ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် လူပေါင်း ၇၀၀၀ကို (BGF) ပြန်လွှတ်ပေးဖွယ်ရှိနေ

2137

ဂျန်ဇက်
မြန်မာနယ်ခြားစောင့်တပ်ဖွဲ (BGF)အနေဖြင့် အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများ သို့မဟုတ် ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ဖမ်းဆီး ခံရသူအနည်းဆုံး ၇၀၀၀ကို ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း သိရသည်(BGF)သည်ထိုင်းနှင့်မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေသည့် ကျားဖြန့် ဂိုဏ်းများကို ဖြိုခွင်းမည်ဖြစ်ပြီး အရေးယူအပြစ်ပေးနိုင်ရန်တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ကတိပြုထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းကပြောသည်။
ကျားဖြန့် ဂိုဏ်းဂိုဏ်းများလက်ထဲပိတ်မိနေသူများကို မိခင်နိုင်ငံထံ ပြန်ပို့နိုင်ရန်အတွက် အင်ဒိုနီးရှား၊ဂျပန် နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံများ၊ ဥရောပတိုက်နိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများ ၏ သံရုံးများနှင့်တိုက်ရိုက်ဆက်သွယ်နေကြောင်း၊ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။ပြန်လည်လွတ်မြောက်လာသူများကို ခွဲခြားပြီး သက်ဆိုင်ရာမိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ချက်ချင်းပြန်ပိုမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။
BGF အဖွဲ့သည်ကျားဖြန့် ဂိုဏ်းများကို ဖေဖော်ဝါရီ ၁၃ရက်နေ့တွင်စတင်ဖြိုခွင်းမည်ဖြစ်ပြီး ဂိုဏ်းများ လက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူများကိုတစ်ရက်ကို ၅၀၀ နှုန်းဖြင့် ရက်ပေါင်း ၂၀ကြာ ထိုင်းနှင့်မြန်မာ အမှတ် ၂ချစ်ကြည်ရေးတံတားကို လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်းသိရသည်။
ဝန်ကြီး ဝီချာယာချိုင်းက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့(BGF) သည် မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်နေသည့် ဂိုဏ်းများကို ဖြိုခွင်းပေးမည်ဟု ကတိပြုထားပြီး မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်များလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူ ဦးရေက ခန့်မှန်းခြေ အနည်းဆုံး ၁ သောင်းခန့်ရှိနေကြောင်း ပြောသည်။
Zawgyi Version:
က်ားျဖန႔္ ဂိုဏ္းမ်ားလက္ထဲတြင္ ပိတ္မိေနသည့္ လူေပါင္း ၇၀၀၀ကို (BGF) ျပန္လႊတ္ေပးဖြယ္ရွိေန
ဂ်န္ဇက္
ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ (BGF)အေနျဖင့္ အြန္လိုင္းမွတဆင့္ လိမ္လည္ေနသည့္ ဂိုဏ္းမ်ား သို႔မဟုတ္ က်ားျဖန႔္ ဂိုဏ္းမ်ားလက္ထဲတြင္ ဖမ္းဆီး ခံရသူအနည္းဆုံး ၇၀၀၀ကို ျပန္လႊတ္ေပးဖြယ္ရွိေနေၾကာင္း သိရသည္(BGF)သည္ထိုင္းႏွင့္ျမန္မာနယ္စပ္ေဒသကို အေျချပဳလႈပ္ရွားေနသည့္ က်ားျဖန႔္ ဂိုဏ္းမ်ားကို ၿဖိဳခြင္းမည္ျဖစ္ၿပီး အေရးယူအျပစ္ေပးႏိုင္ရန္တ႐ုတ္ႏိုင္ငံသို႔ လႊဲေျပာင္းေပးဖြယ္ရွိေနေၾကာင္း ကတိျပဳထားသည္ဟု ထိုင္းကာကြယ္ေရးဝန္ႀကီး ဝီခ်ာယာခ်ိဳင္းကေျပာသည္။
က်ားျဖန႔္ ဂိုဏ္းဂိုဏ္းမ်ားလက္ထဲပိတ္မိေနသူမ်ားကို မိခင္ႏိုင္ငံထံ ျပန္ပို႔ႏိုင္ရန္အတြက္ အင္ဒိုနီးရွား၊ဂ်ပန္ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံအပါအဝင္ အာရွတိုက္ႏိုင္ငံမ်ား၊ ဥေရာပတိုက္ႏိုင္ငံမ်ား၊ လက္တင္အေမရိကႏိုင္ငံမ်ား၊ အာဖရိကႏိုင္ငံမ်ား ၏ သံ႐ုံးမ်ားႏွင့္တိုက္႐ိုက္ဆက္သြယ္ေနေၾကာင္း၊ထိုင္းကာကြယ္ေရးဝန္ႀကီးက ေျပာသည္။ျပန္လည္လြတ္ေျမာက္လာသူမ်ားကို ခြဲျခားၿပီး သက္ဆိုင္ရာမိခင္ႏိုင္ငံသို႔ ေလယာဥ္ျဖင့္ ခ်က္ခ်င္းျပန္ပိုမည္ျဖစ္ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးက ေျပာသည္။
BGF အဖြဲ႕သည္က်ားျဖန႔္ ဂိုဏ္းမ်ားကို ေဖေဖာ္ဝါရီ ၁၃ရက္ေန႔တြင္စတင္ၿဖိဳခြင္းမည္ျဖစ္ၿပီး ဂိုဏ္းမ်ား လက္ထဲတြင္ သားေကာင္အျဖစ္ ပိတ္မိဖမ္းဆီးခံရသူမ်ားကိုတစ္ရက္ကို ၅၀၀ ႏႈန္းျဖင့္ ရက္ေပါင္း ၂၀ၾကာ ထိုင္းႏွင့္ျမန္မာ အမွတ္ ၂ခ်စ္ၾကည္ေရးတံတားကို လႊဲေျပာင္းေပးရန္ စီစဥ္ထားေၾကာင္းသိရသည္။
ဝန္ႀကီး ဝီခ်ာယာခ်ိဳင္းက ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕(BGF) သည္ ျမဝတီၿမိဳ႕ရွိအြန္လိုင္းလိမ္လည္ေနသည့္ ဂိုဏ္းမ်ားကို ၿဖိဳခြင္းေပးမည္ဟု ကတိျပဳထားၿပီး ျမဝတီၿမိဳ႕ရွိ အြန္လိုင္းလိမ္လည္မႈဂိုဏ္မ်ားလက္ထဲတြင္ သားေကာင္အျဖစ္ ပိတ္မိဖမ္းဆီးခံရသူ ဦးေရက ခန႔္မွန္းေျခ အနည္းဆုံး ၁ ေသာင္းခန႔္ရွိေနေၾကာင္း ေျပာသည္။