ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတည်ပြု

576

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမည်မဟုတ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေးနှင့်ပတ်သက်ပြီး ယူကရိန်းနှင့် ရုရှားနိုင်ငံကြား အငြင်းပွားမှုများရှိလာခဲ့ပြီးနောက် ရုရှားသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးပမ်းမည့်ယူကရိန်း၏လုပ်ရပ်များကို ဆန့်ကျင်ခဲ့ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံ၏ ရပ်တည်ချက်အနေအထားကို နားလည်ကြောင်း၊ ယူကရိန်းသည်နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် အလား အလာနည်းကြောင်း ပြောသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “ရုရှားဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာ ရေးခွင့်ပြုမယ့် နည်းလမ်းကို ကျွန်တော်မတွေ့မြင် မိဘူး၊ ဒါကြောင့် ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ အလားအ လာမရှိဘူး”ဟုပြောသည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းကိုနေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရန်အတွက် အားပေး ကူညီခဲ့သော အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကိုလည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ရုရှားက ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာ မည်ဆိုလျှင် ရုရှားနိုင်ငံလုံခြုံရေးအတွက် စိုးရိမ်ရပြီး ခြိမ်းခြောက် မှုများဖြစ်လာနိုင်ကြောင်း ပြောသည်။
ရုရှားနှင့် ယူကရိန်း နိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲ ၏နောက်ကွယ်မှ အဓိက အကြောင်းအရာများ ထဲတွင် နေတိုးအဖွဲ့ဝင်ရန် ယူက ရိန်းနိုင်ငံ ကြိုးပမ်းမှုလည်းပါဝင်ကြောင်း သိရသည်။ ရုရှားက ယူကရိန်းသည်အနာဂတ်ငြိမ်းချမ်း ရေးရလို လျှင် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခြင်းမျိုး သာလုပ် ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သမ္မတက “ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်မပေးဖို့အချက်နဲ့ပတ်သက် ပြီး ရုရှားရဲ့ရပ်တည်ချက်က ကျောက်တုံးလိုမျိုးခိုင်မာတယ်”ဟု ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရန်အတွက် ပြီးခဲ့သောရက် ပိုင်းတွင် ဖုန်းဆက်ဆွေးနွေးခြင်းများရှိခဲ့ပြီး မကြာမီ တွင် ရုရှားသမ္မတပူတင် ဦးဆောင်သော ရုရှားအဆင့် မြင့်အရာရှိကြီးများပါဝင်သောအဖွဲ့နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်သောအဆင့်မြင့် အရာရှိကြီးများပါဝင်သော အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် အဖွဲ့တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
zawgyi version
ယူကရိန္းက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာမည္မဟုတ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အတည္ျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၄
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ယူကရိန္းႏိုင္ငံသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္လာမည္မဟုတ္ေၾကာင္း အတည္ျပဳေျပာဆိုလိုက္သည္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရးႏွင့္ပတ္သက္ၿပီး ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား အျငင္းပြားမႈမ်ားရွိလာခဲ့ၿပီးေနာက္ ႐ုရွားသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ရန္ ႀကိဳးပမ္းမည့္ယူကရိန္း၏လုပ္ရပ္မ်ားကို ဆန႔္က်င္ခဲ့ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္က ႐ုရွားႏိုင္ငံ၏ ရပ္တည္ခ်က္အေနအထားကို နားလည္ေၾကာင္း၊ ယူကရိန္းသည္ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္ အလား အလာနည္းေၾကာင္း ေျပာသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က “႐ုရွားဟာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာ ေရးခြင့္ျပဳမယ့္ နည္းလမ္းကို ကြၽန္ေတာ္မေတြ႕ျမင္ မိဘူး၊ ဒါေၾကာင့္ ယူကရိန္းဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာဖို႔ အလားအ လာမရွိဘူး”ဟုေျပာသည္။ ေဒၚနယ္ထရမ့္သည္ ယူကရိန္းကိုေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္အတြက္ အားေပး ကူညီခဲ့ေသာ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ကိုလည္း ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားက ယူကရိန္းသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာ မည္ဆိုလွ်င္ ႐ုရွားႏိုင္ငံလုံၿခဳံေရးအတြက္ စိုးရိမ္ရၿပီး ၿခိမ္းေျခာက္ မႈမ်ားျဖစ္လာႏိုင္ေၾကာင္း ေျပာသည္။
႐ုရွားႏွင့္ ယူကရိန္း ႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲ ၏ေနာက္ကြယ္မွ အဓိက အေၾကာင္းအရာမ်ား ထဲတြင္ ေနတိုးအဖြဲ႕ဝင္ရန္ ယူက ရိန္းႏိုင္ငံ ႀကိဳးပမ္းမႈလည္းပါဝင္ေၾကာင္း သိရသည္။ ႐ုရွားက ယူကရိန္းသည္အနာဂတ္ၿငိမ္းခ်မ္း ေရးရလို လွ်င္ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ျခင္းမ်ိဳး သာလုပ္ ေဆာင္ရမည္ျဖစ္ေၾကာင္း ေျပာသည္။
အေမရိကန္သမၼတက “ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္ခြင့္မေပးဖို႔အခ်က္နဲ႔ပတ္သက္ ၿပီး ႐ုရွားရဲ႕ရပ္တည္ခ်က္က ေက်ာက္တုံးလိုမ်ိဳးခိုင္မာတယ္”ဟု ေျပာသည္။ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္သည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနေသာ စစ္ပြဲအဆုံးသတ္ရန္အတြက္ ၿပီးခဲ့ေသာရက္ ပိုင္းတြင္ ဖုန္းဆက္ေဆြးေႏြးျခင္းမ်ားရွိခဲ့ၿပီး မၾကာမီ တြင္ ႐ုရွားသမၼတပူတင္ ဦးေဆာင္ေသာ ႐ုရွားအဆင့္ ျမင့္အရာရွိႀကီးမ်ားပါဝင္ေသာအဖြဲ႕ႏွင့္ အေမရိကန္ သမၼတေဒၚနယ္ထရမ့္ ဦးေဆာင္ေသာအဆင့္ျမင့္ အရာရွိႀကီးမ်ားပါဝင္ေသာ အဆင့္ျမင့္အရာရွိႀကီးမ်ား ပါဝင္သည့္ အဖြဲ႕ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္သည္။