BRICS အဖွဲ့ဟာ အမေရိကန်ဒေါ်လာနဲ့ လာရှုပ်ခဲ့မယ်ဆိုရင် သေဆုံးသွားရလိမ့်မယ်လို့ အမေရိကန်သမ္မတခြိမ်းခြောက်

1674

Pika (NP News) - ဖေဖော်ဝါရီ ၁၅
BRICSအဖွဲ့ဟာ ဘုံငွေကြေးတစ်ခုထူထောင်ဖို့ အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သွင်းကုန်တွေအားလုံးအပေါ် ကြီးမားတဲ့အခွန်ကောက်ယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ဒါ့ပြင် ဘုံငွေကြေးအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် BRICS အဖွဲ့ဟာ သေဆုံးသွားရလိ့မ်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အစောပိုင်းမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ BRICS အဖွဲ့ကို ပြီးခဲ့တဲ့နှစ်မှာ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယား နဲ့ ယူအေအီးနိုင်ငံတို့အပါအဝင် နောက်ထပ်နိုင်ငံလေးနိုင်ငံက တရားဝင် ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
BRICS အဖွဲ့ရဲ့လက်ရှိအဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့(၄၆)ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ဂျီဒီပီရဲ့ (၃၆)ရာခိုင်နှုန်းကျော်ရှိတယ်လို့ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။ ဒေါ်နယ်ထရမ့်က "BRICS အဖွဲ့ဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ပြိုင်ကစားချင်တယ်ဆိုရင် (၁၀၀)ရာခိုင်နှုန်း အကောက်ခွန်ဒဏ်ကို ခံရလိမ့်မယ်လို့ ကျွန်တော်သတိပေးပြောဆိုခဲ့ပါတယ်။ ဘုံငွေကြေးတစ်ခုကို ဖန်တီးလိုတယ်လို့ ပြောလိုက်တဲ့နေ့က BRICS အဖွဲ့ သေဆုံးသွားတဲ့နေ့ဖြစ်သွားမှာပါ။ပြီးတော့ သူတို့အမှားအတွက် ကျွန်တော်တို့ကို တောင်းပန်ရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံမှုတွေ မလုပ်ဆောင်ခင် ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်ပြုပြောဆိုမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံဟာ BRICS အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်လည်း အမေရိကန်ဒေါ်လာအဆင့်အတန်းကို ကာကွယ်မယ့် ၎င်းရဲ့ကတိဝတ်တွေကို ဒေါ်နယ်ထရမ့်က အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version:
BRICS အဖြဲ႕ဟာ အေမရိကန္ေဒၚလာနဲ႔ လာရႈပ္ခဲ့မယ္ဆိုရင္ ေသဆုံးသြားရလိမ့္မယ္လို႔ အေမရိကန္သမၼတၿခိမ္းေျခာက္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၅
BRICSအဖြဲ႕ဟာ ဘုံေငြေၾကးတစ္ခုထူေထာင္ဖို႔ အစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ သြင္းကုန္ေတြအားလုံးအေပၚ ႀကီးမားတဲ့အခြန္ေကာက္ယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။
ဒါ့ျပင္ ဘုံေငြေၾကးအစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ BRICS အဖြဲ႕ဟာ ေသဆုံးသြားရလိ့မ္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
အေစာပိုင္းမွာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိကႏိုင္ငံတို႔နဲ႔ စတင္ဖြဲ႕စည္းခဲ့တဲ့ BRICS အဖြဲ႕ကို ၿပီးခဲ့တဲ့ႏွစ္မွာ အီဂ်စ္၊ အီရန္၊ အီသီယိုးပီးယား နဲ႔ ယူေအအီးႏိုင္ငံတို႔အပါအဝင္ ေနာက္ထပ္ႏိုင္ငံေလးႏိုင္ငံက တရားဝင္ ဝင္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။
BRICS အဖြဲ႕ရဲ႕လက္ရွိအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ကမာၻ႔လူဦးေရရဲ႕(၄၆)ရာခိုင္ႏႈန္းနဲ႔ ကမာၻ႔ဂ်ီဒီပီရဲ႕ (၃၆)ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ ႏိုင္ငံတကာဘ႑ာေရးအဖြဲ႕အစည္းေတြရဲ႕ ခန႔္မွန္းခ်က္ေတြအရ သိရပါတယ္။ ေဒၚနယ္ထရမ့္က "BRICS အဖြဲ႕ဟာ အေမရိကန္ေဒၚလာနဲ႔ ယွဥ္ၿပိဳင္ကစားခ်င္တယ္ဆိုရင္ (၁၀၀)ရာခိုင္ႏႈန္း အေကာက္ခြန္ဒဏ္ကို ခံရလိမ့္မယ္လို႔ ကြၽန္ေတာ္သတိေပးေျပာဆိုခဲ့ပါတယ္။ ဘုံေငြေၾကးတစ္ခုကို ဖန္တီးလိုတယ္လို႔ ေျပာလိုက္တဲ့ေန႔က BRICS အဖြဲ႕ ေသဆုံးသြားတဲ့ေန႔ျဖစ္သြားမွာပါ။ၿပီးေတာ့ သူတို႔အမွားအတြက္ ကြၽန္ေတာ္တို႔ကို ေတာင္းပန္ရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ေတြ႕ဆုံမႈေတြ မလုပ္ေဆာင္ခင္ ေဒၚနယ္ထရမ့္ရဲ႕ မွတ္ခ်က္ျပဳေျပာဆိုမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အိႏၵိယႏိုင္ငံဟာ BRICS အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေပမယ့္လည္း အေမရိကန္ေဒၚလာအဆင့္အတန္းကို ကာကြယ္မယ့္ ၎ရဲ႕ကတိဝတ္ေတြကို ေဒၚနယ္ထရမ့္က အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။