ထီးချိုင့် - မန္တလေး နီးလျက်ဝေး

 1995

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၂

ထီးချိုင့်မြို့ဟုဆိုလိုက်လျှင် ဧရာဝတီမြစ် ကိုမေးတင်ထားသော သာယာလှပသည့် မြို့ငယ် တစ် မြို့ကို မျက်စိတွင်ပြေးမြင်မိပေလိမ့်မည်။ စိမ်းစိုသော ပတ်ဝန်းကျင်အနေအထားနှင့် မန္တလေး - ဗန်းမော် လမ်းမပေါ်မှ အထက်ပါမြို့သည် တစ်ချိန်က အချက်အချာကျသောနေရာတွင် တည်ရှိခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီးသို့အဝင်တွင် အရေးပါသော လမ်းမထက်က မြို့တစ်မြို့ဖြစ်ခဲ့ပြီး အထက်ပါမြို့သို့ မန္တလေးမြို့မှသွားပါက ယခင်အချိန်များတွင် လေးနာရီကျော် ငါးနာရီနီးပါးသာ ကြာမြင့်ခဲ့သည်။

ကားခကလည်း အလွန်အမင်းများသည်ဟု မဆိုသာဘဲ ကျပ်တစ်သောင်း ပတ်ချာလည်ခန့်ဖြင့် လိုရာခရီးကို ရောက်နိုင်သည်။ ပို၍ ကောင်းမွန်သောအချက်က အပူအပင်မရှိ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ခြင်း ဖြစ်သည်။ မန္တလေးမှစထွက်မည်ဆိုပါက မတ္တရာ - လက်ပန်လှ - ဇရပ်ကွင်း-ကျောက်ကြီး-မြတောင် စသည်ဖြင့် မြို့၊ ကျေးရွာများကို ဖြတ်သန်းပြီးနောက် ထီးချိုင့်မြို့ကို ရောက် သည်။ ထိုမှတစ်ဆင့် ဗန်းမော်မြို့အထိ ဆက်တက်နိုင်သည်။ ကုန်တင်ကားများ၊ ခရီးသည် တင်ကားများလည်း ဥဒဟိုသွားလာခဲ့ကြသည့် ယင်းလမ်းကလူများစွာကို ဝန်ဆောင်မှုပေးခဲ့ပေလိမ့်မည်။

“ထီးချိုင့်က ခရီးတစ်ထောက်နားတဲ့ မြို့ဖြစ်တယ်။ ဗန်းမော်နဲ့လည်း ကုန်သွယ်တဲ့ မြို့ပဲလေ။ ကားလမ်းကတော့ မြတောင် လမ်းဆုံဆိုတာရှိတယ်။ အခု PDF တွေ ဂိတ်ချထားတဲ့နေရာပေါ့။ အဲဒီမှာ ထမင်းဆိုင်တွေ၊ ဆီဆိုင်တွေ ဘာတွေနဲ့ သာသာ ယာယာရှိတာပေါ့။ မောင်းကုန်းမှာလည်း နီကယ်စက်ရုံရှိတယ်” ဟု ဒေသခံတစ်ဦးက ယခင်ကအချိန်ကို ပြောပြသည်။

သို့သော် ယင်းလမ်းပိုင်းအခြေအနေသည် ပြီးခဲ့သည့်နှစ်များအတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့သည်။ KIA နှင့် PDF ပူးပေါင်း အဖွဲ့များက ထီးချိုင့်မြို့ကို တိုက်ခိုက်လာသည်။ ထီးချိုင့်ကို တပ်မတော်က ကာကွယ်နိုင်သော်ငြား စစ်ကိုခေါ်ခဲ့သူများကြောင့် သမိုင်းတစ်လျှောက် ငြိမ်းချမ်းလာခဲ့ သော ထီးချိုင့်မြို့မှာ အကာရှိပြီးအနှစ်ပျောက်သော ကြက်ဥကဲ့သို့ မြို့နေရာသာကျန်ပြီး မြို့အတွင်းက ပြည်သူများမှာ အနီးပတ်ဝန်းကျင်က ကျေးရွာများသို့ စစ်ဘေးရှောင်များအဖြစ် လွင့်စဉ်သွားကြသည်။

“လက်ရှိ ထီးချိုင့်က စစ်ဘေးရှောင်တွေအနေများတာက လေသာတို့၊ ထန်းကုန်းတို့၊ ပျဉ်းစုတို့၊ အလယ်တောတို့မှာ နေကြတာ။ မြို့မှာက မနေတော့ ဘူး။ ဘာမှမရှိတော့ဘူး။ မြို့ထီးထီးပဲ ရှိတော့ တယ်။ တံတားမှာက လုံခြုံရေးတွေရှိတယ်။ တစ်ဖက်ကမ်းမှာက PDF တွေ ရှိတယ်။ ထီးချိုင့်မြို့ထဲမှာ ရဲစခန်းမှာ ကလုံခြုံရေး တပ်တွေရှိတယ်။ လူတွေကတော့ ဝင်မရတော့ဘူးပေါ့” ဟု ၎င်းကဆိုသည်။

ထီးချိုင့်မြို့သည် ပဟေဠိဆက်သော အတုံးငယ်များကဲ့သို့ အနီးပတ်ဝန်းကျင် ဒေသများသို့ အစိတ်အပိုင်းအလိုက် ပြောင်းရွှေ့သွားသည်ဟုပင် ဥပမာပေးရလိမ့်မည်ထင်သည်။ အဘယ်ကြောင့် ဆို သော် ထီးချိုင့်မြို့မှ မြို့ခံများသည် အနီးပတ်ဝန်းကျင်ရွာများသို့ ၎င်းတို့၏ စီးပွားရေးကိုပါ တစ်ပါတည်းရွှေ့သွားပြီး အသက်ရှင်နိုင်ရေး ဆက်လက်ကြိုးပမ်း နေကြရသောကြောင့် ဖြစ်သည်။

“သူဌေးတွေကတော့ မန္တလေးလိုနေရာမျိုးကို ရွှေ့သွားကြတယ်။ မရွှေ့နိုင်တဲ့သူတွေကတော့ အနားက ရွာတွေမှာ ခိုလှုံနေထိုင်ရင်းကြာလာတော့ တောင့်မခံနိုင်တော့ဘူးလေ စီးပွားရေးတွေလုပ်ကြ တယ်။ အခုဆို တချို့ရွာတွေမှာ မြို့ကလိုပဲ ဈေးဆိုင်တန်းတွေနဲ့ ပြန်ရောင်းချတာမျိုးတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ပိုဆိုးသည်က ထီးချိုင့် မြို့သို့သွားရာလမ်းတွင်လည်း PDF များက နေရာ ယူလာခဲ့သည်။ ထို့ကြောင့် ယခင်သွားနေကျ လမ်းပိုင်းကို အသုံးမပြုနိုင်တော့ပေ။

“ဗန်းမော်လမ်းပိုင်းက သွားမရတော့ဘူး။ ဗန်းမော်ကိုသွားချင်တယ်ဆိုရင် ဒိုးပင်ကို အရင်သွား ရတယ်။ ပြီးမှ ဇက်ကူးရတယ်။ ကျပ်ငါးထောင်လည်း ကြားတယ်။ သုံးထောင်လည်း ကြားတယ်။ ဇက်ကူး ခလေ။ ပြီးတော့မှ မောင်းကုန်းကိုသွားတာ။ မောင်းကုန်း လမ်းဆုံက အခု PDF ထိုင်ထားတယ်။ ရွှေကူ ဘက်ကျတော့လည်း PDF တွေချည်းဖြစ်သွားတာ” ဟု ယခင်ထီးချိုင့်သို့သွားရာ မန္တလေး - ဗန်းမော် လမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းပြ သည်။

ယခုကဲ့သို့ လမ်းပိုင်းအခက်အခဲများ ဖြစ်ပေါ်သွားသည့်အတွက် ထီးချိုင့်မြို့သို့ သွားလိုသူများက နောက်တစ်လမ်းဖြစ်သော ရွှေဘိုဘက်မှ ကွေ့ ပတ်သွားလာရသည်။ ယင်းလမ်းပိုင်းကလည်း စိတ်ချ ရသည်ဟု မဆိုသာပါ။ လမ်းတစ်လျှောက်လုံးတွင် PDF ဂိတ်များရှိသည်။ အွန်လိုင်းထက်တွင် သတင်းအဖြစ် အစဉ်မြင်တွေ့နေကျ နာမည်ကျော်မြို့များကို ဖြတ်သန်းသွားလာရခြင်း ဖြစ်သည်။

“ထီးချိုင့်ကိုသွားချင်တယ်ဆိုရင် အခု အကောင်းဆုံးသုံးလို့ရတဲ့လမ်းက မန္တလေးကနေ ရွှေဘို၊ ရွှေဘိုကနေ ခင်ဦး၊ ပြီးတော့ ကန့်ဘလူ၊ ဇီးကုန်းကနေ မြစ်ကို ဖြတ်ကူးရတယ်။ ဇက်နဲ့ ဖြတ်ကူးပြီးတော့ တကောင်း ကြံညှပ်၊ တွင်းငယ်ကနေ သွားရတယ်။ အဲဒီလမ်းပိုင်းကပဲ သွားရတော့တယ်”ဟု အထက်ပါ ဒေသခံကဆိုသည်။

ထို့ပြင် ယခင်ကဲ့သို့ ကားကြီးများဖြင့် မသွားနိုင်တော့ပြီ။ ကားငယ်များဖြင့်ခရီးသည်များကို ပို့ဆောင်ပေးနေပြီး မြို့ချင်းဆက်လမ်းများကိုလည်း သုံးရသည်။ ကျေးရွာချင်းဆက်လမ်းများကိုလည်း အသုံးပြုရသည်။ ခရီးလမ်းကြောင်းက ရှည်သည့် အတွက် လူမောပြီးမလုံခြုံသောကြာင့် စိတ်မောရကာ အဆိုပါ မောနှစ်မောစိတ်ဖြင့် ခရီးသွားရခြင်းမျိုးဖြစ် လာသည်။ ထို့အတူ ကားခကလည်း ယခင်နှုန်း အတိုင်း မရတော့ပါ။ အနည်းဆုံး ကျပ်သုံးသောင်းခန့်အထိ ကုန်ကျသွားသည်။ ထိုမျှနှင့် မပြီးသေးပါ။

“ကားခက ဈေးကြီးတယ်ဆိုရင် သွားရင်း လမ်းမှာ စားသောက်တာကလည်း သုံးဆသာ မှတ် ထားတော့ဗျာ။ ဈေးတွေ အရမ်းတက်တယ်။ ထမင်း ဆိုင်တွေဆိုလည်း လူနှစ်ယောက်စားရင်ကို နှစ် သောင်း၊ တစ်သောင်းခုနစ်ထောင်လောက် ကုန်တာ။ အရင်ကမှ စားရင် ငါးထောင်လောက် ကုန်တာလေ” ဟု ၎င်းက ရှင်းပြသည်။

ယခင်က လေးနာရီခွဲ ခန့်သာ သွားခဲ့ရသော ခရီးမှသည် ယခုအခါ ယခင်ထက်နာရီပိုမို ကြာသွား ခဲ့ပြီဖြစ်သည်။ နံနက်ပိုင်း (၅)နာရီခွဲခန့်တွင် မန္တလေးမှ စထွက်ပါက ညနေပိုင်း (၄) နာရီ ခန့်တွင်မှ လိုရာ ရောက်တော့သည်။ ယင်းကြာချိန်ကလည်း အဆင် ပြေသည့်ကာလမျိုးမှသာ ဖြစ်သည်။ တစ်ခါတစ်ရံ PDF များ၏ အစစ်အဆေးထူပြောသောအချိန်၊ ထူးခြားသော အချိန်ကာလမျိုးတွင် ပိုကြာတတ်သည်။

“ရွှေဘိုအထိက တပ်ဂိတ်ရှိမယ်။ ဟိုဘက်ကတော့ PDF တွေ ချည်းပဲ။ ကားသမားတွေကတော့ ပိုက်ဆံ တွေ ပေးရတယ်ဗျာ။ PDF ကတော့ သိတဲ့အတိုင်းပဲ မပေးရင် အသက်အန္တရာယ်ကို ရန်ရှာမှာလေ။ သူတို့ မှာ ဥပဒေက ရှိမှမရှိတာ” ဟု အထက်ပါဒေသခံက ဆိုသည်။ စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း တပ်မ တော်ဂိတ်များနှင့် PDF ဂိတ်များတွင် မှတ်ပုံ တင်စစ်သည်။ ပိုထူးသည်က PDF များက နိုင်ငံ့ဝန်ထမ်း ဟုတ်၊ မဟုတ်ကိုလည်း စစ်သည်။ စစ်ဆေးမှုက ပိုမို ထူပြောသည်။ ဒေသခံများ၏ စိတ်အတွင်း မလုံခြုံ ဆိုသော ခံစားမှုကိုရသည်။ “ ခရီးသွားရတာကတော့ ဘယ်နေရာမှ လုံခြုံမှုမရှိပါဘူး။ ဒါပေမဲ့ လုပ်စား ကိုင်စားနေရတာပေါ့။ ကားသမားတွေကလည်း ဒါပဲလုပ် စားနေရတာဆိုတော့ မချစ်သော်လည်း အောင့် ကာ နမ်းပေါ့ဗျာ။ သို့လော သို့လောပေါ့။ ဘယ်အချိန်များ ဘယ်နေရာ ဘာဖြစ်သွားမလဲဆိုတာပေါ့။ နေဦး နေဦး မသွားနဲ့ဦးဆိုလည်း မသွားရသေးဘူး” ဟု ၎င်းက ဆိုသည်။

NP News တွင် အပတ်စဉ် ကဏ္ဍတစ်ခုအနေဖြင့် စစ်ကြောင့်ကြုံရသော မြို့များ နှင့် ၎င်းတို့ကို ဆက်သွယ်ရာလမ်းများ၏ အခက်အခဲများအကြောင်း ဆောင်းပါးများရေးသားဖော်ပြခဲ့ရာ ယခင်ဖော်ပြ ခဲ့ဖူးသော ခရီးလမ်းကြောင်းများမှာ ခက်ခဲသည်ဟုဆိုသော်လည်း မြို့သို့တိုက်ရိုက် သွားရသော လမ်းများ ဖြစ်သည်။ ထီးချိုင့်မြို့မှာ ကားတစ်မျိုးတစ်ဘာသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့သို့ တိုက် ရိုက်သွားရခြင်းမဟုတ်ဘဲ စစ်ဘေးရှောင်များရှိရာ မြို့ပတ်ဝန်းကျင်က ကျေးရွာများသို့ ပင်စည်မှ သစ် ကိုင်းများသဖွယ် ခရီး ဆက်လက် သွားရသောကြောင့် ဖြစ်သည်။ “လိုင်းကားတွေ ဂိတ်ဆုံးရွာက အလယ် တောရွာပါ။ မန္တလေးကို တက်ချင်ရင်တော့ အဲဒီရွာဘက်ကို လာပြီးတော့ စီးရတာပေါ့။ အဲဒီလို မျိုးဖြစ် နေတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ စစ်က ထီးချိုင့်ကိုရောက်လာခဲ့ပြီးနောက် အစာငတ်နေ သော မိစ္ဆာတစ်ကောင်သဖွယ် အားလုံးကို လောဘတကြီး ဝါးမျိုသွားသည်။ ထိခိုက်သွားသော ထီးချိုင့် မြို့ကို ပြန်လည်ထူထောင်ရန်ပင် အချိန်က အတော်ပင်ယူရလိမ့်ပေဦးမည်။ ပိုဆိုးသည်က စစ်ကြောင့် လူအများ တဖြည်းဖြည်းဝေးကွာ သွားသည်။ မိသားစုများ တကွဲတပြားဖြစ်သွားကြရသည်။ ယခင်က ထီးချိုင့်နှင့် မန္တလေးခရီးအကွာ အဝေးမှာ လေးနာရီကျော်ခန့်သာ ကားစီးရသည်ဆိုသော စကားမှာ ယုံရ ခက်ခက်ပင် ဖြစ်နေပေပြီ။

“ဤခရီးနီးသလား နာရီများစွာ ကြာသည်” ဟုပင် ဆိုရချေတော့မည်။

zawgyi version
ထီးခ်ိဳင့္ - မႏၲေလး နီးလ်က္ေဝး
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၂

ထီးခ်ိဳင့္ၿမိဳ႕ဟုဆိုလိုက္လွ်င္ ဧရာဝတီျမစ္ ကိုေမးတင္ထားေသာ သာယာလွပသည့္ ၿမိဳ႕ငယ္ တစ္ ၿမိဳ႕ကို မ်က္စိတြင္ေျပးျမင္မိေပလိမ့္မည္။ စိမ္းစိုေသာ ပတ္ဝန္းက်င္အေနအထားႏွင့္ မႏၲေလး - ဗန္းေမာ္ လမ္းမေပၚမွ အထက္ပါၿမိဳ႕သည္ တစ္ခ်ိန္က အခ်က္အခ်ာက်ေသာေနရာတြင္ တည္ရွိခဲ့သည္။ စစ္ကိုင္း တိုင္းေဒသႀကီးသို႔အဝင္တြင္ အေရးပါေသာ လမ္းမထက္က ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ၿပီး အထက္ပါၿမိဳ႕သို႔ မႏၲေလးၿမိဳ႕မွသြားပါက ယခင္အခ်ိန္မ်ားတြင္ ေလးနာရီေက်ာ္ ငါးနာရီနီးပါးသာ ၾကာျမင့္ခဲ့သည္။

ကားခကလည္း အလြန္အမင္းမ်ားသည္ဟု မဆိုသာဘဲ က်ပ္တစ္ေသာင္း ပတ္ခ်ာလည္ခန႔္ျဖင့္ လိုရာခရီးကို ေရာက္ႏိုင္သည္။ ပို၍ ေကာင္းမြန္ေသာအခ်က္က အပူအပင္မရွိ စိတ္ေအးခ်မ္းသာစြာျဖင့္ ခရီးသြားလာႏိုင္ျခင္း ျဖစ္သည္။ မႏၲေလးမွစထြက္မည္ဆိုပါက မတၱရာ - လက္ပန္လွ - ဇရပ္ကြင္း-ေက်ာက္ႀကီး-ျမေတာင္ စသည္ျဖင့္ ၿမိဳ႕၊ ေက်း႐ြာမ်ားကို ျဖတ္သန္းၿပီးေနာက္ ထီးခ်ိဳင့္ၿမိဳ႕ကို ေရာက္ သည္။ ထိုမွတစ္ဆင့္ ဗန္းေမာ္ၿမိဳ႕အထိ ဆက္တက္ႏိုင္သည္။ ကုန္တင္ကားမ်ား၊ ခရီးသည္ တင္ကားမ်ားလည္း ဥဒဟိုသြားလာခဲ့ၾကသည့္ ယင္းလမ္းကလူမ်ားစြာကို ဝန္ေဆာင္မႈေပးခဲ့ေပလိမ့္မည္။

“ထီးခ်ိဳင့္က ခရီးတစ္ေထာက္နားတဲ့ ၿမိဳ႕ျဖစ္တယ္။ ဗန္းေမာ္နဲ႔လည္း ကုန္သြယ္တဲ့ ၿမိဳ႕ပဲေလ။ ကားလမ္းကေတာ့ ျမေတာင္ လမ္းဆုံဆိုတာရွိတယ္။ အခု PDF ေတြ ဂိတ္ခ်ထားတဲ့ေနရာေပါ့။ အဲဒီမွာ ထမင္းဆိုင္ေတြ၊ ဆီဆိုင္ေတြ ဘာေတြနဲ႔ သာသာ ယာယာရွိတာေပါ့။ ေမာင္းကုန္းမွာလည္း နီကယ္စက္႐ုံရွိတယ္” ဟု ေဒသခံတစ္ဦးက ယခင္ကအခ်ိန္ကို ေျပာျပသည္။

သို႔ေသာ္ ယင္းလမ္းပိုင္းအေျခအေနသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အေျပာင္းအလဲမ်ားစြာ ျဖစ္ေပၚလာခဲ့သည္။ KIA ႏွင့္ PDF ပူးေပါင္း အဖြဲ႕မ်ားက ထီးခ်ိဳင့္ၿမိဳ႕ကို တိုက္ခိုက္လာသည္။ ထီးခ်ိဳင့္ကို တပ္မေတာ္က ကာကြယ္ႏိုင္ေသာ္ျငား စစ္ကိုေခၚခဲ့သူမ်ားေၾကာင့္ သမိုင္းတစ္ေလွ်ာက္ ၿငိမ္းခ်မ္းလာခဲ့ ေသာ ထီးခ်ိဳင့္ၿမိဳ႕မွာ အကာရွိၿပီးအႏွစ္ေပ်ာက္ေသာ ၾကက္ဥကဲ့သို႔ ၿမိဳ႕ေနရာသာက်န္ၿပီး ၿမိဳ႕အတြင္းက ျပည္သူမ်ားမွာ အနီးပတ္ဝန္းက်င္က ေက်း႐ြာမ်ားသို႔ စစ္ေဘးေရွာင္မ်ားအျဖစ္ လြင့္စဥ္သြားၾကသည္။

“လက္ရွိ ထီးခ်ိဳင့္က စစ္ေဘးေရွာင္ေတြအေနမ်ားတာက ေလသာတို႔၊ ထန္းကုန္းတို႔၊ ပ်ဥ္းစုတို႔၊ အလယ္ေတာတို႔မွာ ေနၾကတာ။ ၿမိဳ႕မွာက မေနေတာ့ ဘူး။ ဘာမွမရွိေတာ့ဘူး။ ၿမိဳ႕ထီးထီးပဲ ရွိေတာ့ တယ္။ တံတားမွာက လုံၿခဳံေရးေတြရွိတယ္။ တစ္ဖက္ကမ္းမွာက PDF ေတြ ရွိတယ္။ ထီးခ်ိဳင့္ၿမိဳ႕ထဲမွာ ရဲစခန္းမွာ ကလုံၿခဳံေရး တပ္ေတြရွိတယ္။ လူေတြကေတာ့ ဝင္မရေတာ့ဘူးေပါ့” ဟု ၎ကဆိုသည္။

ထီးခ်ိဳင့္ၿမိဳ႕သည္ ပေဟဠိဆက္ေသာ အတုံးငယ္မ်ားကဲ့သို႔ အနီးပတ္ဝန္းက်င္ ေဒသမ်ားသို႔ အစိတ္အပိုင္းအလိုက္ ေျပာင္းေ႐ႊ႕သြားသည္ဟုပင္ ဥပမာေပးရလိမ့္မည္ထင္သည္။ အဘယ္ေၾကာင့္ ဆို ေသာ္ ထီးခ်ိဳင့္ၿမိဳ႕မွ ၿမိဳ႕ခံမ်ားသည္ အနီးပတ္ဝန္းက်င္႐ြာမ်ားသို႔ ၎တို႔၏ စီးပြားေရးကိုပါ တစ္ပါတည္းေ႐ႊ႕သြားၿပီး အသက္ရွင္ႏိုင္ေရး ဆက္လက္ႀကိဳးပမ္း ေနၾကရေသာေၾကာင့္ ျဖစ္သည္။

“သူေဌးေတြကေတာ့ မႏၲေလးလိုေနရာမ်ိဳးကို ေ႐ႊ႕သြားၾကတယ္။ မေ႐ႊ႕ႏိုင္တဲ့သူေတြကေတာ့ အနားက ႐ြာေတြမွာ ခိုလႈံေနထိုင္ရင္းၾကာလာေတာ့ ေတာင့္မခံႏိုင္ေတာ့ဘူးေလ စီးပြားေရးေတြလုပ္ၾက တယ္။ အခုဆို တခ်ိဳ႕႐ြာေတြမွာ ၿမိဳ႕ကလိုပဲ ေဈးဆိုင္တန္းေတြနဲ႔ ျပန္ေရာင္းခ်တာမ်ိဳးေတြလည္း ရွိတယ္” ဟု ေဒသခံတစ္ဦးကဆိုသည္။ ပိုဆိုးသည္က ထီးခ်ိဳင့္ ၿမိဳ႕သို႔သြားရာလမ္းတြင္လည္း PDF မ်ားက ေနရာ ယူလာခဲ့သည္။ ထို႔ေၾကာင့္ ယခင္သြားေနက် လမ္းပိုင္းကို အသုံးမျပဳႏိုင္ေတာ့ေပ။

“ဗန္းေမာ္လမ္းပိုင္းက သြားမရေတာ့ဘူး။ ဗန္းေမာ္ကိုသြားခ်င္တယ္ဆိုရင္ ဒိုးပင္ကို အရင္သြား ရတယ္။ ၿပီးမွ ဇက္ကူးရတယ္။ က်ပ္ငါးေထာင္လည္း ၾကားတယ္။ သုံးေထာင္လည္း ၾကားတယ္။ ဇက္ကူး ခေလ။ ၿပီးေတာ့မွ ေမာင္းကုန္းကိုသြားတာ။ ေမာင္းကုန္း လမ္းဆုံက အခု PDF ထိုင္ထားတယ္။ ေ႐ႊကူ ဘက္က်ေတာ့လည္း PDF ေတြခ်ည္းျဖစ္သြားတာ” ဟု ယခင္ထီးခ်ိဳင့္သို႔သြားရာ မႏၲေလး - ဗန္းေမာ္ လမ္းပိုင္းအေျခအေနႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးက ရွင္းျပ သည္။

ယခုကဲ့သို႔ လမ္းပိုင္းအခက္အခဲမ်ား ျဖစ္ေပၚသြားသည့္အတြက္ ထီးခ်ိဳင့္ၿမိဳ႕သို႔ သြားလိုသူမ်ားက ေနာက္တစ္လမ္းျဖစ္ေသာ ေ႐ႊဘိုဘက္မွ ေကြ႕ ပတ္သြားလာရသည္။ ယင္းလမ္းပိုင္းကလည္း စိတ္ခ် ရသည္ဟု မဆိုသာပါ။ လမ္းတစ္ေလွ်ာက္လုံးတြင္ PDF ဂိတ္မ်ားရွိသည္။ အြန္လိုင္းထက္တြင္ သတင္းအျဖစ္ အစဥ္ျမင္ေတြ႕ေနက် နာမည္ေက်ာ္ၿမိဳ႕မ်ားကို ျဖတ္သန္းသြားလာရျခင္း ျဖစ္သည္။

“ထီးခ်ိဳင့္ကိုသြားခ်င္တယ္ဆိုရင္ အခု အေကာင္းဆုံးသုံးလို႔ရတဲ့လမ္းက မႏၲေလးကေန ေ႐ႊဘို၊ ေ႐ႊဘိုကေန ခင္ဦး၊ ၿပီးေတာ့ ကန႔္ဘလူ၊ ဇီးကုန္းကေန ျမစ္ကို ျဖတ္ကူးရတယ္။ ဇက္နဲ႔ ျဖတ္ကူးၿပီးေတာ့ တေကာင္း ႀကံညႇပ္၊ တြင္းငယ္ကေန သြားရတယ္။ အဲဒီလမ္းပိုင္းကပဲ သြားရေတာ့တယ္”ဟု အထက္ပါ ေဒသခံကဆိုသည္။

ထို႔ျပင္ ယခင္ကဲ့သို႔ ကားႀကီးမ်ားျဖင့္ မသြားႏိုင္ေတာ့ၿပီ။ ကားငယ္မ်ားျဖင့္ခရီးသည္မ်ားကို ပို႔ေဆာင္ေပးေနၿပီး ၿမိဳ႕ခ်င္းဆက္လမ္းမ်ားကိုလည္း သုံးရသည္။ ေက်း႐ြာခ်င္းဆက္လမ္းမ်ားကိုလည္း အသုံးျပဳရသည္။ ခရီးလမ္းေၾကာင္းက ရွည္သည့္ အတြက္ လူေမာၿပီးမလုံၿခဳံေသာၾကာင့္ စိတ္ေမာရကာ အဆိုပါ ေမာႏွစ္ေမာစိတ္ျဖင့္ ခရီးသြားရျခင္းမ်ိဳးျဖစ္ လာသည္။ ထို႔အတူ ကားခကလည္း ယခင္ႏႈန္း အတိုင္း မရေတာ့ပါ။ အနည္းဆုံး က်ပ္သုံးေသာင္းခန႔္အထိ ကုန္က်သြားသည္။ ထိုမွ်ႏွင့္ မၿပီးေသးပါ။

“ကားခက ေဈးႀကီးတယ္ဆိုရင္ သြားရင္း လမ္းမွာ စားေသာက္တာကလည္း သုံးဆသာ မွတ္ ထားေတာ့ဗ်ာ။ ေဈးေတြ အရမ္းတက္တယ္။ ထမင္း ဆိုင္ေတြဆိုလည္း လူႏွစ္ေယာက္စားရင္ကို ႏွစ္ ေသာင္း၊ တစ္ေသာင္းခုနစ္ေထာင္ေလာက္ ကုန္တာ။ အရင္ကမွ စားရင္ ငါးေထာင္ေလာက္ ကုန္တာေလ” ဟု ၎က ရွင္းျပသည္။

ယခင္က ေလးနာရီခြဲ ခန႔္သာ သြားခဲ့ရေသာ ခရီးမွသည္ ယခုအခါ ယခင္ထက္နာရီပိုမို ၾကာသြား ခဲ့ၿပီျဖစ္သည္။ နံနက္ပိုင္း (၅)နာရီခြဲခန႔္တြင္ မႏၲေလးမွ စထြက္ပါက ညေနပိုင္း (၄) နာရီ ခန႔္တြင္မွ လိုရာ ေရာက္ေတာ့သည္။ ယင္းၾကာခ်ိန္ကလည္း အဆင္ ေျပသည့္ကာလမ်ိဳးမွသာ ျဖစ္သည္။ တစ္ခါတစ္ရံ PDF မ်ား၏ အစစ္အေဆးထူေျပာေသာအခ်ိန္၊ ထူးျခားေသာ အခ်ိန္ကာလမ်ိဳးတြင္ ပိုၾကာတတ္သည္။

“ေ႐ႊဘိုအထိက တပ္ဂိတ္ရွိမယ္။ ဟိုဘက္ကေတာ့ PDF ေတြ ခ်ည္းပဲ။ ကားသမားေတြကေတာ့ ပိုက္ဆံ ေတြ ေပးရတယ္ဗ်ာ။ PDF ကေတာ့ သိတဲ့အတိုင္းပဲ မေပးရင္ အသက္အႏၲရာယ္ကို ရန္ရွာမွာေလ။ သူတို႔ မွာ ဥပေဒက ရွိမွမရွိတာ” ဟု အထက္ပါေဒသခံက ဆိုသည္။ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္လည္း တပ္မ ေတာ္ဂိတ္မ်ားႏွင့္ PDF ဂိတ္မ်ားတြင္ မွတ္ပုံ တင္စစ္သည္။ ပိုထူးသည္က PDF မ်ားက ႏိုင္ငံ့ဝန္ထမ္း ဟုတ္၊ မဟုတ္ကိုလည္း စစ္သည္။ စစ္ေဆးမႈက ပိုမို ထူေျပာသည္။ ေဒသခံမ်ား၏ စိတ္အတြင္း မလုံၿခဳံ ဆိုေသာ ခံစားမႈကိုရသည္။ “ ခရီးသြားရတာကေတာ့ ဘယ္ေနရာမွ လုံၿခဳံမႈမရွိပါဘူး။ ဒါေပမဲ့ လုပ္စား ကိုင္စားေနရတာေပါ့။ ကားသမားေတြကလည္း ဒါပဲလုပ္ စားေနရတာဆိုေတာ့ မခ်စ္ေသာ္လည္း ေအာင့္ ကာ နမ္းေပါ့ဗ်ာ။ သို႔ေလာ သို႔ေလာေပါ့။ ဘယ္အခ်ိန္မ်ား ဘယ္ေနရာ ဘာျဖစ္သြားမလဲဆိုတာေပါ့။ ေနဦး ေနဦး မသြားနဲ႔ဦးဆိုလည္း မသြားရေသးဘူး” ဟု ၎က ဆိုသည္။

NP News တြင္ အပတ္စဥ္ က႑တစ္ခုအေနျဖင့္ စစ္ေၾကာင့္ႀကဳံရေသာ ၿမိဳ႕မ်ား ႏွင့္ ၎တို႔ကို ဆက္သြယ္ရာလမ္းမ်ား၏ အခက္အခဲမ်ားအေၾကာင္း ေဆာင္းပါးမ်ားေရးသားေဖာ္ျပခဲ့ရာ ယခင္ေဖာ္ျပ ခဲ့ဖူးေသာ ခရီးလမ္းေၾကာင္းမ်ားမွာ ခက္ခဲသည္ဟုဆိုေသာ္လည္း ၿမိဳ႕သို႔တိုက္႐ိုက္ သြားရေသာ လမ္းမ်ား ျဖစ္သည္။ ထီးခ်ိဳင့္ၿမိဳ႕မွာ ကားတစ္မ်ိဳးတစ္ဘာသာ ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၿမိဳ႕သို႔ တိုက္ ႐ိုက္သြားရျခင္းမဟုတ္ဘဲ စစ္ေဘးေရွာင္မ်ားရွိရာ ၿမိဳ႕ပတ္ဝန္းက်င္က ေက်း႐ြာမ်ားသို႔ ပင္စည္မွ သစ္ ကိုင္းမ်ားသဖြယ္ ခရီး ဆက္လက္ သြားရေသာေၾကာင့္ ျဖစ္သည္။ “လိုင္းကားေတြ ဂိတ္ဆုံး႐ြာက အလယ္ ေတာ႐ြာပါ။ မႏၲေလးကို တက္ခ်င္ရင္ေတာ့ အဲဒီ႐ြာဘက္ကို လာၿပီးေတာ့ စီးရတာေပါ့။ အဲဒီလို မ်ိဳးျဖစ္ ေနတယ္” ဟု အထက္ပါ ေဒသခံက ဆိုသည္။ စစ္က ထီးခ်ိဳင့္ကိုေရာက္လာခဲ့ၿပီးေနာက္ အစာငတ္ေန ေသာ မိစာၦတစ္ေကာင္သဖြယ္ အားလုံးကို ေလာဘတႀကီး ဝါးမ်ိဳသြားသည္။ ထိခိုက္သြားေသာ ထီးခ်ိဳင့္ ၿမိဳ႕ကို ျပန္လည္ထူေထာင္ရန္ပင္ အခ်ိန္က အေတာ္ပင္ယူရလိမ့္ေပဦးမည္။ ပိုဆိုးသည္က စစ္ေၾကာင့္ လူအမ်ား တျဖည္းျဖည္းေဝးကြာ သြားသည္။ မိသားစုမ်ား တကြဲတျပားျဖစ္သြားၾကရသည္။ ယခင္က ထီးခ်ိဳင့္ႏွင့္ မႏၲေလးခရီးအကြာ အေဝးမွာ ေလးနာရီေက်ာ္ခန႔္သာ ကားစီးရသည္ဆိုေသာ စကားမွာ ယုံရ ခက္ခက္ပင္ ျဖစ္ေနေပၿပီ။

“ဤခရီးနီးသလား နာရီမ်ားစြာ ၾကာသည္” ဟုပင္ ဆိုရေခ်ေတာ့မည္။

Related news

© 2021. All rights reserved.