ဝိုင်နဲ့ ကမ္ဘာ့အမွေအနှစ် နေရာတွေကြောင့် နာမည်ကျော်တဲ့ ပေါ်တိုမြို့

 327

Pika (NP News) - ဖေဖော်ဝါရီ ၁၄

ပေါ်တိုမြို့သည် ပေါ်တူဂီနိုင်ငံတွင် လစ္စဘွန်း မြို့ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ် ပြီး ဝိုင်တင်ပို့မှုကြောင့် နာမည်ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ပေါ်တိုမြို့သည် ပေါ်တိုခရိုင်၏ မြို့တော်ဖြစ်ပြီး Iberian ကျွန်းဆွယ်၏ အဓိကမြို့ပြ ဧရိယာများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် ပေါ်တိုမြို့ပြဧရိယာနှင့် နှိုင်းယှဉ်မည်ဆိုပါက သေးငယ်ပြီး နေထိုင်သူလူဦးရေမှာ (၂၄၈၇၆၉)ဦးရှိကာ စုစုပေါင်းအကျယ်အဝန်းမှာ (၄၁ ဒသမ ၄၂) စတုရန်းကီလိုမီတာရှိကြောင်းလည်း သိရသည်။

ပေါ်တိုမြို့ပြဧရိယာတွင် နေထိုင် သူလူဦးရေ (၁ ဒသမ ၈) သန်းရှိပြီး စုစုပေါင်းအကျယ် အဝန်းမှာ (၂၃၅၉) စတုရန်းကီလိုမီတာရှိပြီး ပေါ်တူဂီ နိုင်ငံတွင်းတွင် ဒုတိယမြောက်အကြီးဆုံးမြို့ပြဧရိ ယာဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ပေါ်တိုမြို့သည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာ့မြို့ကြီးများ သုတေသနကွန်ရက်မှ Gamma+ အဆင့် သတ်မှတ်ချက်ဖြင့် ကမ္ဘာ့မြို့တစ်မြို့အဖြစ် အသိအမှတ် ပြု ထားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ပေါ်တူဂီ မြောက်ပိုင်းရှိ Douro မြစ်ကမ်းပါးတစ်လျှောက် တွင်တည်ရှိသော ပေါ်တိုမြို့သည် ရှေးအကျဆုံး ဥရောပစင်တာများထဲမှတစ်ခုဖြစ်ပြီး (၁၉၉၆) ခုနှစ်တွင် ပေါ်တို၏သမိုင်းဝင်စင်တာ၊ Luiz I တံတားနှင့် Serra do Pilar ဘုန်းတော်ကြီးကျောင်းတို့ကို ယူနက် စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ပေါ်တိုမြို့ မြို့ပြ ဧရိယာ၏ အနောက်ဘက်သည် အတ္တလန္တိတ် သမုဒ္ဒရာ၏ ကမ်းရိုးတန်းအထိ ကျယ်ပြန့်ကြောင်းလည်း သိရသည်။ ပေါ်တိုမြို့၏ အခြေချနေထိုင်မှုသည် ဘီစီ(၂)ရာစုတွင် ရောမအင်ပါယာ၏ ကင်းစခန်း ဖြစ်ခဲ့သည့် အချိန်မှစတင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီ ၏ အကျော်ကြားဆုံးပို့ကုန်များထဲမှတစ်ခုဖြစ်သော Port wine ကို ‌ပေါ်တိုမြို့၏ မြေအောက်ခန်းများတွင် ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် တင်ပို့ခြင်းတို့လုပ် ဆောင်ခဲ့ပြီးနောက် ပေါ်တိုမြို့သည် ဝိုင်တင်ပို့မှု နှင့်ပတ်သက်ပြီး နာမည်ကျော်ကြားသည့် မြို့တစ်မြို့ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် (၂၀၁၄)ခုနှစ် (၂၀၁၇) ခုနှစ်တို့တွင် ပေါ်တိုမြို့သည် Best European Destinations အေဂျင်စီ၏ အကောင်းဆုံးဥရောပနေရာတစ်ခုအဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရကြောင်းလည်း သိရသည်။

ပေါ်တိုမြို့သည် ပေါ်တူဂီမြို့နှင့် Iberian ကျွန်း ဆွယ်၏ အဓိကစက်မှုနှင့် ဘဏ္ဍာရေးစင်တာတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ ကြီးမား‌သော စက်မှုလုပ်ငန်းအတွက် အရေးအပါဆုံးနေရာတစ်ခု ဖြစ်သော ပေါ်တိုမြို့သည် Altri ၊ Ambar ၊ Amorim ၊ Bial ၊ BPI ၊ Cerealis ၊ CIN ၊ Cofina ၊ EFACEC ၊ Frulact ၊ Lactogal ၊ Millennium bcp ၊ Porto Editora ၊ RAR ၊ Sonae ၊ Bcp ၊ Superae ၊ Bcp ၊ Superaock Group တို့ကဲ့သို့သော အကြီးဆုံးပေါ်တူဂီကော်ပိုရေးရှင်းများစွာ အခြေ စိုက်သည့်နေရာ တစ်ခုလည်းဖြစ်သည်။ ပေါ်တိုမြို့၏ စတော့အိတ်ချိန်းဟောင်းသည် ပေါ်တူဂီမြို့၏ အကြီးဆုံးဖလှယ်မှုနေရာ တစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ ယခင်က စတော့အိတ်ချိန်း နေရာတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သော အဆောက်အအုံသည် လက်ရှိအချိန်တွင် မြို့၏ခရီးသွား ဆွဲဆောင်မှုနေရာများထဲမှ တစ်ခုဖြစ်ပြီး ပေါ်တူဂီနိုင်ငံပိုင် ဖွံ့ဖြိုးရေးဘဏ်ကို (၂၀၂၀) ပြည့်နှစ်တွင် တည်ထောင်ခဲ့ကာ ပေါ်တို့မြို့တွင် အခြေစိုက်ထားကြောင်းလည်းသိရသည်။ ပေါ်တိုမြို့သည် နာမည်ကြီး ပေါ်တူဂီသတင်းစာ Jornal de Notícias ကို လက်ခံကျင်းပသည့်နေရာတစ်ခုဖြစ်ပြီး ရုံးချုပ်များတည် ရှိသည့် အဆောက်အအုံသည် ပေါ်တိုမြို့တွင်အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း လည်းသိရသည်။ Porto Editora သည် ပေါ်တိုမြို့တွင် အကြီးဆုံးသော ထုတ်ဝေသူများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏အဘိဓာန်များသည် နိုင်ငံအတွင်းအသုံးပြုသည့် ရေပန်းအစားဆုံးအကိုး အကား များထဲမှဖြစ်ပြီး ဘာသာပြန်ဆိုချက်များမှာလည်း အလွန်ရေပန်းစားကြောင်းသိရသည်။ ပေါ်တိုမြို့နှင့် Douro မြစ်အထက်ပိုင်းတို့ကြားတွင် စီးပွားရေး ဆက်ဆံရေးမှာ အလယ်ခေတ်များထဲမှစတင်ခဲ့ပြီး ယနေ့ခေတ်အထိ အလွန်နက်ရှိုင်းစွာ ဆက်စပ်နေဆဲဖြစ်သည်။

sumach ၊ သစ်သီးခြောက်များ၊ အခွံမာ သီးများနှင့် Douro သံလွင်ဆီများသည် ဒေသတွင်းနှင့် ပေါ်တိုမြို့အကြား ကြွယ်ဝသောဖလှယ် မှုများကို တည်တံ့စေခဲ့သည့်အရာများလည်းဖြစ် သည်။ အဆိုပါထုတ်ကုန်များကို Douro မြစ်ကမ်းစပ်ရှိ ကျောက် တံတားများမှတစ်ဆင့် အခြားဈေးကွက်နေရာများသို့တင်ပို့ခဲ့ပြီး ပေါ်တိုမြို့သည် ပေါ်တူဂီ၏ မြောက် ဘက်ဒေသနှင့် စပိန်နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ဘက်ဒေသများသို့ သွား‌ရောက်သည့် ဝင်ပေါက် ထွက်ပေါက်နေရာတစ်ခုလည်းဖြစ်သည်။ ပေါ်တိုမြို့မှ အချိန်(၂)နာရီကြာ ကားမောင်းရသည့် အကွာ အဝေးအတွင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ‌လေးခုနှင့် Santiago de Compostela ကဲ့သို့သော နာမည်ကြီး စပိန်ခရီးသွား နေရာများရှိကြောင်းလည်းသိရသည်။ ပေါ်တူဂီခရိုင် မြို့တော် (၁၈)ခု၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့်ပတ်သက်သော လေ့လာမှုတစ်ခုတွင် ပေါ်တိုမြို့သည် အဆိုးရွားဆုံးအဆင့်ဖြစ်ပြီး လေ့လာမှုကို Minho တက္ကသိုလ်မှ စီးပွားရေးသုတေသီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ (၂၀ဝ၆)ခုနှစ် စက်တင်ဘာလ(၃၀) ရက်တွင် Público သတင်းစာမှာ ထုတ်ဝေခဲ့‌ကြောင်း သိရသည်။ အဆိုပါ လေ့လာမှု တွင် အဆင့်အကောင်းဆုံးမြို့များမှာ အီဗိုရာ၊ လစ္စဘွန်းနှင့် ကိုလံဘီယာမြို့တို့ ဖြစ်‌ကြောင်းလည်းသိရ သည်။ Expresso တွင် ထုတ်ဝေသော (၂၀ဝ၇)ခုနှစ် အဆင့်သတ်မှတ်ချက် တစ်ခုတွင် ပေါ်တိုမြို့ကို ပေါ်တူဂီတွင်နေထိုင်ရန် တတိယအကောင်းဆုံးမြို့တစ်မြို့အဖြစ် သတ်မှတ်ထားသည်။ ပေါ်တို့မြို့ပြဧရိယာသည် ဂျီဒီပီ ယူရို(၄၃ ဒသမ ၁)ဘီလျံရှိပြီး တစ်ဦးချင်းဂျီဒီပီမှာ (၂၄၀၇၅) ယူရိုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပေါ်တိုမြို့တွင် သိသာသော ခရီးသွားလာမှုတိုးမြင့်မှုများကို ကြုံတွေ့ခဲ့ရပြီး (၂၀၁၂)ခုနှစ်၊ (၂၀၁၄)ခုနှစ်နှင့် (၂၀၁၇)ခုနှစ်တို့တွင် ဥရောပ၏အကောင်းဆုံး နေရာတစ်ခု အဖြစ် ဆုကိုရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ပေါ်တိုမြို့သည် (၂၀၁၇)ခုနှစ် ဇန်နဝါရီလနှင့် နိုဝင်ဘာလ တို့တွင် ညအိပ်ခရီးသွား(၂ ဒသမ ၈)သန်း၊ နေ့ချင်းပြန်ခရီးသွား(၁ ဒသမ ၄)သန်းလာ ရောက်လည်ပတ် ခဲ့ပြီး (၇၃)ရာခိုင်နှုန်းမှာ အခြား နိုင်ငံများမှဖြစ်ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ပေါ်တိုမြို့၏ ခရီးသွားလုပ်ငန်းဝင်ငွေသည် (၁၁)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းလည်း သိရသည်။ (၂၀၁၉) ခုနှစ်‌ ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ ပေါ်တိုမြို့ စီးပွား ရေးလုပ်ဆောင်မှု၏(၁၀)ရာခိုင်နှုန်းကျော်သည် ခရီးသွားလုပ်ငန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရ သည်။(၂၀၁၇)ခုနှစ်တွင် ပေါ်တိုမြို့၏ဟိုတယ်နေထိုင်မှုနှုန်းသည် (၇၇)ရာခိုင်နှုန်းရှိပြီး (၂၀၁၉)ခုနှစ် ဇွန်လ တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုအရ ပေါ်တိုမြို့ သည် မြို့ပြခရီးသွားများ ဝယ်လိုအားတွင် အဆမတန် တိုးပွားလာနေသော ဥရောပခရီးသွားနေရာများအနက်မှ တိုးတက်မှုအမြန်ဆုံးမြို့တစ်ခု အဖြစ် ဖော်ပြခဲ့ကြောင်းသိရသည်။ ပေါ်တိုမြို့ရှိ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုနေရာများတွင် Porto Cathedral ၊ Dom Luís I ၊ တံတား၊ Café Majestic ၊ Livraria Lello ၊ နှင့် Jardins do Palácio de Cristal တို့ပါဝင်ကြောင်းသိရသည်။

zawgyi version
ဝိုင္နဲ႔ ကမာၻ႔အေမြအႏွစ္ ေနရာေတြေၾကာင့္ နာမည္ေက်ာ္တဲ့ ေပၚတိုၿမိဳ႕
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄

ေပၚတိုၿမိဳ႕သည္ ေပၚတူဂီႏိုင္ငံတြင္ လစၥဘြန္း ၿမိဳ႕ၿပီးလွ်င္ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ ၿပီး ဝိုင္တင္ပို႔မႈေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ေပၚတိုၿမိဳ႕သည္ ေပၚတိုခ႐ိုင္၏ ၿမိဳ႕ေတာ္ျဖစ္ၿပီး Iberian ကြၽန္းဆြယ္၏ အဓိကၿမိဳ႕ျပ ဧရိယာမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ေပၚတိုၿမိဳ႕သည္ ေပၚတိုၿမိဳ႕ျပဧရိယာႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက ေသးငယ္ၿပီး ေနထိုင္သူလူဦးေရမွာ (၂၄၈၇၆၉)ဦးရွိကာ စုစုေပါင္းအက်ယ္အဝန္းမွာ (၄၁ ဒသမ ၄၂) စတုရန္းကီလိုမီတာရွိေၾကာင္းလည္း သိရသည္။

ေပၚတိုၿမိဳ႕ျပဧရိယာတြင္ ေနထိုင္ သူလူဦးေရ (၁ ဒသမ ၈) သန္းရွိၿပီး စုစုေပါင္းအက်ယ္ အဝန္းမွာ (၂၃၅၉) စတုရန္းကီလိုမီတာရွိၿပီး ေပၚတူဂီ ႏိုင္ငံတြင္းတြင္ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕ျပဧရိ ယာျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေပၚတိုၿမိဳ႕သည္ ဂလိုဘယ္လိုက္ေဇးရွင္းႏွင့္ ကမာၻ႔ၿမိဳ႕ႀကီးမ်ား သုေတသနကြန္ရက္မွ Gamma+ အဆင့္ သတ္မွတ္ခ်က္ျဖင့္ ကမာၻ႔ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အသိအမွတ္ ျပဳ ထားသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ေပၚတူဂီ ေျမာက္ပိုင္းရွိ Douro ျမစ္ကမ္းပါးတစ္ေလွ်ာက္ တြင္တည္ရွိေသာ ေပၚတိုၿမိဳ႕သည္ ေရွးအက်ဆုံး ဥေရာပစင္တာမ်ားထဲမွတစ္ခုျဖစ္ၿပီး (၁၉၉၆) ခုႏွစ္တြင္ ေပၚတို၏သမိုင္းဝင္စင္တာ၊ Luiz I တံတားႏွင့္ Serra do Pilar ဘုန္းေတာ္ႀကီးေက်ာင္းတို႔ကို ယူနက္ စကိုက ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ ေပၚတိုၿမိဳ႕ ၿမိဳ႕ျပ ဧရိယာ၏ အေနာက္ဘက္သည္ အတၱလႏၲိတ္ သမုဒၵရာ၏ ကမ္း႐ိုးတန္းအထိ က်ယ္ျပန႔္ေၾကာင္းလည္း သိရသည္။ ေပၚတိုၿမိဳ႕၏ အေျခခ်ေနထိုင္မႈသည္ ဘီစီ(၂)ရာစုတြင္ ေရာမအင္ပါယာ၏ ကင္းစခန္း ျဖစ္ခဲ့သည့္ အခ်ိန္မွစတင္ခဲ့ျခင္းျဖစ္သည္။ ေပၚတူဂီ ၏ အေက်ာ္ၾကားဆုံးပို႔ကုန္မ်ားထဲမွတစ္ခုျဖစ္ေသာ Port wine ကို ‌ေပၚတိုၿမိဳ႕၏ ေျမေအာက္ခန္းမ်ားတြင္ ထုပ္ပိုးျခင္း၊ သယ္ယူပို႔ေဆာင္ျခင္းႏွင့္ တင္ပို႔ျခင္းတို႔လုပ္ ေဆာင္ခဲ့ၿပီးေနာက္ ေပၚတိုၿမိဳ႕သည္ ဝိုင္တင္ပို႔မႈ ႏွင့္ပတ္သက္ၿပီး နာမည္ေက်ာ္ၾကားသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္လာခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ (၂၀၁၄)ခုႏွစ္ (၂၀၁၇) ခုႏွစ္တို႔တြင္ ေပၚတိုၿမိဳ႕သည္ Best European Destinations ေအဂ်င္စီ၏ အေကာင္းဆုံးဥေရာပေနရာတစ္ခုအျဖစ္ ေ႐ြးခ်ယ္ျခင္းကိုခံခဲ့ရေၾကာင္းလည္း သိရသည္။

ေပၚတိုၿမိဳ႕သည္ ေပၚတူဂီၿမိဳ႕ႏွင့္ Iberian ကြၽန္း ဆြယ္၏ အဓိကစက္မႈႏွင့္ ဘ႑ာေရးစင္တာတစ္ခု ျဖစ္ေၾကာင္းလည္းသိရသည္။ ႀကီးမား‌ေသာ စက္မႈလုပ္ငန္းအတြက္ အေရးအပါဆုံးေနရာတစ္ခု ျဖစ္ေသာ ေပၚတိုၿမိဳ႕သည္ Altri ၊ Ambar ၊ Amorim ၊ Bial ၊ BPI ၊ Cerealis ၊ CIN ၊ Cofina ၊ EFACEC ၊ Frulact ၊ Lactogal ၊ Millennium bcp ၊ Porto Editora ၊ RAR ၊ Sonae ၊ Bcp ၊ Superae ၊ Bcp ၊ Superaock Group တို႔ကဲ့သို႔ေသာ အႀကီးဆုံးေပၚတူဂီေကာ္ပိုေရးရွင္းမ်ားစြာ အေျခ စိုက္သည့္ေနရာ တစ္ခုလည္းျဖစ္သည္။ ေပၚတိုၿမိဳ႕၏ စေတာ့အိတ္ခ်ိန္းေဟာင္းသည္ ေပၚတူဂီၿမိဳ႕၏ အႀကီးဆုံးဖလွယ္မႈေနရာ တစ္ခုအျဖစ္ ေျပာင္းလဲခဲ့ေၾကာင္းလည္းသိရသည္။ ယခင္က စေတာ့အိတ္ခ်ိန္း ေနရာတစ္ခုအျဖစ္ လုပ္ေဆာင္ခဲ့ေသာ အေဆာက္အအုံသည္ လက္ရွိအခ်ိန္တြင္ ၿမိဳ႕၏ခရီးသြား ဆြဲေဆာင္မႈေနရာမ်ားထဲမွ တစ္ခုျဖစ္ၿပီး ေပၚတူဂီႏိုင္ငံပိုင္ ဖြံ႕ၿဖိဳးေရးဘဏ္ကို (၂၀၂၀) ျပည့္ႏွစ္တြင္ တည္ေထာင္ခဲ့ကာ ေပၚတို႔ၿမိဳ႕တြင္ အေျခစိုက္ထားေၾကာင္းလည္းသိရသည္။ ေပၚတိုၿမိဳ႕သည္ နာမည္ႀကီး ေပၚတူဂီသတင္းစာ Jornal de Notícias ကို လက္ခံက်င္းပသည့္ေနရာတစ္ခုျဖစ္ၿပီး ႐ုံးခ်ဳပ္မ်ားတည္ ရွိသည့္ အေဆာက္အအုံသည္ ေပၚတိုၿမိဳ႕တြင္အျမင့္ဆုံးအေဆာက္အအုံမ်ားထဲမွ တစ္ခုျဖစ္ခဲ့ေၾကာင္း လည္းသိရသည္။ Porto Editora သည္ ေပၚတိုၿမိဳ႕တြင္ အႀကီးဆုံးေသာ ထုတ္ေဝသူမ်ားထဲမွ တစ္ခုျဖစ္ၿပီး ၎၏အဘိဓာန္မ်ားသည္ ႏိုင္ငံအတြင္းအသုံးျပဳသည့္ ေရပန္းအစားဆုံးအကိုး အကား မ်ားထဲမွျဖစ္ၿပီး ဘာသာျပန္ဆိုခ်က္မ်ားမွာလည္း အလြန္ေရပန္းစားေၾကာင္းသိရသည္။ ေပၚတိုၿမိဳ႕ႏွင့္ Douro ျမစ္အထက္ပိုင္းတို႔ၾကားတြင္ စီးပြားေရး ဆက္ဆံေရးမွာ အလယ္ေခတ္မ်ားထဲမွစတင္ခဲ့ၿပီး ယေန႔ေခတ္အထိ အလြန္နက္ရႈိင္းစြာ ဆက္စပ္ေနဆဲျဖစ္သည္။

sumach ၊ သစ္သီးေျခာက္မ်ား၊ အခြံမာ သီးမ်ားႏွင့္ Douro သံလြင္ဆီမ်ားသည္ ေဒသတြင္းႏွင့္ ေပၚတိုၿမိဳ႕အၾကား ႂကြယ္ဝေသာဖလွယ္ မႈမ်ားကို တည္တံ့ေစခဲ့သည့္အရာမ်ားလည္းျဖစ္ သည္။ အဆိုပါထုတ္ကုန္မ်ားကို Douro ျမစ္ကမ္းစပ္ရွိ ေက်ာက္ တံတားမ်ားမွတစ္ဆင့္ အျခားေဈးကြက္ေနရာမ်ားသို႔တင္ပို႔ခဲ့ၿပီး ေပၚတိုၿမိဳ႕သည္ ေပၚတူဂီ၏ ေျမာက္ ဘက္ေဒသႏွင့္ စပိန္ႏိုင္ငံ၏ ေျမာက္ပိုင္းႏွင့္ အေနာက္ဘက္ေဒသမ်ားသို႔ သြား‌ေရာက္သည့္ ဝင္ေပါက္ ထြက္ေပါက္ေနရာတစ္ခုလည္းျဖစ္သည္။ ေပၚတိုၿမိဳ႕မွ အခ်ိန္(၂)နာရီၾကာ ကားေမာင္းရသည့္ အကြာ အေဝးအတြင္း ယူနက္စကို ကမာၻ႔အေမြအႏွစ္ေနရာ‌ေလးခုႏွင့္ Santiago de Compostela ကဲ့သို႔ေသာ နာမည္ႀကီး စပိန္ခရီးသြား ေနရာမ်ားရွိေၾကာင္းလည္းသိရသည္။ ေပၚတူဂီခ႐ိုင္ ၿမိဳ႕ေတာ္ (၁၈)ခု၏ ယွဥ္ၿပိဳင္ႏိုင္စြမ္းႏွင့္ပတ္သက္ေသာ ေလ့လာမႈတစ္ခုတြင္ ေပၚတိုၿမိဳ႕သည္ အဆိုး႐ြားဆုံးအဆင့္ျဖစ္ၿပီး ေလ့လာမႈကို Minho တကၠသိုလ္မွ စီးပြားေရးသုေတသီမ်ားက လုပ္ေဆာင္ခဲ့ျခင္းျဖစ္ကာ (၂၀ဝ၆)ခုႏွစ္ စက္တင္ဘာလ(၃၀) ရက္တြင္ Público သတင္းစာမွာ ထုတ္ေဝခဲ့‌ေၾကာင္း သိရသည္။ အဆိုပါ ေလ့လာမႈ တြင္ အဆင့္အေကာင္းဆုံးၿမိဳ႕မ်ားမွာ အီဗိုရာ၊ လစၥဘြန္းႏွင့္ ကိုလံဘီယာၿမိဳ႕တို႔ ျဖစ္‌ေၾကာင္းလည္းသိရ သည္။ Expresso တြင္ ထုတ္ေဝေသာ (၂၀ဝ၇)ခုႏွစ္ အဆင့္သတ္မွတ္ခ်က္ တစ္ခုတြင္ ေပၚတိုၿမိဳ႕ကို ေပၚတူဂီတြင္ေနထိုင္ရန္ တတိယအေကာင္းဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ထားသည္။ ေပၚတို႔ၿမိဳ႕ျပဧရိယာသည္ ဂ်ီဒီပီ ယူ႐ို(၄၃ ဒသမ ၁)ဘီလ်ံရွိၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ (၂၄၀၇၅) ယူ႐ိုျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္အနည္းငယ္အတြင္း ေပၚတိုၿမိဳ႕တြင္ သိသာေသာ ခရီးသြားလာမႈတိုးျမင့္မႈမ်ားကို ႀကဳံေတြ႕ခဲ့ရၿပီး (၂၀၁၂)ခုႏွစ္၊ (၂၀၁၄)ခုႏွစ္ႏွင့္ (၂၀၁၇)ခုႏွစ္တို႔တြင္ ဥေရာပ၏အေကာင္းဆုံး ေနရာတစ္ခု အျဖစ္ ဆုကိုရရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ေပၚတိုၿမိဳ႕သည္ (၂၀၁၇)ခုႏွစ္ ဇန္နဝါရီလႏွင့္ ႏိုဝင္ဘာလ တို႔တြင္ ညအိပ္ခရီးသြား(၂ ဒသမ ၈)သန္း၊ ေန႔ခ်င္းျပန္ခရီးသြား(၁ ဒသမ ၄)သန္းလာ ေရာက္လည္ပတ္ ခဲ့ၿပီး (၇၃)ရာခိုင္ႏႈန္းမွာ အျခား ႏိုင္ငံမ်ားမွျဖစ္ေၾကာင္းသိရသည္။ (၂၀၁၈)ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာအရ ေပၚတိုၿမိဳ႕၏ ခရီးသြားလုပ္ငန္းဝင္ေငြသည္ (၁၁)ရာခိုင္ႏႈန္း တိုးလာခဲ့ေၾကာင္းလည္း သိရသည္။ (၂၀၁၉) ခုႏွစ္‌ ေဖေဖာ္ဝါရီလတြင္ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာတစ္ခုအရ ေပၚတိုၿမိဳ႕ စီးပြား ေရးလုပ္ေဆာင္မႈ၏(၁၀)ရာခိုင္ႏႈန္းေက်ာ္သည္ ခရီးသြားလုပ္ငန္းမွ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရ သည္။(၂၀၁၇)ခုႏွစ္တြင္ ေပၚတိုၿမိဳ႕၏ဟိုတယ္ေနထိုင္မႈႏႈန္းသည္ (၇၇)ရာခိုင္ႏႈန္းရွိၿပီး (၂၀၁၉)ခုႏွစ္ ဇြန္လ တြင္ ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာတစ္ခုအရ ေပၚတိုၿမိဳ႕ သည္ ၿမိဳ႕ျပခရီးသြားမ်ား ဝယ္လိုအားတြင္ အဆမတန္ တိုးပြားလာေနေသာ ဥေရာပခရီးသြားေနရာမ်ားအနက္မွ တိုးတက္မႈအျမန္ဆုံးၿမိဳ႕တစ္ခု အျဖစ္ ေဖာ္ျပခဲ့ေၾကာင္းသိရသည္။ ေပၚတိုၿမိဳ႕ရွိ အေက်ာ္ၾကားဆုံး ခရီးသြားဆြဲေဆာင္မႈေနရာမ်ားတြင္ Porto Cathedral ၊ Dom Luís I ၊ တံတား၊ Café Majestic ၊ Livraria Lello ၊ ႏွင့္ Jardins do Palácio de Cristal တို႔ပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.