လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမည်

 225

ယွန်း(NP News)- ‌ဖေဖော်ဝါရီ ၁၃

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီ(၁၂)ရက်တွင် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပခဲ့သည့် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှုညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စက်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ယခုထက်ပိုမိုကောင်းမွန်သည့် စက်ကိရိယာများ ဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် လမ်းညွှန်မှုရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးက ပြောသည်။

သို့ဖြစ်၍ လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာဖလှယ်နိုင်ရေး၊ အကြံဉာဏ်ရရှိရေး၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များထုတ် လုပ်နိုင်ရေးတို့အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း လယ်ယာသုံးစိုက်ပျိုးရေးကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များ မထုတ်လုပ်နိုင် သည့် စက်ပစ္စည်းကိရိယာအစိတ်အပိုင်းများရှိပါက ထုတ်လုပ်ပေးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါအစည်းအဝေးတွင် အသိပေးပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.