(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ရဲ့ ပွဲကြိုသုံးသပ်ချက်များ

 645

ရဲထက် (NP News) - ဖေဖော်ဝါရီ ၁၄

ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ကို ရောက်ရှိလာချိန်မှာ အသင်းကြီးတွေရဲ့ ရပ်တည်မှုအနေအထား တွေအရ ပိုပြီး ပြင်းထန်လာဖို့ရှိနေသလို အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတွေကို ဆက်လက်ကြည့်ရှု သွား ရဖို့ရှိနေပါတယ်။ လီဗာပူးလ်အသင်းက အမှတ်ပေးဇယားထိပ်ပိုင်းကို (၆)မှတ်ဖြတ်ထားနိုင်ပေမယ့် အာဆင်နယ် အသင်းရဲ့ ခြေစွမ်းပိုင်းတိုးတက်လာမှုတွေအပြင် မန်စီးတီး၊ ချဲလ်ဆီး၊ နော်တင် ဖောရက်စ် အသင်းတို့ရဲ့ ခြေစွမ်းပိုင်းတွေကလည်း တိုးတက်လာနေတာကြောင့် ဒီရာသီပရီးမီးယားလိဂ် ပြိုင်ဆိုင်မှု တွေက အမှားမခံတော့တဲ့အပိုင်းအခြားတစ်ခုကို စတင်နေပြီလို့လည်း ပြောလို့ရနေပါတယ်။ မန်ယူ အသင်းနဲ့ စပါးစ်အသင်းတို့ရဲ့ခြေစွမ်းပိုင်းက ဆိုးရွားတယ်ဆိုတာထက်ကို ကျော်လွန်နေပြီး အမှတ်ပေး ဇယားရဲ့အဆင့် (၁၄)နဲ့(၁၅)အထိ ရောက်ရှိနေတာကလည်း အတော်လေးစိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မန်ယူအသင်းနဲ့စပါးစ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုရှိနေတာကြောင့် ဘယ် အသင်းက ရလဒ်ကောင်းတစ်ခုကို ရယူသွားနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲ စဉ်(၂၅)အတွက် ခြေစွမ်းနဲ့ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

စပါးစ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၂ - ၂ စပါးစ် (၂၉-၉-၂၀၂၄)
စပါးစ် ၂ - ဝ မန်ယူ (၁၉-၈-၂၀၂၃)
စပါးစ် ၂ - ဝ မန်ယူ (၂၈-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၃ မန်ယူ
စပါးစ် ၂ - ၂ မန်ယူ

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို အပြောင်းအလဲလုပ် နိုင်မှာမဟုတ်ပေမယ့် ရလဒ်ပိုင်းမှာတော့ ရှုံးတဲ့အ သင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာအထိ ကျဆင်းသွားနိုင်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေပါတယ်။ မန်ယူအသင်းရဲ့ အကြီးမားဆုံး လိုအပ်ချက်ကတော့ ကစားသမားတွေရဲ့ တစ်ဦးချင်းအမှားတွေကနေ ဂိုးပေးလိုက်ရတဲ့အခြေအနေ မျိုးတွေကို မြင်တွေ့နေရတာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် နောက်တန်းနဲ့ ဂိုးသမားရဲ့အမှားကြောင့် ပေးလိုက်ရတဲ့ဂိုးတွေအပြင် တည်ကန်ဘောတွေကနေတစ်ဆင့် ခေါင်းတိုက်သွင်းဂိုးတွေကို အမြဲတမ်း လိုလိုခွင့်ပြုပေးနေရတာတွေ့ရပါတယ်။ မန်ယူအသင်းရဲ့ခြေစွမ်းပိုင်းက တိုးတက်လာပြီလို့ထင်ခဲ့ပေမယ့် လည်း ကစားသမားတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်တွေကြောင့် ဘရိုက်တန်အသင်းနဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းတွေကို နှစ်ပွဲဆက်ရှုံးခဲ့တာပါ။ စပါးစ်အသင်းကတော့ မန်ယူအသင်းထက်ပိုပြီး ခြေစွမ်း ပိုင်းကျဆင်းနေပြီး နည်းပြအနေနဲ့လည်း ရာထူးကနေဖယ်ရှားခံရနိုင်မလားဆိုတာကိုပါ စောင့်ကြည့် သွားရဖို့ ရှိနေပါတယ်။ ကစားသမားတွေအနေနဲ့လည်း နည်းပြရဲ့တိုက်စစ်ပိုင်းလိုက်ပါကစားမှုကနေ တစ်ဖက်အသင်းက ကွင်းလယ်နဲ့နောက်တန်းမှာ နေရာလွတ်တွေရရှိသွားပြီး သွင်းဂိုးတွေ ဆက်တိုက် ခွင့်ပြုပေးခဲ့ရတာကိုလည်း တွေ့ရပါတယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင်တော့ မန်ယူအသင်းက စပါးစ် အသင်းရဲ့အိမ်ကွင်းမှာ နိုင်ပွဲ ရဖို့ခက်ခဲနိုင်ပြီး ရှုံးတဲ့အသင်းက ပေးဆပ်မှုကြီးသွားနိုင်တာကြောင့် ဒီပွဲစဉ် က အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ မန်ယူဘက်ကနေချင်ပါ တယ်။

လက်စတာစီးတီး Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၄-၂ လက်စတာစီးတီး (၂၈-၉-၂၀၂၄)
လက်စတာစီးတီး ဝ- ၁ အာဆင်နယ် (၂၅-၂-၂၀၂၄)
အာဆင်နယ် ၄-၂ လက်စတာစီးတီး (၁၃-၈-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လက်စတာစီးတီး ဝ - ၃ အာဆင်နယ်
လက်စတာစီးတီး ၁ - ၃ အာဆင်နယ်
အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၅)ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ခြေစွမ်းနဲ့ အနိုင်ရပြီးတဲ့‌နောက် ပရီးမီးယားလိဂ်ချန် ပီယံဆုအတွက် အကောင်းဆုံးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုရရှိသွားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဒီရာသီမှာသိသာထင်ရှားတဲ့အချက်က အ သင်းလိုက်ကစားပုံကောင်းသလို ဇွဲကောင်းကောင်းနဲ့ အနိုင်ရဖို့စိတ်အားထက်သန်မှုက ကစားသမားတစ် ယောက်ချင်းစီတိုင်းမှာ ရှိနေတာဖြစ်ပါတယ်။ လာမယ့်အပြောင်းအရွှေ့ကာလမှာ ကစားသမားတချို့ ဝယ်ယူ ဖြည့်တင်းပေးလိုက်ရင် အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို ဖိအားပေးနိုင်ဖို့ရှိနေပါ တယ်။ ဒီပွဲစဉ်ကလည်း အာဆင်နယ်အသင်းအတွက် အရေးကြီး တဲ့ပွဲစဉ်ဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်နေပြီး လီဗာပူးလ်အသင်းကို အကောင်းဆုံးဖိအားပေးနိုင်ဖို့ ပွဲတိုင်းလိုလိုနိုင်ပွဲရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းကတော့ ဒီနှစ်မှတန်းတက် လာတဲ့အသင်းဖြစ်ပြီး နောက်ဆုံး ထိပ် တိုက်တွေ့ခဲ့တဲ့ ပွဲစဉ်(၆)ပွဲလုံးမှာလည်း အာဆင်နယ်အသင်းက အနိုင်ရထားပါတယ်။ ဒါ့ပြင် ခြေစွမ်းပိုင်း မှာလည်း အာဆင်နယ်အသင်းကို အဘက်ဘက်ကယှဉ်နိုင်ဖို့မရှိတဲ့အပြင် တန်းဆင်းဇုန်ထဲကိုရောက်ရှိ နေတဲ့အသင်းဖြစ်တာကြောင့် အာဆင်နယ်အသင်းကပဲ အဝေးကွင်းမှာ အနည်းဆုံး (၂)ဂိုးပြတ်နဲ့ နိုင်ပွဲရ ယူသွားနိုင်ပါတယ်။

ဘရိုက်တန် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၄ - ၂ ဘရိုက်တန် (၂၈-၉-၂၀၂၄)
ဘရိုက်တန် ၁ - ၂ ချဲလ်ဆီး (၁၆-၅-၂၀၂၄)
ချဲလ်ဆီး ၃ - ၂ ဘရိုက်တန် (၃-၁၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘရိုက်တန် ၂ - ၂ ချဲလ်ဆီး
ဘရိုက်တန် ၃ - ၃ ချဲလ်ဆီး
ခွင့်နဲ့ အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နိုင်တယ်ဆိုပေမယ့် ခြေစွမ်းပိုင်းက ထင်သလောက် အားရ စရာ မကောင်းတဲ့အပြင် လိုအပ်ချက်များစွာရှိနေသေးတာကို မြင်တွေ့ရပါတယ်။ တကယ်ဆိုရင် ချဲလ် ဆီး အသင်းက ပရီးမီးယားလိဂ်မှာ ကစားသမားအင်အား အတောင့်ဆုံးအသင်းဖြစ်တဲ့အပြင် ဥရောပ ပြိုင်ပွဲကိုလည်း ကြီးကြီးမားမားသွားရောက်ကစားရခြင်းမရှိတဲ့ အခြေအနေမှာ ကျန်တဲ့အသင်းကြီးတွေ လို ဆင်ခြေ ပေးလို့မရတဲ့အနေအထားမှာရှိနေပါတယ်။ ဒါ့ပြင် နိုင် ပွဲရမယ့်ပွဲစဉ်တွေကိုရှုံးထားသလို အသင်းကြီးအချင်းချင်း တွေ့ဆုံမှုတိုင်းမှာ ရှုံးပွဲကပိုများနေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ရာသီ ကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ကိုပါ စိတ်ချထားလို့မရတဲ့အခြေအနေဖြစ်ပါတယ်။ ဘရိုက်တန် အသင်းကတော့ ရာသီအစမှာ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းမှာပါကောင်းခဲ့ပေမယ့် ရာသီဝက်ကျော်လာ ချိန်မှာတော့ ပုံမှန်ခြေစွမ်း လောက်သာရှိတော့တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ပထမတစ်ကြိမ် ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာအနိုင်ရခဲ့ပေမယ့် ဒီပွဲစဉ်ကတော့ သရေကျဖို့များပြီး အပြန်အလှန် သွင်းဂိုးတွေကိုမြင်တွေ့သွားရနိုင်ပါတယ်။

လီဗာပူးလ် Vs ဝုဗ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝုဗ် ၁ - ၂ လီဗာပူးလ် (၂၈-၉-၂၀၂၄)
လီဗာပူးလ် ၂ - ဝ ဝုဗ် (၁၉-၅-၂၀၂၄)
ဝုဗ် ၃ - ၁ လီဗာပူးလ် (၁၆-၉-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၁ ဝုဗ်
လီဗာပူးလ် ၃ - ၁ ဝုဗ်
လီဗာပူးလ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ကစားသမားအင်အားအများကြီးမရှိပေမယ့် ဘာ ကြောင့် နိုင်ပွဲဆက်နေရသလဲဆိုရင် လီဗာပူးလ်အသင်းရဲ့ သမ္ဘာကြောင့်လို့ပြောလို့ရနေပါတယ်။ ဘာ ကြောင့်လဲဆိုရင် ဘောလုံးပွဲတစ်ပွဲမှာ ဗျူဟာပိုင်းအရ ကောင်းမွန်မှုရှိဖို့လိုအပ်သလို ကစားသမားတစ် ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုနဲ့ ကံတရားလိုအပ်သလို နောက်တစ်ချက်ကတော့ သမ္ဘာဖြစ်ပါတယ်။ သမ္ဘာဆို တဲ့နေရာမှာ လီဗာပူးလ်အသင်းရဲ့ ဥရောပအတွေ့ အကြုံတွေအပြင် ရှိရင်းစွဲကစားသမား အများစုဟာ ဥရောပရဲ့ ကြမ်းလှပါတယ်ဆိုတဲ့ ပြိုင်ပွဲတွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆုဖလားတွေကို ယူလာတဲ့ ကစားသမားတွေဖြစ်တာကြောင့် ပွဲတစ်ပွဲအပေါ်မှာ ဘယ်လိုကစားရမယ်ဆိုတာနဲ့ နိုင်ပွဲရဖို့ ဘယ်လို စွမ်းဆောင်ရမလဲဆိုတဲ့အရာတွေကို ပိုင်နိုင်နေမှုတွေက လီဗာပူးလ် အသင်းရဲ့သမ္ဘာလို့ဆိုနိုင် ပါတယ်။ ဒီအချက်တွေကပဲ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းဟာ တစ်ပွဲပဲရှုံးထားသလို အမှတ်ပေး ဇယားကိုလည်း တစ်ပွဲလျော့ အနေအထားနဲ့ ရမှတ်(၆)အထိဖြတ်ထားတာကြောင့် ပွဲစဉ်(၂)ပွဲရှုံးရင် တောင် ပြန်လည်ပြင်ဆင်လို့ရနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း ဝုဗ် အသင်းကို အိမ်ကွင်းမှာကစားရမှာဖြစ်တဲ့အပြင် ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း လီဗာပူးလ်အသင်းက အနိုင်ရ ထားတာကြောင့် အိမ်ကွင်းမှာ လီဗာပူးလ်အသင်း အနိုင်(၃)မှတ်ရယူသွားနိုင်ပါမယ်။ ဂိုးတော့ မပြတ် ပါဘူး။

မန်စီးတီး Vs နယူးကာဆယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ် ၁ - ၁ မန်စီးတီး (၂၈-၉-၂၀၂၄)
နယူးကာဆယ် ၂- ၃ မန်စီးတီး (၁၄-၁-၂၀၂၄)
မန်စီးတီး ၁ - ဝ နယူးကာဆယ် (၂၀-၈-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၃ - ၂ နယူးကာဆယ်
မန်စီးတီး ၂ - ၁ နယူးကာဆယ်
မန်စီးတီးအသင်းက အိပ်မက်ဆိုးတွေထဲကနေ ရုန်းထွက်လာပြီဆိုတဲ့အချိန်မှာပဲ အာဆင်နယ် အသင်းကို (၅)ဂိုးပြတ်ရှုံးနိမ့်သွားခဲ့တာကိုတွေ့ရပါတယ်။ နောက်ဆုံးကန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ စဉ်(၅)ပွဲ မှာ (၄)ပွဲအနိုင်ရရှိခဲ့ပြီး (၁)ပွဲသရေကျခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို (၅)ဂိုး ပြတ် ရှုံးခဲ့တာက အဟန့်အတားတစ်ခုဖြစ်ခဲ့တာ ကြောင့် နယူးကာဆယ်ကို နိုင်ပွဲရဖို့အကောင်းဆုံးချဉ်းကပ် လာမှာ သေချာနေပါတယ်။ ဒီရာသီ နယူးကာ ဆယ်အိမ်ကွင်းမှာ ပထမဆုံးတွေ့ဆုံခဲ့ချိန်မှာလည်း သရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အိမ်ကွင်းမှာ မန် စီးတီးအသင်း နိုင်ပွဲရအောင်စွမ်းဆောင်နိုင်မလား ဆိုတာ ကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ရလဒ် ပိုင်းအနေနဲ့ကတော့ မန်စီးတီးအသင်းက အိမ်ကွင်း ဖြစ်တဲ့ အပြင် အရှုံးခံလို့မရတဲ့ ပွဲစဉ်ဖြစ်နေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ နယူးကာဆယ်အသင်းကို (၁) ဂိုးလောက်အကွာနဲ့ ကပ်နိုင်သွားနိုင်ပါတယ်။

zawgyi version
(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ္ပြဲစဥ္ (၂၅) ရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေဖေဖာ္ဝါရီ ၁၄

ပရီးမီးယားလိဂ္ပြဲစဥ္(၂၅)ကို ေရာက္ရွိလာခ်ိန္မွာ အသင္းႀကီးေတြရဲ႕ ရပ္တည္မႈအေနအထား ေတြအရ ပိုၿပီး ျပင္းထန္လာဖို႔ရွိေနသလို အႀကိတ္အနယ္ရွိတဲ့ ပြဲေကာင္းေတြကို ဆက္လက္ၾကည့္ရႈ သြား ရဖို႔ရွိေနပါတယ္။ လီဗာပူးလ္အသင္းက အမွတ္ေပးဇယားထိပ္ပိုင္းကို (၆)မွတ္ျဖတ္ထားႏိုင္ေပမယ့္ အာဆင္နယ္ အသင္းရဲ႕ ေျခစြမ္းပိုင္းတိုးတက္လာမႈေတြအျပင္ မန္စီးတီး၊ ခ်ဲလ္ဆီး၊ ေနာ္တင္ ေဖာရက္စ္ အသင္းတို႔ရဲ႕ ေျခစြမ္းပိုင္းေတြကလည္း တိုးတက္လာေနတာေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ ၿပိဳင္ဆိုင္မႈ ေတြက အမွားမခံေတာ့တဲ့အပိုင္းအျခားတစ္ခုကို စတင္ေနၿပီလို႔လည္း ေျပာလို႔ရေနပါတယ္။ မန္ယူ အသင္းနဲ႔ စပါးစ္အသင္းတို႔ရဲ႕ေျခစြမ္းပိုင္းက ဆိုး႐ြားတယ္ဆိုတာထက္ကို ေက်ာ္လြန္ေနၿပီး အမွတ္ေပး ဇယားရဲ႕အဆင့္ (၁၄)နဲ႔(၁၅)အထိ ေရာက္ရွိေနတာကလည္း အေတာ္ေလးစိတ္ပ်က္ဖြယ္ျဖစ္ပါတယ္။ ဒီတစ္ပတ္မွာေတာ့ မန္ယူအသင္းနဲ႔စပါးစ္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈရွိေနတာေၾကာင့္ ဘယ္ အသင္းက ရလဒ္ေကာင္းတစ္ခုကို ရယူသြားႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲ စဥ္(၂၅)အတြက္ ေျခစြမ္းနဲ႔ ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

စပါးစ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၂ - ၂ စပါးစ္ (၂၉-၉-၂၀၂၄)
စပါးစ္ ၂ - ဝ မန္ယူ (၁၉-၈-၂၀၂၃)
စပါးစ္ ၂ - ဝ မန္ယူ (၂၈-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၃ မန္ယူ
စပါးစ္ ၂ - ၂ မန္ယူ

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို အေျပာင္းအလဲလုပ္ ႏိုင္မွာမဟုတ္ေပမယ့္ ရလဒ္ပိုင္းမွာေတာ့ ရႈံးတဲ့အ သင္းက အမွတ္ေပးဇယားရဲ႕ အဆင့္(၁၅)ေနရာအထိ က်ဆင္းသြားႏိုင္တာေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္လာဖို႔ရွိေနပါတယ္။ မန္ယူအသင္းရဲ႕ အႀကီးမားဆုံး လိုအပ္ခ်က္ကေတာ့ ကစားသမားေတြရဲ႕ တစ္ဦးခ်င္းအမွားေတြကေန ဂိုးေပးလိုက္ရတဲ့အေျခအေန မ်ိဳးေတြကို ျမင္ေတြ႕ေနရတာမ်ိဳးျဖစ္ပါတယ္။ အထူးသျဖင့္ ေနာက္တန္းနဲ႔ ဂိုးသမားရဲ႕အမွားေၾကာင့္ ေပးလိုက္ရတဲ့ဂိုးေတြအျပင္ တည္ကန္ေဘာေတြကေနတစ္ဆင့္ ေခါင္းတိုက္သြင္းဂိုးေတြကို အၿမဲတမ္း လိုလိုခြင့္ျပဳေပးေနရတာေတြ႕ရပါတယ္။ မန္ယူအသင္းရဲ႕ေျခစြမ္းပိုင္းက တိုးတက္လာၿပီလို႔ထင္ခဲ့ေပမယ့္ လည္း ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕လိုအပ္ခ်က္ေတြေၾကာင့္ ဘ႐ိုက္တန္အသင္းနဲ႔ ခရစၥတယ္ ပဲေလ့စ္အသင္းေတြကို ႏွစ္ပြဲဆက္ရႈံးခဲ့တာပါ။ စပါးစ္အသင္းကေတာ့ မန္ယူအသင္းထက္ပိုၿပီး ေျခစြမ္း ပိုင္းက်ဆင္းေနၿပီး နည္းျပအေနနဲ႔လည္း ရာထူးကေနဖယ္ရွားခံရႏိုင္မလားဆိုတာကိုပါ ေစာင့္ၾကည့္ သြားရဖို႔ ရွိေနပါတယ္။ ကစားသမားေတြအေနနဲ႔လည္း နည္းျပရဲ႕တိုက္စစ္ပိုင္းလိုက္ပါကစားမႈကေန တစ္ဖက္အသင္းက ကြင္းလယ္နဲ႔ေနာက္တန္းမွာ ေနရာလြတ္ေတြရရွိသြားၿပီး သြင္းဂိုးေတြ ဆက္တိုက္ ခြင့္ျပဳေပးခဲ့ရတာကိုလည္း ေတြ႕ရပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ ခန႔္မွန္းရရင္ေတာ့ မန္ယူအသင္းက စပါးစ္ အသင္းရဲ႕အိမ္ကြင္းမွာ ႏိုင္ပြဲ ရဖို႔ခက္ခဲႏိုင္ၿပီး ရႈံးတဲ့အသင္းက ေပးဆပ္မႈႀကီးသြားႏိုင္တာေၾကာင့္ ဒီပြဲစဥ္ က အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ မန္ယူဘက္ကေနခ်င္ပါ တယ္။

လက္စတာစီးတီး Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၄-၂ လက္စတာစီးတီး (၂၈-၉-၂၀၂၄)
လက္စတာစီးတီး ဝ- ၁ အာဆင္နယ္ (၂၅-၂-၂၀၂၄)
အာဆင္နယ္ ၄-၂ လက္စတာစီးတီး (၁၃-၈-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လက္စတာစီးတီး ဝ - ၃ အာဆင္နယ္
လက္စတာစီးတီး ၁ - ၃ အာဆင္နယ္
အာဆင္နယ္အသင္းက ၿပီးခဲ့တဲ့ပြဲစဥ္မွာ မန္စီးတီးအသင္းကို (၅)ဂိုးျပတ္နဲ႔ အံ့အားသင့္ဖြယ္ ေျခစြမ္းနဲ႔ အႏိုင္ရၿပီးတဲ့‌ေနာက္ ပရီးမီးယားလိဂ္ခ်န္ ပီယံဆုအတြက္ အေကာင္းဆုံးစိတ္ဓာတ္ပိုင္းဆိုင္ရာ ကိုရရွိသြားခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ဒီရာသီမွာသိသာထင္ရွားတဲ့အခ်က္က အ သင္းလိုက္ကစားပုံေကာင္းသလို ဇြဲေကာင္းေကာင္းနဲ႔ အႏိုင္ရဖို႔စိတ္အားထက္သန္မႈက ကစားသမားတစ္ ေယာက္ခ်င္းစီတိုင္းမွာ ရွိေနတာျဖစ္ပါတယ္။ လာမယ့္အေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားတခ်ိဳ႕ ဝယ္ယူ ျဖည့္တင္းေပးလိုက္ရင္ အာဆင္နယ္အသင္းဟာ လီဗာပူးလ္အသင္းကို ဖိအားေပးႏိုင္ဖို႔ရွိေနပါ တယ္။ ဒီပြဲစဥ္ကလည္း အာဆင္နယ္အသင္းအတြက္ အေရးႀကီး တဲ့ပြဲစဥ္ျဖစ္ၿပီး မျဖစ္မေန ႏိုင္ပြဲရယူဖို႔ လိုအပ္ေနၿပီး လီဗာပူးလ္အသင္းကို အေကာင္းဆုံးဖိအားေပးႏိုင္ဖို႔ ပြဲတိုင္းလိုလိုႏိုင္ပြဲရဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ လက္စတာစီးတီးအသင္းကေတာ့ ဒီႏွစ္မွတန္းတက္ လာတဲ့အသင္းျဖစ္ၿပီး ေနာက္ဆုံး ထိပ္ တိုက္ေတြ႕ခဲ့တဲ့ ပြဲစဥ္(၆)ပြဲလုံးမွာလည္း အာဆင္နယ္အသင္းက အႏိုင္ရထားပါတယ္။ ဒါ့ျပင္ ေျခစြမ္းပိုင္း မွာလည္း အာဆင္နယ္အသင္းကို အဘက္ဘက္ကယွဥ္ႏိုင္ဖို႔မရွိတဲ့အျပင္ တန္းဆင္းဇုန္ထဲကိုေရာက္ရွိ ေနတဲ့အသင္းျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းကပဲ အေဝးကြင္းမွာ အနည္းဆုံး (၂)ဂိုးျပတ္နဲ႔ ႏိုင္ပြဲရ ယူသြားႏိုင္ပါတယ္။

ဘ႐ိုက္တန္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၄ - ၂ ဘ႐ိုက္တန္ (၂၈-၉-၂၀၂၄)
ဘ႐ိုက္တန္ ၁ - ၂ ခ်ဲလ္ဆီး (၁၆-၅-၂၀၂၄)
ခ်ဲလ္ဆီး ၃ - ၂ ဘ႐ိုက္တန္ (၃-၁၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘ႐ိုက္တန္ ၂ - ၂ ခ်ဲလ္ဆီး
ဘ႐ိုက္တန္ ၃ - ၃ ခ်ဲလ္ဆီး
ခြင့္နဲ႔ အမွတ္ေပးဖလားအတြက္ တိုက္ပြဲဝင္ႏိုင္တယ္ဆိုေပမယ့္ ေျခစြမ္းပိုင္းက ထင္သေလာက္ အားရ စရာ မေကာင္းတဲ့အျပင္ လိုအပ္ခ်က္မ်ားစြာရွိေနေသးတာကို ျမင္ေတြ႕ရပါတယ္။ တကယ္ဆိုရင္ ခ်ဲလ္ ဆီး အသင္းက ပရီးမီးယားလိဂ္မွာ ကစားသမားအင္အား အေတာင့္ဆုံးအသင္းျဖစ္တဲ့အျပင္ ဥေရာပ ၿပိဳင္ပြဲကိုလည္း ႀကီးႀကီးမားမားသြားေရာက္ကစားရျခင္းမရွိတဲ့ အေျခအေနမွာ က်န္တဲ့အသင္းႀကီးေတြ လို ဆင္ေျခ ေပးလို႔မရတဲ့အေနအထားမွာရွိေနပါတယ္။ ဒါ့ျပင္ ႏိုင္ ပြဲရမယ့္ပြဲစဥ္ေတြကိုရႈံးထားသလို အသင္းႀကီးအခ်င္းခ်င္း ေတြ႕ဆုံမႈတိုင္းမွာ ရႈံးပြဲကပိုမ်ားေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရာသီ ကုန္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ကိုပါ စိတ္ခ်ထားလို႔မရတဲ့အေျခအေနျဖစ္ပါတယ္။ ဘ႐ိုက္တန္ အသင္းကေတာ့ ရာသီအစမွာ ရလဒ္ပိုင္းေရာ ေျခစြမ္းပိုင္းမွာပါေကာင္းခဲ့ေပမယ့္ ရာသီဝက္ေက်ာ္လာ ခ်ိန္မွာေတာ့ ပုံမွန္ေျခစြမ္း ေလာက္သာရွိေတာ့တဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ပထမတစ္ႀကိမ္ ခ်ဲလ္ဆီးအသင္းက အိမ္ကြင္းမွာအႏိုင္ရခဲ့ေပမယ့္ ဒီပြဲစဥ္ကေတာ့ သေရက်ဖို႔မ်ားၿပီး အျပန္အလွန္ သြင္းဂိုးေတြကိုျမင္ေတြ႕သြားရႏိုင္ပါတယ္။

လီဗာပူးလ္ Vs ဝုဗ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝုဗ္ ၁ - ၂ လီဗာပူးလ္ (၂၈-၉-၂၀၂၄)
လီဗာပူးလ္ ၂ - ဝ ဝုဗ္ (၁၉-၅-၂၀၂၄)
ဝုဗ္ ၃ - ၁ လီဗာပူးလ္ (၁၆-၉-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ၁ ဝုဗ္
လီဗာပူးလ္ ၃ - ၁ ဝုဗ္
လီဗာပူးလ္အသင္းက ေနာက္ပိုင္းပြဲစဥ္ေတြမွာ ကစားသမားအင္အားအမ်ားႀကီးမရွိေပမယ့္ ဘာ ေၾကာင့္ ႏိုင္ပြဲဆက္ေနရသလဲဆိုရင္ လီဗာပူးလ္အသင္းရဲ႕ သမာၻေၾကာင့္လို႔ေျပာလို႔ရေနပါတယ္။ ဘာ ေၾကာင့္လဲဆိုရင္ ေဘာလုံးပြဲတစ္ပြဲမွာ ဗ်ဴဟာပိုင္းအရ ေကာင္းမြန္မႈရွိဖို႔လိုအပ္သလို ကစားသမားတစ္ ေယာက္ခ်င္းစီရဲ႕ ကြၽမ္းက်င္မႈနဲ႔ ကံတရားလိုအပ္သလို ေနာက္တစ္ခ်က္ကေတာ့ သမာၻျဖစ္ပါတယ္။ သမာၻဆို တဲ့ေနရာမွာ လီဗာပူးလ္အသင္းရဲ႕ ဥေရာပအေတြ႕ အႀကဳံေတြအျပင္ ရွိရင္းစြဲကစားသမား အမ်ားစုဟာ ဥေရာပရဲ႕ ၾကမ္းလွပါတယ္ဆိုတဲ့ ၿပိဳင္ပြဲေတြမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆုဖလားေတြကို ယူလာတဲ့ ကစားသမားေတြျဖစ္တာေၾကာင့္ ပြဲတစ္ပြဲအေပၚမွာ ဘယ္လိုကစားရမယ္ဆိုတာနဲ႔ ႏိုင္ပြဲရဖို႔ ဘယ္လို စြမ္းေဆာင္ရမလဲဆိုတဲ့အရာေတြကို ပိုင္ႏိုင္ေနမႈေတြက လီဗာပူးလ္ အသင္းရဲ႕သမာၻလို႔ဆိုႏိုင္ ပါတယ္။ ဒီအခ်က္ေတြကပဲ လက္ရွိရာသီမွာ လီဗာပူးလ္အသင္းဟာ တစ္ပြဲပဲရႈံးထားသလို အမွတ္ေပး ဇယားကိုလည္း တစ္ပြဲေလ်ာ့ အေနအထားနဲ႔ ရမွတ္(၆)အထိျဖတ္ထားတာေၾကာင့္ ပြဲစဥ္(၂)ပြဲရႈံးရင္ ေတာင္ ျပန္လည္ျပင္ဆင္လို႔ရေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒီပြဲစဥ္မွာလည္း ဝုဗ္ အသင္းကို အိမ္ကြင္းမွာကစားရမွာျဖစ္တဲ့အျပင္ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာလည္း လီဗာပူးလ္အသင္းက အႏိုင္ရ ထားတာေၾကာင့္ အိမ္ကြင္းမွာ လီဗာပူးလ္အသင္း အႏိုင္(၃)မွတ္ရယူသြားႏိုင္ပါမယ္။ ဂိုးေတာ့ မျပတ္ ပါဘူး။

မန္စီးတီး Vs နယူးကာဆယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယူးကာဆယ္ ၁ - ၁ မန္စီးတီး (၂၈-၉-၂၀၂၄)
နယူးကာဆယ္ ၂- ၃ မန္စီးတီး (၁၄-၁-၂၀၂၄)
မန္စီးတီး ၁ - ဝ နယူးကာဆယ္ (၂၀-၈-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၃ - ၂ နယူးကာဆယ္
မန္စီးတီး ၂ - ၁ နယူးကာဆယ္
မန္စီးတီးအသင္းက အိပ္မက္ဆိုးေတြထဲကေန ႐ုန္းထြက္လာၿပီဆိုတဲ့အခ်ိန္မွာပဲ အာဆင္နယ္ အသင္းကို (၅)ဂိုးျပတ္ရႈံးနိမ့္သြားခဲ့တာကိုေတြ႕ရပါတယ္။ ေနာက္ဆုံးကန္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ စဥ္(၅)ပြဲ မွာ (၄)ပြဲအႏိုင္ရရွိခဲ့ၿပီး (၁)ပြဲသေရက်ခဲ့တဲ့ မန္စီးတီးအသင္းအေနနဲ႔ အာဆင္နယ္အသင္းကို (၅)ဂိုး ျပတ္ ရႈံးခဲ့တာက အဟန႔္အတားတစ္ခုျဖစ္ခဲ့တာ ေၾကာင့္ နယူးကာဆယ္ကို ႏိုင္ပြဲရဖို႔အေကာင္းဆုံးခ်ဥ္းကပ္ လာမွာ ေသခ်ာေနပါတယ္။ ဒီရာသီ နယူးကာ ဆယ္အိမ္ကြင္းမွာ ပထမဆုံးေတြ႕ဆုံခဲ့ခ်ိန္မွာလည္း သေရ ရလဒ္ထြက္ေပၚခဲ့တာေၾကာင့္ အိမ္ကြင္းမွာ မန္ စီးတီးအသင္း ႏိုင္ပြဲရေအာင္စြမ္းေဆာင္ႏိုင္မလား ဆိုတာ ကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ရလဒ္ ပိုင္းအေနနဲ႔ကေတာ့ မန္စီးတီးအသင္းက အိမ္ကြင္း ျဖစ္တဲ့ အျပင္ အရႈံးခံလို႔မရတဲ့ ပြဲစဥ္ျဖစ္ေနတာေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ နယူးကာဆယ္အသင္းကို (၁) ဂိုးေလာက္အကြာနဲ႔ ကပ္ႏိုင္သြားႏိုင္ပါတယ္။

Related news

© 2021. All rights reserved.