ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ စစ်ဘက် အရာရှိကြီး၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

 2590

HtayOung (NP News) - ဖေဖော်ဝါရီ ၁၄

၂၀၁၇-ခုနှစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာဆိုသူများအပေါ် ဂျီနိုဆိုက်ကြောင်း စွပ်စွဲချက်အရ အဲဒီအချိန် နိုင်ငံခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ စစ်ဘက် ထိပ်တန်း အရာရှိကြီး ၂၂ ဦးတို့ကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် “ဘန်နာနယူးစ်” က ဒီနေ့ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ရေးသားခဲ့ပါတယ်။
ဖမ်းဝရမ်း ထုတ်ခံရသူစာရင်းမှာ ဒီမိုကရေစီမီးရှုးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ NLD အစိုးရ ခေါင်းဆောင် သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်ကြောင်း BROUK ခေါ် လန်ဒန်မြို့အခြေစိုက် “မြန်မာ ရိုဟင်ဂျာအသင်း ယူကေ” ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

#Rohingya_Genocide #Argentina_Court #Daw_Aung_San_Suu_Kyi
#Former_President_U_Htin_Kyaw #Sen.General_Min_Aung_Hlaing

Zawgyi Version:
ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတေဟာင္း ဦးထင္ေက်ာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာ စစ္ဘက္ အရာရွိႀကီး၂၂ ဦးကို အာဂ်င္တီးနားတရား႐ုံး ဖမ္းဝရမ္းထုတ္
HtayOung (NP News) - ေဖေဖာ္ဝါရီ ၁၄

၂၀၁၇-ခုႏွစ္ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ႐ိုဟင္ဂ်ာဆိုသူမ်ားအေပၚ ဂ်ီႏိုဆိုက္ေၾကာင္း စြပ္စြဲခ်က္အရ အဲဒီအခ်ိန္ ႏိုင္ငံေခါင္းေဆာင္ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတေဟာင္း ဦးထင္ေက်ာ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ျမန္မာ စစ္ဘက္ ထိပ္တန္း အရာရွိႀကီး ၂၂ ဦးတို႔ကို အာဂ်င္တီးနားႏိုင္ငံ တရား႐ုံးက ဖမ္းဝရမ္း ထုတ္ျပန္လိုက္ေၾကာင္း အေမရိကန္ႏိုင္ငံ ဝါရွင္တန္ ဒီစီ အေျခစိုက္ “ဘန္နာနယူးစ္” က ဒီေန႔ ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္မွာ ေရးသားခဲ့ပါတယ္။
ဖမ္းဝရမ္း ထုတ္ခံရသူစာရင္းမွာ ဒီမိုကေရစီမီးရႈးတန္ေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ NLD အစိုးရ ေခါင္းေဆာင္ သမၼတေဟာင္း ဦးထင္ေက်ာ္တို႔လည္း ပါဝင္ေၾကာင္း BROUK ေခၚ လန္ဒန္ၿမိဳ႕အေျခစိုက္ “ျမန္မာ ႐ိုဟင္ဂ်ာအသင္း ယူေက” ဥကၠ႒ ဦးထြန္းခင္က ေျပာဆိုတယ္လို႔ သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။

#Rohingya_Genocide #Argentina_Court #Daw_Aung_San_Suu_Kyi
#Former_President_U_Htin_Kyaw #Sen.General_Min_Aung_Hlaing

Related news

© 2021. All rights reserved.