အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများပါဝင်စစ်မှုထမ်းခြင်းကို တားမြစ်ပိတ်ပင်

 355

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၁

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများပါဝင်စစ်မှုထမ်းခြင်းကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်စစ်ဌာနချုပ်သည် အမေရိကန်စစ်တပ်အတွင်း ပါဝင်ထမ်းဆောင်သူများကို လိင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ဆေးဝါးဆိုင်ရာစမ်းသပ်ခြင်းစသည့်လုပ်ထုံးလုပ်နည်းများ လုပ်ကိုင်ခြင်းကို ရပ်တန့်လိုက် ကြောင်းသိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများကို တားမြစ်မည်ဟု ပြောဆိုခဲ့ပြီးနောက် မကြာမီ အမေရိကန်စစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတီဟတ်ဆီက "ထိရောက်မှုရှိအောင်လုပ်ဆောင်လိုက်ပြီ၊ ကျားမ မသန်စွမ်းမှု ရာဇဝင်ရှိတဲ့ လူတစ်ဦးချင်းစီအတွက် အသစ်ဝင်ရောက်ခွင့်အားလုံးကို ခေတ္တရပ်ထားတယ်။ ဒါ့ပြင် ကျားမရေးရာ ကူးပြောင်းဖို့အတွက် အတည်ပြုခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းတို့နဲ့ ဆက်စပ်တဲ့ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအားလုံးကို ခေတ္တရပ်ထားပါတယ်"ဟု ပြောသည်။

လက်ရှိအချိန်တွင် လိင်ပြောင်းထားသူများသည် "ဂုဏ်သိက္ခာနှင့် လေးစားမှု"ကို ဆက်လက်ရရှိမည်ဖြစ်ပြီး မူဝါဒအပြောင်းလဲများအတိုင်း စီမံညွှန်ကြားမှုအသစ်များထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်က ပြောသည်။ အမေရိကန်စစ်တပ်တွင် တပ်ဖွဲ့ဝင်အရေ အတွက် (၁ ဒသမ ၃)သန်းကျော်ရှိနေပြီး လိင်ပြောင်းပြီး စစ်မှုထမ်းသူအရေအတွက် အနည်းဆုံး (၁၅၀၀၀)ကျော်ရှိနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က သတ်မှတ်ထားသည့် အမိန့်စည်းကမ်းများကို ပယ်ဖျက်ခြင်းများလုပ်ဆောင်ခဲ့ရာ လိင်ပြောင်းထားသူများကို တားမြစ်ပိတ်ပင်ခြင်းများပါဝင်ခဲ့ပြီး အမေရိကန်စာသင်ကျောင်းများတွင်လည်း လိင်ပြောင်းထားသူများ ပါဝင်ယှဉ်ပြိုင်ခြင်းကို တားမြစ်ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
အေမရိကန္စစ္တပ္အတြင္း လိင္ေျပာင္းထားသူမ်ားပါဝင္စစ္မႈထမ္းျခင္းကို တားျမစ္ပိတ္ပင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၁

အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္သည္ အေမရိကန္စစ္တပ္အတြင္း လိင္ေျပာင္းထားသူမ်ားပါဝင္စစ္မႈထမ္းျခင္းကို ပိတ္ပင္လိုက္ေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္စစ္ဌာနခ်ဳပ္သည္ အေမရိကန္စစ္တပ္အတြင္း ပါဝင္ထမ္းေဆာင္သူမ်ားကို လိင္ေျပာင္းလဲမႈႏွင့္ပတ္သက္ၿပီး ေဆးဝါးဆိုင္ရာစမ္းသပ္ျခင္းစသည့္လုပ္ထုံးလုပ္နည္းမ်ား လုပ္ကိုင္ျခင္းကို ရပ္တန႔္လိုက္ ေၾကာင္းသိရသည္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အေမရိကန္စစ္တပ္အတြင္း လိင္ေျပာင္းထားသူမ်ားကို တားျမစ္မည္ဟု ေျပာဆိုခဲ့ၿပီးေနာက္ မၾကာမီ အေမရိကန္စစ္ဌာနခ်ဳပ္က အမိန႔္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးပီတီဟတ္ဆီက "ထိေရာက္မႈရွိေအာင္လုပ္ေဆာင္လိုက္ၿပီ၊ က်ားမ မသန္စြမ္းမႈ ရာဇဝင္ရွိတဲ့ လူတစ္ဦးခ်င္းစီအတြက္ အသစ္ဝင္ေရာက္ခြင့္အားလုံးကို ေခတၱရပ္ထားတယ္။ ဒါ့ျပင္ က်ားမေရးရာ ကူးေျပာင္းဖို႔အတြက္ အတည္ျပဳျခင္း သို႔မဟုတ္ ပံ့ပိုးေပးျခင္းတို႔နဲ႔ ဆက္စပ္တဲ့ေဆးဘက္ဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားအားလုံးကို ေခတၱရပ္ထားပါတယ္"ဟု ေျပာသည္။

လက္ရွိအခ်ိန္တြင္ လိင္ေျပာင္းထားသူမ်ားသည္ "ဂုဏ္သိကၡာႏွင့္ ေလးစားမႈ"ကို ဆက္လက္ရရွိမည္ျဖစ္ၿပီး မူဝါဒအေျပာင္းလဲမ်ားအတိုင္း စီမံၫႊန္ၾကားမႈအသစ္မ်ားထပ္မံထုတ္ျပန္မည္ျဖစ္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္က ေျပာသည္။ အေမရိကန္စစ္တပ္တြင္ တပ္ဖြဲ႕ဝင္အေရ အတြက္ (၁ ဒသမ ၃)သန္းေက်ာ္ရွိေနၿပီး လိင္ေျပာင္းၿပီး စစ္မႈထမ္းသူအေရအတြက္ အနည္းဆုံး (၁၅၀၀၀)ေက်ာ္ရွိေနေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယခင္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္က သတ္မွတ္ထားသည့္ အမိန႔္စည္းကမ္းမ်ားကို ပယ္ဖ်က္ျခင္းမ်ားလုပ္ေဆာင္ခဲ့ရာ လိင္ေျပာင္းထားသူမ်ားကို တားျမစ္ပိတ္ပင္ျခင္းမ်ားပါဝင္ခဲ့ၿပီး အေမရိကန္စာသင္ေက်ာင္းမ်ားတြင္လည္း လိင္ေျပာင္းထားသူမ်ား ပါဝင္ယွဥ္ၿပိဳင္ျခင္းကို တားျမစ္ကန႔္သတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.