ဒေါပုံတွင် မဲစာရင်းကောက်သူ(၃)ဦးကို အိမ်ရှင်အမျိုသားက ဓာတ်ဆီပက်ကာ မီးရှို့

 3996

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရွေးကောက်ပွဲအတွက်မဲစာရင်းကောက်သူ(၃)ဦးကို အိမ်ရှင်အမျိုသားတစ်ဦးက ဓာတ်ဆီဖြင့် ပတ်ကာ မီးရှို့မှု ယနေ့(ဖေဖော်ဝါရီလ ၁၂ရက်)၊ မွန်းလွဲ ၁၂နာရီခွဲဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တဲ့ မဲကိစ္စအတွက်ကောက်တဲ့ စာရင်းကောက်ယူသူ(၃)ဦးကို ဓာတ်ဆီနဲ့ပက်ပြီးတော့ မီးရှို့ သွားတာ”ဟု ဒေသခံအမျိုသားတစ်ဦးက NP news ကိုပြောသည်။

ထိုသို့ မီးရှို့ခံရမှုကြောင့် အသက်(၅၀)ကျော် အမျိုသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပြင် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“လူနာက (၃)ဦးထွက်တယ်။ ကလေးမတော့ ပေါင်နဲ့ခြေသလုံးတွေမီးလောင်ဒဏ်ရာရတယ်။ အမျိုးသားကတော့ ခေါင်းကနေလောင်းပြီး မီးရှို့ခံရတာဖြစ်တဲ့အတွက် သူကတော့ များတယ်။ ခန္ဒာကိုယ်တွေတော့ လောင်သွားတယ်။ အမျိုးသမီးကြီးကတော့ ကိုယ်တစ်ခြမ်း လောင်သွားတယ်။ အဲဒီနားကလူတွေက ဝိုင်းငြှိမ်းပေးတာနဲ့ မီးကတော့ စောစောငြှိမ်းသွားတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ NP News မှ ဒေါပုံမြို့မရဲစခန်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ ခြင်းမရှိပေ။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူစေရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ကျူးလွန်သူအမျိုသားအား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေဒါပုံတြင္ မဲစာရင္းေကာက္သူ(၃)ဦးကို အိမ္ရွင္အမ်ိဳသားတစ္ဦးက ဓာတ္ဆီပက္ကာ မီးရႈိ႕

သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၂
ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္၊ ၾကည္စုရပ္ကြက္၊ ဓမၼရိပ္သာလမ္းသြယ္တြင္ ေ႐ြးေကာက္ပြဲအတြက္မဲစာရင္းေကာက္သူ(၃)ဦးကို အိမ္ရွင္အမ်ိဳသားတစ္ဦးက ဓာတ္ဆီျဖင့္ ပတ္ကာ မီးရႈိ႕မႈ ယေန႔(ေဖေဖာ္ဝါရီလ ၁၂ရက္)၊ မြန္းလြဲ ၁၂နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းေကာက္တဲ့ မဲကိစၥအတြက္ေကာက္တဲ့ စာရင္းေကာက္ယူသူ(၃)ဦးကို ဓာတ္ဆီနဲ႔ပက္ၿပီးေတာ့ မီးရႈိ႕ သြားတာ”ဟု ေဒသခံအမ်ိဳသားတစ္ဦးက NP news ကိုေျပာသည္။

ထိုသို႔ မီးရႈိ႕ခံရမႈေၾကာင့္ အသက္(၅၀)ေက်ာ္ အမ်ိဳသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအျပင္ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦးတို႔တြင္ မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

“လူနာက (၃)ဦးထြက္တယ္။ ကေလးမေတာ့ ေပါင္နဲ႔ေျခသလုံးေတြမီးေလာင္ဒဏ္ရာရတယ္။ အမ်ိဳးသားကေတာ့ ေခါင္းကေနေလာင္းၿပီး မီးရႈိ႕ခံရတာျဖစ္တဲ့အတြက္ သူကေတာ့ မ်ားတယ္။ ခႏၵာကိုယ္ေတြေတာ့ ေလာင္သြားတယ္။ အမ်ိဳးသမီးႀကီးကေတာ့ ကိုယ္တစ္ျခမ္း ေလာင္သြားတယ္။ အဲဒီနားကလူေတြက ဝိုင္းျငႇိမ္းေပးတာနဲ႔ မီးကေတာ့ ေစာေစာျငႇိမ္းသြားတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ NP News မွ ေဒါပုံၿမိဳ႕မရဲစခန္းအား ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားခဲ့ ျခင္းမရွိေပ။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေဆးကုသမႈခံယူေစရန္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး က်ဴးလြန္သူအမ်ိဳသားအား ဖမ္းဆီးရမိေရးဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.