ဗန်းမော်မြို့တိုက်ပွဲ ရက်(၇၀) ကျော်အတွင်း KIA PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေ

 1897

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲ ရက်ပေါင်း(၇၀)ကျော်အတွင်း KIAနှင့် PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေကြောင်း ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ KIA လက်နက်ကိုင်အဖွဲ့က ဗန်းမော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ရက်ပေါင်း(၇၀) ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်အတွင်းမှ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကောင်းမွန်သည့် မြို့ဖြစ်သည့်အပြင် စစ်ဆင်ရေးကွပ် ကဲမှု ဌာနချုပ် စကခ(၂၁) အပါအဝင် ခလရ (၂၃၆)၊ ခလရ (၄၇)၊ အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆) ၊ (၃၀၄) နှင့် အမှတ် (၇၀ဝ၆) သံချပ် ကာတပ်၊ (၅၀၁၄)တ င့်ကားတပ်နှင့် လက်ရုံးတပ် ရင်း(၅)ရင်း ခန့်အခြေစိုက်သည့် မြို့ဖြစ်သည်။

NP Newsက ဗန်းမော်မြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်များထံ မေးမြန်းအတည်ပြုမှုများ ပြုလုပ်ခဲ့ရာ ဗန်းမော်မြို့ကို တိုက်ခိုက်ရန်လာသော KIA PDFပူးပေါင်းအဖွဲ့များဘက်မှာ သေဆုံးသူအရေအတွက်မှာ ထောင်ဂဏန်းနီးပါး ကပ်နေပြီ ဖြစ်ကြောင်းနှင့် အရေအတွက်ထပ်မံတိုးပွားလာဖွယ်ရှိနေသေးကြောင်း သိရသည်။

“KIA၊PDFဘက်မှာ သေဆုံးတာက ရာကြီးပိုင်းအထိတောင်ရှိနေပြီလို့ သိရတယ်။ ဒါကတော့ လောလောဆယ်ဆယ်နောက်ဆုံးသိရတဲ့ အခြေအနေဖြစ်ပါတယ်”ဟု NP News၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်းအကျအဆုံးများနေသည့် KIAသည် အညာဒေသမှ PDFများနှင့် နယ်မြေခံPDFများကို ရှေ့တန်းတင် အသေခံ တိုက်ခိုက်စေသည့် ဖြစ်စဉ်များလည်း ရှိနေပြီး ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများမှ လူများအားဖမ်းဆီးကာ တိုက်ခိုက်စေခြင်းများ လည်းရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အခုဆို ရွှေမှော်တွေမှာ ပေါ်တာဆွဲတာတွေလုပ်နေတယ်။ KIAက သူတို့သိမ်းထားတဲ့ သတ္ထုတွင်းတွေဘက်မှာ လူသစ်စုဆောင်းတယ်။ တစ်နည်းအားဖြင့် ပေါ်တာဆွဲတာပေါ့။ အရင်ကတော့ ကချင်တွေပဲဆွဲတာ။ အခုဆိုရင် ဘာလာလာဆွဲတယ်။ အစ္စလမ်ကော ဂေါ်ရခါးရော အကုန်လုံးဆွဲတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် KIAကဖော်ဆောင်ခဲ့သည့် ဗန်းမော်မြို့တိုက်ပွဲကြောင့် မြို့၏(၃)ပုံ(၂)ပုံခန့်သည်လည်း ပျက်စီးနေလျက်ရှိကာ ဒေသခံများစွာ သည်လည်း ဘေးလွတ်ရာသို့ နေရပ်စွန့်ခွါ တိမ်းရှောင်နေရလျှက်ရှိနေကြောင်း သိရသည်။

Zawgyi Version:
ဗန္းေမာ္ၿမိဳ႕တိုက္ပြဲ ရက္(၇၀) ေက်ာ္အတြင္း KIA PDFအဖြဲ႕ဘက္တြင္ အက်အဆုံးမ်ားေန

သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၃
ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕တိုက္ပြဲ ရက္ေပါင္း(၇၀)ေက်ာ္အတြင္း KIAႏွင့္ PDFအဖြဲ႕ဘက္တြင္ အက်အဆုံးမ်ားေနေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလ ပထမပတ္မွစတင္ကာ KIA လက္နက္ကိုင္အဖြဲ႕က ဗန္းေမာ္ၿမိဳ႕ကို စတင္တိုက္ခိုက္ခဲ့ၿပီး လက္ရွိတြင္ ရက္ေပါင္း(၇၀) ေက်ာ္ၾကာျမင့္လာၿပီျဖစ္ေၾကာင္း သိရသည္။

ဗန္းေမာ္ၿမိဳ႕သည္ ကခ်င္ျပည္နယ္အတြင္းမွ လမ္းပန္းဆက္သြယ္ေရးႏွင့္ စီးပြားေရးေကာင္းမြန္သည့္ ၿမိဳ႕ျဖစ္သည့္အျပင္ စစ္ဆင္ေရးကြပ္ ကဲမႈ ဌာနခ်ဳပ္ စကခ(၂၁) အပါအဝင္ ခလရ (၂၃၆)၊ ခလရ (၄၇)၊ အေျမာက္တပ္မ်ားျဖစ္သည့္ အမတ(၃၃၆) ၊ (၃၀၄) ႏွင့္ အမွတ္ (၇၀ဝ၆) သံခ်ပ္ ကာတပ္၊ (၅၀၁၄)တ င့္ကားတပ္ႏွင့္ လက္႐ုံးတပ္ ရင္း(၅)ရင္း ခန႔္အေျခစိုက္သည့္ ၿမိဳ႕ျဖစ္သည္။

NP Newsက ဗန္းေမာ္ၿမိဳ႕တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ စစ္ေရးသတင္းရင္းျမစ္မ်ားထံ ေမးျမန္းအတည္ျပဳမႈမ်ား ျပဳလုပ္ခဲ့ရာ ဗန္းေမာ္ၿမိဳ႕ကို တိုက္ခိုက္ရန္လာေသာ KIA PDFပူးေပါင္းအဖြဲ႕မ်ားဘက္မွာ ေသဆုံးသူအေရအတြက္မွာ ေထာင္ဂဏန္းနီးပါး ကပ္ေနၿပီ ျဖစ္ေၾကာင္းႏွင့္ အေရအတြက္ထပ္မံတိုးပြားလာဖြယ္ရွိေနေသးေၾကာင္း သိရသည္။

“KIA၊PDFဘက္မွာ ေသဆုံးတာက ရာႀကီးပိုင္းအထိေတာင္ရွိေနၿပီလို႔ သိရတယ္။ ဒါကေတာ့ ေလာေလာဆယ္ဆယ္ေနာက္ဆုံးသိရတဲ့ အေျခအေနျဖစ္ပါတယ္”ဟု NP News၏ စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

ဗန္းေမာ္ၿမိဳ႕တိုက္ပြဲအတြင္းအက်အဆုံးမ်ားေနသည့္ KIAသည္ အညာေဒသမွ PDFမ်ားႏွင့္ နယ္ေျမခံPDFမ်ားကို ေရွ႕တန္းတင္ အေသခံ တိုက္ခိုက္ေစသည့္ ျဖစ္စဥ္မ်ားလည္း ရွိေနၿပီး ၎တို႔ထိန္းခ်ဳပ္ထားသည့္ ေဒသမ်ားမွ လူမ်ားအားဖမ္းဆီးကာ တိုက္ခိုက္ေစျခင္းမ်ား လည္းရွိေနေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

“အခုဆို ေ႐ႊေမွာ္ေတြမွာ ေပၚတာဆြဲတာေတြလုပ္ေနတယ္။ KIAက သူတို႔သိမ္းထားတဲ့ သတၳဳတြင္းေတြဘက္မွာ လူသစ္စုေဆာင္းတယ္။ တစ္နည္းအားျဖင့္ ေပၚတာဆြဲတာေပါ့။ အရင္ကေတာ့ ကခ်င္ေတြပဲဆြဲတာ။ အခုဆိုရင္ ဘာလာလာဆြဲတယ္။ အစၥလမ္ေကာ ေဂၚရခါးေရာ အကုန္လုံးဆြဲတယ္”ဟု ကခ်င္သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

လက္ရွိတြင္ KIAကေဖာ္ေဆာင္ခဲ့သည့္ ဗန္းေမာ္ၿမိဳ႕တိုက္ပြဲေၾကာင့္ ၿမိဳ႕၏(၃)ပုံ(၂)ပုံခန႔္သည္လည္း ပ်က္စီးေနလ်က္ရွိကာ ေဒသခံမ်ားစြာ သည္လည္း ေဘးလြတ္ရာသို႔ ေနရပ္စြန႔္ခြါ တိမ္းေရွာင္ေနရလွ်က္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.