ကျားဖျန့်အကြောင်း တစေ့တစောင်း
![](/img/icon_eye.svg)
625
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67ac4a5b7ea29e1e47161be8/banner-67ac4a5b7ea29e1e47161be8-x800.JPG)
သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၂
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်က ကျားဖျန့်များကို တင်းတင်းကြပ်ကြပ်အရေးယူ ရန်ရှိကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရွှေကုက္ကို၊ KK Park စသည်ဖြင့် နေရာများမှ ကျားဖျန့် များ နေရာပြောင်းရွှေ့လာကြကြောင်း သတင်းများထွက်ပေါ်နေသည်။ ကျားဖျန့်အကြောင်း အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ ကျားဖျန့်နှိမ်နင်းရေးဆောင်ရွက်နေသော ကိုဝေယံကို NP News မှ မေးမြန်းထားသည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
မေး-ကျားဖျန့်ဆိုတာ ဘာကိုပြောတာလဲခင်ဗျ။
ဖြေ-ကျားဖျန့်ဆိုတာက တစ်ဖက်လူကို သတင်းတု ဖန်တီးပြီးတော့ အခွင့်အလမ်းအနေနဲ့ လောဘ တက်လာအောင်စည်းရုံးပြီးတဲ့အခါမှာ တစ်ခုခုရမယ်ဆိုပြီး မက်လုံးပေးလိုက်တယ်။ မက်လုံး ပေးပြီးတော့ လူတွေဆီက နည်းနည်းပေးပြီး အများကြီးယူလိုက်တယ်။ အများကြီးယူလိုက်တဲ့နေရာမှာ အကန့်အသက်မဲ့ တောင်ယူလိုက်တယ်။ အရင်းပြန်လိုချင်ရင် ဘယ်လောက်ဘယ်လောက်ထည့်ဆိုပြီး အဲဒီလိုမျိုးနဲ့ လူတွေဆီကနေ ငွေတွေပါသွားတယ်ပေါ့။ လိမ်လည်တာပေါ့။ အွန်လိုင်းပေါ်လာတော့ အွန် လိုင်း ပေါ်မှာ အများဆုံးပေါ့နော်။ ကျားဖျန့်ဆိုတာက တရုတ်စကားလုံးပေါ့နော်။ အဓိကကတော့ လိမ် လည်တာ။ လူအထင်ကြီးအောင် ပြယုဂ်တစ်ကို အရင်ဆုံး ဖန်တီးရတယ်။ သူတို့သည် လုပ်ငန်းအကြီးကြီး လုပ်နေပါတယ်။ Facility အကောင်းစားတွေကို ငှားသုံးပြီးတော့ ကိုယ်ပိုင်ဟန်လုပ်ပြီးတော့နေတယ်။ ကျားဖျန့် လုပ်ငန်းတွေရဲ့တူညီတဲ့အချက်က အစပိုင်းမှာ လူတွေယုံကြည်အောင်တည်ဆောက်တဲ့ ကာလ ပေါ့။ နည်းနည်းပေးကျွေးလိုက်တယ်။ ပြီးတော့မှ တောက်လျှောက်ပေါ့။ သူ့မှာ Target ရှိတယ်။ လူ အယောက် ဘယ်နှရာနဲ့ ငွေကျပ်သိန်းဘယ်နှထောင်ပေါ့နော်။ ရရင် သူတို့ကလစ်မယ်ပေါ့နော်။ အဲဒီ Target ကာလ ဘယ်လောက်ဆိုရင် ဘယ်လောက်ရရမယ်ဆိုတဲ့နည်းနဲ့ လုပ်ကြတယ်။
မေး-အဲဒီကျားဖျန့်လုပ်ငန်းတွေထဲမှာ ဘယ်လိုလူ တွေ ဝင်ရောက်လုပ်ကိုင်နေကြပါသလဲ။
ဖြေ- အဲဒီလုပ်ငန်းထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ လူတွေကလည်း မသိနားမလည်ဘဲ ဝင်လုပ် မိတာ လည်းရှိတယ်။ ရောင်းစားခံရပြီးရောက်တာတွေလည်း ရှိတယ်။ အဲဒီမှာ စားဝတ်နေရေး ကျပ် တည်းတဲ့အခါ မှာ ငွေကြေးမြိုးမြိုးမြက်မြက်ရတယ်ဆိုပြီး ဝင်သွား တယ်။ ပြီးတော့မှ လူကုန်ကူး၊ ဖမ်းချုပ် ထားပြီးတော့ နယ်စပ်ဒေသတွေမှာ တစ်နည်းအားဖြင့် တရားဥပဒေ မစိုးမိုးတဲ့ဒေသတွေမှာ အတင်း အဓမ္မခိုင်းစေတာပေါ့နော်။ ပြန်လို့လည်းမရတော့ဘူး။ အဲဒီလိုမျိုးတွေကတော့ ကျားဖျန့်ပေါ့နော်။ ပထမ ဦးဆုံး ကျားဖျန့်တွေသည် E-mail နဲ့လိမ်လည်တဲ့ဟာလာတယ်။ တဖြည်း ဖြည်းနဲ့မှ အွန်လိုင်းပေါ်ကနေ တဖြည်းဖြည်းနဲ့ ဆိုရှယ် မီဒီယာပလက်ဖောင်းပေါ်ရာက်လာပြီးတော့ Facebook ၊ Viber ၊ Youtube နဲ့ ပြီးတော့ သူ့ Technology က ရှုပ်ထွေးတဲ့အခါကျတော့ အွန်လိုင်း Trade တွေပေါ့။ Crypto တို့ဘာတို့ကို Base လုပ်ပြီးတော့ ကျားဖျန့်စလုပ်တယ်ပေါ့နော်။ မက်လုံးတစ်ခုပေးပြီးတော့ လူတွေ လောဘတက်လာ ပြီဆိုတဲ့ကာလတစ်ခုမှာ လူပေါင်းများစွာဆီက သိန်းပေါင်းရာထောင်ချီပြီး လိမ်လည်သွားတဲ့အရာပေါ့ နော်။ အဲဒီထဲမှာပါတဲ့လူတွေကို မုန့်လည်းကျွေးမယ်၊ တုတ်လည်းကျွေးတယ်။ မုန့်ကျွေးတာကတော့ အခွင့်အလမ်းတွေပေးထားတယ်။ တစ်ဖက်မှာတော့ အတင်းအဓမ္မခိုင်းစေတယ်ပေါ့။ ပြန်လမ်းမဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ သူ့လူတွေကို ထားတာက တစ်နေရာမှာ အုပ်ထိန်းသူတွေနဲ့ သေချာ ကြပ်မတ်ထား တာ။ အိပ်ရာထချိန်၊ အစာစားချိန်။ လိမ်လည်တဲ့ဆင်းမ်ကတ်တွေက သတ်သတ်။ သူတို့ကိုယ် ပိုင်ဆင်းမ် ကတ်တွေက သတ်သတ်။ သူတို့ဆင်းမ်ကတ်တွေကို ဘယ်တော့မှမပေးဘူး။ အဲဒီလိုပေါ့နော်။ တရား ဥပဒေ စိုးမိုးမှုမရှိတော့ ပြည်တွင်းက Bank အကောင့်တွေပါ သူတို့တွေက သုံးတယ်။ K-pay တွေ၊ wave တွေသုံးကြတယ်။
မေး-ကျားဖျန့်တွေက မြန်မာနိုင်ငံမှာ ဘယ်အချိန်ကစပြီးပေါ်ပေါက်နေခဲ့တာလဲခင်ဗျ။
ဖြေ- စပြီးပေါ်ပေါက်ခဲ့တာတော့ တော်တော်တော့ကြာပြီ။ တရုတ်မှာ စပြီးပေါ်ပေါက်ခဲ့တာလို့ တော့ သိရတယ်။ စတုန်းက အနောက်နိုင်ငံသားတွေကို လုပ်တယ်။ အဲဒီနောက် ဆင်းရဲတဲ့ နိုင်ငံက လူ တွေကို လုပ်တယ်။ E-mail တွေနဲ့ အင်တာနက် website တွေ စပြီး တွင်တွင်ကျယ်ကျယ်ပေါ် လာတဲ့ အချိန်မှာဆိုတော့ (၂၀ဝဝ) ပြည့်နှစ်လောက်ကတည်းက စပြီးပေါ်နေပြီပေါ့နော်။ (၂၀ဝဝ) ပြည့်နှစ် မတိုင် မီကတော့ အွန်လိုင်း ကနေ လုပ်လို့မရတော့ မြေပြင်မှာလိမ်ရတာပေါ့နော်။ လုပ်ငန်းအတုတွေဖန်တီးပြီး တော့ လိမ်တာပေါ့နော်။ (၂၀၁၀)လောက်မှာလည်း ဒီလောက်ကြီးထိ မဖြစ်သေးဘူး။ မြန်မာနိုင်ငံနား တစ်ဝိုက်မှာတော့ ကပ်လာတယ်။ (၂၀၁၉)နဲ့ (၂၀၂၀)ကိုဗစ်ကာလမှာ အွန်လိုင်း ပေါ်မှာအလုပ်လုပ်ကြ တော့ ကျားဖျန့်က ခေါင်းထောင်လာတာပေါ့။
မေး-မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖျန့်လုပ်ငန်းတွေကကော ဘယ်အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်နေ တာကို တွေ့ရပါသလဲ။
ဖြေ-အဲဒီလုပ်ငန်းတွေက ဥပဒေစိုးမိုးမှုအားနည်းတဲ့ နေရာတွေမှာ အခြေစိုက်တယ်။ အဲဒီနေရာ တွေမှာ အားကောင်းတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကလူတွေကို ပိုက်ဆံပေးပြီးတော့ အတင်းအဓမ္မ ခိုင်းစေ တယ်။ အဓိက အချက်ကတော့ နိုင်ငံရေးနဲ့စစ်ရေး မတည်ငြိမ်တဲ့နေရာတွေပေါ့နော်။ လက်နက်ကိုင် လှုပ် ရှားမှုတွေပေါ တဲ့နေရာတွေပေါ့။ တစ်ဖွဲ့ထက်မကတဲ့ လက်နက် ကိုင်အဖွဲ့တွေပါဝင်ကြပြီး တရားဝင် ရော တရားမဝင်ရော လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့နေရာပေါ့။ ဥပဒေစိုးမိုးမှုအားနည်းမယ်။ နိုင်ငံတစ် နိုင်ငံရဲ့ အချုပ်အချာအာဏာ ပြည့်ပြည့်ဝဝမသက်ရောက်ဘူး။ ဟိုဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံ Border ဧရိယာ ဖြစ်မယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ ထိုင်း၊ လာအိုလို Border မျိုးတွေ။ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ် ပေါ့နော်။ အဲဒီနေရာမျိုးတွေမှာ အားကောင်းတာပေါ့နော်။ လက်နက်ကိုင်ထိန်းချုပ်မှုရှိတဲ့ နေရာတွေမှာ လည်း ရှိတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် နယ်စပ်နေရာမျိုးတွေပေါ့နော်။ အဲဒီနေရာတွေမှာအားကောင်း တယ်။ တရုတ်ကတော့ ကျား ဖျန့်နဲ့ပတ်သက်လို့ တအားဖိတယ်ပေါ့နော်။ သူ့နိုင်ငံသားတွေရှိတဲ့အတွက် ကြောင့် ပိတ်လှောင်ကျားဖျန့် တိုက်ဖျက်ရေးကိုလုပ်ရတာပေါ့။ အနောက်နိုင်ငံသားတွေကလည်း ရှိရင် ရှိ မယ်။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေက အများဆုံးပါဝင်ပတ်သက်နေတာပေါ့နော်။
မေး-ကျားဖျန့်လုပ်ငန်းတွေကို မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ အများဆုံးတွေ့ရလဲခင်ဗျ။
ဖြေ- အခုက ရန်ကုန်နဲ့ မန္တလေးဘက်ကိုလိမ်လည်တဲ့ကျားဖျန့်တွေက ရှမ်းပြည်နယ်ဘက်ကမြို့ တွေပေါ်မှာ။ တရုတ်-လာအို-ထိုင်းပေါ့နော်။ အဲဒီတစ်လျှောက်လုံးမှာနဲ့ ကရင်ပြည်နယ်၊ ရွှေကုက္ကိုတို့၊ KK Park တို့။ မြဝတီ၊ မဲဆောက်တကျောပေါ့နော်။ DKBA ပေါ့။ သူ့ဘာသာရပ်တည်တဲ့ လက်နက်ကိုင်ပေါ့ နော်။ အဲဒီလူတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးတော့ သူတို့က ကျန်တဲ့လက်နက်ကိုင်အကြီးတွေကို လည်း သွယ်ဝိုက်တဲ့နည်းနဲ့ အပေးအယူတွေလုပ်ထားကြမှာပေါ့နော်။ ကျွန်တော်တော့ အဲဒီလိုထင်တယ်။ ကျန်တဲ့နေရာတွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့် တရုတ်နိုင်ငံရဲ့လုံခြုံရေးဒုဝန်ကြီး တာချီ လိတ်ကို လာသွားတယ်။ တရုတ်တို့ မဲဆောက်တို့မှာ ကျားဖျန့်တွေရှိနေတယ်ဆိုတဲ့အတွက်ကြောင့် အချက်ပြတာပေါ့နော်။ နှိမ်နင်းဖို့အတွက်လည်း တရုတ်ရယ်၊ ထိုင်းရယ်၊ မြန်မာရယ်ပေါ့။ Stakeholder တွေက ပြောပြီး အဲဒီကနေ အကျိုးအမြတ်ခံစားရတဲ့သူတွေကို စာရင်းနဲ့တကွ ပေးတယ်ပေါ့နော်။ အရင်က မလုပ်ခဲ့တော့ တခြားနည်းနဲ့သွယ်ဝိုက်ပြီးလုပ်သွားတဲ့အရာတွေ ရှိတာပေါ့နော်။ အဲဒီတော့ ဖိအားဒဏ်မခံနိုင်တော့ ဒီအထဲမှာ ပါဝင်ပတ်သက်တဲ့သူတွေပါ အရေးယူပြရတာတွေဖြစ်လာပေါ့နော်။ အခုတော့ ဒီကိုလာသွားတယ်ဆိုတော့ ကျားဖျန့်က ဒီနေရာတွေမှာရှိနေတယ် ပေါ့နော်။ ရှိနေတော့ ကျားဖျန့်တွေက မြန်မြန်ဆန်ဆန်ပဲ ရွှေ့နေတယ်ပေါ့နော်။ ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းကြတာတွေ လုပ်နေ ကြတာပေါ့လေ။ အဲဒီကရတဲ့ တရားမဝင်ငွေကြေးက မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်အနေနဲ့ပြောရရင် ကျားဖျန့် ရဲ့အဆွယ်အပွားတောင်မှ ဒီထက် ပိုပြီးချမ်းသာတယ်ဆိုတာ အရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင် တစ်ယောက်က ကျွန်တော့်ကိုပြောဖူးတယ်။ သူတို့လေ့လာမှုအရပေါ့။
မေး-မြန်မာနိုင်ငံကိုပစ်မှတ်ထားတဲ့ ကျားဖျန့်တွေရဲ့ အခြေခံသဘောတရားတွေလည်း ပြောပြပေးပါဦး။
ဖြေ- အခုပေါ်နေတဲ့ကျားဖျန့်က Youtube ကို Subscribe လုပ်ပေးဆိုတဲ့အရာလည်းရှိနေတယ်။ နောက် ပြီး Trade ဆိုရင်တော့ ရွှေတွေ၊ ဒေါ်လာတွေ Trade လုပ်တာပေါ့။ Investment လုပ်တာပေါ့။ လူတွေက စားဝတ်နေရေးအခွင့်အလမ်းတွေက သိပ်မရှိဘူးပေါ့ နော်။ အဲဒါကို မက်လုံးတစ်ခုအနေနဲ့ ပေး လိုက်တဲ့အခါမှာ ပထမ (၁) ကြိမ်၊ (၂) ကြိမ်က အတိုးရတယ်။ အတိုးရတဲ့အခါမှာ ရှိတဲ့ဟာပုံအောတာပေါ့။ နောက်ပြီးတော့ အခုခေတ်စားနေတဲ့ Crypto currency ပေါ့နော်။ Bigcoin လိုဟာမျိုးပေါ့။ လူတွေက မလုပ်တတ်ဘူး။ လုပ်တတ်အောင်လည်း နှစ်နဲ့ချီပြီးတော့ လေ့လာရဦးမယ်။ အဲဒီမှာ အဲဒီအလုပ်နဲ့ ပတ် သက်လို့ ကျွမ်းကျင်တဲ့လူတွေကို ပိုက်ဆံပေးပြီးငှားရမ်းတယ်။ ပိုက်ဆံများများပေးထားတယ် ဘာညာ ပေါ့။ အဲဒီမှာ လုပ်ရင်းနဲ့ (၃)ကြိမ်မြောက်ကနေစပြီးတော့ ကိုယ့်ကိုဒုက္ခပေးတာပဲ။ ရှိသမျှပိုင်ဆိုင်မှုတွေ ပါသွားတာပေါ့။ တချို့ကလည်း ကမ္ဘာကျော်ကုန်တိုက်ကြီးတွေ နာမည်နဲ့လုပ်တာတွေလည်းရှိတယ်။ ဘရာဇီးမှာရှိတဲ့ ကုန်တိုက်နာမည်နဲ့တောင် လုပ်တာရှိတယ်။ အဲဒါကတော့ ပွားတာပေါ့နော်။ သူ့မှာရှိတဲ့ ကုန်ပစ္စည်းတွေ၊ စတော့တွေကို အွန်လိုင်းကနေ ပြန်ဝယ်၊ ပြန်ရောင်းပေါ့နော်။ အဲဒီလိုနဲ့ ကြော်ငြာရ အောင် လူတွေသိအောင်ဖောက်တယ်ပေါ့နော်။ စတိုင်တစ်မျိုးနဲ့ပေါ့။ အဲဒီမှာ အွန်လိုင်းပေါ်ကနေ နေ့စဉ် လုပ်ရုံနဲ့ ပိုက်ဆံရတယ်ဆိုတာကို လုပ်ပြတယ်ပေါ့နော်။ ကောင်မလေးတွေပုံနဲ့ပေါ့နော်။ အမျိုးသမီး ချော ချောလှလှလေး တွေပုံနဲ့လုပ်တာပေါ့နော်။ အဲဒီမှာ သူတို့ရင်းနှီးမှုတည် ဆောက်တယ်။ ထိကပါးရိကပါး ပြောဆိုပြီးတော့ မြှူဆွယ်တာပေါ့။ အဲဒီမှာ သူတို့ရဲ့ရုပ်ရည်က မူရင်းမျက်နှာမဟုတ်ဘူး။ သူများပုံကို ခိုးသုံးထားတဲ့အရာတွေပေါ့။ သူတို့ရဲ့မူရင်းမျက်နှာကိုတောင်းကြည့်ရင် လက်မခံဘူး။ Video call နဲ့ တွေ့ မလားဆို လက်မခံဘူး သူတို့က။ အမျိုးသမီးတွေ ကျားဖျန့်လုပ်ရင်လည်း အမျိုးသားငယ်ငယ်လေးတွေ ကို ပြန်သုံးတယ်ပေါ့နော်။ အဲဒီနောက်ကွယ်မှာ ဂေးတွေကလည်းပါတယ်။ သူတို့ကို Target နဲ့ပေးထား တာ။ ဖုန်းကလည်း (၃)လုံး (၄)လုံး။ ဝယ်ခိုင်းတာပေါ့နော်။ မလုပ်ချင်ဘူးဆိုရင် လည်းမရဘူး။ အဲဒီလိုဆို တော့ တစ်ကမ္ဘာလုံးကပါ လက်မခံတဲ့လုပ်ငန်းလည်းဖြစ်တော့ လူကုန်ကူးတဲ့ ပြစ်မှုမှာပါ ပါနေတာပေါ့။
မေး-ကျားဖျန့်တွေက ဘယ်လိုလူမျိုးတွေကို ပစ်မှတ်ထားလဲ။
ဖြေ-ကျားဖျန့်တွေက ဆင်းရဲတဲ့လူတွေကို ပစ်မှတ်မထားဘူး။ ငွေရှိတဲ့လူတွေက ခံရတာများ တယ်။ ဆင်းရဲတဲ့လူတွေကို ပစ်မှတ်ထားတာကတော့ ငွေချေးတာ တို့ဘာတို့ပေါ့။ စပေါ်သွင်းရမယ့် (၁၅၀ဝဝ)၊ (၂၀ဝဝဝ) လောက်နဲ့ လိမ်တာမျိုးတွေပဲရှိတာပေါ့။ တကယ့် ကျားဖျန့်အကြီးကြီးတွေကတော့ ဟိုဘက်ဒီဘက်ရွှေ့လို့ရအောင်ပေါ့။ ခံရတဲ့လူတွေကလည်း စာတတ်ပေတတ်တွေ။ အဲဒီလိုလူတွေ ဖြစ်တော့ အများသူငါကို ချပြတာလည်းအားနည်းတယ်။ ဒီဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာလည်းအားနည်းတယ်။ ကျားဖျန့်လုပ်နေတဲ့သူရဲ့မျက်နှာလည်း မမြင်ရဘူး။ မှတ်ပုံတင် လည်း မသိရဘူးလေ။ သူတို့ကသူများ ဟာတွေနဲ့လုပ်စားတာ။ အဲဒီတော့ တရားဥပဒေစိုးမိုးတဲ့ အစိုးရက လုပ်မှဘဲ ဒီကျားဖျန့်က အမြစ်ပြတ်နိုင်သွားမယ်ပေါ့နော်။ ကျွန်တော့်အသိတွေကို မေးတော့ UK ဘက်မှာ လည်း ကျားဖျန့်ကရှိတယ်တဲ့။ သူတို့ကိုတော့ အမူတွဲဖိုင်တည်ဆောက်ပြီးတော့ တိုင်တာနဲ့ တစ်ပတ် အ တွင်း။ တချို့ဆို (၂၄)နာရီအတွင်းတောင် မိတယ်လို့ပြောတယ်။ ဒီမှာဆိုရင် မိဖို့ကမလွယ်သေးဘူး။
မေး-ကျားဖျန့်က နိုင်ငံတစ်နိုင်ငံကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲခင်ဗျ။
ဖြေ- ကျားဖျန့်သည် နိုင်ငံရဲ့လူမှုရေးနဲ့ စည်းရုံးရေး မတည်ငြိမ်မှုကို အများကြီးဖြစ်စေတယ်ပေါ့ နော်။ နိုင်ငံရဲ့ပုံရိပ်ကိုလည်း ကျဆင်းစေတယ်။ နိုင်ငံထဲမှာ ကျားဖျန့်တွေရှိနေတယ်ဆိုတော့ နိုင်ငံလည်း မကောင်းဘူး။ နောက် ငွေကြေးလည်းအရမ်းကျပ်တာပေါ့နော်။ စီးပွားရေးပညာရှင်တွေလည်း ပြောပါ လိမ့်မယ်။ ငွေကြေး အရမ်းကျပ်တယ်။ နောက် ဥပဒေစိုးမိုးမှုမဲ့တယ် ပေါ့နော်။ ခံလိုက်ရတဲ့လူတွေထဲက လူ(၃၀)လောက်ကို ကျွန်တော်တို့ သုတေသနလုပ်ဖူးတယ်။ တချို့ဆို တော်တော်ဆိုးဆိုးရွားရွားဖြစ်ပြီး တော့ ရူးကြောင်ကြောင်ဖြစ်သွားပြီးတော့ အောက်လမ်းဆရာတို့ အထက်လမ်းဆရာတို့သွားမေး၊ ဘုန်း ကြီးတွေသွားမေးတဲ့အထိဖြစ်သွားတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ဝေဝါးသွာတယ်။ ရှော့ခ်ကို အကြီးကြီးရသွားတာပေါ့။ မိန်းကလေးတစ်ယောက်ဆိုရင် သူပညာတတ်တယ်၊ နိုင်ငံခြားသွားမယ်၊ ထိုင်း ကိုသွားမယ်ဆိုပြီး ငွေတွေပုံအောလိုက်တယ်။ ဘဝပါပျက်သွားတယ်။ ပထမတော့ ပြန်ရတယ်။ လိုက်ရင်း လိုက်ရင်းနဲ့ ပါသွားတာ။ ဒီကောင်တွေက ထီထိုးသလိုပဲ။ ထီထိုးတာတောင် ကန့်လို့ရတယ်။ ဒီလိုက ကန့် လို့ မရသလိုဖြစ်နေတယ်။ ရှိရင်ရှိသလောက်ကုန်မှာ ဖြစ်နေတယ်။ နောက်တစ်ယောက်ကိုလည်း ချေးငွေ တွေရထားတာရှိတယ်။ အဲဒါတွေလည်း အကုန်ရှုံး။ နောက်ဆုံး သူတို့မှာရှိတဲ့ လယ်တော၊ ယာတောတွေ ကို ရောင်းပေါင်လိုက်တော့ တောင်းစားရတဲ့ဘဝတွေအထိပါဖြစ်သွားတာ။ ဒီလောက်တစ်ယောက်ဖြစ်ပြီ ဆိုရင် ဒီလူတစ်ယောက်ပဲ ဖြစ်တာမဟုတ်ဘူး။ ဒီလူနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေ တောက်လျှောက် ကွင်းဆက်နဲ့ ခံရတယ်။ ကိုယ်ကိုယ်တိုင်လည်း သေးသေးလေးတွေခံရတယ်။ ကိုယ်တိုင်ကတော့ Risk ယူပြီးလုပ်တော့ တမင်ကို အရှုံးခံ ပြီးလေ့လာခဲ့ရတယ်။ အဲဒီမှာ နည်းနည်းပါးပါး ပါသွားရင်တောင် စိတ် ထဲကမကျေနပ်ဘူး။ အဲဒီမှာ ကွင်းဆက်တွေလိုက်ပြီး ဖော်ထုတ်ဖို့လုပ်ရင်းနဲ့လေ။ အဲဒါကြောင့် နိုင်ငံရဲ့ ပုံရိပ် ထိခိုက်တယ်။ စီးပွားရေးမတည်ငြိမ်ဖြစ်ပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝ တွေပါထိခိုက် တယ်။ ဆင်းရဲတဲ့လူတွေထက် လူလတ် တန်းစားလေးတွေက ဘဝပျက်သွားတာပေါ့နော်။ သူတို့က ဘယ် ကိုတိုင်ပြီး ဘာလုပ်ရမှန်းမသိတော့ ဘယ်သူ့ကိုလက်စားချေလို့ ချေရမှန်းမသိတဲ့ဘဝတွေဖြစ်ကုန်တာ ပေါ့။ အခုထိလည်း မြင်နေရ၊ ကြားနေရဆဲပါပဲ။ ဒီနေရာက သိသွားရင် နောက်ပြည်နယ်နဲ့တိုင်းက လူ တွေကို ထပ်ပြီးပစ်မှတ်ထားဦးမှာပဲ။ အခု ကျားဖျန့်က ဘယ်လိုပုံစံနဲ့ပေါ်နေလဲဆိုတော့ အဟောင်းပစ္စည်း ဈေးကွက်မှာလည်း အဲဒီလိုပဲ။ တရားမဝင်ပစ္စည်း ရောင်းတယ်။ သူများပုံတွေနဲ့ပဲ။ ဒါကတော့ တစ်နိုင် တစ်ပိုင် ကျားဖျန့်လုပ်ကြတဲ့အရာတွေပေါ့။ အကြီးကြီးတွေကတော့ Cryptocurrency အဲဒါများတယ်။ သူတို့က သူများပုံတွေနဲ့ ပစ္စည်းတွေရောင်းတယ်။
မေး-မြန်မာတွေကိုလိမ်တဲ့ လိမ်နည်းတွေကကော အမျိုးအစား ဘယ်နှမျိုးလောက်ရှိပါသလဲခင်ဗျ။
ဖြေ-(၄)(၅)မျိုးလောက်ရှိတယ်။ ဒါပေမဲ့ တစ်မျိုးကတော့ ငွေချေးတာနဲ့ပတ်သက်ပြီးတော့ လိမ် လည်တဲ့အရာပေါ့နော်။ ချေးငွေဆိုပြီးတော့ မလိမ့်တစ်ပတ်နဲ့ သူ့ဆီကအချက်အလက်တွေ အကုန် ယူပြီး တော့ လိမ်တဲ့အရာ။ မှတ်ပုံတင်နံပါတ်တွေ၊ အိမ်ထောင်စုဇယားတွေတောင်းပြီးတော့ ငွေသိန်း (၅၀)ချေး မလား အုပ်စုနဲ့ဆိုတော့ပေါ့။ အဲဒီ post တွေ တောက်လျှောက်တွေ့နေရတာလေ။ ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ပေါ့။ အဲဒီနည်း။ အဲဒီမှာ မသိဘဲနဲ့ငွေလွှဲလိုက်တာနဲ့ ငွေထုတ်သွားရောပေါ့။ နောက်တစ်ခုက ကုန်တိုက် ပေါ့နော်။ ကုန်တိုက် page ကို အတုလုပ်ပြီးတော့ ပစ္စည်းတွေ ဝယ်ရတာပေါ့။ အဲဒါတွေက လည်း သိန်းရာဂဏန်းထိတာပေါ့။ နောက်တစ်ခုကလေ သူ့အရင်းပြန်ရချင်ရင် ဘယ်လောက်ဘယ် လောက်ထည့်ရမယ်ဆိုပြီးလာတာလေ။ နောက်တစ်ခုက Youtube ကို Subscribe လုပ်ပြီး Cryptocu- rrency နဲ့ ချိတ်ပြီးလုပ်တာပေါ့နော်။ နောက်တစ်ခုက Trade အနေနဲ့လိမ်လည်တာပေါ့။ အဲ ဒီလို(၄) မျိုးအပြင် ကံစမ်းမဲ ပေါက်တာတို့ လက်ဆောင်ရ မှာတို့ဘာတို့ပေါ့နော်။ ဖုန်းနံပါတ် တွေရထားပြီး တော့ပေါ့လေ။ အဲဒီလိုမျိုးတွေပေါ့နော်။ အရင်ကဟာက နိုင်ငံ ခြားကနေလာတဲ့အရာ။ ဒါက သာမန်လူ တန်းစားတွေ ဆိုမရဘူး။ သူကဘာလဲဆိုတော့ E-mail နဲ့လိမ်တာပေါ့။ သူက သက်ကြီးရွယ်အိုပိုင်းတွေ ကို ဘယ်လောက် တောင်ပိုင်ဆိုင်မှုတွေရှိတယ်။ မင်းနဲ့ကြိုးစားပြီးအလုပ် လုပ်မယ်။ ဘာညာပေါ့။ ဒါမျိုး လေးတွေပေါ့။ နောက်ပြီးတော့ ဘယ်နိုင်ငံက ဘယ်ဘဏ်ထဲမှာတော့ ပိုက်ဆံတွေပိတ်မိနေတယ်။ အဲဒီမှာ ငါတို့ကလည်းဝန်ထမ်း ဖြစ်နေတော့ ယူလို့မရဘူး။ မင်းသာငါတို့ကိုထုတ်ပေးမယ့်လူ။ မင်းတို့နဲ့ငါတို့နဲ့ အကျိုးတူယူကြမယ်။ ငွေလွှဲခကိုတော့ တစ်ဝက်ပေးရမယ်ဆိုပြီးလိမ်တာမျိုးတွေပေါ့။ အဲဒါကတော့ ကျားဖျန့်ပေါ့။ အားလုံးပေါင်း(၆)မျိုးလောက်ပေါ့။
မေး- ကျားဖျန့်လုပ်ငန်းတွေထိန်းချုပ်နိုင်ဖို့အတွက် အစိုးရအပြင်ကိုမှ ဘယ်သူတွေလည်း ပါဝင်လုပ် ဆောင်သင့်လဲ။ ဘယ်လိုမျိုးထိန်းချုပ်မှရမလဲ။
ဖြေ-ကျားဖျန့်ထိန်းချုပ်ဖို့အတွက်က နယ်စပ်ဒေသကို အခြေခံထားတာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့ တွေပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ပေါ့နော်။ ဒါ့ပြင်ကိုမှ ပြည်တွင်းအစိုးရ ကိုယ်တိုင်က ကျားဖျန့် ကိုနှိမ်နင်းမယ်ဆိုတဲ့ ကတိကဝတ်တစ်ခုရှိပြီးတော့ တရားရေးမဏ္ဍိုင်ကို ကောင်း ကောင်းမွန်မွန်တည် ဆောက်ထားရမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လာဘ် စားတဲ့အရာပေါ့နော်။ အဲဒီမှာ ကျားဖျန့်က အနည်းနဲ့ အများဖမ်းမိတဲ့လူတွေကို ဘာမှမလုပ်တဲ့လူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး တာမျိုးတွေလည်းလုပ်ရမယ်။ နောက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေက အားကောင်းနေ တာဆို တော့ အရပ်ဘက်အဖွဲ့အ စည်းရယ် မီဒီယာကကလည်းပါရမယ်။ နောက်တစ်ခုက ပြည်သူလူထု ကိုယ် တိုင်ကလည်း ဗဟုသုတရှိရမယ်။ သတိရှိပြီး လောဘတက်ပြီးမစမ်းမိဖို့ရယ်။ တစ်ဖက်မှာ အကျပ်အ တည်းရှိနေမယ်။ အဲဒီအကျပ်အတည်းကိုကျော်လွှားဖို့အတွက် ဒီကျားဖျန့်ကိုအားကိုး ကြည့်လိုက်မယ် ဆိုတဲ့အတွေးမျိုး မဝင်ဖို့လိုတယ်။ နောက်တစ်ခုက ဒီကျားဖျန့်တွေ မြေပြင်မှာ ဘယ် လောက်ရှိနေပြီလဲ ဆိုတာကို လက်ဆုပ်လက်ကိုင်ပြ နိုင်ဖို့နဲ ဥပဒေကြောင်းအရ ဘယ်လောက်တောင်အခိုင်အမာတည် ဆောက်ထားသလဲဆိုတဲ့ နားလည်တဲ့လူ နဲ့တိုင်ပင်ပြီးတော့ ဒီအအချက်အလက်တွေကို စောင့်ကြည့်နေ တာမျိုးလုပ်သင့်ပါတယ်။
zawgyi version
က်ားဖ်န႔္အေၾကာင္း တေစ့တေစာင္း
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၂
ၿပီးခဲ့သည့္ရက္ပိုင္းက ထိုင္း-ျမန္မာနယ္စပ္က က်ားဖ်န႔္မ်ားကို တင္းတင္းၾကပ္ၾကပ္အေရးယူ ရန္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ေ႐ႊကုကၠိဳ၊ KK Park စသည္ျဖင့္ ေနရာမ်ားမွ က်ားဖ်န႔္ မ်ား ေနရာေျပာင္းေ႐ႊ႕လာၾကေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ က်ားဖ်န႔္အေၾကာင္း အေသးစိတ္ အခ်က္အလက္မ်ားႏွင့္ပတ္သက္၍ က်ားဖ်န႔္ႏွိမ္နင္းေရးေဆာင္႐ြက္ေနေသာ ကိုေဝယံကို NP News မွ ေမးျမန္းထားသည္မ်ားကို ထုတ္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး-က်ားဖ်န႔္ဆိုတာ ဘာကိုေျပာတာလဲခင္ဗ်။
ေျဖ-က်ားဖ်န႔္ဆိုတာက တစ္ဖက္လူကို သတင္းတု ဖန္တီးၿပီးေတာ့ အခြင့္အလမ္းအေနနဲ႔ ေလာဘ တက္လာေအာင္စည္း႐ုံးၿပီးတဲ့အခါမွာ တစ္ခုခုရမယ္ဆိုၿပီး မက္လုံးေပးလိုက္တယ္။ မက္လုံး ေပးၿပီးေတာ့ လူေတြဆီက နည္းနည္းေပးၿပီး အမ်ားႀကီးယူလိုက္တယ္။ အမ်ားႀကီးယူလိုက္တဲ့ေနရာမွာ အကန႔္အသက္မဲ့ ေတာင္ယူလိုက္တယ္။ အရင္းျပန္လိုခ်င္ရင္ ဘယ္ေလာက္ဘယ္ေလာက္ထည့္ဆိုၿပီး အဲဒီလိုမ်ိဳးနဲ႔ လူေတြဆီကေန ေငြေတြပါသြားတယ္ေပါ့။ လိမ္လည္တာေပါ့။ အြန္လိုင္းေပၚလာေတာ့ အြန္ လိုင္း ေပၚမွာ အမ်ားဆုံးေပါ့ေနာ္။ က်ားဖ်န႔္ဆိုတာက တ႐ုတ္စကားလုံးေပါ့ေနာ္။ အဓိကကေတာ့ လိမ္ လည္တာ။ လူအထင္ႀကီးေအာင္ ျပယုဂ္တစ္ကို အရင္ဆုံး ဖန္တီးရတယ္။ သူတို႔သည္ လုပ္ငန္းအႀကီးႀကီး လုပ္ေနပါတယ္။ Facility အေကာင္းစားေတြကို ငွားသုံးၿပီးေတာ့ ကိုယ္ပိုင္ဟန္လုပ္ၿပီးေတာ့ေနတယ္။ က်ားဖ်န႔္ လုပ္ငန္းေတြရဲ႕တူညီတဲ့အခ်က္က အစပိုင္းမွာ လူေတြယုံၾကည္ေအာင္တည္ေဆာက္တဲ့ ကာလ ေပါ့။ နည္းနည္းေပးေကြၽးလိုက္တယ္။ ၿပီးေတာ့မွ ေတာက္ေလွ်ာက္ေပါ့။ သူ႔မွာ Target ရွိတယ္။ လူ အေယာက္ ဘယ္ႏွရာနဲ႔ ေငြက်ပ္သိန္းဘယ္ႏွေထာင္ေပါ့ေနာ္။ ရရင္ သူတို႔ကလစ္မယ္ေပါ့ေနာ္။ အဲဒီ Target ကာလ ဘယ္ေလာက္ဆိုရင္ ဘယ္ေလာက္ရရမယ္ဆိုတဲ့နည္းနဲ႔ လုပ္ၾကတယ္။
ေမး-အဲဒီက်ားဖ်န႔္လုပ္ငန္းေတြထဲမွာ ဘယ္လိုလူ ေတြ ဝင္ေရာက္လုပ္ကိုင္ေနၾကပါသလဲ။
ေျဖ- အဲဒီလုပ္ငန္းထဲမွာ ဝင္ေရာက္လုပ္ကိုင္ေနတဲ့ လူေတြကလည္း မသိနားမလည္ဘဲ ဝင္လုပ္ မိတာ လည္းရွိတယ္။ ေရာင္းစားခံရၿပီးေရာက္တာေတြလည္း ရွိတယ္။ အဲဒီမွာ စားဝတ္ေနေရး က်ပ္ တည္းတဲ့အခါ မွာ ေငြေၾကးၿမိဳးၿမိဳးျမက္ျမက္ရတယ္ဆိုၿပီး ဝင္သြား တယ္။ ၿပီးေတာ့မွ လူကုန္ကူး၊ ဖမ္းခ်ဳပ္ ထားၿပီးေတာ့ နယ္စပ္ေဒသေတြမွာ တစ္နည္းအားျဖင့္ တရားဥပေဒ မစိုးမိုးတဲ့ေဒသေတြမွာ အတင္း အဓမၼခိုင္းေစတာေပါ့ေနာ္။ ျပန္လို႔လည္းမရေတာ့ဘူး။ အဲဒီလိုမ်ိဳးေတြကေတာ့ က်ားဖ်န႔္ေပါ့ေနာ္။ ပထမ ဦးဆုံး က်ားဖ်န႔္ေတြသည္ E-mail နဲ႔လိမ္လည္တဲ့ဟာလာတယ္။ တျဖည္း ျဖည္းနဲ႔မွ အြန္လိုင္းေပၚကေန တျဖည္းျဖည္းနဲ႔ ဆိုရွယ္ မီဒီယာပလက္ေဖာင္းေပၚရာက္လာၿပီးေတာ့ Facebook ၊ Viber ၊ Youtube နဲ႔ ၿပီးေတာ့ သူ႔ Technology က ရႈပ္ေထြးတဲ့အခါက်ေတာ့ အြန္လိုင္း Trade ေတြေပါ့။ Crypto တို႔ဘာတို႔ကို Base လုပ္ၿပီးေတာ့ က်ားဖ်န႔္စလုပ္တယ္ေပါ့ေနာ္။ မက္လုံးတစ္ခုေပးၿပီးေတာ့ လူေတြ ေလာဘတက္လာ ၿပီဆိုတဲ့ကာလတစ္ခုမွာ လူေပါင္းမ်ားစြာဆီက သိန္းေပါင္းရာေထာင္ခ်ီၿပီး လိမ္လည္သြားတဲ့အရာေပါ့ ေနာ္။ အဲဒီထဲမွာပါတဲ့လူေတြကို မုန႔္လည္းေကြၽးမယ္၊ တုတ္လည္းေကြၽးတယ္။ မုန႔္ေကြၽးတာကေတာ့ အခြင့္အလမ္းေတြေပးထားတယ္။ တစ္ဖက္မွာေတာ့ အတင္းအဓမၼခိုင္းေစတယ္ေပါ့။ ျပန္လမ္းမဲ့ ပုံစံမ်ိဳး ျဖစ္သြားတာေပါ့။ သူ႔လူေတြကို ထားတာက တစ္ေနရာမွာ အုပ္ထိန္းသူေတြနဲ႔ ေသခ်ာ ၾကပ္မတ္ထား တာ။ အိပ္ရာထခ်ိန္၊ အစာစားခ်ိန္။ လိမ္လည္တဲ့ဆင္းမ္ကတ္ေတြက သတ္သတ္။ သူတို႔ကိုယ္ ပိုင္ဆင္းမ္ ကတ္ေတြက သတ္သတ္။ သူတို႔ဆင္းမ္ကတ္ေတြကို ဘယ္ေတာ့မွမေပးဘူး။ အဲဒီလိုေပါ့ေနာ္။ တရား ဥပေဒ စိုးမိုးမႈမရွိေတာ့ ျပည္တြင္းက Bank အေကာင့္ေတြပါ သူတို႔ေတြက သုံးတယ္။ K-pay ေတြ၊ wave ေတြသုံးၾကတယ္။
ေမး-က်ားဖ်န႔္ေတြက ျမန္မာႏိုင္ငံမွာ ဘယ္အခ်ိန္ကစၿပီးေပၚေပါက္ေနခဲ့တာလဲခင္ဗ်။
ေျဖ- စၿပီးေပၚေပါက္ခဲ့တာေတာ့ ေတာ္ေတာ္ေတာ့ၾကာၿပီ။ တ႐ုတ္မွာ စၿပီးေပၚေပါက္ခဲ့တာလို႔ ေတာ့ သိရတယ္။ စတုန္းက အေနာက္ႏိုင္ငံသားေတြကို လုပ္တယ္။ အဲဒီေနာက္ ဆင္းရဲတဲ့ ႏိုင္ငံက လူ ေတြကို လုပ္တယ္။ E-mail ေတြနဲ႔ အင္တာနက္ website ေတြ စၿပီး တြင္တြင္က်ယ္က်ယ္ေပၚ လာတဲ့ အခ်ိန္မွာဆိုေတာ့ (၂၀ဝဝ) ျပည့္ႏွစ္ေလာက္ကတည္းက စၿပီးေပၚေနၿပီေပါ့ေနာ္။ (၂၀ဝဝ) ျပည့္ႏွစ္ မတိုင္ မီကေတာ့ အြန္လိုင္း ကေန လုပ္လို႔မရေတာ့ ေျမျပင္မွာလိမ္ရတာေပါ့ေနာ္။ လုပ္ငန္းအတုေတြဖန္တီးၿပီး ေတာ့ လိမ္တာေပါ့ေနာ္။ (၂၀၁၀)ေလာက္မွာလည္း ဒီေလာက္ႀကီးထိ မျဖစ္ေသးဘူး။ ျမန္မာႏိုင္ငံနား တစ္ဝိုက္မွာေတာ့ ကပ္လာတယ္။ (၂၀၁၉)နဲ႔ (၂၀၂၀)ကိုဗစ္ကာလမွာ အြန္လိုင္း ေပၚမွာအလုပ္လုပ္ၾက ေတာ့ က်ားဖ်န႔္က ေခါင္းေထာင္လာတာေပါ့။
ေမး-ျမန္မာႏိုင္ငံမွာရွိတဲ့ က်ားဖ်န႔္လုပ္ငန္းေတြကေကာ ဘယ္အဖြဲ႕အစည္းေတြနဲ႔ ပါဝင္ပတ္သက္ေန တာကို ေတြ႕ရပါသလဲ။
ေျဖ-အဲဒီလုပ္ငန္းေတြက ဥပေဒစိုးမိုးမႈအားနည္းတဲ့ ေနရာေတြမွာ အေျခစိုက္တယ္။ အဲဒီေနရာ ေတြမွာ အားေကာင္းတယ္။ ဆင္းရဲတဲ့ႏိုင္ငံေတြကလူေတြကို ပိုက္ဆံေပးၿပီးေတာ့ အတင္းအဓမၼ ခိုင္းေစ တယ္။ အဓိက အခ်က္ကေတာ့ ႏိုင္ငံေရးနဲ႔စစ္ေရး မတည္ၿငိမ္တဲ့ေနရာေတြေပါ့ေနာ္။ လက္နက္ကိုင္ လႈပ္ ရွားမႈေတြေပါ တဲ့ေနရာေတြေပါ့။ တစ္ဖြဲ႕ထက္မကတဲ့ လက္နက္ ကိုင္အဖြဲ႕ေတြပါဝင္ၾကၿပီး တရားဝင္ ေရာ တရားမဝင္ေရာ လက္နက္ကိုင္အဖြဲ႕ေတြ ႀကီးစိုးတဲ့ေနရာေပါ့။ ဥပေဒစိုးမိုးမႈအားနည္းမယ္။ ႏိုင္ငံတစ္ ႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအာဏာ ျပည့္ျပည့္ဝဝမသက္ေရာက္ဘူး။ ဟိုဘက္ႏိုင္ငံနဲ႔ ဒီဘက္ႏိုင္ငံ Border ဧရိယာ ျဖစ္မယ္။ ဥပမာ ျမန္မာႏိုင္ငံနဲ႔ ထိုင္း၊ လာအိုလို Border မ်ိဳးေတြ။ ထိုင္း၊ ျမန္မာ၊ လာအို၊ တ႐ုတ္ ေပါ့ေနာ္။ အဲဒီေနရာမ်ိဳးေတြမွာ အားေကာင္းတာေပါ့ေနာ္။ လက္နက္ကိုင္ထိန္းခ်ဳပ္မႈရွိတဲ့ ေနရာေတြမွာ လည္း ရွိတယ္ေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ နယ္စပ္ေနရာမ်ိဳးေတြေပါ့ေနာ္။ အဲဒီေနရာေတြမွာအားေကာင္း တယ္။ တ႐ုတ္ကေတာ့ က်ား ဖ်န႔္နဲ႔ပတ္သက္လို႔ တအားဖိတယ္ေပါ့ေနာ္။ သူ႔ႏိုင္ငံသားေတြရွိတဲ့အတြက္ ေၾကာင့္ ပိတ္ေလွာင္က်ားဖ်န႔္ တိုက္ဖ်က္ေရးကိုလုပ္ရတာေပါ့။ အေနာက္ႏိုင္ငံသားေတြကလည္း ရွိရင္ ရွိ မယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံသားေတြက အမ်ားဆုံးပါဝင္ပတ္သက္ေနတာေပါ့ေနာ္။
ေမး-က်ားဖ်န႔္လုပ္ငန္းေတြကို ျမန္မာႏိုင္ငံရဲ႕ ဘယ္ေဒသေတြမွာ အမ်ားဆုံးေတြ႕ရလဲခင္ဗ်။
ေျဖ- အခုက ရန္ကုန္နဲ႔ မႏၲေလးဘက္ကိုလိမ္လည္တဲ့က်ားဖ်န႔္ေတြက ရွမ္းျပည္နယ္ဘက္ကၿမိဳ႕ ေတြေပၚမွာ။ တ႐ုတ္-လာအို-ထိုင္းေပါ့ေနာ္။ အဲဒီတစ္ေလွ်ာက္လုံးမွာနဲ႔ ကရင္ျပည္နယ္၊ ေ႐ႊကုကၠိဳတို႔၊ KK Park တို႔။ ျမဝတီ၊ မဲေဆာက္တေက်ာေပါ့ေနာ္။ DKBA ေပါ့။ သူ႔ဘာသာရပ္တည္တဲ့ လက္နက္ကိုင္ေပါ့ ေနာ္။ အဲဒီလူေတြရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိၿပီးေတာ့ သူတို႔က က်န္တဲ့လက္နက္ကိုင္အႀကီးေတြကို လည္း သြယ္ဝိုက္တဲ့နည္းနဲ႔ အေပးအယူေတြလုပ္ထားၾကမွာေပါ့ေနာ္။ ကြၽန္ေတာ္ေတာ့ အဲဒီလိုထင္တယ္။ က်န္တဲ့ေနရာေတြမွာ ပါဝင္ပတ္သက္ေနတဲ့အတြက္ေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕လုံၿခဳံေရးဒုဝန္ႀကီး တာခ်ီ လိတ္ကို လာသြားတယ္။ တ႐ုတ္တို႔ မဲေဆာက္တို႔မွာ က်ားဖ်န႔္ေတြရွိေနတယ္ဆိုတဲ့အတြက္ေၾကာင့္ အခ်က္ျပတာေပါ့ေနာ္။ ႏွိမ္နင္းဖို႔အတြက္လည္း တ႐ုတ္ရယ္၊ ထိုင္းရယ္၊ ျမန္မာရယ္ေပါ့။ Stakeholder ေတြက ေျပာၿပီး အဲဒီကေန အက်ိဳးအျမတ္ခံစားရတဲ့သူေတြကို စာရင္းနဲ႔တကြ ေပးတယ္ေပါ့ေနာ္။ အရင္က မလုပ္ခဲ့ေတာ့ တျခားနည္းနဲ႔သြယ္ဝိုက္ၿပီးလုပ္သြားတဲ့အရာေတြ ရွိတာေပါ့ေနာ္။ အဲဒီေတာ့ ဖိအားဒဏ္မခံႏိုင္ေတာ့ ဒီအထဲမွာ ပါဝင္ပတ္သက္တဲ့သူေတြပါ အေရးယူျပရတာေတြျဖစ္လာေပါ့ေနာ္။ အခုေတာ့ ဒီကိုလာသြားတယ္ဆိုေတာ့ က်ားဖ်န႔္က ဒီေနရာေတြမွာရွိေနတယ္ ေပါ့ေနာ္။ ရွိေနေတာ့ က်ားဖ်န႔္ေတြက ျမန္ျမန္ဆန္ဆန္ပဲ ေ႐ႊ႕ေနတယ္ေပါ့ေနာ္။ ပိုင္ဆိုင္မႈေတြ ေ႐ႊ႕ေျပာင္းၾကတာေတြ လုပ္ေန ၾကတာေပါ့ေလ။ အဲဒီကရတဲ့ တရားမဝင္ေငြေၾကးက ျမန္မာႏိုင္ငံမွာ လူပုဂၢိဳလ္အေနနဲ႔ေျပာရရင္ က်ားဖ်န႔္ ရဲ႕အဆြယ္အပြားေတာင္မွ ဒီထက္ ပိုၿပီးခ်မ္းသာတယ္ဆိုတာ အရပ္ဘက္အဖြဲ႕အစည္းက ေခါင္းေဆာင္ တစ္ေယာက္က ကြၽန္ေတာ့္ကိုေျပာဖူးတယ္။ သူတို႔ေလ့လာမႈအရေပါ့။
ေမး-ျမန္မာႏိုင္ငံကိုပစ္မွတ္ထားတဲ့ က်ားဖ်န႔္ေတြရဲ႕ အေျခခံသေဘာတရားေတြလည္း ေျပာျပေပးပါဦး။
ေျဖ- အခုေပၚေနတဲ့က်ားဖ်န႔္က Youtube ကို Subscribe လုပ္ေပးဆိုတဲ့အရာလည္းရွိေနတယ္။ ေနာက္ ၿပီး Trade ဆိုရင္ေတာ့ ေ႐ႊေတြ၊ ေဒၚလာေတြ Trade လုပ္တာေပါ့။ Investment လုပ္တာေပါ့။ လူေတြက စားဝတ္ေနေရးအခြင့္အလမ္းေတြက သိပ္မရွိဘူးေပါ့ ေနာ္။ အဲဒါကို မက္လုံးတစ္ခုအေနနဲ႔ ေပး လိုက္တဲ့အခါမွာ ပထမ (၁) ႀကိမ္၊ (၂) ႀကိမ္က အတိုးရတယ္။ အတိုးရတဲ့အခါမွာ ရွိတဲ့ဟာပုံေအာတာေပါ့။ ေနာက္ၿပီးေတာ့ အခုေခတ္စားေနတဲ့ Crypto currency ေပါ့ေနာ္။ Bigcoin လိုဟာမ်ိဳးေပါ့။ လူေတြက မလုပ္တတ္ဘူး။ လုပ္တတ္ေအာင္လည္း ႏွစ္နဲ႔ခ်ီၿပီးေတာ့ ေလ့လာရဦးမယ္။ အဲဒီမွာ အဲဒီအလုပ္နဲ႔ ပတ္ သက္လို႔ ကြၽမ္းက်င္တဲ့လူေတြကို ပိုက္ဆံေပးၿပီးငွားရမ္းတယ္။ ပိုက္ဆံမ်ားမ်ားေပးထားတယ္ ဘာညာ ေပါ့။ အဲဒီမွာ လုပ္ရင္းနဲ႔ (၃)ႀကိမ္ေျမာက္ကေနစၿပီးေတာ့ ကိုယ့္ကိုဒုကၡေပးတာပဲ။ ရွိသမွ်ပိုင္ဆိုင္မႈေတြ ပါသြားတာေပါ့။ တခ်ိဳ႕ကလည္း ကမာၻေက်ာ္ကုန္တိုက္ႀကီးေတြ နာမည္နဲ႔လုပ္တာေတြလည္းရွိတယ္။ ဘရာဇီးမွာရွိတဲ့ ကုန္တိုက္နာမည္နဲ႔ေတာင္ လုပ္တာရွိတယ္။ အဲဒါကေတာ့ ပြားတာေပါ့ေနာ္။ သူ႔မွာရွိတဲ့ ကုန္ပစၥည္းေတြ၊ စေတာ့ေတြကို အြန္လိုင္းကေန ျပန္ဝယ္၊ ျပန္ေရာင္းေပါ့ေနာ္။ အဲဒီလိုနဲ႔ ေၾကာ္ျငာရ ေအာင္ လူေတြသိေအာင္ေဖာက္တယ္ေပါ့ေနာ္။ စတိုင္တစ္မ်ိဳးနဲ႔ေပါ့။ အဲဒီမွာ အြန္လိုင္းေပၚကေန ေန႔စဥ္ လုပ္႐ုံနဲ႔ ပိုက္ဆံရတယ္ဆိုတာကို လုပ္ျပတယ္ေပါ့ေနာ္။ ေကာင္မေလးေတြပုံနဲ႔ေပါ့ေနာ္။ အမ်ိဳးသမီး ေခ်ာ ေခ်ာလွလွေလး ေတြပုံနဲ႔လုပ္တာေပါ့ေနာ္။ အဲဒီမွာ သူတို႔ရင္းႏွီးမႈတည္ ေဆာက္တယ္။ ထိကပါးရိကပါး ေျပာဆိုၿပီးေတာ့ ျမႇဴဆြယ္တာေပါ့။ အဲဒီမွာ သူတို႔ရဲ႕႐ုပ္ရည္က မူရင္းမ်က္ႏွာမဟုတ္ဘူး။ သူမ်ားပုံကို ခိုးသုံးထားတဲ့အရာေတြေပါ့။ သူတို႔ရဲ႕မူရင္းမ်က္ႏွာကိုေတာင္းၾကည့္ရင္ လက္မခံဘူး။ Video call နဲ႔ ေတြ႕ မလားဆို လက္မခံဘူး သူတို႔က။ အမ်ိဳးသမီးေတြ က်ားဖ်န႔္လုပ္ရင္လည္း အမ်ိဳးသားငယ္ငယ္ေလးေတြ ကို ျပန္သုံးတယ္ေပါ့ေနာ္။ အဲဒီေနာက္ကြယ္မွာ ေဂးေတြကလည္းပါတယ္။ သူတို႔ကို Target နဲ႔ေပးထား တာ။ ဖုန္းကလည္း (၃)လုံး (၄)လုံး။ ဝယ္ခိုင္းတာေပါ့ေနာ္။ မလုပ္ခ်င္ဘူးဆိုရင္ လည္းမရဘူး။ အဲဒီလိုဆို ေတာ့ တစ္ကမာၻလုံးကပါ လက္မခံတဲ့လုပ္ငန္းလည္းျဖစ္ေတာ့ လူကုန္ကူးတဲ့ ျပစ္မႈမွာပါ ပါေနတာေပါ့။
ေမး-က်ားဖ်န႔္ေတြက ဘယ္လိုလူမ်ိဳးေတြကို ပစ္မွတ္ထားလဲ။
ေျဖ-က်ားဖ်န႔္ေတြက ဆင္းရဲတဲ့လူေတြကို ပစ္မွတ္မထားဘူး။ ေငြရွိတဲ့လူေတြက ခံရတာမ်ား တယ္။ ဆင္းရဲတဲ့လူေတြကို ပစ္မွတ္ထားတာကေတာ့ ေငြေခ်းတာ တို႔ဘာတို႔ေပါ့။ စေပၚသြင္းရမယ့္ (၁၅၀ဝဝ)၊ (၂၀ဝဝဝ) ေလာက္နဲ႔ လိမ္တာမ်ိဳးေတြပဲရွိတာေပါ့။ တကယ့္ က်ားဖ်န႔္အႀကီးႀကီးေတြကေတာ့ ဟိုဘက္ဒီဘက္ေ႐ႊ႕လို႔ရေအာင္ေပါ့။ ခံရတဲ့လူေတြကလည္း စာတတ္ေပတတ္ေတြ။ အဲဒီလိုလူေတြ ျဖစ္ေတာ့ အမ်ားသူငါကို ခ်ျပတာလည္းအားနည္းတယ္။ ဒီဥပေဒစိုးမိုးေရးအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္တာလည္းအားနည္းတယ္။ က်ားဖ်န႔္လုပ္ေနတဲ့သူရဲ႕မ်က္ႏွာလည္း မျမင္ရဘူး။ မွတ္ပုံတင္ လည္း မသိရဘူးေလ။ သူတို႔ကသူမ်ား ဟာေတြနဲ႔လုပ္စားတာ။ အဲဒီေတာ့ တရားဥပေဒစိုးမိုးတဲ့ အစိုးရက လုပ္မွဘဲ ဒီက်ားဖ်န႔္က အျမစ္ျပတ္ႏိုင္သြားမယ္ေပါ့ေနာ္။ ကြၽန္ေတာ့္အသိေတြကို ေမးေတာ့ UK ဘက္မွာ လည္း က်ားဖ်န႔္ကရွိတယ္တဲ့။ သူတို႔ကိုေတာ့ အမူတြဲဖိုင္တည္ေဆာက္ၿပီးေတာ့ တိုင္တာနဲ႔ တစ္ပတ္ အ တြင္း။ တခ်ိဳ႕ဆို (၂၄)နာရီအတြင္းေတာင္ မိတယ္လို႔ေျပာတယ္။ ဒီမွာဆိုရင္ မိဖို႔ကမလြယ္ေသးဘူး။
ေမး-က်ားဖ်န႔္က ႏိုင္ငံတစ္ႏိုင္ငံကို ဘယ္ေလာက္ထိ ဒုကၡေပးႏိုင္လဲခင္ဗ်။
ေျဖ- က်ားဖ်န႔္သည္ ႏိုင္ငံရဲ႕လူမႈေရးနဲ႔ စည္း႐ုံးေရး မတည္ၿငိမ္မႈကို အမ်ားႀကီးျဖစ္ေစတယ္ေပါ့ ေနာ္။ ႏိုင္ငံရဲ႕ပုံရိပ္ကိုလည္း က်ဆင္းေစတယ္။ ႏိုင္ငံထဲမွာ က်ားဖ်န႔္ေတြရွိေနတယ္ဆိုေတာ့ ႏိုင္ငံလည္း မေကာင္းဘူး။ ေနာက္ ေငြေၾကးလည္းအရမ္းက်ပ္တာေပါ့ေနာ္။ စီးပြားေရးပညာရွင္ေတြလည္း ေျပာပါ လိမ့္မယ္။ ေငြေၾကး အရမ္းက်ပ္တယ္။ ေနာက္ ဥပေဒစိုးမိုးမႈမဲ့တယ္ ေပါ့ေနာ္။ ခံလိုက္ရတဲ့လူေတြထဲက လူ(၃၀)ေလာက္ကို ကြၽန္ေတာ္တို႔ သုေတသနလုပ္ဖူးတယ္။ တခ်ိဳ႕ဆို ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြားျဖစ္ၿပီး ေတာ့ ႐ူးေၾကာင္ေၾကာင္ျဖစ္သြားၿပီးေတာ့ ေအာက္လမ္းဆရာတို႔ အထက္လမ္းဆရာတို႔သြားေမး၊ ဘုန္း ႀကီးေတြသြားေမးတဲ့အထိျဖစ္သြားတယ္။ ဘာလုပ္လို႔လုပ္ရမွန္းမသိဘူး။ ေဝဝါးသြာတယ္။ ေရွာ့ခ္ကို အႀကီးႀကီးရသြားတာေပါ့။ မိန္းကေလးတစ္ေယာက္ဆိုရင္ သူပညာတတ္တယ္၊ ႏိုင္ငံျခားသြားမယ္၊ ထိုင္း ကိုသြားမယ္ဆိုၿပီး ေငြေတြပုံေအာလိုက္တယ္။ ဘဝပါပ်က္သြားတယ္။ ပထမေတာ့ ျပန္ရတယ္။ လိုက္ရင္း လိုက္ရင္းနဲ႔ ပါသြားတာ။ ဒီေကာင္ေတြက ထီထိုးသလိုပဲ။ ထီထိုးတာေတာင္ ကန႔္လို႔ရတယ္။ ဒီလိုက ကန႔္ လို႔ မရသလိုျဖစ္ေနတယ္။ ရွိရင္ရွိသေလာက္ကုန္မွာ ျဖစ္ေနတယ္။ ေနာက္တစ္ေယာက္ကိုလည္း ေခ်းေငြ ေတြရထားတာရွိတယ္။ အဲဒါေတြလည္း အကုန္ရႈံး။ ေနာက္ဆုံး သူတို႔မွာရွိတဲ့ လယ္ေတာ၊ ယာေတာေတြ ကို ေရာင္းေပါင္လိုက္ေတာ့ ေတာင္းစားရတဲ့ဘဝေတြအထိပါျဖစ္သြားတာ။ ဒီေလာက္တစ္ေယာက္ျဖစ္ၿပီ ဆိုရင္ ဒီလူတစ္ေယာက္ပဲ ျဖစ္တာမဟုတ္ဘူး။ ဒီလူနဲ႔ပတ္သက္တဲ့ မိသားစုဝင္ေတြ ေတာက္ေလွ်ာက္ ကြင္းဆက္နဲ႔ ခံရတယ္။ ကိုယ္ကိုယ္တိုင္လည္း ေသးေသးေလးေတြခံရတယ္။ ကိုယ္တိုင္ကေတာ့ Risk ယူၿပီးလုပ္ေတာ့ တမင္ကို အရႈံးခံ ၿပီးေလ့လာခဲ့ရတယ္။ အဲဒီမွာ နည္းနည္းပါးပါး ပါသြားရင္ေတာင္ စိတ္ ထဲကမေက်နပ္ဘူး။ အဲဒီမွာ ကြင္းဆက္ေတြလိုက္ၿပီး ေဖာ္ထုတ္ဖို႔လုပ္ရင္းနဲ႔ေလ။ အဲဒါေၾကာင့္ ႏိုင္ငံရဲ႕ ပုံရိပ္ ထိခိုက္တယ္။ စီးပြားေရးမတည္ၿငိမ္ျဖစ္ၿပီးေတာ့ တရားဥပေဒစိုးမိုးေရးနဲ႔ လူမႈဘဝ ေတြပါထိခိုက္ တယ္။ ဆင္းရဲတဲ့လူေတြထက္ လူလတ္ တန္းစားေလးေတြက ဘဝပ်က္သြားတာေပါ့ေနာ္။ သူတို႔က ဘယ္ ကိုတိုင္ၿပီး ဘာလုပ္ရမွန္းမသိေတာ့ ဘယ္သူ႔ကိုလက္စားေခ်လို႔ ေခ်ရမွန္းမသိတဲ့ဘဝေတြျဖစ္ကုန္တာ ေပါ့။ အခုထိလည္း ျမင္ေနရ၊ ၾကားေနရဆဲပါပဲ။ ဒီေနရာက သိသြားရင္ ေနာက္ျပည္နယ္နဲ႔တိုင္းက လူ ေတြကို ထပ္ၿပီးပစ္မွတ္ထားဦးမွာပဲ။ အခု က်ားဖ်န႔္က ဘယ္လိုပုံစံနဲ႔ေပၚေနလဲဆိုေတာ့ အေဟာင္းပစၥည္း ေဈးကြက္မွာလည္း အဲဒီလိုပဲ။ တရားမဝင္ပစၥည္း ေရာင္းတယ္။ သူမ်ားပုံေတြနဲ႔ပဲ။ ဒါကေတာ့ တစ္ႏိုင္ တစ္ပိုင္ က်ားဖ်န႔္လုပ္ၾကတဲ့အရာေတြေပါ့။ အႀကီးႀကီးေတြကေတာ့ Cryptocurrency အဲဒါမ်ားတယ္။ သူတို႔က သူမ်ားပုံေတြနဲ႔ ပစၥည္းေတြေရာင္းတယ္။
ေမး-ျမန္မာေတြကိုလိမ္တဲ့ လိမ္နည္းေတြကေကာ အမ်ိဳးအစား ဘယ္ႏွမ်ိဳးေလာက္ရွိပါသလဲခင္ဗ်။
ေျဖ-(၄)(၅)မ်ိဳးေလာက္ရွိတယ္။ ဒါေပမဲ့ တစ္မ်ိဳးကေတာ့ ေငြေခ်းတာနဲ႔ပတ္သက္ၿပီးေတာ့ လိမ္ လည္တဲ့အရာေပါ့ေနာ္။ ေခ်းေငြဆိုၿပီးေတာ့ မလိမ့္တစ္ပတ္နဲ႔ သူ႔ဆီကအခ်က္အလက္ေတြ အကုန္ ယူၿပီး ေတာ့ လိမ္တဲ့အရာ။ မွတ္ပုံတင္နံပါတ္ေတြ၊ အိမ္ေထာင္စုဇယားေတြေတာင္းၿပီးေတာ့ ေငြသိန္း (၅၀)ေခ်း မလား အုပ္စုနဲ႔ဆိုေတာ့ေပါ့။ အဲဒီ post ေတြ ေတာက္ေလွ်ာက္ေတြ႕ေနရတာေလ။ ေက်းဇူးတင္ပါတယ္ ဆိုၿပီးေတာ့ေပါ့။ အဲဒီနည္း။ အဲဒီမွာ မသိဘဲနဲ႔ေငြလႊဲလိုက္တာနဲ႔ ေငြထုတ္သြားေရာေပါ့။ ေနာက္တစ္ခုက ကုန္တိုက္ ေပါ့ေနာ္။ ကုန္တိုက္ page ကို အတုလုပ္ၿပီးေတာ့ ပစၥည္းေတြ ဝယ္ရတာေပါ့။ အဲဒါေတြက လည္း သိန္းရာဂဏန္းထိတာေပါ့။ ေနာက္တစ္ခုကေလ သူ႔အရင္းျပန္ရခ်င္ရင္ ဘယ္ေလာက္ဘယ္ ေလာက္ထည့္ရမယ္ဆိုၿပီးလာတာေလ။ ေနာက္တစ္ခုက Youtube ကို Subscribe လုပ္ၿပီး Cryptocu- rrency နဲ႔ ခ်ိတ္ၿပီးလုပ္တာေပါ့ေနာ္။ ေနာက္တစ္ခုက Trade အေနနဲ႔လိမ္လည္တာေပါ့။ အဲ ဒီလို(၄) မ်ိဳးအျပင္ ကံစမ္းမဲ ေပါက္တာတို႔ လက္ေဆာင္ရ မွာတို႔ဘာတို႔ေပါ့ေနာ္။ ဖုန္းနံပါတ္ ေတြရထားၿပီး ေတာ့ေပါ့ေလ။ အဲဒီလိုမ်ိဳးေတြေပါ့ေနာ္။ အရင္ကဟာက ႏိုင္ငံ ျခားကေနလာတဲ့အရာ။ ဒါက သာမန္လူ တန္းစားေတြ ဆိုမရဘူး။ သူကဘာလဲဆိုေတာ့ E-mail နဲ႔လိမ္တာေပါ့။ သူက သက္ႀကီး႐ြယ္အိုပိုင္းေတြ ကို ဘယ္ေလာက္ ေတာင္ပိုင္ဆိုင္မႈေတြရွိတယ္။ မင္းနဲ႔ႀကိဳးစားၿပီးအလုပ္ လုပ္မယ္။ ဘာညာေပါ့။ ဒါမ်ိဳး ေလးေတြေပါ့။ ေနာက္ၿပီးေတာ့ ဘယ္ႏိုင္ငံက ဘယ္ဘဏ္ထဲမွာေတာ့ ပိုက္ဆံေတြပိတ္မိေနတယ္။ အဲဒီမွာ ငါတို႔ကလည္းဝန္ထမ္း ျဖစ္ေနေတာ့ ယူလို႔မရဘူး။ မင္းသာငါတို႔ကိုထုတ္ေပးမယ့္လူ။ မင္းတို႔နဲ႔ငါတို႔နဲ႔ အက်ိဳးတူယူၾကမယ္။ ေငြလႊဲခကိုေတာ့ တစ္ဝက္ေပးရမယ္ဆိုၿပီးလိမ္တာမ်ိဳးေတြေပါ့။ အဲဒါကေတာ့ က်ားဖ်န႔္ေပါ့။ အားလုံးေပါင္း(၆)မ်ိဳးေလာက္ေပါ့။
ေမး- က်ားဖ်န႔္လုပ္ငန္းေတြထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အစိုးရအျပင္ကိုမွ ဘယ္သူေတြလည္း ပါဝင္လုပ္ ေဆာင္သင့္လဲ။ ဘယ္လိုမ်ိဳးထိန္းခ်ဳပ္မွရမလဲ။
ေျဖ-က်ားဖ်န႔္ထိန္းခ်ဳပ္ဖို႔အတြက္က နယ္စပ္ေဒသကို အေျခခံထားတာျဖစ္တဲ့အတြက္ ႏိုင္ငံတကာအဖြဲ႕ ေတြပါဝင္ၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔လိုတယ္ေပါ့ေနာ္။ ဒါ့ျပင္ကိုမွ ျပည္တြင္းအစိုးရ ကိုယ္တိုင္က က်ားဖ်န႔္ ကိုႏွိမ္နင္းမယ္ဆိုတဲ့ ကတိကဝတ္တစ္ခုရွိၿပီးေတာ့ တရားေရးမ႑ိဳင္ကို ေကာင္း ေကာင္းမြန္မြန္တည္ ေဆာက္ထားရမယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ လာဘ္ စားတဲ့အရာေပါ့ေနာ္။ အဲဒီမွာ က်ားဖ်န႔္က အနည္းနဲ႔ အမ်ားဖမ္းမိတဲ့လူေတြကို ဘာမွမလုပ္တဲ့လူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးၿပီး တာမ်ိဳးေတြလည္းလုပ္ရမယ္။ ေနာက္ၿပီးေတာ့ အရပ္ဘက္အဖြဲ႕အစည္းေတြက အားေကာင္းေန တာဆို ေတာ့ အရပ္ဘက္အဖြဲ႕အ စည္းရယ္ မီဒီယာကကလည္းပါရမယ္။ ေနာက္တစ္ခုက ျပည္သူလူထု ကိုယ္ တိုင္ကလည္း ဗဟုသုတရွိရမယ္။ သတိရွိၿပီး ေလာဘတက္ၿပီးမစမ္းမိဖို႔ရယ္။ တစ္ဖက္မွာ အက်ပ္အ တည္းရွိေနမယ္။ အဲဒီအက်ပ္အတည္းကိုေက်ာ္လႊားဖို႔အတြက္ ဒီက်ားဖ်န႔္ကိုအားကိုး ၾကည့္လိုက္မယ္ ဆိုတဲ့အေတြးမ်ိဳး မဝင္ဖို႔လိုတယ္။ ေနာက္တစ္ခုက ဒီက်ားဖ်န႔္ေတြ ေျမျပင္မွာ ဘယ္ ေလာက္ရွိေနၿပီလဲ ဆိုတာကို လက္ဆုပ္လက္ကိုင္ျပ ႏိုင္ဖို႔နဲ ဥပေဒေၾကာင္းအရ ဘယ္ေလာက္ေတာင္အခိုင္အမာတည္ ေဆာက္ထားသလဲဆိုတဲ့ နားလည္တဲ့လူ နဲ႔တိုင္ပင္ၿပီးေတာ့ ဒီအအခ်က္အလက္ေတြကို ေစာင့္ၾကည့္ေန တာမ်ိဳးလုပ္သင့္ပါတယ္။