အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ မြေထဲပင်လယ်အတွင်း တိုက်မိ

 4529

Pika (NP News) - ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီလ(၁၃)ရက်နှောင်းပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ် တင်သင်္ဘော USS Harry S. Truman သည် ကုန် တင်သင်္ဘော Besiktas-M နှင့် မြေထဲပင်လယ်အတွင်း တိုက်မိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ဖေဖော်ဝါရီလ(၁၃)ရက် ည (၁၁)နာရီ(၄၆)မိနစ်တွင် အီဂျစ်နိုင်ငံ Port Said မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်အရာရှိက ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါဖြစ်ရပ်အတွင်း လေယာဉ်တင်သင်္ဘော USS Harry S. Truman တွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမျိုး သို့မဟုတ် ရေဝင်သွားခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိက ပြောကြားခဲ့သည်။ ထို့ပြင် လေယာဉ်တင်သင်္ဘော USS Harry S. Truman ၏ နျူကလီးယားတွန်း ကန်စနစ်များသည် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သော အခြေအနေတွင်ရှိကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်မိမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက် လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အလေးချိန်တန်ချိန်(၅၃၀ဝဝ)ကျော်ရှိပြီး အရှည်(၁၈၈)မီတာကျော်ရှိသော ကုန်တင်သင်္ဘော Besiktas-M သည် စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး ရိုမေးနီးယားနိုင်ငံ Constanta မြို့ဆိပ်ကမ်းသို့ သွားနေသည့်အချိန်တွင် ယခုကဲ့သို့တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် (၂၀၂၄)ခုနှစ် စက်တင်ဘာလတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို မြေထဲပင်လယ်အတွင်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ သင်္ဘောသား(၅၀ဝဝ)ခန့်ကို တင် ဆောင်ထားသောUSS Harry S. Truman လေယာဉ်တင်သင်္ဘောသည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအပါအဝင် စစ်ဆင်ရေးအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

zawgyi version
အေမရိကန္ေလယာဥ္တင္သေဘၤာႏွင့္ ကုန္တင္သေဘၤာတို႔ ေျမထဲပင္လယ္အတြင္း တိုက္မိ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄

ေဖေဖာ္ဝါရီလ(၁၃)ရက္ေႏွာင္းပိုင္းတြင္ အေမရိကန္၏ န်ဴကလီးယားစြမ္းအင္သုံး ေလယာဥ္ တင္သေဘၤာ USS Harry S. Truman သည္ ကုန္ တင္သေဘၤာ Besiktas-M ႏွင့္ ေျမထဲပင္လယ္အတြင္း တိုက္မိခဲ့ေၾကာင္း အေမရိကန္ေရတပ္အရာရွိ တစ္ဦးက ေျပာၾကားခဲ့သည္။ အဆိုပါျဖစ္ရပ္သည္ ေဖေဖာ္ဝါရီလ(၁၃)ရက္ ည (၁၁)နာရီ(၄၆)မိနစ္တြင္ အီဂ်စ္ႏိုင္ငံ Port Said ၿမိဳ႕အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ေရတပ္အရာရွိက ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း အဆိုပါျဖစ္ရပ္အတြင္း ေလယာဥ္တင္သေဘၤာ USS Harry S. Truman တြင္ လူထိခိုက္ဒဏ္ရာရရွိျခင္းမ်ိဳး သို႔မဟုတ္ ေရဝင္သြားျခင္းမ်ိဳးမရွိခဲ့ေၾကာင္း အေမရိကန္ေရတပ္အရာရွိက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ေလယာဥ္တင္သေဘၤာ USS Harry S. Truman ၏ န်ဴကလီးယားတြန္း ကန္စနစ္မ်ားသည္ ေဘးကင္းလုံၿခဳံၿပီး တည္ၿငိမ္ေသာ အေျခအေနတြင္ရွိေၾကာင္း ေရတပ္၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

အဆိုပါ တိုက္မိမႈျဖစ္ပြားရသည့္ အေၾကာင္းအရင္းမ်ားကို စုံစမ္းစစ္ေဆးမႈမ်ား ဆက္ လက္လုပ္ေဆာင္ေနေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ အေလးခ်ိန္တန္ခ်ိန္(၅၃၀ဝဝ)ေက်ာ္ရွိၿပီး အရွည္(၁၈၈)မီတာေက်ာ္ရွိေသာ ကုန္တင္သေဘၤာ Besiktas-M သည္ စူးအက္တူးေျမာင္းကို ျဖတ္ေက်ာ္ၿပီး ႐ိုေမးနီးယားႏိုင္ငံ Constanta ၿမိဳ႕ဆိပ္ကမ္းသို႔ သြားေနသည့္အခ်ိန္တြင္ ယခုကဲ့သို႔တိုက္မိမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

အေရွ႕အလယ္ပိုင္းေဒသတြင္ တင္းမာမႈမ်ားျမင့္တက္လာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရသည္ ၎၏အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ရန္အတြက္ (၂၀၂၄)ခုႏွစ္ စက္တင္ဘာလတြင္ USS Harry S. Truman ေလယာဥ္တင္သေဘၤာကို ေျမထဲပင္လယ္အတြင္း ေစလႊတ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ သေဘၤာသား(၅၀ဝဝ)ခန႔္ကို တင္ ေဆာင္ထားေသာUSS Harry S. Truman ေလယာဥ္တင္သေဘၤာသည္ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားအပါအဝင္ စစ္ဆင္ေရးအမ်ိဳးမ်ိဳးတြင္ ပါဝင္ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.