တောင်ကိုရီးယားက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦး သေဆုံး

248

Pika (NP News)- ဖေဖော်ဝါရီ ၁၅
ဖေဖော်ဝါရီလ(၁၄)ရက်က တောင်ကိုရီးယားဆိပ်ကမ်းမြို့ဘူဆန်မှာရှိတဲ့ ဟိုတည်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂)ဒါဇင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၁၄)ရက် နံနက်(၁၁)နာရီမှာ Banyan Tree Hotel ဆောက်လုပ်တဲ့နေရာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာ အလုပ်သမား(၁၀၀)ဦးခန့်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းရှိနေတယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ပြောကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လူ(၂၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုဟာ မီးခိုးရှူရှိူက်မိသူတွေဖြစ်တယ်လို့ အများပြည်သူကျန်းမာရေးဌာနက အရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။
Busan Gijang မီးသတ်စခန်းအကြီးအကဲ Hong Mun-sik က "ကျွန်တော်တို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိတဲ့အချိန်မှာ မီးလောင်ကျွမ်းမှုက အရမ်းကိုကြီးမားနေပြီး အနက်ရောင်မီးခိုးတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးကို ဖုံးအုပ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင်ပေါက်မှာ မီးလောင်လွယ်တဲ့ပစ္စည်းတွေ အများကြီးရှိနေတာပါ” လို့ ပြောခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဟာ အလုပ်သမားတွေက လျှပ်ကာပစ္စည်းတွေသိမ်းဆည်းထားတဲ့အဆောက်အဦးရဲ့ ပထမထပ်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Hong Mun-sik က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အာဏာပိုင်တွေဟာ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ Hong Mun-sik က ပြောကြားခဲ့ပါတယ်။
Zawgyi Version:
ေတာင္ကိုရီးယားက ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၆)ဦး ေသဆုံး
Pika (NP News)- ေဖေဖာ္ဝါရီ ၁၅
ေဖေဖာ္ဝါရီလ(၁၄)ရက္က ေတာင္ကိုရီးယားဆိပ္ကမ္းၿမိဳ႕ဘူဆန္မွာရွိတဲ့ ဟိုတည္ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂)ဒါဇင္ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အမ်ိဳးသားမီးသတ္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ(၁၄)ရက္ နံနက္(၁၁)နာရီမွာ Banyan Tree Hotel ေဆာက္လုပ္တဲ့ေနရာမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
မီးေလာင္မႈျဖစ္ပြားတဲ့အခ်ိန္မွာ အလုပ္သမား(၁၀၀)ဦးခန႔္ဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္းရွိေနတယ္လို႔ အမ်ိဳးသားမီးသတ္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ လူ(၂၅)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ားစုဟာ မီးခိုးရႉရွိူက္မိသူေတြျဖစ္တယ္လို႔ အမ်ားျပည္သူက်န္းမာေရးဌာနက အရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။
Busan Gijang မီးသတ္စခန္းအႀကီးအကဲ Hong Mun-sik က "ကြၽန္ေတာ္တို႔ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိတဲ့အခ်ိန္မွာ မီးေလာင္ကြၽမ္းမႈက အရမ္းကိုႀကီးမားေနၿပီး အနက္ေရာင္မီးခိုးေတြက ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုလုံးကို ဖုံးအုပ္ေနပါတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ဝင္ေပါက္မွာ မီးေလာင္လြယ္တဲ့ပစၥည္းေတြ အမ်ားႀကီးရွိေနတာပါ” လို႔ ေျပာခဲ့ပါတယ္။
မီးေလာင္ကြၽမ္းမႈဟာ အလုပ္သမားေတြက လွ်ပ္ကာပစၥည္းေတြသိမ္းဆည္းထားတဲ့အေဆာက္အဦးရဲ႕ ပထမထပ္မွာ စတင္ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ Hong Mun-sik က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အာဏာပိုင္ေတြဟာ မီးေလာင္မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကို ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ Hong Mun-sik က ေျပာၾကားခဲ့ပါတယ္။