ဖမ်းဆီးထားသူအားလုံးကိုပြန်မလွှတ်ပေးလျှင် ဟားမတ်စ်အဖွဲ့ဝင်အားလုံး ငရဲသွားရမည်ဟု ဒေါ်နယ်ထရမ့် သတိပေး

 394

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟားမတ်စ်လက်နက်ကိုင်အဖွဲ့သည် ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း၊ ပြန်လွှတ်ပေးရန် ပျက်ကွက်မည်ဆိုပါက ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ဝင်အားလုံး ငရဲသွားရမည်ဖြစ်ကြောင်း ထုတ်ဖော်သတိပေးလိုက်သည်။ အစ္စရေးနှင့်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့သည် အမေရိကန်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးရယူထားချိန်အတွင်း ဖမ်းဆီးထားသူများပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် ဖမ်းဆီးထားသူများအနက်မှ ကျန်ရှိနေသူများကို ပြန်လွှတ်ပေးမည့်အစီအစဉ်ကို ရပ်တန့်မည်ဟု မကြာသေးမီက ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က အစ္စရေးသည် ဂါဇာဒေသမြောက်ပိုင်းကိုလာရောက်မည့် ပါလက်စတိုင်းလူမျိုးများကို တားမြစ်ပိတ်ပင်ပြီး အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များကိုချိုးဖောက်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲထားသည်။ ဟားမတ်စ်အုပ်စုက အစ္စရေးသည် လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးရန်အစီအစဉ်များကို ကန့်သတ်နေသကဲ့သို့ အပစ်ခတ်ရပ်စဲရေး ဒုတိယအဆင့်လုပ်ဆောင်ရန်အတွက် နှောင့်နေးရန် ကြိုးပမ်းနေကြောင်းသိရသည်။

ဟားမတ်စ်အဖွဲ့၏ ခြိမ်းခြောက်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က "ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဟာ လာမယ့်စနေနေ့ ည (၁၂)နာရီအချိန်အထိ ဖမ်းဆီးထားသူအားလုံးကို ပြန်မလွှတ်ပေးဘူးဆိုရင် အပစ်ခတ်ရပ်စဲရေးစာချုပ် ဖျက်သိမ်းလိုက်တယ်လို့ ပြောရမှာဖြစ်တယ်။ သူတို့မှာစဉ်းစားဖို့ သင့်တော်တဲ့အချိန်ရှိမှာပါ၊ ဒါပေမဲ့ ဖမ်းဆီးထားသူအားလုံကို ပြန်မလွှတ်ပေးဘူးဆိုရင် ဟားမတ်စ် အုပ်စုအားလုံး ငရဲသွားရမယ်။ ကျွန်တော့်အနေနဲ့ ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လာစေချင်တယ်။ တစ်ဦးနှစ်ဦးပြန်လာတာမျိုးမဟုတ်ဘူး၊ ရုပ်အ လောင်းတွေ ပြန်ပို့တာမျိုးလည်းမလိုချင်ဘူး။ ဟားမတ်စ်အဖွဲ့ဟာ ကျွန်တော်ပြောတာနဲ့ပတ် သက်ပြီး အဖြေရှာရမယ်"ဟု ပြောသည်။

zawgyi version
ဖမ္းဆီးထားသူအားလုံးကိုျပန္မလႊတ္ေပးလွ်င္ ဟားမတ္စ္အဖြဲ႕ဝင္အားလုံး ငရဲသြားရမည္ဟု ေဒၚနယ္ထရမ့္ သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၁

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕သည္ ဖမ္းဆီးထားသူအားလုံးျပန္လႊတ္ေပးရမည္ျဖစ္ေၾကာင္း၊ ျပန္လႊတ္ေပးရန္ ပ်က္ကြက္မည္ဆိုပါက ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ဝင္အားလုံး ငရဲသြားရမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္သတိေပးလိုက္သည္။ အစၥေရးႏွင့္ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔သည္ အေမရိကန္အစိုးရ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ယာယီအပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ၿပီး အပစ္ခတ္ရပ္စဲေရးရယူထားခ်ိန္အတြင္း ဖမ္းဆီးထားသူမ်ားျပန္လႊတ္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ၎တို႔သည္ ဖမ္းဆီးထားသူမ်ားအနက္မွ က်န္ရွိေနသူမ်ားကို ျပန္လႊတ္ေပးမည့္အစီအစဥ္ကို ရပ္တန႔္မည္ဟု မၾကာေသးမီက ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က အစၥေရးသည္ ဂါဇာေဒသေျမာက္ပိုင္းကိုလာေရာက္မည့္ ပါလက္စတိုင္းလူမ်ိဳးမ်ားကို တားျမစ္ပိတ္ပင္ၿပီး အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ားကိုခ်ိဳးေဖာက္ရန္ ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲထားသည္။ ဟားမတ္စ္အုပ္စုက အစၥေရးသည္ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီမ်ားေပးရန္အစီအစဥ္မ်ားကို ကန႔္သတ္ေနသကဲ့သို႔ အပစ္ခတ္ရပ္စဲေရး ဒုတိယအဆင့္လုပ္ေဆာင္ရန္အတြက္ ေႏွာင့္ေနးရန္ ႀကိဳးပမ္းေနေၾကာင္းသိရသည္။

ဟားမတ္စ္အဖြဲ႕၏ ၿခိမ္းေျခာက္မႈမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က "ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ဟာ လာမယ့္စေနေန႔ ည (၁၂)နာရီအခ်ိန္အထိ ဖမ္းဆီးထားသူအားလုံးကို ျပန္မလႊတ္ေပးဘူးဆိုရင္ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ ဖ်က္သိမ္းလိုက္တယ္လို႔ ေျပာရမွာျဖစ္တယ္။ သူတို႔မွာစဥ္းစားဖို႔ သင့္ေတာ္တဲ့အခ်ိန္ရွိမွာပါ၊ ဒါေပမဲ့ ဖမ္းဆီးထားသူအားလုံကို ျပန္မလႊတ္ေပးဘူးဆိုရင္ ဟားမတ္စ္ အုပ္စုအားလုံး ငရဲသြားရမယ္။ ကြၽန္ေတာ့္အေနနဲ႔ ဖမ္းဆီးခံထားရသူအားလုံးကို ျပန္လာေစခ်င္တယ္။ တစ္ဦးႏွစ္ဦးျပန္လာတာမ်ိဳးမဟုတ္ဘူး၊ ႐ုပ္အ ေလာင္းေတြ ျပန္ပို႔တာမ်ိဳးလည္းမလိုခ်င္ဘူး။ ဟားမတ္စ္အဖြဲ႕ဟာ ကြၽန္ေတာ္ေျပာတာနဲ႔ပတ္ သက္ၿပီး အေျဖရွာရမယ္"ဟု ေျပာသည္။

Related news

© 2021. All rights reserved.