ရန်ကုန်-မော်လမြိုင်အသွားအပြန် EV တက္ကစီများ စတင်ပြေးဆွဲ

 5458

NP News ဖေဖေါ်ဝါရီ (၁၃) ရက်
ရန်ကုန် – မော်လမြိုင်နှင့်မော်လမြိုင်- ရန်ကုန် ခရီးစဉ်များကို EV တက္ကစီများဖြင့် တစ်ဦးချင်းဝန်ဆောင်မှုအပြင် စင်းလုံးဌားဝန်ဆောင်မှုများအား ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ကာ ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရသည်။
လက်ရှိ၎င်းခရီးစဥ်များ စတင်ပြေးဆွဲခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်အတွင်း Promotions ကာလအဖြစ် သတ်မှတ်ကာ ခရီးသည်တစ်ဦးလျှင် ၂၅,၀၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးနေကြောင်းသိရသည်။
Promotions ကာလကုန်ဆုံးသွားပါက နောက်ခန်းက ၅ဝ,ဝဝဝ ကျပ်နှင့် ရှေ့ခန်းက ၆ဝ,ဝဝဝ ကျပ် ကျသင့်မည်ဖြစ်သည်။ ယင်းခရီးစဥ်အပေါ် EV ယာဉ်လိုင်းကုမ္ပဏီ မှပြောကြားချက်အရ ခရီးစဉ်/အစအဆုံးသက်တောင့်သက်သာ စီးနင်းလိုက်ပါနိုင်ခြင်း၊ A/Cကို ခရီးအစအဆုံးရရှိခြင်း၊ ဆူညံမှုကင်းဝေးကာသက်တောင့်သက်သာ စီးနင်းနိုင်ခြင်း၊ အိမ်တိုင်ရာရောက် ကြိုပို့ပေးခြင်း အစရှိသည့် ဝန်ဆောင်မှုများကိုလည်း ပေးအပ်နေကြောင်းသိရသည်။
ယင်း EV Taxi ဂိတ်များမှာ ရန်ကုန်မြို့၌ သခင်မြပန်းခြံ၊ အထက်ကြည့်မြင်တိုင်လမ်း ဝင်ပေါက်မှာ သတ်မှတ်ထားပြီး မော်လမြိုင်မြို့၌ အမှတ် (၄၁/က)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာရပ်တွင် သတ်မှတ်ထားကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္-ေမာ္လၿမိဳင္အသြားအျပန္ EV တကၠစီမ်ား စတင္ေျပးဆြဲ
NP News ေဖေဖၚဝါရီ (၁၃) ရက္
ရန္ကုန္ – ေမာ္လၿမိဳင္ႏွင့္ေမာ္လၿမိဳင္- ရန္ကုန္ ခရီးစဥ္မ်ားကို EV တကၠစီမ်ားျဖင့္ တစ္ဦးခ်င္းဝန္ေဆာင္မႈအျပင္ စင္းလုံးဌားဝန္ေဆာင္မႈမ်ားအား ေဖေဖာ္ဝါရီလ ၉ ရက္မွ စတင္ကာ ေျပးဆြဲေနၿပီ ျဖစ္ေၾကာင္းသိရသည္။
လက္ရွိ၎ခရီးစဥ္မ်ား စတင္ေျပးဆြဲခဲ့သည့္ ေဖေဖာ္ဝါရီလ ၉ ရက္မွ ၁၅ ရက္အတြင္း Promotions ကာလအျဖစ္ သတ္မွတ္ကာ ခရီးသည္တစ္ဦးလွ်င္ ၂၅,၀၀၀ က်ပ္ႏႈန္းျဖင့္ ေျပးဆြဲေပးေနေၾကာင္းသိရသည္။
Promotions ကာလကုန္ဆုံးသြားပါက ေနာက္ခန္းက ၅ဝ,ဝဝဝ က်ပ္ႏွင့္ ေရွ႕ခန္းက ၆ဝ,ဝဝဝ က်ပ္ က်သင့္မည္ျဖစ္သည္။ ယင္းခရီးစဥ္အေပၚ EV ယာဥ္လိုင္းကုမၸဏီ မွေျပာၾကားခ်က္အရ ခရီးစဥ္/အစအဆုံးသက္ေတာင့္သက္သာ စီးနင္းလိုက္ပါႏိုင္ျခင္း၊ A/Cကို ခရီးအစအဆုံးရရွိျခင္း၊ ဆူညံမႈကင္းေဝးကာသက္ေတာင့္သက္သာ စီးနင္းႏိုင္ျခင္း၊ အိမ္တိုင္ရာေရာက္ ႀကိဳပို႔ေပးျခင္း အစရွိသည့္ ဝန္ေဆာင္မႈမ်ားကိုလည္း ေပးအပ္ေနေၾကာင္းသိရသည္။
ယင္း EV Taxi ဂိတ္မ်ားမွာ ရန္ကုန္ၿမိဳ႕၌ သခင္ျမပန္းၿခံ၊ အထက္ၾကည့္ျမင္တိုင္လမ္း ဝင္ေပါက္မွာ သတ္မွတ္ထားၿပီး ေမာ္လၿမိဳင္ၿမိဳ႕၌ အမွတ္ (၄၁/က)၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ၿမိဳင္သာယာရပ္တြင္ သတ္မွတ္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.