အီတလီရဲတပ်ဖွဲ့က မာဖီးယားဂိုဏ်းနဲ့ဆက်နွှယ်နေတဲ့ လူပေါင်း(၁၈၁)ဦးကို ဖမ်းဆီး

 636

Pika (NP News) - ဖေဖော်ဝါရီ ၁၂

အီတလီရဲတပ်ဖွဲ့ဟာ ပါလာမိုမြို့မှာရှိတဲ့ Cosa Nostra မာဖီးယားဂိုဏ်းကို ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ရာထူးကြီးအရာရှိတွေနဲ့ ခြိမ်းခြောက်ငွေညှစ်သူတွေအပါအဝင် သံသယရှိသူ(၁၈၁)ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးဟာ Sicily ကျွန်းပေါ်မှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေ ဖျက်သိမ်းဖို့နဲ့ မာဖီးယားဂိုဏ်းတွေ အာဏာပြန်မရအောင် ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ(၁၁)ရက်က လုပ်ဆောင်ခဲ့တဲ့ ဝင်ရောက်စီးနင်းမှုကို ပါလာမိုမြို့မှာရှိတဲ့ မာဖီးယားဂိုဏ်းတိုက်ဖျက်ရေး ညွှန်ကြားရေးမှူးရုံးက ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရာရှိ(၁၂၀၀)ခန့် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဝင်ရောက်စီးနင်းမှုအတွင်း မူးယစ်ဆေးဝါး(၅၀)ကီလိုဂရမ်ကျော်ကို အီတလီရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဖမ်းဆီးခံရသူတွေဟာ ပါလာမိုမြို့နဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာ လည်ပတ်နေတဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ ဆက်စပ်နေတဲ့သူတွေဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

သံသယရှိသူတွေဟာ မာဖီးယားဂိုဏ်း၊ လူသတ်ဖို့ ကြိုးပမ်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေညှစ်မှု၊ တရားမဝင် လောင်းကစားမှု၊ လက်နက်မှောင်ခိုမှုတွေ အပါအဝင် စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရာဇဝတ်အဖွဲ့အစည်း Cosa Nostra ဟာ (၁၉၈၀)ခုနှစ်နဲ့(၁၉၉၀)ခုနှစ်တွေအတွင်း အီတလီကို အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဆယ်စုနှစ်များစွာကြာအောင် ဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း Cosa Nostra ‌ေရာဇဝတ်အဖွဲ့အစည်းဟာ ဆက်လက်တက်ကြွတည်ရှိနေဆဲဖြစ်ပြီး ၎င်းရဲ့ဩဇာကို ပြန်လည်တည်ဆောက်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောကြားခဲ့ပါတယ်။

zawgyi version
အီတလီရဲတပ္ဖြဲ႕က မာဖီးယားဂိုဏ္းနဲ႔ဆက္ႏႊယ္ေနတဲ့ လူေပါင္း(၁၈၁)ဦးကို ဖမ္းဆီး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

အီတလီရဲတပ္ဖြဲ႕ဟာ ပါလာမိုၿမိဳ႕မွာရွိတဲ့ Cosa Nostra မာဖီးယားဂိုဏ္းကို ဝင္ေရာက္စီးနင္းမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ရာထူးႀကီးအရာရွိေတြနဲ႔ ၿခိမ္းေျခာက္ေငြညႇစ္သူေတြအပါအဝင္ သံသယရွိသူ(၁၈၁)ဦးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီစစ္ဆင္ေရးဟာ Sicily ကြၽန္းေပၚမွာရွိတဲ့ ရာဇဝတ္ဂိုဏ္းေတြ ဖ်က္သိမ္းဖို႔နဲ႔ မာဖီးယားဂိုဏ္းေတြ အာဏာျပန္မရေအာင္ ႀကိဳးပမ္းမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဖေဖာ္ဝါရီလ(၁၁)ရက္က လုပ္ေဆာင္ခဲ့တဲ့ ဝင္ေရာက္စီးနင္းမႈကို ပါလာမိုၿမိဳ႕မွာရွိတဲ့ မာဖီးယားဂိုဏ္းတိုက္ဖ်က္ေရး ၫႊန္ၾကားေရးမႉး႐ုံးက ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး အရာရွိ(၁၂၀၀)ခန႔္ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ဝင္ေရာက္စီးနင္းမႈအတြင္း မူးယစ္ေဆးဝါး(၅၀)ကီလိုဂရမ္ေက်ာ္ကို အီတလီရဲတပ္ဖြဲ႕က သိမ္းဆည္းရမိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဖမ္းဆီးခံရသူေတြဟာ ပါလာမိုၿမိဳ႕နဲ႔အနီးပတ္ဝန္းက်င္ေဒသေတြမွာ လည္ပတ္ေနတဲ့ မာဖီးယားဂိုဏ္းမ်ားစြာနဲ႔ ဆက္စပ္ေနတဲ့သူေတြျဖစ္တယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

သံသယရွိသူေတြဟာ မာဖီးယားဂိုဏ္း၊ လူသတ္ဖို႔ ႀကိဳးပမ္းမႈ၊ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ၊ ေငြညႇစ္မႈ၊ တရားမဝင္ ေလာင္းကစားမႈ၊ လက္နက္ေမွာင္ခိုမႈေတြ အပါအဝင္ စြဲခ်က္အမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ရာဇဝတ္အဖြဲ႕အစည္း Cosa Nostra ဟာ (၁၉၈၀)ခုႏွစ္နဲ႔(၁၉၉၀)ခုႏွစ္ေတြအတြင္း အီတလီကို အၾကမ္းဖက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ ၿဖိဳခြင္းမႈေတြရွိေနေပမယ့္လည္း Cosa Nostra ‌ေရာဇဝတ္အဖြဲ႕အစည္းဟာ ဆက္လက္တက္ႂကြတည္ရွိေနဆဲျဖစ္ၿပီး ၎ရဲ႕ဩဇာကို ျပန္လည္တည္ေဆာက္ဖို႔ ဆက္လက္ႀကိဳးပမ္းေနတယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.