အင်းစိန်တွင် ကား(၄)စီးဆင့်တိုက်ရာ ကျောင်းသူတစ်ဦး သေဆုံး

1161

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် တွဲကားဘရိတ်ပေါက်ရာမှ ကား(၄)စီးဆင့်တိုက်မိသည့်အပြင် ကျောင်းသူတစ်ဦးပါ ကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကနောင်နာရေးကူညီမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၁၃ရက်) ညနေ ၃နာရီအချိန်ခန့်က အင်းစိန်မြို့နယ်၊ ဖော့ကန်ဈေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တွဲကားက ဘရိတ်ပေါက်ပြီးတော့ ကောင်းဆေးရုံက Ambulanceကော ဆရာဝန်ကားတွေကော ဝင်တိုက်တာ။ အားလုံးပေါင်း(၄)စီး တိုက် မိတာပေါ့။ လမ်းမှာလျှောက်နေတဲ့ ကလေးမလေးလည်း အတိုက်ခံလိုက်ရတယ်ပေါ့။ အဲဒီတွဲကားရဲ့ ဘီးအောက်ထဲရောက်ပြီးတော့ ဆုံးသွားပါတယ်”ဟု ကနောင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူမှာ အသက်(၁၆)နှစ်ရွယ် Grade-12ကျောင်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
“ကားကြိတ်ခံရတာက ကျောင်းသူလေးပါ။ လမ်းလျှောက်နေရင်းနဲ့ လမ်းဘေးကိုထိုးလာတော့ ဖြစ်သွားတာပေါ့။ ကားတွေက ကြံ့ခိုင်မှု အားနည်းတာတွေကော ယာဥ်စည်းကမ်း လမ်းစည်းကမ်းမရှိတာတွေကောပေါ့။ ကားကြီးတွေက လူများတဲ့အရပ်မှာ ပိုပြီးတော့ ဂရုစိုက်သင့်တာပေါ့။ ပြီးတော့ ဝိတ်အပြည့်နဲ့ သံချောင်းတွေ တင်လာတဲ့ကားဆိုတော့ အခုလိုမျိုး စိတ်မကောင်းစရာတွေ ဖြစ်ကုန်တာပေါ့”ဟု ၎င်းက အကြံပြုထားသည်။
သေဆုံးသူအမျိုးသမီးအား ကနောင်နာရေးကူညီမှုအသင်းက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး တွဲကားယာဥ်မောင်းအား စစ်ဆေးအရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအကြိမ်ရေ (၈၄၃)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၄၆)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၉၄၄)ဦး ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
အင္းစိန္တြင္ ကား(၄)စီးဆင့္တိုက္ရာ ေက်ာင္းသူတစ္ဦး ေသဆုံး
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၄
ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ တြဲကားဘရိတ္ေပါက္ရာမွ ကား(၄)စီးဆင့္တိုက္မိသည့္အျပင္ ေက်ာင္းသူတစ္ဦးပါ ကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ကေနာင္နာေရးကူညီမႈအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၃ရက္) ညေန ၃နာရီအခ်ိန္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ေဈးအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တြဲကားက ဘရိတ္ေပါက္ၿပီးေတာ့ ေကာင္းေဆး႐ုံက Ambulanceေကာ ဆရာဝန္ကားေတြေကာ ဝင္တိုက္တာ။ အားလုံးေပါင္း(၄)စီး တိုက္ မိတာေပါ့။ လမ္းမွာေလွ်ာက္ေနတဲ့ ကေလးမေလးလည္း အတိုက္ခံလိုက္ရတယ္ေပါ့။ အဲဒီတြဲကားရဲ႕ ဘီးေအာက္ထဲေရာက္ၿပီးေတာ့ ဆုံးသြားပါတယ္”ဟု ကေနာင္နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးခဲ့ရသူမွာ အသက္(၁၆)ႏွစ္႐ြယ္ Grade-12ေက်ာင္းသူတစ္ဦး ျဖစ္ေၾကာင္း သိရသည္။
“ကားႀကိတ္ခံရတာက ေက်ာင္းသူေလးပါ။ လမ္းေလွ်ာက္ေနရင္းနဲ႔ လမ္းေဘးကိုထိုးလာေတာ့ ျဖစ္သြားတာေပါ့။ ကားေတြက ႀကံ့ခိုင္မႈ အားနည္းတာေတြေကာ ယာဥ္စည္းကမ္း လမ္းစည္းကမ္းမရွိတာေတြေကာေပါ့။ ကားႀကီးေတြက လူမ်ားတဲ့အရပ္မွာ ပိုၿပီးေတာ့ ဂ႐ုစိုက္သင့္တာေပါ့။ ၿပီးေတာ့ ဝိတ္အျပည့္နဲ႔ သံေခ်ာင္းေတြ တင္လာတဲ့ကားဆိုေတာ့ အခုလိုမ်ိဳး စိတ္မေကာင္းစရာေတြ ျဖစ္ကုန္တာေပါ့”ဟု ၎က အႀကံျပဳထားသည္။
ေသဆုံးသူအမ်ိဳးသမီးအား ကေနာင္နာေရးကူညီမႈအသင္းက အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး တြဲကားယာဥ္ေမာင္းအား စစ္ေဆးအေရးယူႏိုင္ေရး ဆက္လက္လုပ္ေဆာင္လွ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၄ခုႏွစ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈအႀကိမ္ေရ (၈၄၃)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၄၄၆)ဦး ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၉၄၄)ဦး ရွိခဲ့ေၾကာင္း သိရသည္။