ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေရန် နှစ်ပေါင်း ၅၃ နှစ်ကြာ ပိတ်ပင်ထားသည့် အရက်ရောင်းချခြင်းဥပဒေကိုပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် တောင်းဆို

 361

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် နှစ်ပေါင်း ၅၃ နှစ်ကြာ ပိတ်ပင်ထားသည့် အရက်သေစာရောင်းချမှုပိတ်ပင်ခြင်းကို ဖြေလျော့ရန်အတွက် ဥပဒေများကို ပြန်လည်သုံးသပ်ရန် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထရာက တောင်းဆိုလိုက်ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်၏ တောင်းဆိုချက်ကို အခြားစီးပွားရေးလုပ်ငန်းရှင်များအပြင် စားသောက်ဆိုင်ပိုင်ရှင်များက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ်က "ဒီနှစ်ဟာ ကျွန်မတို့နိုင်ငံရဲ့ခရီးသွားနှစ်ဖြစ်တယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့အချို့စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ်ရမယ်" ဟု ပြောသည်။

ထိုင်းအစိုးရသည် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားအနည်းဆုံး သန်း ၄ဝ ကျော် လာရောက်ရန် မျှော်လင့်ထားပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံရရှိမည်ဟု ယုံကြည်နေ သည်။ နိုင်ငံစီးပွားရေးကို အဟန့်အတားဖြစ်နေသည့် အရက်သေစာရောင်းချမှုကို ဥပဒေအရ ပိတ်ပင်ကန့်သတ် ခြင်းများကိုလည်း တိုင်ကြားမှုများ၊ အငြင်းပွားမှုများဖြစ်ပွားနေကြောင်း၊ အရက်သေစာရောင်းချခြင်း ပိတ်ပင်သည့် ဥပဒေကို ပြန်လည်သုံးသပ်စေလိုကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုင်းနိုင်ငံတွင် အရက်သေစာရောင်းချခြင်းကို နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ပင်ထားသလို ဗုဒ္ဓဘာသာ နှင့်ဆက်နွယ်သည့် ဘာသာရေးပွဲနေ့များတွင် ပိတ်ပင်ထားကြောင်း သိရသည်။ ထိုင်းအစိုးရသည် အဆိုပါစည်းကမ်း သတ်မှတ်ချက်ကို ၁၉၇၂ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ နေ့လည်ပိုင်းများတွင် အရက်သေစာသောက်သုံးခြင်းကို တားဆီးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ် သည် အရက်သေစာရောင်းချခြင်း ပိတ်ပင်ထားမှုဥပဒေကို ပြန်လည်သုံးသပ်ရန် ထိုင်းကျန်းမာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ အားကစားနှင့်ခရီးသွားဝန်ကြီးဌာနာများကို ညွှန်ကြားထားကြောင်း သိရသည်။

Zawgyi Version:
ခရီးသြားလုပ္ငန္း ပိုမိုေကာင္းမြန္ေစရန္ ႏွစ္ေပါင္း ၅၃ ႏွစ္ၾကာ ပိတ္ပင္ထားသည့္ အရက္ေရာင္းခ်ျခင္းဥပေဒကိုပယ္ဖ်က္ရန္ ထိုင္းဝန္ႀကီးခ်ဳပ္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၅

ထိုင္းႏိုင္ငံတြင္ ကမာၻလွည့္ခရီးသြားဝင္ေရာက္မႈ ပိုမိုေကာင္းမြန္လာေစရန္အတြက္ ႏွစ္ေပါင္း ၅၃ ႏွစ္ၾကာ ပိတ္ပင္ထားသည့္ အရက္ေသစာေရာင္းခ်မႈပိတ္ပင္ျခင္းကို ေျဖေလ်ာ့ရန္အတြက္ ဥပေဒမ်ားကို ျပန္လည္သုံးသပ္ ရန္ ထိုင္းဝန္ႀကီးခ်ဳပ္ ေပထုံတန္ရွင္နာဝါထရာက ေတာင္းဆိုလိုက္ေၾကာင္း သိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္၏ ေတာင္းဆိုခ်က္ကို အျခားစီးပြားေရးလုပ္ငန္းရွင္မ်ားအျပင္ စားေသာက္ဆိုင္ပိုင္ရွင္မ်ားက ႀကိဳဆိုလက္ခံခဲ့ေၾကာင္း သိရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္က "ဒီႏွစ္ဟာ ကြၽန္မတို႔ႏိုင္ငံရဲ႕ခရီးသြားႏွစ္ျဖစ္တယ္။ ဒါေၾကာင့္ သတ္မွတ္ထားတဲ့အခ်ိဳ႕စည္းမ်ဥ္းစည္းကမ္းေတြကို ျပန္လည္သုံးသပ္ရမယ္" ဟု ေျပာသည္။

ထိုင္းအစိုးရသည္ ၂၀၂၅ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံသို႔ ကမာၻလွည့္ခရီးသြားအနည္းဆုံး သန္း ၄ဝ ေက်ာ္ လာေရာက္ရန္ ေမွ်ာ္လင့္ထားၿပီး ခရီးသြားလုပ္ငန္းမွ ဝင္ေငြ အေမရိကန္ေဒၚလာ ၂ ဒသမ ၈ ထရီလီယံရရွိမည္ဟု ယုံၾကည္ေန သည္။ ႏိုင္ငံစီးပြားေရးကို အဟန႔္အတားျဖစ္ေနသည့္ အရက္ေသစာေရာင္းခ်မႈကို ဥပေဒအရ ပိတ္ပင္ကန႔္သတ္ ျခင္းမ်ားကိုလည္း တိုင္ၾကားမႈမ်ား၊ အျငင္းပြားမႈမ်ားျဖစ္ပြားေနေၾကာင္း၊ အရက္ေသစာေရာင္းခ်ျခင္း ပိတ္ပင္သည့္ ဥပေဒကို ျပန္လည္သုံးသပ္ေစလိုေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာသည္။

ထိုင္းႏိုင္ငံတြင္ အရက္ေသစာေရာင္းခ်ျခင္းကို ေန႔လည္ ၂ နာရီမွ ညေန ၅ နာရီအထိ ပိတ္ပင္ထားသလို ဗုဒၶဘာသာ ႏွင့္ဆက္ႏြယ္သည့္ ဘာသာေရးပြဲေန႔မ်ားတြင္ ပိတ္ပင္ထားေၾကာင္း သိရသည္။ ထိုင္းအစိုးရသည္ အဆိုပါစည္းကမ္း သတ္မွတ္ခ်က္ကို ၁၉၇၂ ခုႏွစ္ကတည္းက သတ္မွတ္ခဲ့ျခင္းျဖစ္ၿပီး အလုပ္သမားမ်ား ေန႔လည္ပိုင္းမ်ားတြင္ အရက္ေသစာေသာက္သုံးျခင္းကို တားဆီးရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ သည္ အရက္ေသစာေရာင္းခ်ျခင္း ပိတ္ပင္ထားမႈဥပေဒကို ျပန္လည္သုံးသပ္ရန္ ထိုင္းက်န္းမာေရးဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီး၊ အားကစားႏွင့္ခရီးသြားဝန္ႀကီးဌာနာမ်ားကို ၫႊန္ၾကားထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.