နှစ်ပတ်အတွင်း YBS ပေါ်မှ ခါးပိုက်နှိုက် (၁၂၀)ဦး ဖမ်းမိ

898

စော (NP News) ဖေဖော်ဝါရီ (၁၄)
ရန်ကုန်မြို့တွင် နှစ်ပတ်အတွင်း YBS ပေါ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူ (၁၂၀)ဦးနှင့်အတူ ဖုန်းအလုံး (၂၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ရက်နေ့က ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်ဈေးသစ်မှတ်တိုင်တွင် YRTCမှ တာဝန်ကျဝန်ထမ်းနှစ်ဦးကို ခါးပိုက်နှိုက်သမားများက ခါးပိုက်နှိုက်ရာတွင် အဆင်မပြေသည့်အတွက် ဓားဖြင့်ထိုးမည်၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
“အဲဒီလိုမျိုး ခြိမ်းခြောက်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့ကိုလည်း တင်ပြတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆီ (၁၃)ရက်နေ့မှာ စာရေးလိုက်တယ်။ အဲဒီမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထိရောက်စွာ အရေးယူဖို့ဆိုပြီးတော့ ညွှန်ကြားတဲ့စာလည်းထုတ်ပါတယ်။အဲဒါနဲ့ ၁၄ရက်ကနေပြီးတော့ ၃၁ရက်နေ့အထိ ကျွန်တော်တင်တဲ့အတိုင်းပဲ။ ခါးပိုက်နှိုက် (၁၂၀)၊ မိန်းကလေးလည်းပါတယ်။ (၆)ယောက်လား မသိဘူး။ ပြီးတော့ သက်သေခံကားတစ်စီးကော၊ ဖုန်းအလုံး (၂၀၀)ကျော်၊ ပြီးတော့ ငွေက(၁၀)သိန်းနီးပါး၊ (၁၀)သိန်းခန့်ပေါ့။ သူတို့ရဲ့တင်ပြချက်ပါ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ စီစီတီဗီ တပ်ထားတာရှိတယ်လေ။ အဲဒါနည်းနည်းပြန်ကြည့်တယ်။ ရဲနဲ့ပူးပေါင်းပြီးတော့ ပြန်ကြည့်တယ်။ အဲဒီလိုမျိုးပူးပေါင်းပြီးတော့ဖမ်းတာပါ။ နှစ်ပတ်အတွင်းမှာ (၁၂၀)ကျော် ဖမ်းတာပါ။ ထပ်ဖမ်းတာရှိတာပေါ့။ ထပ်ဖမ်းတဲ့အရေအတွက်တော့ အတိအကျမသိသေးဘူး”ဟု YRTC၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က The Statesmanဂျာနယ်ကိုပြောသည်။
YBSယာဉ်ပေါ်တွင် ခါးပိုက်နှိုက်များကြောင့် ခရီးသည်အချို့၏ ဖုန်း၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင်စသည့် အရေးကြီးပစ္စည်းများ ပျောက်ဆုံးနေရကြောင်း YBSစီးနင်းသူများဖွဲ့ထားသည့် Groupတွင် မကြာခဏရေးသားထားခြင်းများကိုလည်း တွေ့မြင်ရသည်။
“ဘယ်လိုမျိုး ဆောင်ရွက်နေသေးလဲဆိုတော့ ဟောပြောပွဲတွေမှာလည်း ခါးပိုက်နှိုက်သတိပြုဆိုပြီးတော့ အရင်ထဲက ကားပေါ်မှာ ခါးပိုက်နှိုက်သတိပြုဆိုပြီးတော့ လုပ်ထားတာရှိပါတယ်။ ရဲကနေ တိုင်စာတွေရှိရင်အဲဒီ စီစီတီဗီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပေးတယ်လေ တပ်ထားတဲ့ စီစီတီဗီကြည့်ပြီးတော့ အဲဒါတွေ ပူးပေါင်းဆောင်ရွက်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းပေါင်း (၁၃၂)လိုင်း၊ ယာဉ်စီးရေ (၃၅၀၀)ကျော်ဖြင့် ခရီးသည် စုစုပေါင်း (၁၅)သိန်းကျော်ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ႏွစ္ပတ္အတြင္း YBS ေပၚမွ ခါးပိုက္ႏႈိက္ (၁၂၀)ဦး ဖမ္းမိ
ေစာ (NP News)
ရန္ကုန္ၿမိဳ႕တြင္ ႏွစ္ပတ္အတြင္း YBS ေပၚတြင္ ခါးပိုက္ႏႈိက္မႈက်ဴးလြန္သူ (၁၂၀)ဦးႏွင့္အတူ ဖုန္းအလုံး (၂၀၀)ေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)ထံမွ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ပန္းပဲတန္းၿမိဳ႕နယ္ရွိ ဗိုလ္ခ်ဳပ္ေဈးသစ္မွတ္တိုင္တြင္ YRTCမွ တာဝန္က်ဝန္ထမ္းႏွစ္ဦးကို ခါးပိုက္ႏႈိက္သမားမ်ားက ခါးပိုက္ႏႈိက္ရာတြင္ အဆင္မေျပသည့္အတြက္ ဓားျဖင့္ထိုးမည္၊ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။
“အဲဒီလိုမ်ိဳး ၿခိမ္းေျခာက္ေတာ့ ရန္ကုန္တိုင္းေဒသႀကီးအစိုးအရအဖြဲ႕ကိုလည္း တင္ျပတယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆီ (၁၃)ရက္ေန႔မွာ စာေရးလိုက္တယ္။ အဲဒီမွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေန ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ထိေရာက္စြာ အေရးယူဖို႔ဆိုၿပီးေတာ့ ၫႊန္ၾကားတဲ့စာလည္းထုတ္ပါတယ္။အဲဒါနဲ႔ ၁၄ရက္ကေနၿပီးေတာ့ ၃၁ရက္ေန႔အထိ ကြၽန္ေတာ္တင္တဲ့အတိုင္းပဲ။ ခါးပိုက္ႏႈိက္ (၁၂၀)၊ မိန္းကေလးလည္းပါတယ္။ (၆)ေယာက္လား မသိဘူး။ ၿပီးေတာ့ သက္ေသခံကားတစ္စီးေကာ၊ ဖုန္းအလုံး (၂၀၀)ေက်ာ္၊ ၿပီးေတာ့ ေငြက(၁၀)သိန္းနီးပါး၊ (၁၀)သိန္းခန႔္ေပါ့။ သူတို႔ရဲ႕တင္ျပခ်က္ပါ။ ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ စီစီတီဗီ တပ္ထားတာရွိတယ္ေလ။ အဲဒါနည္းနည္းျပန္ၾကည့္တယ္။ ရဲနဲ႔ပူးေပါင္းၿပီးေတာ့ ျပန္ၾကည့္တယ္။ အဲဒီလိုမ်ိဳးပူးေပါင္းၿပီးေတာ့ဖမ္းတာပါ။ ႏွစ္ပတ္အတြင္းမွာ (၁၂၀)ေက်ာ္ ဖမ္းတာပါ။ ထပ္ဖမ္းတာရွိတာေပါ့။ ထပ္ဖမ္းတဲ့အေရအတြက္ေတာ့ အတိအက်မသိေသးဘူး”ဟု YRTC၏ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က The Statesmanဂ်ာနယ္ကိုေျပာသည္။
YBSယာဥ္ေပၚတြင္ ခါးပိုက္ႏႈိက္မ်ားေၾကာင့္ ခရီးသည္အခ်ိဳ႕၏ ဖုန္း၊ ပိုက္ဆံအိတ္၊ မွတ္ပုံတင္စသည့္ အေရးႀကီးပစၥည္းမ်ား ေပ်ာက္ဆုံးေနရေၾကာင္း YBSစီးနင္းသူမ်ားဖြဲ႕ထားသည့္ Groupတြင္ မၾကာခဏေရးသားထားျခင္းမ်ားကိုလည္း ေတြ႕ျမင္ရသည္။
“ဘယ္လိုမ်ိဳး ေဆာင္႐ြက္ေနေသးလဲဆိုေတာ့ ေဟာေျပာပြဲေတြမွာလည္း ခါးပိုက္ႏႈိက္သတိျပဳဆိုၿပီးေတာ့ အရင္ထဲက ကားေပၚမွာ ခါးပိုက္ႏႈိက္သတိျပဳဆိုၿပီးေတာ့ လုပ္ထားတာရွိပါတယ္။ ရဲကေန တိုင္စာေတြရွိရင္အဲဒီ စီစီတီဗီ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကိုေပးတယ္ေလ တပ္ထားတဲ့ စီစီတီဗီၾကည့္ၿပီးေတာ့ အဲဒါေတြ ပူးေပါင္းေဆာင္႐ြက္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ YBS ယာဥ္လိုင္းေပါင္း (၁၃၂)လိုင္း၊ ယာဥ္စီးေရ (၃၅၀၀)ေက်ာ္ျဖင့္ ခရီးသည္ စုစုေပါင္း (၁၅)သိန္းေက်ာ္ကို ေန႔စဥ္သယ္ယူပို႔ေဆာင္ေပးေနလ်က္ရွိေၾကာင္း သိရသည္။