မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေသည်တွေ့ရှိရပြီး ကျူးလွန်သူကို ရှာဖွေနေ

2624

ချယ်ရီ (NP News)- ဖေဖော်ဝါရီ ၁၅
မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေသည်တွေ့ရှိရပြီး ကျူးလွန်သူကို ရှာဖွေနေကြောင်း ကပုန်းနာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးဆန်းဝင်းက NP News ကို ပြောသည်။
အဆိုပါ သေဆုံးသူရုပ်အလောင်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)၊ နံနက်ပိုင်း (၁၁)နာရီအချိန်ခန့်က မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့၊ ပူဒူးရပ်ကွက်ရှိ ၎င်းတို့နေထိုင်ရာအခန်းအတွင်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်း၏ အမျိုးသားဖြစ်သူသည် ဆရင်ဘန်းမြို့သွားပြီး အိမ်ပြန်ရောက်ချိန် နံနက် (၁၁) နာရီခန့်၌ သေဆုံးသူကို အခန်းအတွင်း အဝတ်ဗလာဖြင့် ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အလောင်းကိုစစ်ဆေးမှုပြုလုပ်ခဲ့ရာ အခင်းဖြစ်ချိန်မှာ ဖေဖော်ဝါရီလ(၁၄)ရက်၊ နံနက်ပိုင်းတွင် ဖြစ်လိမ့်မည်ဟု ကနဦးယူဆထားကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးမှာ အသက်(၃၀)နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသူ မယွမ်းဂေဖြစ်ကြောင်း နှင့် ၎င်းသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အရှေ့ပြင်ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း ကနဦးသိရသည်။
“အခုထက်ထိတော့ သူတို့တွေက ဒီနာရေးကိစ္စကို အမှုမပေါ်သေးတဲ့အတွက်ကြောင့် လူသတ်မှုဆိုတော့ တရားခံ အမှုမပေါ်သေးလို့ ဒါတွေကို သင်္ဂြိုလ်ဖို့အတွက် မပေးသေးဘူးခင်ဗျ။ အခုလက်ရှိတော့ တရားခံကို မမိသေးဘူး။ မလေးရှားရဲတပ်ဖွဲ့က လိုက်လံပြီး စုံစမ်းနေတယ်” ဟု ဦးဆန်းဝင်းက ပြောသည်။
သေဆုံးသူတွင် အသက်(၁၀)နှစ်ကျော်အရွယ် သားတစ်ဦးကျန်ရစ်ခဲ့ပြီး သားဖြစ်သူမှာ မလေးရှားနိုင်ငံရှိ RC ကျောင်းတွင် ညအိပ်ကျောင်းတက်နေကြောင်း သိရသည်။
ထို့နောက် အဆိုပါရုပ်အလောင်းကို မလေးရှား ရဲတပ်ဖွဲ့က ဆေးရုံသို့သယ်ဆောင်သွားပြီး အလောင်းကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version:
မေလးရွားတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦး ဓားဒဏ္ရာျဖင့္ ေသဆုံးေနသည္ေတြ႕ရွိရၿပီး က်ဴးလြန္သူကို ရွာေဖြေန
ခ်ယ္ရီ (NP News)- ေဖေဖာ္ဝါရီ ၁၅
မေလးရွားႏိုင္ငံတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦး ဓားဒဏ္ရာျဖင့္ ေသဆုံးေနသည္ေတြ႕ရွိရၿပီး က်ဴးလြန္သူကို ရွာေဖြေနေၾကာင္း ကပုန္းနာေရးကူညီမႈအသင္း၏ ဥကၠဌ ဦးဆန္းဝင္းက NP News ကို ေျပာသည္။
အဆိုပါ ေသဆုံးသူ႐ုပ္အေလာင္းကို ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၄ ရက္)၊ နံနက္ပိုင္း (၁၁)နာရီအခ်ိန္ခန႔္က မေလးရွားႏိုင္ငံ၊ ကြာလမ္လာပူၿမိဳ႕၊ ပူဒူးရပ္ကြက္ရွိ ၎တို႔ေနထိုင္ရာအခန္းအတြင္း၌ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
၎၏ အမ်ိဳးသားျဖစ္သူသည္ ဆရင္ဘန္းၿမိဳ႕သြားၿပီး အိမ္ျပန္ေရာက္ခ်ိန္ နံနက္ (၁၁) နာရီခန႔္၌ ေသဆုံးသူကို အခန္းအတြင္း အဝတ္ဗလာျဖင့္ ထိုးသြင္းဒဏ္ရာမ်ားရရွိကာ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
မေလးရွားရဲတပ္ဖြဲ႕မွ တာဝန္ရွိသူမ်ားက အေလာင္းကိုစစ္ေဆးမႈျပဳလုပ္ခဲ့ရာ အခင္းျဖစ္ခ်ိန္မွာ ေဖေဖာ္ဝါရီလ(၁၄)ရက္၊ နံနက္ပိုင္းတြင္ ျဖစ္လိမ့္မည္ဟု ကနဦးယူဆထားေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၃၀)ႏွစ္အ႐ြယ္ရွိ ခ်င္းတိုင္းရင္းသူ မယြမ္းေဂျဖစ္ေၾကာင္း ႏွင့္ ၎သည္ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္၊ အေရွ႕ျပင္ရပ္ကြက္တြင္ ေနထိုင္ခဲ့သူျဖစ္ေၾကာင္း ကနဦးသိရသည္။
“အခုထက္ထိေတာ့ သူတို႔ေတြက ဒီနာေရးကိစၥကို အမႈမေပၚေသးတဲ့အတြက္ေၾကာင့္ လူသတ္မႈဆိုေတာ့ တရားခံ အမႈမေပၚေသးလို႔ ဒါေတြကို သၿဂႋဳလ္ဖို႔အတြက္ မေပးေသးဘူးခင္ဗ်။ အခုလက္ရွိေတာ့ တရားခံကို မမိေသးဘူး။ မေလးရွားရဲတပ္ဖြဲ႕က လိုက္လံၿပီး စုံစမ္းေနတယ္” ဟု ဦးဆန္းဝင္းက ေျပာသည္။
ေသဆုံးသူတြင္ အသက္(၁၀)ႏွစ္ေက်ာ္အ႐ြယ္ သားတစ္ဦးက်န္ရစ္ခဲ့ၿပီး သားျဖစ္သူမွာ မေလးရွားႏိုင္ငံရွိ RC ေက်ာင္းတြင္ ညအိပ္ေက်ာင္းတက္ေနေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါ႐ုပ္အေလာင္းကို မေလးရွား ရဲတပ္ဖြဲ႕က ေဆး႐ုံသို႔သယ္ေဆာင္သြားၿပီး အေလာင္းကို စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။