ခရီးစဉ်ဒေသများအား ကမ္ဘာကသိရှိစေရန် နိုင်ငံတကာကိုဖိတ်ကြားကာ မြန်မာနိုင်ငံခရီးသွားပြပွဲကြီးကို ကျင်းပမည်

 532

စော (NP News) ဖေဖော်ဝါရီ (၁၄)

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား ကမ္ဘာကသိရှိစေရန် နိုင်ငံတကာကိုဖိတ်ကြားကာ မြန်မာနိုင်ငံခရီးသွားပြပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က NP News သတင်းဌာနကိုပြောသည်။
အဆိုပါ မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅(Myanmar Tourism Fair MTF- 2025) ကျင်းပနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များကို ဖေဖော်ဝါရီ ၁၁ရက်က ဝန်ကြီးဌာနရှိ နီလာအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
“ခရီးသွားပြပွဲကတော့ မြန်မာနိုင်ငံမှာ လုပ်မှာ။ လောလောဆယ်ကြိုတင်ညှိနှိုင်းတာပေါ့နော်။ ကြိုတင်ညှိနှိုင်းတယ်ဆိုတာကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ ညီနောင်အသင်းတွေကနေပြီးတော့ သူတို့လုပ်သွားချင်တဲ့ နှစ်စဉ်ခရီးသွားပြပွဲကို နိုင်ငံတကာကနေပြီးတော့ ခရီးသွားနဲ့ပတ်သက်ဆက်စပ်နေတဲ့ လူတွေလည်းလာပြီးတော့ မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးအတွက် ဒါတွေကို‌ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာတွေကို လာပြီးတော့ တင်ပြတာပါ”ဟု ဦး‌ဇေယျာမျိုးအောင်က ပြောသည်။
ထိုသို့ဆောင်ရွက်နိုင်ပါက အကျိုးကျေးဇူးအနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများကိုလည်ပတ်နိုင်ပြီး ၎င်းတို့မှတစ်ဆင့် မြန်မာနိုင်ငံက ခရီးစဉ်များကို ပြန်လည်ရောင်းချနိုင်မည်ဖြစ်သောကြောင့် ပြည်ပခရီးသွားများ ပိုတိုးလာနိုင်ကြောင်း သိရသည်။
“မြန်မာနိုင်ငံကိုလာနေတဲ့ ခရီးသွားဈေးကွက်နိုင်ငံတွေရှိတယ်။ အာဆီယံနိုင်ငံတွေ ၊ တရုတ်၊ အန္ဒိယ၊ ရုရှား၊ နောက်တစ်ခုက ဥရောပနိုင်ငံတွေရော ဈေးကွက်အလိုက်ကတော့ အကုန်လုံးကို ဖိတ်ခေါ်သွားမှာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအခြေအနေလေးကို ပိုပြီးတော့ နိုင်ငံတကာကခရီးသွားလုပ်ငန်းဆောင်ရွက်နေတဲ့လူတွေ ပိုပြီးတော့ သိအောင်ပေါ့ မြန်မာနိုင်ငံမှ Myanmar Tourism Fair ဆိုပြီးတော့ လုပ်ဖို့ရည်ရွယ်ပြီးတော့ တင်ပြတာဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ကို မြန်မာနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လတွင် ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း အတိအကျ မသိသေးကြောင်း သိရသည်။ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား (၁ ဒသမ ၀၆)သန်းခန့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံရွိ ခရီးစဥ္ေဒသမ်ားအား ကမာၻကသိရွိေစရန္ ႏိုင္ငံတကာကိုဖိတ္ၾကားကာ ျမန္မာႏိုင္ငံခရီးသြားျပပြဲႀကီးကို က်င္းပမည္

ျမန္မာႏိုင္ငံရွိ ခရီးစဥ္ေဒသမ်ားအား ကမာၻကသိရွိေစရန္ ႏိုင္ငံတကာကိုဖိတ္ၾကားကာ ျမန္မာႏိုင္ငံခရီးသြားျပပြဲႀကီးကို က်င္းပမည္ျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇယ်ာမ်ိဳးေအာင္က NP News ဂ်ာနယ္ကိုေျပာသည္။
အဆိုပါ ျမန္မာႏိုင္ငံခရီးသြားျပပြဲ ၂၀၂၅(Myanmar Tourism Fair MTF- 2025) က်င္းပႏိုင္ေရးအတြက္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္စိုးဝင္းသည္ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ဥကၠ႒ႏွင့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ဝင္မ်ားကို ေဖေဖာ္ဝါရီ ၁၁ရက္က ဝန္ႀကီးဌာနရွိ နီလာအစည္းအေဝးခန္းမ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေသးသည္။
“ခရီးသြားျပပြဲကေတာ့ ျမန္မာႏိုင္ငံမွာ လုပ္မွာ။ ေလာေလာဆယ္ႀကိဳတင္ညႇိႏႈိင္းတာေပါ့ေနာ္။ ႀကိဳတင္ညႇိႏႈိင္းတယ္ဆိုတာကေတာ့ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္နဲ႔ ညီေနာင္အသင္းေတြကေနၿပီးေတာ့ သူတို႔လုပ္သြားခ်င္တဲ့ ႏွစ္စဥ္ခရီးသြားျပပြဲကို ႏိုင္ငံတကာကေနၿပီးေတာ့ ခရီးသြားနဲ႔ပတ္သက္ဆက္စပ္ေနတဲ့ လူေတြလည္းလာၿပီးေတာ့ ျမန္မာႏိုင္ငံခရီးသြားျမႇင့္တင္ေရးအတြက္ ဒါေတြကို‌ေဆာင္႐ြက္ဖို႔ ရည္႐ြယ္ထားတာေတြကို လာၿပီးေတာ့ တင္ျပတာပါ”ဟု ဦး‌ေဇယ်ာမ်ိဳးေအာင္က ေျပာသည္။
ထိုသို႔ေဆာင္႐ြက္ႏိုင္ပါက အက်ိဳးေက်းဇူးအေနျဖင့္ ျမန္မာႏိုင္ငံရွိ ခရီးစဥ္ေဒသမ်ားကိုလည္ပတ္ႏိုင္ၿပီး ၎တို႔မွတစ္ဆင့္ ျမန္မာႏိုင္ငံက ခရီးစဥ္မ်ားကို ျပန္လည္ေရာင္းခ်ႏိုင္မည္ျဖစ္ေသာေၾကာင့္ ျပည္ပခရီးသြားမ်ား ပိုတိုးလာႏိုင္ေၾကာင္း သိရသည္။
“ျမန္မာႏိုင္ငံကိုလာေနတဲ့ ခရီးသြားေဈးကြက္ႏိုင္ငံေတြရွိတယ္။ အာဆီယံႏိုင္ငံေတြ ၊ တ႐ုတ္၊ အႏၵိယ၊ ႐ုရွား၊ ေနာက္တစ္ခုက ဥေရာပႏိုင္ငံေတြေရာ ေဈးကြက္အလိုက္ကေတာ့ အကုန္လုံးကို ဖိတ္ေခၚသြားမွာေပါ့။ အဲဒီေတာ့ ျမန္မာႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းအေျခအေနေလးကို ပိုၿပီးေတာ့ ႏိုင္ငံတကာကခရီးသြားလုပ္ငန္းေဆာင္႐ြက္ေနတဲ့လူေတြ ပိုၿပီးေတာ့ သိေအာင္ေပါ့ ျမန္မာႏိုင္ငံမွ Myanmar Tourism Fair ဆိုၿပီးေတာ့ လုပ္ဖို႔ရည္႐ြယ္ၿပီးေတာ့ တင္ျပတာျဖစ္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံခရီးသြားျပပြဲ ၂၀၂၅ကို ျမန္မာႏိုင္ငံတြင္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ဇြန္လတြင္ ျပဳလုပ္သြားရန္ စီစဥ္ထားေသာ္လည္း အတိအက် မသိေသးေၾကာင္း သိရသည္။ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြား (၁ ဒသမ ၀၆)သန္းခန႔္ လာေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.