ရုရှားသမ္မတပူတင်တစ်ဦးတည်းနဲ့ပဲ ဆွေးနွေးမှုတွေလုပ်ဆောင်မယ်လို့ ယူကရိန်းသမ္မတပြော

748

Pika (NP News) - ဖေဖော်ဝါရီ ၁၅
ရုရှားသမ္မတပူတင်ကသာ ၎င်းဆွေးနွေးမှုတွေ လုပ်ဆောင်လိုတဲ့ တစ်ဦးတည်းသော ရုရှားအရာရှိဖြစ်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပူတင်မဟုတ်တဲ့ အခြားရုရှားအရာရှိတွေပါဝင်တဲ့ ဘယ်လိုဆွေးနွေးမှုတွေကိုမဆို ပယ်ချသွားမယ်လို့လည်း ဇီလန်စကီးက ပြောခဲ့ပါတယ်။
ဇီလန်စကီးဟာ ပူတင်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်တာကို တားမြစ်ပိတ်ပင်တဲအမိန့်ကို (၂၀၂၂)ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ယခုလိုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ယူကရိန်းနိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေးယူဆောင်လာပေးနိုင်မယ့်ဆွေးနွေးမှုသာဖြစ်ခဲ့မယ်ဆိုရင် ပူတင်နဲ့တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက "ပူတင်မဟုတ်တဲ့ အခြားရုရှားအရာရှိတွေနဲ့ ကျွန်တော်ဘယ်တော့မှတွေ့ဆုံမှာမဟုတ်ပါဘူး။ ကျွန်တော်တွေ့ဆုံမယ့်တစ်ဦးတည်းသော ရုရှားအရာရှိက ပူတင်ပဲဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်း၊အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဘုံအစီအစဉ်တစ်ခုကို ရေးဆွဲပြီးမှသာ ပူတင်နဲ့တွေ့ဆုံမှုတွေကို လုပ်ဆောင်ပြီး စစ်ပွဲကို ရပ်တန့်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အခြားအပေးအယူအစီအစဉ်တွေကို လက်ခံမှမဟုတ်ကြောင်း နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့၎င်းကို အမှန်တကယ်ကူညီလိမ့်မယ်လို့ မျှော်လင့်မိတယ်လို့ ဇီလန်စကီးက ထပ်မံပြောခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းက နေတိုးအဖွဲ့မှာ ပါဝင်လိုနေတယ်ဆိုတဲ့ကိစ္စတွေကို ဇီလန်စကီးက မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက "သမ္မတအဆင့်စကားပြောဆိုမှုတွေအတွင်းမှာ ကျွန်တော်တို့က နေတိုးအဖွဲ့မှာ ပါဝင်မယ်ဆိုတဲ့စကားတွေကို တစ်ခါမှမပြောဖူးသလို ကြားလည်းမကြားဖူးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္တစ္ဦးတည္းနဲ႔ပဲ ေဆြးေႏြးမႈေတြလုပ္ေဆာင္မယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၅
႐ုရွားသမၼတပူတင္ကသာ ၎ေဆြးေႏြးမႈေတြ လုပ္ေဆာင္လိုတဲ့ တစ္ဦးတည္းေသာ ႐ုရွားအရာရွိျဖစ္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ပူတင္မဟုတ္တဲ့ အျခား႐ုရွားအရာရွိေတြပါဝင္တဲ့ ဘယ္လိုေဆြးေႏြးမႈေတြကိုမဆို ပယ္ခ်သြားမယ္လို႔လည္း ဇီလန္စကီးက ေျပာခဲ့ပါတယ္။
ဇီလန္စကီးဟာ ပူတင္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္တာကို တားျမစ္ပိတ္ပင္တဲအမိန႔္ကို (၂၀၂၂)ခုႏွစ္မွာ လက္မွတ္ေရးထိုးခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ယခုလိုေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ယူကရိန္းႏိုင္ငံသားေတြအတြက္ ၿငိမ္းခ်မ္းေရးယူေဆာင္လာေပးႏိုင္မယ့္ေဆြးေႏြးမႈသာျဖစ္ခဲ့မယ္ဆိုရင္ ပူတင္နဲ႔ေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက "ပူတင္မဟုတ္တဲ့ အျခား႐ုရွားအရာရွိေတြနဲ႔ ကြၽန္ေတာ္ဘယ္ေတာ့မွေတြ႕ဆုံမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ေတြ႕ဆုံမယ့္တစ္ဦးတည္းေသာ ႐ုရွားအရာရွိက ပူတင္ပဲျဖစ္ပါတယ္။ ၿပီးေတာ့ ယူကရိန္း၊အေမရိကန္နဲ႔ ဥေရာပသမဂၢတို႔က ဘုံအစီအစဥ္တစ္ခုကို ေရးဆြဲၿပီးမွသာ ပူတင္နဲ႔ေတြ႕ဆုံမႈေတြကို လုပ္ေဆာင္ၿပီး စစ္ပြဲကို ရပ္တန႔္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အျခားအေပးအယူအစီအစဥ္ေတြကို လက္ခံမွမဟုတ္ေၾကာင္း နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔၎ကို အမွန္တကယ္ကူညီလိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္လို႔ ဇီလန္စကီးက ထပ္မံေျပာခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းက ေနတိုးအဖြဲ႕မွာ ပါဝင္လိုေနတယ္ဆိုတဲ့ကိစၥေတြကို ဇီလန္စကီးက မွတ္ခ်က္ျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက "သမၼတအဆင့္စကားေျပာဆိုမႈေတြအတြင္းမွာ ကြၽန္ေတာ္တို႔က ေနတိုးအဖြဲ႕မွာ ပါဝင္မယ္ဆိုတဲ့စကားေတြကို တစ္ခါမွမေျပာဖူးသလို ၾကားလည္းမၾကားဖူးပါဘူး” လို႔ ေျပာခဲ့ပါတယ္။