၁၅)ရက်တွင် တွေ့ ဆုံကာ လူကုန်ကူးပြီးရောင်းစားခြင်း၊ နှိပ်စက်ညှဉ်းပန်း ခြင်း၊ ပြန်ပေးဆွဲပြီး ငွေအဆမတန် တောင်းခြင်း၊ ကလေးလုပ်သားခိုင်းခြင်း၊ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လည်ရန် သွေးဆောင်ခြင်းများမပြုလုပ်ရန် စသည်ဖြင့် ခေါ်ပြောသည်။

ထို့ပြင် ကျားဖျန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များ၊ ကိုယ်စားလှယ်နှင့် လက်တွဲမည်ဖြစ်ကြောင်း ဇန်နဝါရီလကထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလ (၆)ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထပ်မံ ထုတ်ပြန်ရာ ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် BGF ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် (၂၀၁၈/ ဝ၉၉) ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ် နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ကြောင်း၊ ြွၤ အနေဖြင့် ယင်းစီမံကိန်းများတွင် ပါဝင်ရင်းနှီး မြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်းဆို ထားသည်။

ထို့ပြင် လူကုန်ကူးခံရသည့်ဖြစ်စဉ်များကို အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဖော်ထုတ်ကူညီပေးလျက်ရှိပြီး (၂၀၂၃)ခုနှစ်မှ လက်ရှိအချိန်ထိ လူကုန်ကူးခံရသူပေါင်း (၂၀ဝဝ) ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

တရုတ်မှ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးက ထိုင်းနိုင်ငံသွားပြီးနောက် လက်ရှိတွင် မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်တို့ကို လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများကို ထိုင်းဘက်မှ ဖြတ် တောက်ထားသည်။ ထို့ကြောင့် မြဝတီနှင့် ဘုရားသုံး ဆူဘက်တွင်မူ စက်သုံးဆီကိုတန်းစီတိုးဝှေ့ဝယ် ယူနေရသည်။ “ထိုင်းက ကျားဖျန့်တွေကိုတားဖို့ဆိုပြီး မီးဖျက်တယ်။ လောင်စာဆီတားတယ်။ ဒါပေမဲ့ ဒါက ခုတ်ရာ တလွဲဖြစ်နေတာ။ တကယ်ထိခိုက်တာက ပြည်သူတွေပဲ။ ကျားဖျန့်တို့ လောင်းကစား အလုပ်ရုံတွေမှာက ဆိုလာလည်း ရှိတယ်။ ပြီးတော့ မီးစက်တွေနဲ့လေ” ဟု မြဝတီမြို့ခံတစ်ဦးက ဆို သည်။ BGF အနေဖြင့် ယခုအခါ မည်သည့်ဘက်တွင် ရပ်တည်နေသနည်း ဆိုသောအချက်မှာ မေးခွန်း ထွက်ပေါ်လာသည်။ BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူအနေဖြင့် ရွေးရတော့မည်ဖြစ်သည်။

“ဒီအတိုင်းနေခြင်းသည် BGF အတိုင်းသည် တပ်ချုပ်ကြီးတို့ဘက်ကလည်း ကိုယ့်သားသမီးကိုယ် ဆုံးမမယ်ဆိုတဲ့ အတိုင်းပဲသွား။ (နယ်မြေ) မပျက်စီးဘူး။ တည်ငြိမ်အေးချမ်းမယ်။ တပ်ကလည်း ရာဇသံ ပေးထားတယ်လေ မင်းတို့ KNA လုပ်မလား၊ သတ္တိရှိရင်လုပ်၊ မင်းတို့ BGF လုပ်မလား လုပ်မယ်ဆို ငါ မိဘပဲ။ ငါထိန်းမယ် အဲဒီသဘောပဲ။ အဲဒီအတွက် ညှိနှိုင်းမှုတွေ လုပ်နေရတယ်လို့ သိရတယ်” ဟု အထက် ပါ DKBA နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် KNA နှင့် BGF လွန်ဆွဲရာတွင် BGF ဖြစ်ရေးအတွက် လွန်ဆွဲနေသော်လည်း BGF က အလေးသာနေသော အနေအထားဖြစ်ကြောင်းလည်း သုံးသပ်ရကြောင်း ၎င်းက ဆိုသည်။
BGF အပြင် KK Park ဒေသရှိ ကျားဖျန့် ကိစ္စရပ်များကို KNU က ထိုင်း၊ တရုတ်တို့နှင့် ပူးပေါင်း နှိမ်နင်းမည်ဟု ယခင်က ပြောကြားထားရာ အဆိုပါ စကားနှင့်ပတ်သက်၍ KNU ၏ ထိုသို့ ပြော ကြား ချက်သည် KNU နှင့် ကုမ္ပဏီတစ်ခု လက်မှတ်ထိုးဆောင်ရွက်ခဲ့သော နေရာဖြစ်ကြောင်းနှင့် ထိုသို့ ပြော ကြားခြင်းသည် ဗြောင်လိမ်ဗြောင်စား လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့်နှစ်အတွင်းက ပြောကြားထားဖူးသည်။
KNU အနေဖြင့် လက်ရှိတွင် ကျားဖျန့်အရေး အနည်းငယ် အသံတိတ်ပြီး စောင့်ကြည့်နေသည်ဟု ဆိုရမည့်အနေအထား ဖြစ်သည်။ DKBA ဘက်ကလည်း မြဝတီမြို့ပေါ်ရှိ လောင်းကစားရုံများကို စစ် ဆေးပိတ်သိမ်းမှုများလုပ်သည်။ အချို့သတင်းများအရ မြဝတီဘက်က တရုတ်နိုင်ငံသားအချို့ ဘုရား သုံးဆူမြို့ဘက် ရောက်လာသည်ဟုလည်းဆိုသည်။

“ကျားဖျန့်တွေကတော့ အကြီးပိုင်းတွေက တဖြည်းဖြည်းထွက်သွားမယ်နဲ့တူတယ်” ဟု အထက် ပါ DKBA နှင့် နီးစပ်သောသတင်းရင်းမြစ်က ဆိုသည်။ ထိုင်းဘက်ကလည်း ကျားဖျန့်အတွက် ဆောင်ရွက်ချက်များကြောင့် မျက်နှာပန်းပွင့်နေသည်။ ကျားဖျန့်ဖြင့်စသော ရွှေကုက္ကိုအရေးသည် ကျားဖျန့်ဖြင့်ပင် အဆုံးသတ်သွားဖွယ်ရှိသည်။ သို့မဟုတ် ထပ်မံ တွေးတောမည်ဆိုပါက ကရင်ပြည်နယ်၏ လက်နက်ကိုင်အရေးသည်ပင် ငြိမ်းသွားဖွယ် ရှိနေ သည်။ “ DKBA အနေနဲ့ အစိုးရအောက် ခိုဝင်ပြီး သုံးနိုင်ငံပေါင်းပြီးတော့ ကျားဖျန့်ကို ရှင်းလိုက်တာမျိုး ပေါ့။ မြန်မာအစိုးရအနေနဲ့ကလည်း ဒီဟာကို အကွက်ကောင်းယူပြီးတော့ လက်နက်ကိုင်အရေးကို ငြိမ်သွားအောင် လုပ်လို့ရတယ်လေ။ တရုတ်ကလည်း အကျိုးရှိတယ်။ ထိုင်းအတွက်လည်း အကျိုးရှိ တယ်။ KNU အတွက်ဆိုလည်း အရင်လို နေရာပေးတာမျိုးလည်း ရှိလာနိုင်တာပေါ့။ DKBA အတွက် ကျတော့လည်း ဂိတ်တွေကို ပြန်ဖွင့်ဖို့နေရာပေးတာမျိုး။ အရင်လိုတည်ငြိမ်တဲ့အခြေအနေ ဖြစ်သွားနိုင် တယ်” ဟု အထက်ပါ နိုင်ငံရေး သုံးသပ်လေ့လာသူ သတင်းရင်းမြစ်က ဆိုသည်။ ကျားဖျန့်အရေးကို ကိုင်တွယ်ရင်း ကရင်ပြည်နယ်တွင် လက်နက်ကိုင် ချုပ်ငြိမ်းသွားမည်လားဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ အခြေအနေကား ပိတ်ကားပေါ်တွင် အချိန်တန်လျှင် ပေါ်လာတော့မည်ဖြစ်သည်။

zawgyi version
“က်ားဖ်န႔္” (သို႔မဟုတ္) အစိုးရထက္ ကရင္လက္နက္ကိုင္တို႔ ပိုေၾကာက္ရတဲ့ တ႐ုတ္ “ဗိုင္းရပ္စ္”
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၁

က်ားဖ်န႔္ဆိုေသာ စကားလုံးမွာ ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ (၂၀၁၇-၂၀၁၈)ခုႏွစ္ခန႔္မွ စတင္ေခတ္ စားလာေသာ စကားလုံးျဖစ္သည္။ “သူတို႔က က်ားဖ်န႔္ လုပ္တာ” ၊ “ ဒါက်ားဖ်န႔္ေတြ” စသည္ျဖင့္ စကားလုံးမ်ားကို စတင္သုံးစြဲလာခဲ့ၾကေသာ္လည္း ကနဦးတြင္ မည္သူမွ် အဓိပၸာယ္ကိုမသိခဲ့ၾကေသးေပ။

တ႐ုတ္ဘာသာျဖင့္ က်ားဖ်န႔္ဆိုသည္မွာ အကြက္ခ်လိမ္လည္မႈဟု အၾကမ္းဖ်င္းဘာသာျပန္ ႏိုင္မည္ျဖစ္ေသာ္လည္း ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္မူ အင္တာနက္ကို အသုံးျပဳ လိမ္လည္သည့္လုပ္ငန္းျဖစ္ေၾကာင္း နားလည္ထားၾကသည္။

က်ားဖ်န႔္ႏွင့္ပတ္သက္၍ ကနဦးအညႇီနံ႔ထြက္ေသာေနရာမွာ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံနယ္စပ္ မွ တ႐ုတ္ႏိုင္ငံသားအမ်ားစုဝင္ထြက္ရာ ေလာက္ ကိုင္ၿမိဳ႕တြင္ျဖစ္သည္။ အဆိုပါၿမိဳ႕မွ က်ားဖ်န႔္ လုပ္ငန္း မ်ားအေၾကာင္း သတင္းမ်ား သိုးသိုးသန႔္သန႔္ ထြက္ရာမွ ေနာက္ပိုင္းတြင္ က်ယ္က်ယ္ေလာင္ေလာင္ ျဖစ္ လာသည္။ ကာစီႏို၊ ေလာင္းကစား႐ုံမ်ားေၾကာင့္ နာမည္ႀကီးေသာ ေလာက္ကိုင္သည္ က်ားဖ်န႔္၏ ဗဟိုခ်က္မတစ္ခု ျဖစ္လာခဲ့သည္။

က်ားဖ်န႔္လုပ္ငန္းကို လုပ္ကိုင္ေသာ တ႐ုတ္တို႔သည္ တ႐ုတ္ႏိုင္ငံအတြင္းသို႔ အင္တာနက္မွျပန္ လိမ္သည္။ ၿပီးေနာက္ ကမာၻေပၚကႏိုင္ငံမ်ားကိုလိမ္သည္။ လိမ္လည္ရန္အတြက္ လူစုေဆာင္းရာတြင္ အဓမၼေစခိုင္းျခင္းမ်ားအထိျဖစ္လာၿပီး လူကုန္ကူးမႈ အထိပါ ေရာက္ရွိလာခဲ့သည္။ ထိုအလုပ္မ်ားကို လြယ္ လြယ္ကူကူလုပ္ရန္ အတြက္ က်ားဖ်န႔္မ်ားက ေဒသဆိုင္ရာ အာဏာပိုင္တို႔ကို စည္း႐ုံးထားရန္ လိုသည္။ ထို႔အတြက္လည္း ခက္ခက္ခဲခဲမဟုတ္ေပ။ ပိုက္ဆံေပါေနေသာ က်ားဖ်န႔္မ်ား၏လက္ခ်က္ျဖင့္ အာဏာပိုင္မ်ားမွာ ေငြက်ည္ဆန္၊ မူးယစ္ေဆးက်ည္ဆန္၊ မိန္းမက်ည္ဆန္မ်ား ထိမွန္ကာ က်ားဖ်န႔္ မ်ားေရွ႕ေမွာက္တြင္ အတုံးအ႐ုံးလဲက်ကုန္သည္။
ေလာက္ကိုင္မွ က်ားဖ်န႔္မ်ားအေၾကာင္း သတင္းမ်ား က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့ ရာ တ႐ုတ္ႏိုင္ငံက ၎တို႔အတြက္ အရွက္ရစရာျဖစ္ေနသည့္ က်ားဖ်န႔္ႏွိမ္နင္းေရးအေၾကာင္း အာ႐ုံစိုက္ လာၿပီးေနာက္ (၁၀၂၇) စစ္ဆင္ေရးဟုေခၚေသာ ေျမာက္ပိုင္းသုံးဖြဲ႕၏တိုက္ခိုက္မႈမ်ားထြက္ေပၚလာခဲ့ သည္။ MNDAA ၏ ေႂကြးေၾကာ္ခ်က္မွာလည္း က်ားဖ်န႔္တိုက္ဖ်က္ေရးဟူ၏။ MNDAA က ၿမိဳ႕ကို တိုက္ မည္ဟုဆိုၿပီးေနာက္ ေလာက္ကိုင္ၿမိဳ႕သို႔ တ႐ုတ္ႏိုင္ငံမွ ေပးပို႔ေနေသာ လွ်ပ္စစ္ဓာတ္အား ျဖတ္ေတာက္ သည္။ မီးမလာေသာေၾကာင့္ ေရလည္းမလာေတာ့။ ထို႔အတူ ကုန္ေဈးႏႈန္းလည္းႀကီးျမင့္ခဲ့ၿပီး အားလုံး သိၾကသည့္အတိုင္း ေလာက္ကိုင္သည္ MNDAA ေအာက္ က်ေရာက္သြားခဲ့သည္။ ထို႔အတူ က်ားဖ်န႔္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ား ဖမ္းဆီးခံရသည္။

ကိုးကန႔္ေဒသ အြန္လိုင္းလိမ္လည္မႈအဖြဲ႕၏ အဓိကေခါင္းေဆာင္ျဖစ္ေသာ ဦးပယ္ေစာက္ခ်ိန္ အပါအဝင္ ကိုးကန႔္မွ နာမည္ေက်ာ္မိသားစုေလးစုမွ မိသားစုဝင္ မ်ားကိုလည္း တ႐ုတ္အစိုးရက ဖမ္းမိခဲ့ သည္။ “မိသားစုေလးစုကို ဖမ္းမိၿပီးစစ္ေဆးတာနဲ႔တင္ အေမရိကန္ ေဒၚလာ(၄၀) ဘီလ်ံ ေလာက္ ရတယ္ ေျပာတယ္” ဟု ျဖစ္စဥ္ကို သိရွိသူ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ က်ားဖ်န႔္မ်ား လုံးဝ ကင္းရွင္းသြားခဲ့၏။ ယင္း က်ားဖ်န္လုပ္ငန္း မ်ားအနက္ အခ်ိဳ႕က ျမန္မာ-ထိုင္း နယ္စပ္ဘက္ကို ေ႐ႊ႕ေျပာင္းလာသည္ဟု ဆိုသည္။ ျမဝတီၿမိဳ႕နယ္က KK Park ႏွင့္ ေ႐ႊကုကၠိဳတို႔တြင္ မူလကပင္ တ႐ုတ္ႏိုင္ငံသားမ်ား၏ ေလာင္းကစား႐ုံမ်ားအျပင္ က်ားဖ်န႔္ အလုပ္႐ုံမ်ား ရွိၿပီျဖစ္သည္။ KK Park ဆိုေသာအမည္မွာ (၂၀၁၉) ခုႏွစ္ခန႔္မွစတင္ကာ ႏိုင္ငံတကာ သတင္းမီဒီယာမ်ားထက္တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ပါဝင္လာျခင္းျဖစ္ၿပီး အဓမၼေစခိုင္းျခင္း၊ လူကုန္ကူးျခင္း၊ ျပန္ေပးဆြဲျခင္းမ်ားအတြက္ နာမည္ဆိုးထြက္ေနေသာေနရာ ျဖစ္သည္။

အြန္လိုင္းမွလိမ္လည္သည့္လုပ္ငန္းမ်ားကို လုပ္ရန္အတြက္ အျခားႏိုင္ငံမွႏိုင္ငံသားမ်ားကို မက္ လုံးေပးကာ ဆြယ္သည္။ သို႔ျဖင့္ ယင္းေနရာမ်ားမွ သက္ဆိုင္ရာႏိုင္ငံသားမ်ားကို ကယ္ထုတ္ေၾကာင္း သတင္းမ်ား မၾကာခဏ ထြက္ေပၚလာေလ့ရွိသည္။ အထက္ပါ ေ႐ႊကုကၠိဳႏွင့္ KK Park ေနရာတို႔မွာ နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) ဟုေခၚ ေသာ BGF မ်ား ႀကီးစိုးရာေနရာျဖစ္ေသာ္လည္း နယ္ေျမအေျခအေနက ရႈပ္ေထြးေနသည္။ KNU လည္း ရွိသည္။ DKBA လည္းရွိသည္။ ထို႔ျပင္ အျခားလက္နက္ကိုင္မ်ားကလည္းရွိေနရာ ရႈပ္ေထြးေသာအေန အထားဟု ဆိုႏိုင္မည္ျဖစ္သည္။

ေလာက္ကိုင္ေဒသမွ က်ားဖ်န႔္မ်ား ႏွိမ္နင္းခံရၿပီး ခ်ိန္တြင္ BGF မ်ားဘက္မွ ၎တို႔အေနျဖင့္ BGF အေနျဖင့္ မဟုတ္ဘဲ KNA ဟုေခၚေသာ Karen National Army ဗမာပ အျဖစ္ သီးျခား ရပ္တည္ ေတာ့မည္ျဖစ္ေၾကာင္း အသံထြက္လာသည္။ ထို႔အတြက္ KNA အျဖစ္ အမည္ေျပာင္းပါက က်ားဖ်န႔္ အလုပ္႐ုံမ်ား၊ ေလာင္ကစား႐ုံမ်ား၊ နယ္စပ္ဂိတ္မ်ားကရေသာ ေငြမ်ားျဖင့္ ဆက္လက္လည္ပတ္ႏိုင္ ဖြယ္ရွိေၾကာင္း သုံးသပ္ခ်က္မ်ားလည္း ရွိခဲ့သည္။

သို႔ေသာ္ BGF ဘက္ကလည္း ၎တို႔ အေနျဖင့္ ေ႐ႊကုကၠိဳသည္ အိမ္ရာစီမံကိန္းတစ္ခု အေနျဖင့္ သာ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ေငြလိမ္ဂိုဏ္းမ်ားႏွင့္ ပတ္သက္သူ ေထာင္ဂဏန္းကိုသက္ဆိုင္ရာ ႏိုင္ငံမ်ား ထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံသားမ်ားကိုလည္း သက္ဆိုင္ရာတ႐ုတ္ႏိုင္ငံထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း ယခင္က ေျပာၾကားခဲ့သည္။

အထက္ပါ ေ႐ႊကုကၠိဳ၊ KK Park ေနရာမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက “ အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရားေအာက္ကလည္း လြတ္ေန တဲ့ ေနရာအမ်ိဳးအစားမ်ိဳးလည္း ျဖစ္တယ္။ ဒါ့ျပင္ ေျပာရမယ္ဆိုရင္ အဲဒီေနရာမွာအစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရား ေအာက္က လြတ္ေနတဲ့အျပင္ က်န္တဲ့အုပ္ခ်ဳပ္မႈ ယႏၲရားလည္း ခိုင္ခိုင္မာမာရွိလားဆိုေတာ့ က်န္တဲ့ အုပ္ခ်ဳပ္မႈ ယႏၲရားအေနနဲ႔လည္း ခိုင္ခိုင္မာမာမရွိတဲ့ေနရာ ျဖစ္တယ္ ”ဟု NP News သို႔ ေျဖ ၾကားထားခဲ့ဖူးေသးသည္။

ယင္းေနရာသည္ တ႐ုတ္သ႐ုပ္ေဆာင္ ဝမ္ရွင္း၏ျပႆနာ ေပၚေပါက္လာၿပီးေနာက္ ႏိုင္ငံ တကာတြင္ အာ႐ုံစိုက္မႈ တိုးပြားလာသည္။ ဝမ္ရွင္း၏ ျပႆနာ အၿပီးတြင္ ထိုင္းႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံသား မ်ား သာမက အျခားႏိုင္ငံမ်ားမွ ခရီးသြားမ်ားပါ လာေရာက္ရန္ တြန႔္သြားၾကသည္။ ထို႔ေၾကာင့္ ထိုင္းႏိုင္ငံ အတြက္ က်ားဖ်န႔္ကို တားဆီးျပရန္မွာ ေသေရးရွင္ေရးတမွ် လိုလာသည္။ တ႐ုတ္ႏိုင္ငံကလည္း ျမန္မာ - ထိုင္း နယ္စပ္မွ က်ားဖ်န႔္အေရးႏွင့္ပတ္သက္၍ ပိုမို ဖိဖိစီးစီး ပုံျပလာသည္။

“တကယ္က ဒီမွာ ေရာင္းစားခံရတယ္ဆိုတဲ့သူေတြေရာ တ႐ုတ္ေတြေရာ အမ်ားစုကထိုင္းဘက္ ကေန (၉၅) ရာခိုင္ႏႈန္းေလာက္ လာၾကတာမ်ား တယ္။ ျမန္မာဘက္ကလာတယ္ဆိုတာက ေတာ္ေတာ္ နည္းတယ္” ဟု ျမဝတီၿမိဳ႕ခံ တစ္ဦးက ဆိုသည္။ က်ားဖ်န႔္ လုပ္ငန္းအတြက္ နာမည္ႀကီးေနေသာ KK Park ႏွင့္ ေ႐ႊကုကၠိဳတို႔ကိုတည္ေဆာက္ရန္ အတြက္ ထိုင္းႏိုင္ငံဘက္မွ ပစၥည္းမ်ား တင္သြင္းခဲ့ျခင္း ျဖစ္ေၾကာင္း DKBA ႏွင့္ နီးစပ္သူတစ္ဦးက ဆို သည္။ “ဒီဟာေတြ ႀကီးထြာလာတယ္ဆိုတာ ေဆာက္လုပ္ေရးေတြ ဘာေတြက ထိုင္းကပဲ ဝင္လာတာပဲ ေလ။ သူတို႔ပဲ လုပ္စားေနတာ” ဟု ဆိုသည္။ လန္ခ်န္း-မဲေခါင္ တရားဥပေဒစိုးမိုးေရးပူးေပါင္း ေဆာင္႐ြက္ မႈစင္တာ(LMLECC) ကလည္း ကေမာၻဒီးယား၊ တ႐ုတ္၊ လာအို၊ ျမန္မာ၊ ထိုင္း၊ ဗီယက္နမ္ စသည့္ (၆)ႏိုင္ငံ မွ တရားဥပေဒ စိုးမိုးေရးဌာနမ်ား ပါဝင္ကာ ယခုႏွစ္ သင့္ေလ်ာ္ေသာအခ်ိန္ေကာင္းတြင္ “ဇင္ေယာ္” ပူး ေပါင္းလႈပ္ရွားမႈ ဒုတိယအပိုင္းကို စတင္သြားမည္ျဖစ္ၿပီး ဆက္သြယ္ေရးလိမ္လည္မႈႏွင့္ ကြင္းဆက္ ရာဇဝတ္မႈမ်ားကို အဆက္မျပတ္ အာ႐ုံစိုက္ တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း ဆိုလာသည္။ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကလည္း ျမဝတီၿမိဳ႕နယ္မွ က်ားဖ်န႔္လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ယင္း ေဒသမ်ားအတြက္ Online လိမ္လည္မႈ၏ အေျခခံလိုအပ္ခ်က္ျဖစ္သည့္ လွ်ပ္စစ္ဓာတ္အားႏွင့္ အင္တာ နက္လိုင္း အဆက္အသြယ္ကို ျမန္မာႏိုင္ငံ အတြင္းမွ ရရွိျခင္းမဟုတ္ဘဲ တစ္ဖက္ႏိုင္ငံမွတစ္ဆင့္ ရယူ ေနျခင္းျဖစ္ၿပီး အေျခခံအေဆာက္အအုံမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားစုသည္လည္း ျပည္ပ အဖြဲ႕အစည္း မ်ားမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ထည့္သြင္းထုတ္ျပန္သည္။
Online ဘက္ကလည္း တ႐ုတ္ေလာင္းကစား႐ုံလုပ္ငန္းရွင္မ်ားကို ဇန္နဝါရီ (၁၅)ရက္တြင္ ေတြ႕ ဆုံကာ လူကုန္ကူးၿပီးေရာင္းစားျခင္း၊ ႏွိပ္စက္ညႇဥ္းပန္း ျခင္း၊ ျပန္ေပးဆြဲၿပီး ေငြအဆမတန္ ေတာင္းျခင္း၊ ကေလးလုပ္သားခိုင္းျခင္း၊ အြန္လိုင္းအသုံးျပဳၿပီး ေငြလိမ္လည္ရန္ ေသြးေဆာင္ျခင္းမ်ားမျပဳလုပ္ရန္ စသည္ျဖင့္ ေခၚေျပာသည္။

ထို႔ျပင္ က်ားဖ်န႔္တိုက္ဖ်က္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရအပါအဝင္ ႏိုင္ငံတကာ အဖြဲ႕အစည္း မ်ား၊ ကိုယ္စားလွယ္ႏွင့္ လက္တြဲမည္ျဖစ္ေၾကာင္း ဇန္နဝါရီလကထုတ္ျပန္ၿပီးေနာက္ ေဖေဖာ္ဝါရီလ (၆)ရက္တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထပ္မံ ထုတ္ျပန္ရာ ကရင္ျပည္နယ္၊ နယ္စပ္ေဒသမ်ားတြင္ BGF ေဆာင္႐ြက္ခဲ့ေသာ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈစီမံကိန္းမ်ားသည္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ႏိုင္ငံေတာ္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္ (၂၀၁၈/ ဝ၉၉) ျဖင့္ စတင္ေဆာင္႐ြက္ခဲ့ေသာ အိမ္ရာ၊ ဟိုတယ္ ႏွင့္ အပန္းေျဖရိပ္သာ စီမံကိန္းမ်ားျဖစ္ေၾကာင္း၊ ျြၤ အေနျဖင့္ ယင္းစီမံကိန္းမ်ားတြင္ ပါဝင္ရင္းႏွီး ျမႇဳပ္ႏွံသည့္ အက်ိဳးတူလုပ္ငန္းရွင္အျဖစ္မဟုတ္ဘဲ ေျမငွားရမ္းသည့္ေျမရွင္သာျဖစ္ေၾကာင္းဆို ထားသည္။

ထို႔ျပင္ လူကုန္ကူးခံရသည့္ျဖစ္စဥ္မ်ားကို အစိုးရ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းကာ ေဖာ္ထုတ္ကူညီေပးလ်က္ရွိၿပီး (၂၀၂၃)ခုႏွစ္မွ လက္ရွိအခ်ိန္ထိ လူကုန္ကူးခံရသူေပါင္း (၂၀ဝဝ) ေက်ာ္ကို သက္ဆိုင္ရာႏိုင္ငံအလိုက္ ဆက္သြယ္ကာ ေနရပ္ျပန္ပို႔ရန္ ကူညီေဆာင္႐ြက္ေပးခဲ့ၿပီး ဆက္လက္၍ တရားမဝင္ ရာဇဝတ္မႈမ်ားကို အစိုးရ၊ ႏိုင္ငံတကာတို႔ႏွင့္ ပူးေပါင္းလက္တြဲ တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း ဆိုသည္။

တ႐ုတ္မွ ျပည္သူ႔လုံၿခဳံေရး ဒုတိယဝန္ႀကီးက ထိုင္းႏိုင္ငံသြားၿပီးေနာက္ လက္ရွိတြင္ ျမဝတီ၊ ဘုရားသုံးဆူႏွင့္ တာခ်ီလိတ္တို႔ကို လွ်ပ္စစ္မီး၊ အင္တာနက္ႏွင့္ စက္သုံးဆီမ်ားကို ထိုင္းဘက္မွ ျဖတ္ ေတာက္ထားသည္။ ထို႔ေၾကာင့္ ျမဝတီႏွင့္ ဘုရားသုံး ဆူဘက္တြင္မူ စက္သုံးဆီကိုတန္းစီတိုးေဝွ႔ဝယ္ ယူေနရသည္။ “ထိုင္းက က်ားဖ်န႔္ေတြကိုတားဖို႔ဆိုၿပီး မီးဖ်က္တယ္။ ေလာင္စာဆီတားတယ္။ ဒါေပမဲ့ ဒါက ခုတ္ရာ တလြဲျဖစ္ေနတာ။ တကယ္ထိခိုက္တာက ျပည္သူေတြပဲ။ က်ားဖ်န႔္တို႔ ေလာင္းကစား အလုပ္႐ုံေတြမွာက ဆိုလာလည္း ရွိတယ္။ ၿပီးေတာ့ မီးစက္ေတြနဲ႔ေလ” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ဆို သည္။ BGF အေနျဖင့္ ယခုအခါ မည္သည့္ဘက္တြင္ ရပ္တည္ေနသနည္း ဆိုေသာအခ်က္မွာ ေမးခြန္း ထြက္ေပၚလာသည္။ BGF ေခါင္းေဆာင္ ဗိုလ္မႉးခ်ဳပ္ ေစာခ်စ္သူအေနျဖင့္ ေ႐ြးရေတာ့မည္ျဖစ္သည္။

“ဒီအတိုင္းေနျခင္းသည္ BGF အတိုင္းသည္ တပ္ခ်ဳပ္ႀကီးတို႔ဘက္ကလည္း ကိုယ့္သားသမီးကိုယ္ ဆုံးမမယ္ဆိုတဲ့ အတိုင္းပဲသြား။ (နယ္ေျမ) မပ်က္စီးဘူး။ တည္ၿငိမ္ေအးခ်မ္းမယ္။ တပ္ကလည္း ရာဇသံ ေပးထားတယ္ေလ မင္းတို႔ KNA လုပ္မလား၊ သတၱိရွိရင္လုပ္၊ မင္းတို႔ BGF လုပ္မလား လုပ္မယ္ဆို ငါ မိဘပဲ။ ငါထိန္းမယ္ အဲဒီသေဘာပဲ။ အဲဒီအတြက္ ညႇိႏႈိင္းမႈေတြ လုပ္ေနရတယ္လို႔ သိရတယ္” ဟု အထက္ ပါ DKBA ႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္က ဆိုသည္။ လက္ရွိတြင္ KNA ႏွင့္ BGF လြန္ဆြဲရာတြင္ BGF ျဖစ္ေရးအတြက္ လြန္ဆြဲေနေသာ္လည္း BGF က အေလးသာေနေသာ အေနအထားျဖစ္ေၾကာင္းလည္း သုံးသပ္ရေၾကာင္း ၎က ဆိုသည္။
BGF အျပင္ KK Park ေဒသရွိ က်ားဖ်န႔္ ကိစၥရပ္မ်ားကို KNU က ထိုင္း၊ တ႐ုတ္တို႔ႏွင့္ ပူးေပါင္း ႏွိမ္နင္းမည္ဟု ယခင္က ေျပာၾကားထားရာ အဆိုပါ စကားႏွင့္ပတ္သက္၍ KNU ၏ ထိုသို႔ ေျပာ ၾကား ခ်က္သည္ KNU ႏွင့္ ကုမၸဏီတစ္ခု လက္မွတ္ထိုးေဆာင္႐ြက္ခဲ့ေသာ ေနရာျဖစ္ေၾကာင္းႏွင့္ ထိုသို႔ ေျပာ ၾကားျခင္းသည္ ေျဗာင္လိမ္ေျဗာင္စား လုပ္ေဆာင္ျခင္းသာျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့သည့္ႏွစ္အတြင္းက ေျပာၾကားထားဖူးသည္။
KNU အေနျဖင့္ လက္ရွိတြင္ က်ားဖ်န႔္အေရး အနည္းငယ္ အသံတိတ္ၿပီး ေစာင့္ၾကည့္ေနသည္ဟု ဆိုရမည့္အေနအထား ျဖစ္သည္။ DKBA ဘက္ကလည္း ျမဝတီၿမိဳ႕ေပၚရွိ ေလာင္းကစား႐ုံမ်ားကို စစ္ ေဆးပိတ္သိမ္းမႈမ်ားလုပ္သည္။ အခ်ိဳ႕သတင္းမ်ားအရ ျမဝတီဘက္က တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕ ဘုရား သုံးဆူၿမိဳ႕ဘက္ ေရာက္လာသည္ဟုလည္းဆိုသည္။

“က်ားဖ်န႔္ေတြကေတာ့ အႀကီးပိုင္းေတြက တျဖည္းျဖည္းထြက္သြားမယ္နဲ႔တူတယ္” ဟု အထက္ ပါ DKBA ႏွင့္ နီးစပ္ေသာသတင္းရင္းျမစ္က ဆိုသည္။ ထိုင္းဘက္ကလည္း က်ားဖ်န႔္အတြက္ ေဆာင္႐ြက္ခ်က္မ်ားေၾကာင့္ မ်က္ႏွာပန္းပြင့္ေနသည္။ က်ားဖ်န႔္ျဖင့္စေသာ ေ႐ႊကုကၠိဳအေရးသည္ က်ားဖ်န႔္ျဖင့္ပင္ အဆုံးသတ္သြားဖြယ္ရွိသည္။ သို႔မဟုတ္ ထပ္မံ ေတြးေတာမည္ဆိုပါက ကရင္ျပည္နယ္၏ လက္နက္ကိုင္အေရးသည္ပင္ ၿငိမ္းသြားဖြယ္ ရွိေန သည္။ “ DKBA အေနနဲ႔ အစိုးရေအာက္ ခိုဝင္ၿပီး သုံးႏိုင္ငံေပါင္းၿပီးေတာ့ က်ားဖ်န႔္ကို ရွင္းလိုက္တာမ်ိဳး ေပါ့။ ျမန္မာအစိုးရအေနနဲ႔ကလည္း ဒီဟာကို အကြက္ေကာင္းယူၿပီးေတာ့ လက္နက္ကိုင္အေရးကို ၿငိမ္သြားေအာင္ လုပ္လို႔ရတယ္ေလ။ တ႐ုတ္ကလည္း အက်ိဳးရွိတယ္။ ထိုင္းအတြက္လည္း အက်ိဳးရွိ တယ္။ KNU အတြက္ဆိုလည္း အရင္လို ေနရာေပးတာမ်ိဳးလည္း ရွိလာႏိုင္တာေပါ့။ DKBA အတြက္ က်ေတာ့လည္း ဂိတ္ေတြကို ျပန္ဖြင့္ဖို႔ေနရာေပးတာမ်ိဳး။ အရင္လိုတည္ၿငိမ္တဲ့အေျခအေန ျဖစ္သြားႏိုင္ တယ္” ဟု အထက္ပါ ႏိုင္ငံေရး သုံးသပ္ေလ့လာသူ သတင္းရင္းျမစ္က ဆိုသည္။ က်ားဖ်န႔္အေရးကို ကိုင္တြယ္ရင္း ကရင္ျပည္နယ္တြင္ လက္နက္ကိုင္ ခ်ဳပ္ၿငိမ္းသြားမည္လားဆိုသည္မွာလည္း စိတ္ဝင္စားဖြယ္ ျဖစ္သည္။ အေျခအေနကား ပိတ္ကားေပၚတြင္ အခ်ိန္တန္လွ်င္ ေပၚလာေတာ့မည္ျဖစ္သည္။

Related news

© 2021. All rights reserved.