သွေးချင်းစုံလင် သနပ်ခါးသဘင် ပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ လူစိတ်ဝင်စားမှုများပြားခဲ့

2948

စော(NP News)- ဖေဖော်ဝါရီ ၁၃
သွေးချင်းစုံလင် သနပ်ခါးသဘင် ပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ လူစိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ယမန်နေ့(ဖေဖော်ဝါရီလ 12ရက်)က ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြေဥယျာဉ်တွင် မြန်မာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင် ကျင်းပခဲ့ရာ ရွှေပြည်နန်းသနပ်ခါး ကုမ္ပဏီကလည်း Main Sponorအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
"ယူနက်စကိုတင်မဲ့အခါမှာ ဒေတာတွေအများကြီးလိုတယ်။ Community လိုတယ်ဆိုတော့ ဒီလိုပွဲမျိုးလုပ်တဲ့အတွက် ဒီကနေရတဲ့ ဒေတာတွေ၊ အိုင်ဒီယာတွေက အများကြီး အထောက်အကူဖြစ်လာမှာပါ"ဟု အဆိုပါပွဲတော်အတွက် ကူညီတီးခတ်ပေးခဲ့သော ဂီတမှူး အကယ်ဒမီ ဓိရာမိုရ်ကပြောသည်။
အဆိုပါသွေးချင်းစုံလင် သနပ်ခါးသဘင်ပွဲတော်တွင် ပြိုင်ပွဲဝင်(၃၆)ဖွဲ့ က သနပ်ခါးနှင့်ပတ်သက်သော ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြကာ ဆု(၉)မျိုး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် မြန်မာ့ရိုးရာမုန့်ဈေးတန်းနှင့် တိုင်းရင်းသားပစ္စည်းဈေးရောင်းပွဲတော်များလည်း ပါဝင်ခဲ့ပြီး ပြိုင်ပွဲဝင်များ၊ လာရောက်ကြည့်ရှုအားပေးသူများဖြင့်စည်ကားခဲ့ကြောင်းလည်း တွေ့မြင်ရသည်။

Zawgyi Version:
ေသြးခ်င္းစုံလင္ သနပ္ခါးသဘင္ ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕တြင္ က်င္းပခဲ့ရာ လူစိတ္ဝင္စားမႈမ်ားျပားခဲ့
ေစာ(NP News)- ေဖေဖာ္ဝါရီ ၁၃
ေသြးခ်င္းစုံလင္ သနပ္ခါးသဘင္ ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕တြင္ က်င္းပခဲ့ရာ လူစိတ္ဝင္စားမႈမ်ားျပားခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္ကို ယမန္ေန႔(ေဖေဖာ္ဝါရီလ 12ရက္)က ရန္ကုန္ၿမိဳ႕ ၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းလ်ားလမ္းရွိ စိမ္းလန္းစိုေျပဥယ်ာဥ္တြင္ ျမန္မာယဥ္ေက်းမႈအေမြအႏွစ္ထိန္းသိမ္းေရးအဖြဲ႕မွ ဦးေဆာင္ က်င္းပခဲ့ရာ ေ႐ႊျပည္နန္းသနပ္ခါး ကုမၸဏီကလည္း Main Sponorအျဖစ္ ကူညီေဆာင္႐ြက္ေပးခဲ့ျခင္းျဖစ္သည္။
"ယူနက္စကိုတင္မဲ့အခါမွာ ေဒတာေတြအမ်ားႀကီးလိုတယ္။ Community လိုတယ္ဆိုေတာ့ ဒီလိုပြဲမ်ိဳးလုပ္တဲ့အတြက္ ဒီကေနရတဲ့ ေဒတာေတြ၊ အိုင္ဒီယာေတြက အမ်ားႀကီး အေထာက္အကူျဖစ္လာမွာပါ"ဟု အဆိုပါပြဲေတာ္အတြက္ ကူညီတီးခတ္ေပးခဲ့ေသာ ဂီတမႉး အကယ္ဒမီ ဓိရာမိုရ္ကေျပာသည္။
အဆိုပါေသြးခ်င္းစုံလင္ သနပ္ခါးသဘင္ပြဲေတာ္တြင္ ၿပိဳင္ပြဲဝင္(၃၆)ဖြဲ႕ က သနပ္ခါးႏွင့္ပတ္သက္ေသာ ၿပိဳင္ပြဲမ်ားကို ယွဥ္ၿပိဳင္ခဲ့ၾကကာ ဆု(၉)မ်ိဳး ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္တြင္ ျမန္မာ့႐ိုးရာမုန႔္ေဈးတန္းႏွင့္ တိုင္းရင္းသားပစၥည္းေဈးေရာင္းပြဲေတာ္မ်ားလည္း ပါဝင္ခဲ့ၿပီး ၿပိဳင္ပြဲဝင္မ်ား၊ လာေရာက္ၾကည့္ရႈအားေပးသူမ်ားျဖင့္စည္ကားခဲ့ေၾကာင္းလည္း ေတြ႕ျမင္ရသည္။