ယူကရိန်း၊ ရုရှား နှင့် အမေရိကန်တို့ မြူးနစ်၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့် ပြော

143

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၅
ယူကရိန်း နှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်အတွက် အမေရိကန်၊ ရုရှားနှင့် ယူကရိန်း အစိုးရတာဝန်ရှိသူများ ပါဝင်မည့်တွေ့ဆုံဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ မြူးနစ်လုံခြုံရေးအစည်းအဝေးအတွင်း တွေ့ဆုံ ဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရသည်။ မြူးနစ်လုံခြုံရေးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံပေါင်းအနည်းဆုံး ၆ဝ ကျော်မှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရတာဝန်ရှိသူများ တွေ့ဆုံ ဖွယ်ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "ရုရှားအစိုးရတာဝန်ရှိသူတွေဟာ အဲဒီမြူးနစ် လုံခြုံရေးအစည်းအဝေးကို တက်ရောက်ဖွယ်ရှိနေပါတယ်။ ယူကရိန်းကိုလည်း ဖိတ်ကြားထားတယ်။ ယူကရိန်းဟာ အဲဒီအစည်းအဝေးကို တက်ရောက်ဖွယ် ရှိ/မရှိ ဆိုတာကို အတိအကျမသိသေးဘူး။ တကယ်လို့ ယူကရိန်းအစိုးရတာဝန်ရှိသူတွေသာ တက်ရောက်လာမယ်ဆိုရင် ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးဖွယ် ရှိနေပါ တယ်" ဟု ပြောသည်။
ရုရှားအစိုးရတာဝန်ရှိသူများက အမေရိကန်သမ္မတ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။ ထိုအပြင် ယူကရိန်းအစိုးရအဖွဲ့အကြီးတန်းအရာရှိတစ်ဦးကလည်း မြူးနစ်မြို့တွင် ရုရှားအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားလို့ မရနိုင်ကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတပူတင် နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေ သော စစ်ပွဲအဆုံးသတ်ရန်အတွက် ဆွေးနွေးမှုများ စတင်ရန်ပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ရာ နေတိုး အဖွဲ့ဝင်နိုင်ငံများ အံ့အားသင့်ခဲ့ရကြောင်း သိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးသည် မြူးနစ်မြို့တွင် အမေရိကန် ဒုတိယသမ္မတနှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ရူဘီယိုသည် ဂျာမနီနိုင်ငံတွင်ကျင်းပသည့် မြူးနစ်လုံခြုံရေး အစည်းအဝေးကို တက်ရောက်ရန် သွားရောက်ခဲ့သော်လည်း လေယာဉ်ချို့ယွင်းချက်များဖြစ်လာသည့်အတွက် မေရီလန်းပြည်နယ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတ မဖြစ်ခင်တည်းက အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရမည်ဆိုလျှင် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသောစစ်ပွဲကို ချက်ချင်းအဆုံးသတ်ရန်ကြိုးပမ်းမည်ဟု သတင်းထုတ်ပြန်ထားသည်။
Zawgyi Version:
ယူကရိန္း၊ ႐ုရွား ႏွင့္ အေမရိကန္တို႔ ျမဴးနစ္၌ သုံးပြင့္ဆိုင္ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနဟု ေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၅
ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲကိုအဆုံးသတ္ရန္အတြက္ အေမရိကန္၊ ႐ုရွားႏွင့္ ယူကရိန္း အစိုးရတာဝန္ရွိသူမ်ား ပါဝင္မည့္ေတြ႕ဆုံေဆြးေႏြးပြဲကို ဂ်ာမနီႏိုင္ငံ ျမဴးနစ္လုံၿခဳံေရးအစည္းအေဝးအတြင္း ေတြ႕ဆုံ ေဆြးေႏြးသြားဖြယ္ရွိေနေၾကာင္း သိရသည္။ ျမဴးနစ္လုံၿခဳံေရးအစည္းအေဝးကို ေဖေဖာ္ဝါရီ ၁၄ ရက္မွ ၁၆ ရက္အထိ က်င္းပမည္ျဖစ္ရာ ကမာၻ႔ႏိုင္ငံေပါင္းအနည္းဆုံး ၆ဝ ေက်ာ္မွ ႏိုင္ငံေခါင္းေဆာင္မ်ား၊ အစိုးရတာဝန္ရွိသူမ်ား ေတြ႕ဆုံ ဖြယ္ရွိေနေၾကာင္း သိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က "႐ုရွားအစိုးရတာဝန္ရွိသူေတြဟာ အဲဒီျမဴးနစ္ လုံၿခဳံေရးအစည္းအေဝးကို တက္ေရာက္ဖြယ္ရွိေနပါတယ္။ ယူကရိန္းကိုလည္း ဖိတ္ၾကားထားတယ္။ ယူကရိန္းဟာ အဲဒီအစည္းအေဝးကို တက္ေရာက္ဖြယ္ ရွိ/မရွိ ဆိုတာကို အတိအက်မသိေသးဘူး။ တကယ္လို႔ ယူကရိန္းအစိုးရတာဝန္ရွိသူေတြသာ တက္ေရာက္လာမယ္ဆိုရင္ ယူကရိန္း၊ ႐ုရွားနဲ႔ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးဖြယ္ ရွိေနပါ တယ္" ဟု ေျပာသည္။
႐ုရွားအစိုးရတာဝန္ရွိသူမ်ားက အေမရိကန္သမၼတ၏ ေျပာဆိုခ်က္ႏွင့္ပတ္သက္ၿပီး တစ္စုံတရာမွတ္ခ်က္ျပဳ ေျပာဆိုျခင္း မရွိေသးေၾကာင္း သိရသည္။ ထိုအျပင္ ယူကရိန္းအစိုးရအဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးကလည္း ျမဴးနစ္ၿမိဳ႕တြင္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ ေမွ်ာ္လင့္ထားလို႔ မရႏိုင္ေၾကာင္း ေျပာသည္။
ေဒၚနယ္ထရမ့္သည္ ႐ုရွားသမၼတပူတင္ ႏွင့္ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေန ေသာ စစ္ပြဲအဆုံးသတ္ရန္အတြက္ ေဆြးေႏြးမႈမ်ား စတင္ရန္ေျပာဆိုခဲ့သည္ဟု သတင္းထုတ္ျပန္ခဲ့ရာ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံမ်ား အံ့အားသင့္ခဲ့ရေၾကာင္း သိရသည္။ ယူကရိန္းသမၼတဇီလန္စကီးသည္ ျမဴးနစ္ၿမိဳ႕တြင္ အေမရိကန္ ဒုတိယသမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရသည္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီး ႐ူဘီယိုသည္ ဂ်ာမနီႏိုင္ငံတြင္က်င္းပသည့္ ျမဴးနစ္လုံၿခဳံေရး အစည္းအေဝးကို တက္ေရာက္ရန္ သြားေရာက္ခဲ့ေသာ္လည္း ေလယာဥ္ခ်ိဳ႕ယြင္းခ်က္မ်ားျဖစ္လာသည့္အတြက္ ေမရီလန္းျပည္နယ္ရွိ အေမရိကန္ေလတပ္အေျခစိုက္စခန္းသို႔ ျပန္လာခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သည္ သမၼတ မျဖစ္ခင္တည္းက အေမရိကန္သမၼတအျဖစ္ ေ႐ြးေကာက္ခံရမည္ဆိုလွ်င္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနေသာစစ္ပြဲကို ခ်က္ခ်င္းအဆုံးသတ္ရန္ႀကိဳးပမ္းမည္ဟု သတင္းထုတ္ျပန္ထားသည္။